01/04/2023
ကိုရီးယားက တခြား ပေခ်ျ့တွေမှာဆို Admin ဘွဲ့ရရင် တင်ကြပေမယ့် ဒီ ပေခ်ျ့မှာက မတင်ရသေးလို့ တင်ရင်းပြောစရာ ရှိလို့ပါ။
ခုချိန်မှာတော့ သုံးစရာ နေရာမရှိပေမယ့် admin က မြန်မာမှာ တုန်းက ဆယ်တန်းကို ဂုဏ်ထူး 5 ဘာသာ 498 နဲ့အောင်ခဲ့ပြီး အဲ့တုန်းကတော့ နံပါတ်တစ်ဆိုတဲ့ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ကနေ Bachelor of Engineering မှာ Master Qualified (အရေးမကြီး) နဲ့ ဘွဲ့ရခဲ့တာပါ။ အဲ့ခေတ်က ဆယ်တန်းအောင်တုန်းက ဂုဏ်ထူးတွေပါရင် KMD တို့ NCC တို့ကနေ ကွန်ပျူတာဘွဲ့ ပထမနှစ် Free ဆိုလို့ International Diploma in Computer Studies (IDCS) သွားတက်ပြီး ယူလိုက်သေးတယ်၊ ခုနောက်ပိုင်းနာမည်ကြီး Strategy First University ကနေ လည်း Diploma 4 ခုလောက်ယူထားပြီး University of Ulsan ကနေ PhD Business Administration နဲ့ဘွဲ့ရထားပြီး ဘာသာစကားအနေနဲ့က IELTS 7.0, TOPIK 6, HSK 2 ရထားပါတယ်။ ပြောချင်တာက Engineering background ကနေ လာပြီး , IT Knowledge, Business အထူးပြုပြီး, ဘာသာစကား ဟိုစပ်စပ် ဒီစပ်စပ် သိတယ်ပြောချင်တာပါ။
အလုပ်အတွေ့အကြုံ ဆိုင်တာပဲပြောကြေးဆို မြန်မာပြည်မှာ ဆယ်တန်း ဂိုက် 7 နှစ်၊ အူလ်ဆန်တက္ကသိုလ် International Office မှာ 3 နှစ် နဲ့ အခု Edulangs Page လုပ်နေတာ 3 နှစ်ကျော်သွားပါပြီ။ ၃ နှစ်အတွင်း ကိုရီးယားပြည်တွင်း ကျောင်းလျှောက်ပေးခဲ့တာ ၂ နှစ်သင်ကောလိပ်ကနေ PhD ထိ အယောက် 70 နီးပါးရှိပြီး ပထမ တစ်ခေါက် လျှောက်ပေးခဲ့တဲ့ သူတွေတောင် ဘွဲ့ရကုန်ပါပြီ။ မဆိုင်တာတွေပါပြောရမယ်ဆို စားပွဲထိုး Hall ထဲ၊ မီးဖိုချောင် ၊ စက်ရုံအလုပ်သမား၊ Delivery ကုမ္ပဏီ၊ အသီးစျေးထဲ အထမ်းသမားကနေ၊ ရဲစခန်း၊ 검찰청၊ အလုပ်မားရုံး Korea HRD စကားပြန်ထိ လုပ်ဖူးပါတယ်။
အတွေ့အကြုံတွေ အခြေခံပြီး D4 ကနေ D2 ပြောင်းတဲ့ကိစ္စပြောရရင်
1. ကျောင်းပြီးရင် ဘယ်မှာ ဘာလုပ်မလဲ?
ကျောင်းပြီးရင် ဘာလုပ်မှာလဲက အရေးကြီးပါတယ်။ မြန်မာနိုင်ငံပြန်မှာလား၊ တခြားနိုင်ငံသွားမှာလား၊ ကိုရီးယားမှာ အလုပ်လုပ်မှာလား တွေက ကြိုစဉ်းစားရပါမယ်၊ ဥပမာ ကိုရီးယားမှာ ဆက်နေမယ့်သူဆို ကိုယ်တက်တဲ့ မေဂျာက ကိုရီးယားမှာ Professional Visa ကျနိုင်တဲ့ အလုပ်ထဲမှာပါလား ကြိုကြည့်ထားဖို့လိုပါမယ်။ တချို့ မေဂျာတွေက ကျောင်းပြီး အလုပ်လုပ်ဖ်ု့ ဗီဇာကုဒ်မရှိသေးပါဘူး။
2. မေဂျာ နဲ့ တက္ကသိုလ် ကိုက်မကိုက်
ကိုရီးယားမှာ နောက်ပိုင်းက လူဦးရေ ကျဆင်းတာရယ် နိုင်ငံတကာ အခြေအနေတွေရယ် ကြောင့် International ကျောင်းသား ဝင်ရောက်မှုက အရင်ကထက် နည်းသွားပါတယ်။ အရမ်းအရမ်း မြင့်တဲ့ TOP ကျောင်းတွေ တော့မပြောတတ်ပေမယ့် အသက်ငယ်မယ်၊ ဆယ်တန်း ၄၀၀ ကျော်၊ TOPIK 4 လောက်နဲ့ သေသေချာချာ ပြင်ဆင်မယ်ဆိုရင် တော်ရုံကျောင်း အမြင့်က သေချာပြင်ဆင်ပြီး လျှောက်ရင် ဝင်ခွင့်ရနိုင်ခြေ မြင့်ပါတယ်။
ပြဿနာက ဝင်ခွင့်ပြီးမှပါ။ ကိုယ့်ဘာသာ စီမံခန့်ခွဲမှု မနိုင်ဘူး၊ အချိန်ပိုင်းက နာရီများများ လုပ်ဖို့လိုမယ် ဆိုရင် ကျောင်းအမြင့်ကြီးတွေ သွားတာ ကိုယ့်ကိုကိုယ် ဒုက္ခပေးတာပါပဲ။ ကျောင်းအမြင့်တွေက စာများပါတယ်။ Assignment တွေလည်း အများကြီးပေးတတ်တာမလို့ ကျောင်းစာကို ကိုယ်ရော စိတ်ရော နှစ်ပြီး လုပ်မယ်ဆိုမှ ကျောင်းမြင့်မြင့်တွေ စဉ်းစားပါ။ Science, Technology, Engineering and Mathematics (STEM) မေဂျာယူမယ့်သူတွေ တကယ်စိတ်ဝင်စားလား ကိုယ့်ဘာသာ ပြန်မေးပါ။ ကိုရီးယားလိုသင်ရတဲ့ အခါ စာခက်ပါတယ်၊ ကျောင်းလခ ဈေးကြီးပါတယ်၊ STEM ယူပြီး သူများထက် semester တစ်ခု ကျောင်းလခ 10 သိန်းလောက်ပိုသွင်းပြီး စာမလိုက်နိုင်ပဲ GPA 2.0 အောက်နဲ့ ဘွဲ့ရလာသူတွေ ၊ မေဂျာကို ကြားထဲမှာ ပြောင်းရသူတွေ ၊ ကျောင်းပြီးတော့ Business Related အလုပ်တွေမှာပဲ လုပ်နေကြသူတွေ အများကြီးတွေ့ဖူးပါတယ်။
3. 2 နှစ်သင်နဲ့ 4 နှစ်သင်
ဘာဖြစ်ချင်မှန်း မသိရင် 2 year college တွေသွားပါ။ Hotel Cooking, Hotel Business, Management ဘာသာရပ်တွေက 2 နှစ်သင်ရင် ကောလိပ်ဘွဲ့ရနိုင်ပါတယ်။ ကိုရီးယားစာ ကျွမ်းကျင်ရင် ကျောငိးပြီးတာနဲ့ အလုပ်ရှာနိုင်သလို မဟုတ်လည်း ခနနားပြီး တက္ကသိုလ် တတိယနှစ်ကနေ ပြန်တက်နိုင်ပါတယ်။ ပြီးတော့ 4 နှစ်သင် တက္ကသိုလ်တွေ တက်မယ်ဆို 4 နှစ်တိတိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ၊ ငွေရေးကြေးရေး ဆိုင်ရာ ခွန်အားတွေ လိုပါတယ်။
ကျွန်တော့် အမြင်နဲ့ ပြောရမယ်ဆို မြန်မာကလာမယ့် လူငယ်အများစု အချိန်ပိုင်း အဓိကလုပ်ပြီး ကျောင်းတက်ရမယ်ဆိုရင် ကောလိပ် အရင်တက်၊ ပြီးတော့ undergraduate သမားတွေမလို့ မေဂျာကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လို့ရမယ့် မေဂျာမျိုးယူသင့်တယ်ထင်တယ်၊ ကိုယ်ကိုယ်တိုင်လည်း Bachelor တုန်းက Naval Engineering ယူမိလို့ နောက်ပိုင်းဘောင် အရမ်းကျဉ်းတယ် ခံစားရလို့ နောက်လူတွေ အရမ်းအသေးစိတ် မေဂျာတွေ undergraduate မှာ မယူသင့်ဘူးလို့ထင်ပါတယ်။
နောက်ဆုံးကျရင် ကိုရီးယားမှာက နိုင်ငံခြားသားတွေ အတွက် အထူးသဖြင့် Research and Academics ဘက် မသွားဘူးဆို ဘွဲ့လက်မှတ်က စာရွက်တစ်ရွက်အနေနဲ့ပဲ အရေးကြီးတာ ပါ။
ကျန်တာက Interpersonal Skills နဲ့ Language Skills ပါပဲ ။ အဲ့လိုပြောလို့ ကျောင်းအမြင့်တွေ STEM မေဂျာတွေက အသုံးမဝင်တော့တာလားမေးရင် အဲ့သဘောမဟုတ်ပါဘူး။ Further Studies လုပ်မယ်၊ International Organizations တွေ မှာ လုပ်မယ် နိုင်ငံကူးမယ်ဆို ကျောင်းကောင်းကောင်းကနေ ဘွဲ့ရဖို့လိုပါတယ်။ STEM မေဂျာတွေဆို တကယ်ပေါက်ပေါက်မြောက်မြောက်တက်ရင် ကမ္ဘာ့ ဘယ်နေရာမဆို သွားပြီး အလုပ်လုပ်လို့ရပါတယ်။
အပေါ်မှာ ပြောထားတာက အတွေ့အကြုံ Share တဲ့သဘောမျိုး သပ်သပ်ဖြစ်ပြီး ကျိန်းသေပေါက်မှန်တယ် မပြောလိုပါဘူး။ တက္ကသိုလ် ၊မေဂျာတွေက အရေးကြီးပေမယ့် ခရီးရှည်ကြီးသွားရတဲ့အခါ ကိုယ်နဲ့ ကိုက်ညီဖို့ အရေးကြီးကြောင်းပဲ အဓိက ပြောချင်တာပါ။
တက္ကသိုလ်Ranking မြင့်တာ ရွေးတာထက် ကိုယ်နဲ့ ကိုက်မယ့် ကိုယ့်အနာဂတ်နဲ့ ကိုက်ဖို့လိုပါတယ်။
EDU LANGS Myanmar မှာက ကျောင်း လျှောက်ပေးတာ တစ်ခုပဲ မဟုတ်ပဲ မေဂျာနဲ့ ပက်သတ်တဲ့ အသေးစိတ်တွေပါလမ်းညွှန်ပေးပါတယ်။
#အားလုံးပဲပန်းဝင်တဲ့ထိလျှောက်နိုင်ကြပါစေလို့။
010-3051-1092