Birthday giveaway လေး ကြေငြာပေးပါပြီ။
Facebook name လေးတွေပဲ ယူပြီး spin wheel နဲ့ လှည့်ထားပါတယ်။
Congratulations ပါ။ 🎈🎈🎉🎉
Phyu Phyu Paing
Kalyar Chaw Hsu Thwe
Aye Nyein Thu
Page မှာ လာပြီး နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်တို့ကို လာပို့ထားပေးပါဦးရှင့်။
စာအုပ်တွေကို တစ်ပတ်အတွင်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်ရှင့်။ #မှတ်ချက် စာအုပ်ရက ရောက်မှ တစ်ဆင့် ပြန်ပို့ပေးရမှာ ဖြစ်ဖို့ နည်းနည်းတော့ နောက်ကျနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်။ အားလူံး ပါဝင်ပေးကြတဲ့ အတွက်ကြောင့်ပါ။
Topik Success Hub by Tr Kay Zin Aung
This page is intended to who are learning Korean Language and interested in Korean.
26/11/2025
23.11.2025 ရက်နေ့မှာ PEAK ကနေ တာဝန်ယူပြီး ကျင်းပတဲ့ 강원대학교 말하기 대회 မှာ Topik Success Hub by Tr. Kay Zin Aung မှ Founder Tr. Kay Zin Aung ဟာ First winner ပထမဆုကို ရရှိသွားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
ဒီပွဲဟာပထမအဆင့် video ဖြင့် အကဲဖြတ်ပြီး ဒုတိယအဆင့် လူတွေ့ဖြေဆိုပြီးနောက် နောကိဆုံး စကာတင် ၁၀ ယောက်နဲ့ final round ကို park royal hotel မှာ စည်ကားသိုက်မြိုင်စွာ ကျင်းပခဲ့တာ ဖြစ်ပါတယ်ရှင့်။
Hangul with us မှလည်း ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်ရှင့်။
Hangul with us နဲ့ 함께 한국에 가자.
#강원대학교
25/11/2025
11လပိုင်း 25 ရက်နေ့ဟာ တီချယ် ကေဇင်အောင် မွေးနေ့ ဖြစ်ပါတယ်။ တီချယ်က ဒီနေ့မှာ မွေးနေ့အလှူကို လုပ်ပေးချင်တာ ဖြစ်ပါတယ်။ တီချယ်ကိုယ်တိုင် ထုတ်ထားတဲ့ Topik reading old questions collection စာအုပ်ကို 3 ယောက်ကို random မဲ ဖောက်ပေးသွားမှာ ဖြစ်ပါတယ်။
Topik Success Hub by Tr. Kay Zin Aung page လေးကို like and follow လုပ်ပြီး comment မှာ မန့်ခဲ့ရုံဖြင့် ပါဝင်နိုင်ပါတယ်။
Tr. Kay Zin ဟာ စာသင်အတွေ့အကြုံ 4 နှစ်ကျော်ရှိပြီး Topik 6 ကို reading အမှတ် 100 ဖြင့် ရရှိထားတာ ဖြစ်ပါတယ်။
မဲဖောက်ပေးမယ့်နေ့ကတော့ ည 7 နာရီ Sat 29 ရက်နေ့ ဖြစ်ပါတယ်။
မဲပေါက်တဲ့သူများက Topik Success Hub by Tr. Kay Zin Aung မှာ လိပ်စာ လာပေးရမှာ ဖြစ်ပါတယ်။ (deli ခကတော့ မိမိကိုယ်တိုင် ပေးဆောင်ရမှာပါရှင့်)
01/11/2025
November ရဲ့ ပထမဆုံးရက်မှာ အသစ်တွေနဲ့ စတင်ကြရအောင်။
သေးငယ်တဲ့ ခြေလှမ်းတွေကပဲ ကြီးမားတဲ့ တစ်ခုခုကို ဖြစ်စေတာပါ။ ဒါကြောင့် အားမလျှော့ပါနဲ့။
2026 ကို ရောက်ခါနီးနေပြီ။ မိမိရည်မှန်းချက်ကို မရောက်သေးဘူးလို့ ထင်ပါသလား။
မြန်မာနိုင်ငံက လူငယ်တွေက မိဘတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေများပြီး ရည်မှန်းချက်တွေ ပျောက်ဆူံးနေကြပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်နေရတယ်ဆိုတာကာိ သိပါတယ်။ ဒါပေမယ့် ဖြစ်ချင်တာကို မေ့ပျောက်ထားလိုက်ရင် မိမိ ရဲ့ ဘဝဟာ အဓိပ္ပာယ်မဲ့သွားမှာပါ။ ကျွန်မကတော့ လုပ်သင့်တာရော၊ လုပ်ချင်တာရော နှစ်ခုလုံးကို balance မျှတစွာ လုပ်ပြီး I live two lives (golden song ) ထဲကလိုပဲ နေထိုင်နေပါတယ်။
SMART goals တွေနဲ့ မိမိ ရည်မှန်းချက်ကို ပြန်လည် ချိန်ညှိကြမယ်။
S - specific 정확한
ဘယ်လောက်ထိ တိကျခိုင်မာသလဲ။ ငါ ကိုရီးယားမှာ ကျောင်းတက်ချင်တယ်။ ဒါဟာ ယေဘုယျဆန်ပြီး ဝေဝါးပါတယ်။ အဲ့တာဆို ငါ 2026မှာ ကိုရီးယားစာ level 2 ထိလေ့လာနေပြီး ကျောင်းတက်ဖို့ ပြင်ဆင်နေရမယ်။
မိမိလိုအပ်တဲ့ step တစ်ခုချင်းစီ သေချာစွာ သိရှိနေရမှာပါ။ ကိုယ်ရဲ့ ပန်းတိုင်အတွက်။
M - measurable 측정
ရည်မှန်းချက်က သေချာပြီဆို သူ့ကို အရေအတွက်အရ တိုင်းတာလို့ရရမှာပါ။ ဒါဆို ဘယ်လို တိုင်းတာလဲဆို ကိုယ့်ရဲ့ ပြောင်းလဲလာတဲ့ ပုံစံ အရည်အချင်းနဲ့ တိုင်းတာပါတယ်။ အချို့က ရေတွက်လို့ရပါတယ်။။ဥပမာ - Level 4 ထိ အတန်းတက်ပြီးတာမျိုး၊ စာအုပ်တွေ ဘယ်နှစ်အုပ် ဖတ်ဖြစ်နေဝာာမျိုး။
ကိုယ်သွားနေတဲ့ လမ်းကို အမြဲ တိုင်းတာ စီစစ်နေရမှာပါ။ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်နဲ့ လွဲနေရင် ပြန်တည့်မတ်ရပါမယ်။
A - achievable 달성
အချို့တော့ ရည်မှန်းချက်တွေက realistic မဖြစ်ပါဘူး။ 3 လအတွင်း ကိုရီးယားစာ 4 ထိ ရောက်အောင်သွားမယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာမျိုးပါ။
ကိုယ့်ရည်မှန်းချက်ကို ကိုယ့်လုပ်န်ုင်စွမ်းနဲ့ ပြန်ညှိပြီး reasonable ဖြစ်တာကို ရွေးချယ်သင့်ပါတယ်။
R - relevant (관련성)
အပေါ်မှာ ပြောထားသလိုပဲ ကိုယ်သွားနေတဲ့ steps လေးတွေက ကိုယ်လိုချင်တဲ့ goals နဲ့ relevant ဖြစ်ရဲ့လားဆိုတာ ပြန်ချိန်ညှိတာမျိုးပါ။
T- Time- bound
ဒါကတော့ အချိန်ကာလ တစ်ခု သတ်မှတ်ပြီး ပြီးမြောက်အောင် လုပ်တာပါ။
အရင်က post မှာ ပြောခဲ့တဲ့အတိုင်း လူတွေက မဖြစ်မနေ လုပ်ရတော့အရာ၊ သူတို့အတွက် အရေးကြီးတဲ့ အရာဆိုရင် မဖြစ်ဖြစ်အောင် လုပ်ပါတယ်။ ဒါကြောင့် deadline (기한 ) တစ်ခု သတ်မှတ်ပြီး ပြီးမြောက်အောင် လုပ်ဆောင်ပါ။
မိမိတို့ ဘဝရဲ့ ရည်မှန်းချက်တွေကို ဒီလိုလေး ချမှတ်သွားမယ်ဆိုရင် ကျိန်းသေပေါက် ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
လူကြီးမင်းတို့လည်း အိမ်မက်တွေကို အမြန်ဆူံးရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Korean Version
2026년이 다가오고 있네요. 여러분은 자신의 목표에 아직 도달하지 못했다고 느끼시나요?
미얀마의 많은 청년들은 부모님의 간섭으로 인해 자신의 꿈을 잃어가고 있습니다.
하고 싶은 일보다 해야 한다고 여겨지는 일을 선택해야 하는 현실이죠.
하지만, 하고 싶은 일을 잊어버린다면 인생은 의미를 잃게 됩니다.
저는 해야 하는 일과 하고 싶은 일을 균형 있게 병행하며,
마치 “I live two lives (golden song)”의 가사처럼 살아가고 있습니다.
이제 SMART 목표 설정법으로 우리의 꿈을 다시 조정해 봅시다.
S - Specific (정확한)
얼마나 구체적인가요?
“나는 한국에서 공부하고 싶다”는 너무 막연합니다.
대신 “나는 2026년에 한국어 2급 수준까지 공부하고, 유학을 준비하겠다”처럼
구체적으로 설정해야 합니다.
목표를 이루기 위해 필요한 단계들을 명확히 알아야 합니다.
M - Measurable (측정 가능)
목표가 명확하다면, 그것은 반드시 측정 가능해야 합니다.
예를 들어 “한국어 4급까지 수강 완료하기”,
“책 몇 권 읽기”처럼 숫자나 성과로 확인할 수 있어야 합니다.
자신이 가고 있는 길을 항상 점검하고,
방향이 어긋나면 다시 바로잡아야 합니다.
A - Achievable (달성 가능)
일부 목표는 비현실적일 수 있습니다.
예를 들어 “3개월 안에 한국어 4급 달성하기”는
현실적으로 어렵겠죠.
자신의 능력과 상황에 맞게 달성 가능한 목표를 세워야 합니다.
R - Relevant (관련성)
앞서 말한 것처럼,
당신이 하고 있는 모든 단계들이
당신의 궁극적인 목표와 관련이 있는지 점검해야 합니다.
T - Time-bound (기한 설정)
이것은 정해진 기한 내에 완성해야 한다는 뜻입니다.
앞서 이야기했듯이,
사람들은 정말로 중요하다고 생각하는 일에는
무슨 일이 있어도 해내려고 합니다.
그러니 기한(Deadline, 기한)을 정해
반드시 완성하세요.
이처럼 SMART 방식으로 목표를 세운다면,
여러분은 분명히 자신의 꿈에 도달할 수 있을 것입니다.
모두의 꿈이 빠르게 이루어지기를 진심으로 바랍니다.
29/10/2025
လူကြီးမင်းတို့ စာလုပ်ချင်စိတ် ပျောက်ဆုံးနေတာမျိုး၊ ဘာကနေ စပြီး ဘာလုပ်မလဲ မသိတာမျိုး ကြုံဖူးကြတယ်မလား။ ဒါဆိုရင် ဒီ post က လူကြီးမင်းတို့အတွက် ဖြစ်မှာပါ။
ဒါဟာ ဖြစ်တက်ပေမယ့် အချိန်တိုင်းလိုအပ်နေရင်တော့ မဟုတ်သေးဘူးပေါ့။
ဒါဟာ ဘာသာစကားတင်မဟုတ်ဘဲ ဘာမဆို လေ့လာတိုင်းမှာ လိုအပ်ပါတယ်။ လူတိုင်းကျော်လွှားရမယ့်အခက်အခဲထဲက တစ်ခုလို့ ထင်ပါတယ်။ဒါဆိုရင် ဘယ်လိုကျော်ဖြတ်ကြမလဲ။ ကိုရီးယားစာလည်း လေ့လာလို့ရအောင် မီးနင်းလေးတွေပါ ထည့်ပေးသွားမယ်နော်။
1. မိမိရဲ့ ရည်ရွယ်ချက်ကို တိကျအောင် သတ်မှတ်ပါ။ 정확한 목표부터 세우세요.
ရည်မှန်းချက် ရည်ရွယ်ချက်က မရှင်းလင်းနေရင် သူများတက်လို့သာ တက်တယ်၊ သူများ သင်လို့သာ သင်တယ် ။ မတက်ချင်ဘူး။ မသင်ချင်ဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီလို စဉ်းစားကြည့်ပါ။ လူကြီးမင်းတို့ အဲ့နိုင်ငံကို သွားရတော့မယ့်အခါမှာ အဲ့နိုင်ငံက English မဟုတ်သော တခြား ဘာသာစကားကို ပြောတယ်ဆိုရင် မဖြစ်မနေ လေ့လာရတော့မှာဖြစ်တဲ့အတွက်ကြောင့် တစိုက်မတ်မတ် လုပ်ဖြစ်ပါတယ်။ ဒါမရရင် အဆင်မပြေနိုင်တာကို စိတ်ထဲက ဘောင် သတ်မှတ်လိုက်ပြီ လုပ်စေတာပါ။
ဒါကြောင့် ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သေချာစွာ သတ်မှတ်ပါ။
2. ဒီမှာ motivation ကို 2 ပိုင်း ခွဲနိုင်ပါတယ်။
내적 동기 နဲ့ 외적 동기 ပါ။
အတွင်းထဲက လာတဲ့ moti နဲ့ အပြင်က အရ ဖြစ်တဲ့ moti ပါ။
ဘယ်ဟာက ပိုကြာရှည်ခံသလဲ။ 🤔
물론 내적 동기 ပေါ့နော်။ သူက အတွင်းထဲက လာတဲ့ moti ဖြစ်လို့ လွယ်ကူစွာ ပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး။ ဘယ်လိုဟာမျိုးလည်းဆိုတော့ ကိုယ်တိုင် သဘောကျလို့ လေ့လာတယ်။ ဒါက လိုအပ်တယ်။ တခြားသူတွေက လာလုပ်လို့ မပြောရင်တောင် လုပ်ဖြစ်နေတာမျိုးပါ။
외적 동기 ကတော့ အပြင်ဘက်က လာတဲ့ moti ဖြစ်ပါတယ်။ သူက သူများလုပ်လို့ လိုက်လုပ်တယ်။ trend နောက်လိုက်တယ်။ မိဘက အဆင့်တစ်ရမှ ဆုပေးမယ်ဆိုလို့ စာလုပ်တယ်။ ဒါမျိုးပါ။ ကောက်ရိုးမီးတောက် ပုံစံမျိုးပေါ့။ သူတို့က ပြင်ပတစ်ခုခု တွန်းအားတွေကြောင့် လုပ်ဖြစ်တာ များပါတယ်။
မိမိတို့ လက်ရှိ လုပ်နေတာက မိမိရည်မှန်းချက်နဲ့ ကိုက်ညီနေတာ မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ပြန်ပဲ loop ပတ်ရမယ်ဆိုရင် ရည်မှန်းချက်ပဲ အရေးကြီးနေတာပါ။ ဒါဆို သူများနောက်လိုက်လုပ်ပြီး အချိန်ကုန်စေတာမျိုးကို သက်သာစေမှာပါ။ ကိုယ့်အတွက် လိုအပ်မယ် ထင်တာပဲ လုပ်ဖို့ ဦးတည်စေမှာ ဖြစ်ပါတယ်။
3. Consistent ဖြစ်စေတဲ့ habit တစ်ခု တည်ဆောက်ပါ။ 한결같은 습관을 세우세요 .
မနက် အိပ်ယာနိုးလာရင် သွားတိုက်ဖို့ မျက်နှာသစ်ဖို့ သူများခိုင်းစရာမလိုဘဲ လုပ်ကြပါတယ်။ဒါဟာ လိုအပ်လို့ပါ။ မလုပ်ချင်ရင်တောင် လုပ်ကြရပါတယ်။
စာလုပ်တယ် ။ အားကစားလုပ်တယ်ဆိုရင်လည်း နေ့တိုင်း 30 မိနစ်ကနေပဲ စတင်လုပ်ကြည့်ပါ။ အဲ့တာကို နေ့တိုင်းလုပ်ပါ။ ဒါဆိုရင် တစ်လ နေတဲ့အခ မလုပ်ချင်ရင်တောင် အလိုလို system တစ်ခု တည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မယ်။ (Atomic habit)စာအုပ်ထဲမှ။
ဒါဆိုရင် motivation video တွေကို ထိုင်ကြည့်နေတော့မှာလား။ ဒါဟာ ကျွန်မကိုယ်တိုင်လည်း ဖြစ်ဖူးလို့ပါ။ အဲ့တာမကြည့်တဲ့နေ့ ဘာမှ မလုပ်ချင်တဲ့အပြင် ကြည့်တာများလာရင် ရိုးလာပြီး လုပ်ချင်စိတ်က နည်းလာပါတယ်။
ဒါကြောင့် လူကြီးမင်းတို့နဲ့ ကျွန်မရဲ့ကျောင်းသားများ အဆင်ပြေစေပြီး အကူအညီဖြစ်စေဖို့ရည်ရွယ်ပါတယ်။
28/10/2025
Topik listening ဖြေတုန်းမှာ အနှောက်အယှက်ဆိုတာ ရှိစမြဲပါ။ မနည်း အာရုံစိုက်နားထောင်နေရတဲ့အချိန်မှာ ဘေးနားကသူက ခြေထောက်ကို လှုပ်နေတာဖြစ်ဖြစ်၊ အသံထွက်ပြီး စာဖတ်နေတာဖြစ်ဖြစ် လုပ်နေရင် တော်တော် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို အခြေအနေကို ကျော်လွှားဖို့ ကိုယ်က ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။
1. အိမ်မှာ နားထောင်ရင် နားကြပ်တပ်ပြီး နားမထောင်ပါနဲ့။
နားကြပ်တပ်ပြီး နားထောင်တာက လုံးဝ focus ရစေပေမယ့် သိတဲ့အတိုင်း စာမေးပွဲမှာတော့ အကုန် အတူတူ loud speaker ကနေ နားထောင်ရတာပါ။ ဒါကို အလေ့အကျင့်ရဖို့ အိမ်မှာ အဲ့လို လေ့ကျင့်ထားပါ။ ဘက်စ်ကားစီးရင်းနဲ့လည်း နားထောင်ပါတယ်။ အဲ့လိုနေရာတွေက အရမ်းဆူညံပေမယ့် အာရုံစိုက်နိုင်စွမ်းကို မြှင်တင့်လို့ ကောင်းပါတယ်။
2.တရားထိုင်ပါ။ meditation
တရားထိုင်တယ်ဆိုတာ ဝင်လေ ထွက်လေ မှတ်ပြီး အပြင်အသံတွေကို အာရုံမစိုက်ဘဲ ဝင်လေ ထွက်လေ တစ်ခုတည်းကိုသာ မှတ်ပါ။ဒါကလည်း အာရုံစိုက်နိုင်စွမ်းကို မြင့်တက်စေပါတယ်။
3. Listening ကို speed မြှင့်ပြီး နားထောင်ပါ။
ဒါဟာ listening မြန်တယ်ဆိုတဲ့အချက်ကို ကြိုတင် ပြင်ဆင်ထားရာလည်း ရောက်ပါတယ်။ 😍
ဒါက တီချယ် ကိူယ်တိုင် လုပ်ခဲ့တဲ့ နည်းလမ်းတွေကို ပြန်လည် မျှဝေပေးထားတာ ဖြစ်ပါတယ်။
Topik listening ဖြေနေတုန်း ဘေးက သူက စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေသောအခါ
မိမိ စိတ်ထဲတွင်...
🥹🥹🥹
26/10/2025
좋은 아침이에요. 여러분.
ကောင်းမွန်တဲ့ နေ့ရက် တစ်ရက် ဖြစ်ပါစေ။ လူကြီးမင်းတို့။
오늘 무슨 계획이 있어요?
ဒီနေ့ ဘာ အစီအစဉ်ရှိသလဲ။
무슨 계획이든 다 오늘 행복하게 지냈으면 좋겠어요.
ဘာအစီအစဉ်ပဲ ဖြစ်ဖြစ် အကုန် ဒီနေ့ ပျော်ရွှင်စွာ ဖြတ်သန်းကြရင် ကောင်းပါမယ်။
Manifestation 는 좋은 생각을 하면 좋은 에너지가 생기고 나쁜 생각을 하면 나쁜 에너지가 생긴다.
Manifestation ဆိုတာ ကောင်းတဲ့ အတွေးတွေးရင် ကောင်းတာ။လာပြီး မကောင်းတာ တွေးရင် မကောင်းတာ လာတဲ့ပုံစံမျိုး ဖြစ်ပါတယ်။
그래서 좋은 에너지로 오늘 하루를 시작해 보자. 화이팅.
ဒါကြောင့် ကောင်းမွန်တဲ့ စိတ်စိတ်အားနဲ့ တစ်ရက်တာကို စတင်လိုက်ကြရအောင်။ fighting.
25/10/2025
끝이 없는 노력
အဆုံးမရှိတဲ့ ကြိုးစားမှု
이걸 포기하고 싶다 생각이 들때
ဒီဟာကို လက်လျှော့ချင်တဲ့ အတွေးဝင်တဲ့အခါ
이것만 기억해 줘라.
ဒီဟာလေးတော့ မှတ်ထားပါ။
배움은 절대로 배신할 수 없다고 실망시키지 많겠다고
လေ့လာခြင်းက ဘယ်တော့မှ သစ္စာမဖောက်သလို
စိတ်ပျက်စေမှာ မဟုတ်ဘူးဆိုတာ။
믿음은 빛난다.
ယုံကြည်ခြင်းက အလင်းပေးတယ်။
오늘이 피곤해도 내일이라는 날이 있는 동안 우리는 열심히 살 수밖에 없다.
ဒီနေ့က ပင်ပန်းလည်းပဲ မနက်ဖြန်ဆိုတဲ့ ရက် ရှိနေသေးသ၍ ငါတို့က ကြိုးကြိုးစားစားနေထိုင်ရုံမှ အပ မရှိပါဘူး။
나도 아픈 인간이지만 너를 포안해 주고 싶다.친구
잘 살아라.
ငါလည်း နာကျင်နေတဲ့ လူသားဆိုပေမယ့် နင့်ကိုလည်း ဖက်ထားပေးချင်ပါ။ သူငယ်ချင်း။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Seoul