Sunchon National University-Myanmar Student Association

Sunchon National University-Myanmar Student Association ကျောင်းနဲ့ပတ်သက်တဲ့ information တွေကို page မှာမေးလို့ရပါတယ်

08/01/2025

SCNU ကမနှစ်က Glocal University ဖြစ်တယ် facilities တွေကောင်းလာ Management တွေကောင်းလာတယ်
ဒီနှစ် Certified University ဖြစ်ဖို့ confirmed!!!
အပေါ်မာ Excellent Certified University ပဲကျန်တယ်..Let's go SCNU!!!
VISA APPROVE RATE တွေတက်လာမယ်
၂လပိုင်း CERTIFIED UNIVERSITY ကြေညာချက်ထွက်လာရင် foreign students တွေအရင်ထက်ပိုခေါ်လာနိုင်မယ် global scholarship တွေပိုများလာမယ် ကျောင်းသားတွေအတွက် အကောင်းတွေကြီးပါပဲဗျာ
Shout out to SCNU team!!!!!
#순천대학교
#인증대학교
#글로컬30

15/06/2024

SCNU က အရင်နဲ့မတူပဲ ပိုပိုမြင့်လာပါပီ နောက်မှလာမယ့် ကျောင်းသားတွေအတွက် တကယ်ကောင်းတဲ့အခွင့်အရေးပါ Glocal University ဖြစ်လာပီမို့ ကျောင်းနဲ့ပတ်သက်တဲ့အရာ မှန်သမျှအဆင့်မြင့်လာပါပီ နောက်နှစ်တွေမှာဒီထက်ပိုမြင့်လာဖို့ပဲရှိပါတယ် Library လဲအသစ်ဆောက်လိုက်ပီး facilities တွေလဲမြင့်လာတာ တက်နေတဲ့ကျောင်းသားတွေလဲသတိထားမိမှာပါ နောက်ပိုင်း scholarship တွေပိုပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလဲပိုများလာတော့မှာပါ ဒီလိုအခွင့်အရေးမျိုးကို တခြား foreign students တွေထပ်စာရင်မြန်မာကျောင်းသားတွေကိုပိုရစေချင်တာ ကျနော်တို့ရဲဲ့ aim ပါဗျ ခုလိုချိန်မှာ ကိုရီးယားကိုလာမယ့် ကျောင်းသားတွေ လူငယ်တွေ အရင်ထက်ပိုပိုများလာလို့ SCNU ကိုလဲထည့်ပြီးစဥ်းစားစေချင်ပါတယ်ဗျ လာရင် သဘောကောင်းတဲ့ senior တွေအများရီးရှိလို့ အကူညီအများရီးရပြီး ပျော်စရာကောင်းတဲ့ korea life ကိုရမှာတော့ အသေအချာပါပဲနော်
Video လေးက korea လိုဖြစ်နေပေမယ့် နောက်ကျရင် မြန်မာ version လေးနဲ့ပြန်တင်ပေးပါ့မယ် ✌️



#글로컬대학30
#순천대학교

05/06/2024

ကျနော်လဲကျောင်းပီးပီ
ကျောင်းသားတွေလဲများလာပီမို့
ကျောင်း page လေး
ပြန်ပီး Active ပါတော့မယ် 😁😁

1st December မာ SCNU ရဲ့ ပထမဦးဆုံးပြုလုပ်ကျင်းပတဲ့ international students day (유학생의날) မာ ကျနော်တို့ မြန်မာအသင်းအနေနဲ့ ၀...
03/12/2021

1st December မာ SCNU ရဲ့ ပထမဦးဆုံးပြုလုပ်ကျင်းပတဲ့ international students day (유학생의날) မာ ကျနော်တို့ မြန်မာအသင်းအနေနဲ့ ၀င်ရောက်ဆင်နွှဲခဲ့ပါတယ်...
နိုင်ငံအလိုက်အသီးသီး ရိုးရာဝတ်စုံ​တေဝတ်ပြီး ကိုယ့်နိုင်ငံရဲ့ရိုးရာမုန့်​တေကို​ရောင်းကြပါတယ်။မြန်မာနိုင်ငံကိုယ်စားပြုအစားအစာ​ရောင်းရမယ်ဆို​​တော့ မုန့်ဖက်ထုပ်၊​ကောင်ညှင်းထုပ်၊ကြာဇံ​ကြော်၊​ကျောက်​ကျော ဒီ၄မျိုးကို​ရောင်းကြမယ်ဆိုပြီး ​ဆုံးဖြတ်ချက်ချဖြစ်ကြပါတယ်။(gas နဲ့ electricity သုံးခွင့်မပြုလို့ပါ) ပီးတော့ပွဲမှာ လူ​တေကြား​ထဲထင်း​နေ​စေဖို့ မြန်မာရဲ့အားသာချက်ဖြစ်တဲ့ လူမျိုးစု​အသီးသီးရဲ့ရိုးရာဝတ်စုံ​ပေါ့​နော်။ကိုယ်တိုင်လည်းဝတ်ထားသလို ပွဲမှာလည်း ချိတ်ပြီး​တော့ပြဖြစ်ကြပါတယ်။မြန်မာပြည်ရဲ့အထင်ကရ​နေရာ​တေဖြစ်တဲ့ ​ရွှေတိဂုံ​စေတီ၊ပုဂံ၊အင်း​လေး၊​တောင်သမန်အင်းစတဲ့​နေရာ​တေကိုလည်း ပုံ​တေကပ်ထားပြီးရှင်းပြ​ပြောပြဖြစ်ကြပါတယ်။​နောက်ဆုံးအဓိကဖြစ်တဲ့ မြန့်မာ့သနပ်ခါးကိုလည်း စိတ်ဝင်စားတဲ့လူတိုင်းရဲ့ ပါး​ပေါ်မှာ လိမ်း​ပေးဖြစ်ကြပါတယ်။အားလုံးကြားမှာ မြန်မာရဲ့ယဥ်​ကျေးမှု​တေကိုပြသခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာဂုဏ်ယူမိပါတယ်။ 😊😊😊
(မြန်မာ့တော်လှန်ရေးအကြောင်းကိုရော sharing လုပ်ချင်ပေမယ့် တခြားနိုင်ငံတွေနဲ့ စုလုပ်ရတယ့်ပွဲမို့ လုပ်ခွင့်မရခဲ့ပါဘူး 😔)

ကိုရီးယားကိုကျောင်းလာတက်ချင်တဲ့သူတွေအတွက် info တွေရှိပီး အသုံး၀င်မယ့် website လေးပါwww.studyinkorea.go.krကိုရီးယားမှာရှိ...
22/06/2021

ကိုရီးယားကိုကျောင်းလာတက်ချင်တဲ့သူတွေအတွက် info တွေရှိပီး အသုံး၀င်မယ့် website လေးပါ
www.studyinkorea.go.kr
ကိုရီးယားမှာရှိတဲ့ကျောင်း 94 ကျောင်း ကိုစုထားပေးပီး ကျောင်းအလိုက် info တွေတင်ထားပေးပါတယ်
English format နဲ့လဲရှာလို့ရသလို သိချင်တဲ့ info ကိုလဲ တိုက်ရိုက်မေးလို့ရပါတယ် Live Chat လဲ ကျောင်းအလိုက်ရှိသလို live chat list ၀င်လိုက်ရင် ၉ခုမြောက်မှာ ကိုတေကျောင်းရှိပါတယ် Sunchon National University ရဲ့ info အစအဆုံးသိချင်တာမေးပြီး chat နိုင်ပါတယ်

Official website for studying in Korea run by the Korean government. Information about language courses, universities, scholarships, job vacancies, online application is available

မင်မင် ကိုရီးယားမှာကျောင်းတက်ရမယ်ဆိုတာနဲ့ ကို့နိုင်ငံနဲ့ရာသီဥတုအရမ်းကွာနေမှာစိုးတာရယ် လူနေမှုပုံစံအရမ်းကွာနေမှာကိုစိုးရိ...
20/05/2021

မင်မင် ကိုရီးယားမှာကျောင်းတက်ရမယ်ဆိုတာနဲ့ ကို့နိုင်ငံနဲ့ရာသီဥတုအရမ်းကွာနေမှာစိုးတာရယ် လူနေမှုပုံစံအရမ်းကွာနေမှာကိုစိုးရိမ်ခဲ့ရပေမဲ့ Suncheon မြို့လေးမှာရှိတဲ့ကျောင်းကိုတက်ခဲ့ရတဲ့အခါမှာတော့ အဲ့စိုးရိမ်မှုတွေဟာတခုမှမရခဲ့ပါဘူး မင်မင့် ကိုရီးယား hometown လေးပေါ့...
Suncheonဆိုတဲ့မြို့လေးဟာ ကိုရီးယားနိုင်ငံရဲ့တောင်ဘက်ပိုင်းမှာရှိနေတဲ့မြန်မာပြည်ရဲ့ပြင်ဦးလွင်လိုနယ်မြို့လေးကို တိုးတက်နေတဲ့ရန်ကုန်နဲ့ရောစပ်ထားတဲ့ခံစားမှုမျိုးလေးကိုပေးတဲ့မြို့လေးပေါ့ ...တောတောင်သဘာဝနဲ့နီးပြီး လူနေမှုလဲမထူထပ် လမ်းပန်းဆက်သွယ်ရေးလဲလွယ်ကူ ငြိမ်းချမ်းလှတဲ့မြို့လေးပေါ့
အဲ့ထဲမှာမှ ကိုရီးယားကျောင်းသားတွေတောင်အမှတ်ကောင်းမှတက်ခွင့်ရတဲ့ National University မို့လို့ အဆင့်မြင့်ပြီး International တန်း၀င်ကျောင်းလေးပါ...
Sunchon National University ရဲ့campusလေးကတော့ ကျောင်းသူကျောင်းသားအဆောင်တွေ ဘောလုံးကွင်းတွေနဲ့ တကယ့်campus lifeကိုပေးနိုင်တဲ့အပြင် နိုင်ငံတကာကျောင်းသားတွေကိုလဲ ကိုရီးယားကျောင်းသားတွေနဲ့မခြား မခွဲခြားပဲ တန်းတူservice တွေပေးပါတယ်...
နိုင်ငံတကာကျောင်းသားလဲ အများကြီးမို့လို့ culture စုံလင်ပြီး exchange program တွေလဲများတဲ့ကျောင်းလေးမို့ all welcome ပါနော်

Address

Suncheon

Alerts

Be the first to know and let us send you an email when Sunchon National University-Myanmar Student Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share