𝐖𝐉𝐊 - 𝗞𝗼𝗿𝗲𝗮𝗻 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲

𝐖𝐉𝐊 - 𝗞𝗼𝗿𝗲𝗮𝗻 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 Ready to Unlock New Horizon

https://linktr.ee/wjklanguage

HAN_1ALK Anniversary Special Speaking Club ဒီနေ့ည ၈:၃၀ မှာ အားလုံးနဲ့တွေ့ကြပါမယ်
02/08/2026

HAN_1ALK Anniversary Special Speaking Club

ဒီနေ့ည ၈:၃၀ မှာ အားလုံးနဲ့တွေ့ကြပါမယ်

28/07/2026

Save the day!!! (생일 축하해용 우진아) 🎂

ဒီတစ်ခေါက်မွေးနေ့မှာ Han Talk က Han Talker လေးတွေ ပေါင်းပြီး မွေးနေ့ဆုတောင်း Video လေး ပို့ပေးလာတော့ နားထောင်ရင်း ပီတိဖြစ်ရတာတော့ အတိုင်းမသိပါဘဲ…

တစ်ယောက်ချင်းစီက ဆုတောင်းတစ်ခုချင်းစီကို သေသေချာချာလေး ဆုတောင်းပေးကြတော့ ခဏ ခဏကို ပြန် နားထောင်မိနေတာ…

(ဒါနဲ့ ဒီထဲက သူငယ်ချင်းတွေကို ကိုရီးယားစကား ပြောကျင့်ချင်ရင် Cmt မှာ Han Talk Register Link ချထားပေးမယ်နော် ဟီး…ကြော်ငြာလေးတဖြတ်)

Notes: ကိုယ့်အတွက်ဆုတောင်းပေးထားတဲ့ ဒီ လက်ဆောင်လေးကို အမှတ်တရ အနေနဲ့ သိမ်းထားချင်တာမို့လို့ ဘာသာတော့ မပြန်ပေးတော့ဘူးနော်.. ဟီး

다들 고마웡
우진이가~

🗣 ကိုရီးယားစကားပြောလည်း လေ့ကျင့်ရင်း၊ သူငယ်ချင်းအသစ်တွေပါ ရနိုင်မယ့် အခွင့်အရေး!"Han Talk Speaking Club" Registration ကိ...
20/07/2026

🗣 ကိုရီးယားစကားပြောလည်း လေ့ကျင့်ရင်း၊ သူငယ်ချင်းအသစ်တွေပါ ရနိုင်မယ့် အခွင့်အရေး!

"Han Talk Speaking Club" Registration ကို ဒီနေ့ပဲ လျှောက်ထားပြီး Han Talker တစ်ယောက်ဖြစ်လာလိုက်ပါ။

Han Talker တစ်‌ယောက် ဖြစ်လာရင် ဘာတွေရရှိမလဲဆိုတော့...
😍 တစ်ပတ်နဲ့ တစ်ပတ်မရိုးရတဲ့ အကြောင်းအရာတွေကို ပြောရင်း ကိုရီးယားစကားပြောကို အပတ်စဉ် ပုံမှန် လေ့ကျင့်နိုင်မယ်။
😍 စကားတွေပြော Game တွေ ဆော့ကြရင်း သူငယ်ချင်းအသစ်တွေရနိုင်မှာဖြစ်လို့ Community လည်း ကျယ်လာမယ်။
😍 လက်ရှိ ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ဆရာတွေဆီကနေလည်း နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ ဗဟုသုတတွေကို သိနိုင်မယ်။

Han Talk အစီအစဉ် အသေးစိတ်
📅စတင်မည့်ရက်: 02.08.2026 (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း)
🕰အချိန်: 8:30 PM (MM Time), 11:30 (KOR Time)
🗓 ကြာမြင့်ချိန်: 7 Weeks
💸 ဝင်ကြေး: 10,000 MMK

📝 ဘယ်လိုလျှောက်ထားရမလဲ?
အောက်မှာပါတဲ့ Google Form Link လေးကနေ အချက်အလက်လေးတွေဖြည့်ပြီး၊ ဝင်ကြေး ၁၀၀၀၀ ကျပ် လွှဲပြီးသွားတာနဲ့ ယောရောဘွန်းတို့လည်း Han Talker တစ်‌ယောက် ဖြစ်သွားပါပြီ။ 🤝

👉 ဒီလင့်ခ်ကနေ အခုပဲ စာရင်းသွင်းလိုက်ပါ:
https://forms.gle/EgEpPzCQ2iHbJJNc9

💬 သိလိုသည်များမေးမြန်းရန်:
Online Form လျှောက်ထားတာနဲ့ ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိပါက ကျွန်တော်တို့ WJK-Korean Language Page Messenger ကို လာရောက်ပြောကြားထားလို့ရပါတယ်။

17/07/2026

한톡커들 야호~~

ကဲ ဒီတစ်ခေါက် 𝗛𝗔𝗡 𝟭𝗔𝗟𝗞 [1 Year Anniversary Special] မှာ‌ရော ဘယ်လိုမျိုး စိတ်ဝင်စားဖို့ကောင်းဖို့ ပျော်ဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ကိုရီးယားစကားပြောလေ့ကျင့်ကြမလဲဆိုတာကို ဒီ Video လေးကို အဆုံးထိကြည့်လိုက်တော့နော်

Han Talk စခဲ့တာ အခုဆိုရင် တစ်နှစ်တိတိ ပြည့်သွားပြီဖြစ်လို့ တကယ် အကျိုးသက်ရောက်မှု ရှိမရှိကိုတော့ ထွေထွေထူးထူး ပြောဖို့မလိုလောက်ဘူးထင်ပါတယ်... (သူတို့တွေ အခုဆို ပြောလိုက်ကြတာများ တစ်ခါတစ်ခါကို ၃-၄ နာရီလောက်က အသာလေးပဲ)..

ဒီလိုမျိုး ပျော်လည်းပျော်ရမယ်/ ကိုရီးယားစကားပြောလည်း လေ့ကျင့်ခွင့်ရမယ့် Han Talk ကို Join ချင်တယ်ဆိုရင်တော့ လာမယ့် ၂၀ ရက်နေ့ ည ၈း၃၀ မှာ Online Register လုပ်ထားလိုက်နော်...

လျှောက်ဖို့ မေ့သွားမှာ စိုးတဲ့ ယောရောဘွန်းတို့အနေနဲ့ ကျွန်တော်တို့ Page လေးကို အခုထဲက လာပြောထားမယ်ဆိုရင် လျှောက်လွှာဖွင့်တဲ့နေ့ကျရင် လျှောက်လွှာဖောင်လေးတွေ ပို့ပေးသွားမှာမို့လို့ Messenger ကနေ 안녕, 야호 လုပ်ထားလိုက်တော့နော်....

Han Talk မှာ အားလုံးနဲ့ ဆုံပြီး K ဆန်ဆန် လေဖုတ်ကြမယ်...

#한톡 #말하기연습

15/07/2026

축하드립니다.

13/07/2026

𝗛𝗔𝗡 𝟭𝗔𝗟𝗞 𝗶𝘀 𝗕𝗮𝗰𝗸!!

စိတ်ဝင်စားဖို့ကောင်းပြီး/ ပျော်ဖို့လည်းကောင်းတဲ့ အကောင်းတကာ့ အကောင်းဆုံး TOPIC တွေနဲ့ ကိုရီးယားစကားပြောလေ့ကျင့်နိုင်မယ့် Han Talk 1 Year Anniversary Special Program အတွက် လျှောက်လွှာများကို လာမယ့် ၇ လပိုင်း ၂၀ ရက်နေ့မှာ စပြီး လက်ခံသွားတော့မှာမို့လို့ ဒီတစ်ခါ Han talker အဟောင်းတွေရော အရင့် အရင် Season တုန်းက အကြောင်း အမျိုးမျိုးကြောင့် မပါလိုက်နိုင်တဲ့ ယောရောဘွန်းတို့ အားလုံးကို လာဖို့ ဖိတ်ခေါ်ပါတယ်နော်....

📌ကိုရီးယားဘာသာစကား သင်ကြား‌‌ပေးနိုင်သောဆရာမ အလိုရှိသည်။📍အလုပ်ချိန်• တစ်ပတ်လျှင် (၂) ရက်ခန့်• တစ်ချိန်လျှင် ၄၅ မိနစ် မှ ၁...
20/06/2026

📌ကိုရီးယားဘာသာစကား သင်ကြား‌‌ပေးနိုင်သောဆရာမ အလိုရှိသည်။

📍အလုပ်ချိန်
• တစ်ပတ်လျှင် (၂) ရက်ခန့်
• တစ်ချိန်လျှင် ၄၅ မိနစ် မှ ၁ နာရီခန့်(အတန်းချိန်ပေါ်မူတည်ပြီး အချိန်ကွာဟမှုရှိနိုင်)
• အချို့အတန်းများကို စနေ၊ တနင်္ဂနွေ (Sat/Sun) များတွင် သင်ကြားနိုင်ပါသည်
📍အကျိုးခံစားခွင့်
• လစာ ညှိနှိုင်းနိုင်ပါသည်။
• သွားလာရေးစရိတ် ထောက်ပံ့ပေးနိုင်ပါသည်။

-Dankook University မှ ပေးအပ်သော Training Certificate ကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်✨💗

📝လိုအပ်ချက်များ
• ကိုရီးယားဘာသာစကားကို ကောင်းမွန်စွာသင်ကြားနိုင်သူ (Topik Level 4အထက်)
• ကျောင်းသားများအပေါ် စိတ်ရှည်၍ တာဝန်ယူမှုရှိသူ
• သင်ကြားရေးအတွေ့အကြုံရှိသူကို ဦးစားပေးမည်
• အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်
• ရန်ကုန်မြို့အတွင်းနေထိုင်သူဖြစ်ရမည်။

🌟အထူးအခွင့်အရေးအနေနဲ့ Dankook University ရဲ့ Trainingဆရာမအဖြစ် လက်တွေ့သင်ကြားမှုမှာ ပါဝင်နိုင်မှာဖြစ်ပြီး သင်တန်းပြီးဆုံးသွားတဲ့အခါ Dankook University မှပေးအပ်သော Certificate ကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။🍀

🌱📚 အဓိပ္ပာယ်ရှိသော သင်ကြားရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားသူ မည်သူမဆို Messenger (သို့) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📞 Phone:09982344261(Viber)သို့ လည်း CV Form နှင့်တကွ Topik Certificateတို့ကို ပေးပို့၍လည်း လျှောက်ထားနိုင်ပါသည်။💗

အင်တာဗျူးရွေးချယ်ခြင်းခံရသူများအား တစ်ဦးစီရွေးချယ်၍ ပြန်လည်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။


အတန်းတွေ မတင်ဖြစ်တော့ WJK က ကိုရီးယား စာမသင်တော့ဘူးလို့ ထင်နေကြမှာစိုးလို့ 😁😁သီးသန့် Private အတန်းတွေ စုံစမ်းလို့ရပါတယ်န...
06/05/2026

အတန်းတွေ မတင်ဖြစ်တော့ WJK က ကိုရီးယား စာမသင်တော့ဘူးလို့ ထင်နေကြမှာစိုးလို့ 😁😁

သီးသန့် Private အတန်းတွေ စုံစမ်းလို့ရပါတယ်နော်

May လအတွက်ကတော့ SNU 1A Group Class လေး တစ်တန်းရှိပါဦးမယ်…

Address

Seoul

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Saturday 12:00 - 16:00
Sunday 12:00 - 16:00

Website

Alerts

Be the first to know and let us send you an email when 𝐖𝐉𝐊 - 𝗞𝗼𝗿𝗲𝗮𝗻 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to 𝐖𝐉𝐊 - 𝗞𝗼𝗿𝗲𝗮𝗻 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲:

Shortcuts

Share