18/07/2023
여러분,안녕하세요?
အားလုံးပဲ မင်္ဂလာပါ။
제가 page에서 포스트를 안 올린지 오래됐는데 지금은
재미있는 속담을 공유하고 싶습니다.
ကျွန်မ page မှာ ပို့စ်မတင်တာ တော်တော်ကြာနေပါပြီ။ အခုစိတ်ဝင်စားဖို့ကောင်းတဲ့ စကားပုံလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
속담은 ...
စကားပုံလေးကတော့
세 살 버릇 여든까지 간다.
အသက်(၃)နှစ်က အကျင့်က အသက်(၈၀)ထိ ပါသွားတယ်။
이 속담의 의미는
ဒီစကားပုံလေးရဲ့အဓိပ္ပာယ်ကတော့👇
1.🌞"나쁜 버릇이 들지 않도록 어렸을 때부터 조심하는 것이 좋다" 라는 것이다.
"မကောင်းတဲ့အကျင့်တွေ/အကျင့်ဆိုးတွေမရှိအောင် ငယ်ငယ်ထဲက သတိထားတာက ကောင်းတယ်"လို့ပဲဖြစ်ပါတယ်။
그리고 다음 의미로는
ပြီးတော့ နောက်ထပ် အဓိပ္ပာယ်အနေနဲ့
2.🌞"어릴 때부터 좋은 습관을 갖는 것이 중요하다"라는 것이다.
"ငယ်ငယ်ထဲက ကောင်းမွန်တဲ့အလေ့အကျင့်တွေကို မွေးမြူဖို့ကောင်းတယ်"ဆိုတာပဲဖြစ်ပါတယ်။
오늘 제가 올리는 속담은 토픽 시험을 위해서 도움이 되길 바랍니다.
ဒီနေ့ ကျွန်မတင်ထားတဲ့ စကားပုံလေးက Topik Examအတွက် အကူအညီဖြစ်ဖို့မျှော်လင့်ပါတယ်။
ကိုရီးယားစာနဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိရင် pageမှာစောင့်ကြည့်ဖိူ့အတွက် Like and follow လုပ်ပေးခဲ့ပါအုံးနော်🤍
#속담