EPS-Life လူလည် အာရှသား

EPS-Life လူလည် အာရှသား

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EPS-Life လူလည် အာရှသား, Education Website, Seoul.

Photos from POEA - EPS's post 30/01/2024
28/01/2024

မြန်မာအလုပ်သမားတွေရဲ့ အဖြစ်များတဲ့ ပြဿနာများ
******************************

ကိုရီးယားရောက်ရင် ပင်ပန်းမယ်၊ စိတ်ဆင်းရဲရမယ်ဆိုတာချည်းပဲ။ ဘယ်လောက်တွေ ကြုံရမလဲ မသိကြသေးတော့ တစ်ချို့တစ်ဝက် ပြောပြလိုက်ဦးမယ်။ စာရှည်ရင် မဖတ်ကြလို့ တိုတိုပဲ ရေးပါမယ်။

၁။ စာချုပ်ပါ အလုပ်သတ်မှတ်ချက်အတိုင်းမလုပ်ရတာ - စာချုပ်မှာက မနက် ၈ နာရီကနေ ညနေ ၅ နာရီလို့ ပြောထားပေမဲ့ လက်တွေ့မြေပြင်မှာ မနက် ၅ နာရီကနေ ည ၈ နာရီအထိ ပြောင်းပြန်လုပ်ရတာမျိုးလည်းရှိတတ်တယ်၊ အလုပ်နေရာကလည်း စာချုပ်မှာတုန်းက ဂျယ်ဂျူဒိုပဲ - တကယ်လုပ်ရတဲ့အခါကျတော့ ဂျော်လာနမ်ဒိုဆိုပြီး ဖြစ်တတ်သေး၊ စိုက်ပျိုးရေးလုပ်ရမယ်ဆိုပြီးတော့ သွပ်ပြားတွေ မ ခိုင်းနေတာဗျလည်း ရှိတယ်။

၂။ ဘာသာစကားအတားအဆီး - လူခံရှိလို့ ရောက်သွားရင် ဘာသာစကား ပြဿနာက အဲ့လောက် မဟုတ်သေးဘူး။ အထူးသဖြင့် စိုက်/ မွေးတွေမှာ မြန်မာက ကိုယ်တစ်ယောက်တည်း၊ ကျန်တာက ကိုရီးယားသားတွေချည်း။ ခိုင်းရင် ဘာခိုင်းမှန်း မသိ၊ မေးရင် ဘာမေးမှန်းမသိ။

၃။ ပိုက်ဆံမရှိတဲ့ အလုပ်ရှင်နဲ့ ကြုံတာ - အလုပ်ရှင်အသေးလေးတွေက အလုပ် သမားသာ ခေါ်လိုက်တာ၊ သူ့ဆီမှာ စီးပွားရေးက အဲ့လောက်ကောင်းတာမဟုတ်ဘူး။ အဲ့တော့ လုပ်ခက တစ်လရွှေ့ နှစ်လရွှေ့ သုံးလရွှေ့ ငါးလ ရွှေ့။ လုပ်အားခရဖို့ နိုထုံဘူကို တိုင်လို့ လာစစ်ပြီးတဲ့ အချိန်ကျမှ ကိုယ့်လုပ်ခက ရတတ်တယ်။

၄။ လူခံနဲ့ အခန်းဖော်မကောင်းတာနဲ့ ကြုံတာ - လူခံက လက်တွဲခေါ်ပြီး လမ်းပြရင် ကံကောင်းတဲ့သူပေါ့၊ အဲ့လိုမှ မဟုတ်ဘဲ လူခံကလည်း ပညာပြ၊ ညဆို အရက်မူး ပြဿနာရှာ၊ အခန်းဖော်ကလည်း ညအိပ်ချိန်ဆို ဖုန်းအကျယ်ကြီးပြော သီချင်း အကျယ်ကြီးဖွင့်၊ ပြေလည်အောင် ညှိနှိုင်ရင် ညှိ၊ မညှိနိုင်ရင် ထထိုးကြရော။

၅။ ရုပ်ပိုင်းရော စိတ်ပိုင်းရော မကြံ့ခိုင်တာ - ရောက်တာနဲ့ အိမ်လွမ်းလို့/ ပင်ပန်းလို့/ အလုပ်အဆင်မပြေလို့/ မိသားစုနဲ့ အဆင်မပြေလို့/ ဖိအားများလို့ဆိုပြီး အရက်နင်းကန် ခွသောက်တာ၊ အရာရာတိုင်းကို မြန်မာငွေနဲ့တွက်ပြီးတော့ ဘယ်မှမလည်ရက်/ မသွားရက်/ မစားရက်နဲ့ အခန်းထဲအောင်းတာ။ Su***de လုပ်တဲ့ အထိ တွေ့ခဲ့ဖူးတယ်။ မပေါ့နဲ့နော်။

၆။ အလုပ်ပဲ ထွက်ချင်/ ပြောင်းချင်နေတာ - အကြောင်းပြချက်မရှိဘဲ အလုပ်ထွက် ချင်နေတာ၊ အလုပ်လည်းကောင်း သူဌေးလည်းကောင်းရဲ့သားနဲ့ သူငယ်ချင်းတွေနဲ့ အတူမလုပ်ရလို့၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ဆိုပြီး အလုပ်ထွက်ချင်နေတာ မျိုးရှိတယ်။ ကိုယ်က အသိသူငယ်ချင်းတွေလောက် အလုပ်မကောင်းဘူးဆိုတာနဲ့ .. အဲ့ကောင်တွေကလည်း ဝိုင်းညှော်တော့တာပဲ။ “ဟျောင် -- မင်းဆီမှာ အဲ့လောက်တောင်လား အဲ့လောက်ပဲရတာလား.. မနေနဲ့ ထွက်ခဲ့” သူတို့က အဲ့လို ညှော်လေ .. ကိုယ်က နေရင်းထိုင်ရင်းကို အလုပ်ကအဆင်မပြေဘူးထင်လာရော။

၇။ တုံးလွန်းတာ - ဘာမှလည်း မလေ့လာ၊ ဘယ်မှလည်းမသွား၊ မြန်မာနိုင်ငံမှာ တုန်းကလည်း လက်ကြောတင်းအောင် မလုပ်ခဲ့တော့ နည်းနည်းလေးများ ပင်ပန်းရင်ဖြင့် ငါ့ကျ ဒီအလုပ်၊ သူ့ကျ အဲ့အလုပ်။ စာလည်းမဖတ်။ ထိုင်းတွေနဲ့ ရန်ဖြစ်ပြီဆိုရင်လည်း သွားမကြည့်နဲ့.. ငှက်ကြီးတောင်ဓါးကြီး ဆွဲလာလိုက် ထိပ်ပြီးကွဲပြီး ပြန်လာလိုက်နဲ့ .. ကိုယ့်လူတွေချည်းပဲ၊ ကိုယ်က တရားဝင်ဖြစ်ရဲ့သားနဲ့ အိုသမားနဲ့ ရန်ဖြစ်ရင်တောင် ခံလာရတဲ့ အဖွဲ့တွေချည်းပဲ။

၈။ လူမှုရေးပြဿနာ - ကိုရီးယားရောက်လို့ အလုပ်လေးလည်း အဆင်ပြေ.. ငဝိုင်းလည်းလေး အိုကေနေတယ်ဆိုရင်ဖြင့် ပြဿနာမဟုတ်သေးဘူး။ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မယားကြီး/ သားကြီးကို မေ့ရင်ဖြင့် ပြဿနာပဲ။ အိမ်ထောင်သည်တွေမှ မဟုတ်ဘူး။ လူပျိုတွေလည်း ပြဿနာရှိသေးတယ်။ ကမ္ဘောဒီးယားသူတို့ အင်ဒိုနီးရှားသူတို့က မြန်မာဆို ကြိုက်တယ်နော်၊ အဲ့ဒါ အိုပါးလို့ အခေါ်ခံရတာနဲ့ ဖီးလ်တွေတက်ပြီးတော့ စွတ်မအမ်းလိုက်လေနဲ့၊ ရှာထားတာလေးတွေ ကုန်မှာပဲ၊ ကျောင်းတက်တဲ့အဖွဲ့တွေနဲ့ကတော့ မရေးပါဘူး၊ လက်ရှောင်ပါတယ်။

၉။ အရက်နဲ့ လောင်းကစားစွဲတဲ့ပြဿနာ - အလုပ်ကောင်းတာတောင် အလုပ်မလုပ်တော့ဘဲနဲ့ အရက်ချည်းပဲ သောက်‌နေလို့ သူငယ်ချင်းတွေကောင်းမှုနဲ့ မြန်မာနိုင်ငံပြန်ပို့ရတဲ့ ငမိုက်သားတွေ တွေ့ဖူးတယ်။ ဖဲကို အပျော်တမ်းကစားတာ မဟုတ်ဘဲ စီးပွားဖြစ်ကစားလို့ ဘဏ်အကြွေးလည်း မဆပ်နိုင်၊ အိမ်လည်း ပြန်မပို့နိုင်၊ ထုတ်ထားတဲ့ ထွယ်ဂျိခွန်လေးတွေလည်း ကုန်သွားတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။

၁၀။ ပြဿနာကြုံလာရင် ဘာလုပ်ရမယ် မသိတာ - လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရလို့ဖြစ်ဖြစ်၊ ပြဿနာကြုံလို့ဖြစ်ဖြစ် ဘယ်ကိုဆက်သွယ်ရမယ်မသိ၊ ဘာလုပ်ရမယ် မသိတာ။ လေ့မှ မလေ့လာထားတာကိုး။ သူများနိုင်ငံသွားပြီဆိုကတည်းက ပြဿနာ ရှိခဲ့သော် ငါဘယ်သူ့ကို မေးရမလဲဆိုတာတောင် မသိကြဘူး။

အပေါ်က ကျွန်တော်ရေးခဲ့တဲ့ ပြဿနာတိုင်းအတွက် အဖြေရှိပါတယ်။ အတိုချုပ်ပြောရရင်တော့ သည်းခံပါ၊ သင်ယူပါ၊ ရှောင်ပါ။
အပေါ်မှာ ကျွန်တော်ရေးသွားတဲ့ပြဿနာတွေနဲ့ အခက်အခဲတွေအပြင် ရှိသေးရင် ဖြည့်ရေးသွားကြဦး။
Crd: Pyae Linn

28/01/2024

စာမေးပွဲ ဖြေဆိုကျမဲ့ ညီ အကိုတွေ 28$ ကြိုတင်ပြင်ဆင်ထားကျပါနော် အနားနီးရင် အရမ်းဈေးကြီးလို့ပါ။

28/01/2024

"ကိုရီးယားစာကို သေချာ စနစ်တကျ ကြိုးစားပီး ယခုနှစ်မှာ ၀င်ရောက်ဖြေဆိုရန် ကြိုးစားနေတဲ့ ညီအစ်ကို တွေ အတွက် အတွေ့အကြုံနဲ့ ရင်းပီး ရတဲ့ သင်ခန်းစာတွေကို မျှဝေပေးပါတယ်"

(1)Part 1/2 ကို သေချာ ပိုင်နိူင်အောင် လေ့ကျင့်ပါ။အလွတ်ရဖို့ ထက် ဖတ်နိူင် ဘာသာ ပြန်နိူင်အောင် ကြိုးစားပါ။ ကွျန်တော်လည်း နာမည်ကြီး EPS သင်တန်း တစ်ခုမှာ တက်ရောက်လာတာပါ သင်ကြားတဲ့ ဆရာကလည်း နာမည်ကြီးပါ ဒါပေမဲ့ စာသင်ကြားတဲ့နေရာမှာ အရည်အချင်းက လုံး၀ "သုံည" ပါ။အဲ့အချိန်မှာ သေချာ သိခဲ့ရတာက မိမိ ကိုယ်သာ ကိုးကွယ်ရာ ပါ အခြေခံ ကို သေချာ ပိုင်နိူင်အောင် လုပ်ပီးရင် "Self Study" လုပ်ဖို့ သေချာ ပြင်ဆင်ပါ။

(2) 어휘-ဝေါဟာရ များကို သေချာ ကျက်မှတ်ပါ။(အချိန်ရရင် ရေးကျက် ကျက်ပါ)ရေးကျက် ကျက်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ နောင်တစ်ချိန် Level တန်းတွေ တက်မယ်ဆို ကိုယ့်မှာ အခြေခံ သေချာ ပိုင်နိူင်နေမှာ ဖြစ်ပါတယ်။ကျက်ထားတဲ့ မီးနင်းတွေ ကို မမေ့အောင် နေ့စဉ်ဘ၀မှာ သေချာ ပြန်သုံးစွဲပါ။EPS မှာ ပုံနဲ့ တွဲကျက်တဲ့ မီးနင်းက အသက်ပါ။

(3)문법-သဒ္ဒါ များကို သေချာ နားလည်အောင် တစ်ခန်းခြင်းစီ အစဉ်လိုက် ကျော်မသွားပဲ သဒ္ဒါတစ်ခုခြင်းစီကို ဖြည်းဖြည်း ခြင်း သေချာ ကျက်မှတ်ပါ။ကွက်လပ်ဖြည့်မှာ နဖူးတွေ့ ဒူးတွေ့ သဒ္ဒါအတွဲ‌ေတွက ပါလာမှာမို့ အရေးကြီးပါတယ်။

(4) 정보-သတင်း အချက်အလက်များကို ဖတ်ပီး ဘာသာပြန်နိုင်အောင် ကြိုးစားပါ တစ်ခုကို ဖတ်လိုက်တာနဲ့ ဒါဘယ်အခန်းက 정보 ဆိုတာ မြင်တာနဲ့ သိအောင်လုပ်ပါ။

(5) 듣기 ကို လေ့ကျင့်တဲ့ နေရာမှာ EPS မေးခွန်းတွေ က ကိုရီးယားရဲ့ လူမှု့ဘ၀ ပတ်၀န်းကျင် အကြောင်းတွေကို part 1/2ထဲမှ မီးနင်းတွေ၊သဒ္ဒါတွေနဲ့ ပေါင်းစပ်ပီး မေးတာ ပါ အပြင်က စာတွေဘာတယ် ပြောနေကျတာ ဂျင်းပါ part1/2ထဲ က သဘောတရားကို သေချာနားထောင် 드라마 များများကြည့် k.pop သီးချင်းတွေ နားရည်၀အောင် နားထောင်ပါ။

(6) စာကို မကြောက်ပါနှင့် တစ်ခန်းခြင်းစီသာ သေချာ ပိုင်နိူင်အောင် ပြန်ကြည့်ပါ စာလုပ်ရတာ ပျော်လာပါလိမ့်မယ်။part 1/2ကို ပိုင်နိူင်ပီဆို အသင်အပြ ကောင်းတဲ့ ဆရာ eps ကို အတွေ့အကြုံများတဲ့ ဆရာဆီမှာ မေးခွန်းဟောင်း အတန်းတက်ပါ။မေးခွန်းဟောင်းအတန်းတက်ဖို့က အရမ်းအရေးကြီးပါတယ် ဖြေဆိုပုံ ဖြေဆိုနည်းတွေကို အတွေ့အကြု ရှိတဲ့ ဆရာတွေကပဲ သေချာ ပြောပြနိူင်လို့ပါ။

-EPS စာမေးပွဲကို ဖြေဆိုရာမှာ YouTube ကို သေချာ အသုံးချပါ နီပေါ၊ဖိလစ်ပိုင်၊ကမ္ဘောဒီးယား သူတို့ channel တွေမှာ သွားလေ့လာကြည့်ပါ စာလုပ်တာ အရမ်းအားရပါတယ် မသိတဲ့လူဆို ကူညီကျပါတယ် ကျွန်တော်တို့ ဆီမှာလို ဝိုင်းမဆဲပါဘူး။듣기 ကို youtube မေးခွန်းဟောင်းတွေမှာ သေချာ ကြိုးစားလေ့လာပါ။အကုန်တဖြည်းတဖြည်းနဲ့ နားလည်လာပါလိမ့်မယ်။

-EPS စာမေးပွဲ ဟာ 읽기 မိနစ် 25,듣기 မိနစ် 25 အတွင်း ဖြေဆိုရတာ ပါ။သတ်မှတ် အချိန်အတွင်းမှာ မေးခွန်းကို ပါးပါးနပ်နပ် နဲ့ အမှားနည်းအောင် ဖြေနိူင်မှ အမှတ်များများ ရမှာ။

နာမည်ကြီး သင်တန်းတွေဟာ အခုဆိုရင် သင်တန်းကြေးလည်း များပြားလာပီး သင်တန်းသား အချင်းချင်း စာပြန်သင်ခိုင်းတာတွေဟာ အများအပြား မျက်မြင် ကိုယ်တွေ့ မြင်တွေ့ လာရပါတယ်။အဲ့အတွက်ကြောင့် အသံမှန်အောင် ထွက်နိူင်ပီ၊အခြေခံ ပိုင်နိူင်ပီဆို 'Self Study'လုပ်ဖို့ သေချာပြင်ဆင်ပီ EPS လမ်းကို လျှောက်လှမ်းပါ။ကျွန်တော်က တော့ ဘ၀တူ ညီအကိုတွေကို ပညာဒါနပဲ ပေးနေတဲ့ ဆရာ တစ်ယောက်ပါ။ကိုယ်တွေ့ အတွေ့အကြုံများနဲ့ တစ်ဆင့်ချင်းစီ တိုးတက်လာတာ တွေကို ပြန်လည် မျှဝေပေးခြင်း ပဲ ဖြစ်ပါတယ်။
Crd

Photos from EPS-Life လူလည် အာရှသား's post 28/01/2024

표지판....

28/01/2024

EPS စာမေးပွဲ ဖောင်ဘယ်လိုတင်ရတာလည်း?
EPS စာမေးပွဲဖောင်တင်ရာမှာ ၂ဆင့်ရှိပါတယ်
ပထမအဆင့် online မှဖောင်တင်ခြင်း
ဒုတိယအဆင့် ငွေသွင်းခြင်းတို့ ဖြစ်ပါတယ်။

1-Online မှ ဖောင်တင်ခြင်း
POEA - EPSမှ ထုတ်ပြန်ကြေငြာထားသော Application ဖြစ်သော POEA OASYS application ကနေ ဖောင်တင်ရတာ ဖြစ်ပါတယ်။
Online ဖောင်တင်ဖို့အတွက် အဆိုပါ application ကို ဒေါင်းလုတ် လုပ်ထားရမှာဖြစ်ပါတယ်။ယခင်စာမေးပွဲတုန်းကတော့ Android Version 9လောက်ပဲရပါတယ်။IOS ဖုန်းတွေမှာ မရပါဘူး။ယခုနှစ်တော့ ဘယ်လိုလာမယ် မသိသေးပါဘူး။
Application ထဲကို မိမိPassport ထဲကအချက်အလက်အတိုင်းဖြည့်သွင်းရပါတယ်။
ဓါတ်ပုံ(3.5cm~4.5cm)နောက်ခံအဖြူရောင် ကြောင်ရှာသီး လည်ပင်းဆွဲထားတဲ့ ပုံကို scanဖတ်
Passport ဓါတ်ပုံကိုလည်းပဲ scanဖတ်ပြီး file sizeချုံပြီး application ထဲ ထည့်ပေးရပါတယ်
(မလုပ်တတ်ရင် မိမိသင်တန်းဆရာက လုပ်ပေးပါလိမ့်မယ် စိတ်ပူစရာမလိုပါ)
အဲလိုအချက်အလက်တွေ ဖြည့်သွင်းပြီးရင် မိမိအတွက်ဖောင်နံပါတ် 51နဲ့စတဲ့ ဂဏန်းတွေကျလာပါလိမ့်မယ်။
အဲလိုကျလာရင် online ဖောင်တင်ခြင်း ကိစ္စပြီးပါပြီ။

2-ဒေါ်လာပေးဆောင်ခြင်း
Online ဖောင်တင်ပြီးလို့ တလလောက်အကြာမှာ POEAကနေ ငွေသွင်းလို့ ရပြီဖြစ်ကြောင်းကြေငြာပါလိမ့်မယ်။
Online ဖောင်တင်တုန်းက ကျလာတဲ့51နဲ့စတဲ့ နံပါတ်အစဉ်အလိုက်ပဲရက်ကြေငြာပြီးငွေသွင်းခြင်းကို လက်ခံမှာ ဖြစ်ပါတယ်။
မိမိနံပါတ်ရက် မရောက်သေးပဲစောတင်လို့မရပါဘူး။
ငွေသွင်းတဲ့အခါမှာလည်း ကောင်တာ၂မျိုးရှိပါတယ်။
တဦးခြင်း မိမိကိုယ်တိုင်သွင်းတဲ့သူများအတွက် ကောင်တာက ၅ခုလောက်ရှိပြီး
သင်တန်းသားများကိုယ်စား သင်တန်းတာဝန်ခံတဦးက သွင်းပေးတာအတွက် ကောင်တာတခုရှိပါတယ်။နယ်ဝေးက လူအများနဲ့သွားရေးလာရေး ခက်ခဲတဲ့သူများအတွက် အဆင်ပြေအောင် လုပ်ပေးတာပါ
တဦးခြင်းကိုယ်တိုင်သွင်းသူများကတော့ မနက်စောစောသွား အပေါက်ဝမှာနေရာဦးအောင်တန်းစီ ရပါတယ်။
ရုံးဖွင်ချိန်စတာနဲ့ တန်းစီတဲ့သူတွေကို တုံကင်ထုတ်ပေးပါတယ်။စောရောက်တဲ့သူ တုံကင်နံပါတ်စောပါတယ်။
ငွေသွင်းပြီး ချလန်ယူပြီး ပြန်ရုံပါပဲ။အားသာချက်ကတော့ တံုကင်စောရင် စောစောပြန်ရပါတယ်။အားနည်းချက်က လူတိုးရပါတယ်။
သင်တန်းသားများကိုယ်စား သင်တန်းတာဝန်ခံက ငွေသွင်းပေးမယ်ဆိုရင်
မိမိသင်တန်းသားအရေအတွက်အလိုက်ကျသင်တဲ့ဒေါ်လာကို စုပေါင်းပေးလို့ရပါတယ် အကြွေတွေဘာတွေမလိုပါဘူး။သင်တန်းသားအားလံုးစာစုပေါင်းဝယ်တဲ့အတွက် ဒေါ်လာအကြွေရှားပါးတဲ့ အခက်အခဲမကြုံရပါဘူး။
လူတိုးစရာမလိုပေမယ့် ငွေသွင်းချလန်ရေးတဲ့အခါ လူအများစာရေးရတာဖြစ်တဲ့အတွက် လက်ညောင်းပါတယ်။
ဆရာဆို ပြီးခဲ့တဲ့နှစ်တုန်းက မနက်၈နာရီကနေထိုင်စောင့်တာ ညနေ၄နာရီလောက်မှ ပြီးပါတယ်။
အဲအချိန်ကတော့ POEAကဝန်ထမ်းတွေ မနက်၉နာရီကနေစ အလုပ်လုပ်တာ ည၈နာရီမှ အလုပ်သိမ်းရပါတယ်။နေ့လည်ထမင်းစား နားချိန်တောင်မရှိပါဘူး။
အချုပ်ဆိုရလျှင် ငွေသွင်းတဲ့အခါ မိမိကိုယ်တိုင်တဦးခြင်းလည်းရသလို သင်တန်းသားများကိုယ်စား သင်တန်းတာဝန်ခံကလည်း ပေးသွင်းလို့ရပါတယ်။
(ဖောင်တင်တဲ့အခါပတ်စပို့ PJ,PVအဆင်ပြေရာနဲ့တင်လို့ရပါတယ် သက်တမ်းကျန်ရှိရပါမယ် လ ရက်အထိ သက်တမ်းကျန်လို့ရပါတယ် သက်တမ်းမကျန်ရင် ဖောင်တင်လို့မရပါဘူး)
အားလုံး ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။
WBO

28/01/2024

🇰🇷စနစ်သစ် part 1/2 မီးနင်း၊သဒ္ဒါ pdf file များ Telegram မှာ ပို့ပေးပါမယ် လာယူကျပါ။

28/01/2024

ကျွန်တော် ကတော့ EPS topik ကို ပညာဒါန သင်ကြားပေးနေတဲ့ ဆရာ တစ်ယောက်ပါ ယခု 2024 eps topik စာမေးပွဲ ကို ၀င်ရောက်ဖြေဆိုမဲ့ ညီ အကိုတွေ အတွက် page ကို စ အသက်သွင်းပါတော့မယ်။အားလုံး အောင်မြင်ကျပါစေ....

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Website

Address


Seoul