27/02/2026
“ Language က ဘဝကို ပြောင်းနိုင်တယ် ၊ Confidence က အခွင့်အလမ်းကောင်းတွေ ဖွင့်ပေးနိုင်တယ် “ ဆိုတာ ယုံပါသလား 💸
ကိုရီးယားနိုင်ငံကြီးကို ပညာတော်သင်သွားချင်လို့ပဲဖြစ်ဖြစ် အလုပ်သွားလုပ်ချင်လို့ပဲဖြစ်ဖြစ် အဓိက ကိုယ်တတ်ထားရမှာက ကိုရီးယားစကား ကောင်းကောင်းပြောတတ်ဖို့ဆိုတာ လူတိုင်းသိတယ်ဟုတ် ✅
အဲဒီတော့ ယော်ရော်ဘွန်းတို့ ကိုယ့်ကိုယ်ကို တစ်ချက်ပြန်မေးကြည့်ရအောင်…
“ ငါ ကိုရီးယားကိုရောက်လို့ ကိုရီးယားလူမျိုးတစ်ယောက်နဲ့ အပြင်မှာတွေ့ရင် ကိုယ်ပြောချင်တာတွေကို မရှက်မကြောက် ရဲရဲဝံ့ဝံ့နဲ့ ပြောရဲလား ”
အဖြေက “ 아니요, 무서워요 / 하지 못 해요 “ လို့ ထွက်လာရင် ယော်ရော်ဘွန်းတို့က သေချာပေါက် ” 말하기 능력 “ မြှင့်တင်ဖို့ လိုအပ်နေပါပြီ 👩🏼💻
ကိုရီးယားဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြောတတ်မှသာ ကိုရီးယားကိုရောက်ရင် စာသင်ရလွယ်ကူပြီး အလုပ်လုပ်ရ လွယ်ကူမှာဖြစ်ပြီး လူမှူဆက်ဆံရေးလည်း ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ် စကားပြောကျွမ်းကျင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါများမှာဖြစ်ပါတယ် 🩵
ယော်ရော်ဘွန်းတို့က ကိုရီးယားကိုရောက်လို့
🍓 အလုပ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် အထက်လူကြီးဆီက အလေးပေးမှုခံချင်တယ်ဆိုရင်
🍓 လစာမြင့်တဲ့ အလုပ်တစ်ခုကို ရချင်တယ်ဆိုရင်
🍓 ကျောင်းသားတွေအနေနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်တစ်ခု မြန်မြန် ရချင်တယ်ဆိုရင်
🍓 လူမျိုးခြား သူငယ်ချင်းတွေ များများရပြီး social ၀င်ဆံ့ချင်တယ်ဆိုရင်
🍓 ဆိုဂျူသောက်ရင်း နမ်ချင်း ( 남친 ) / ရော်ချင်း ( 여친 ) လေးနဲ့ ဒိတ်ချင်တယ်ဆိုရင် 🤭
🍓 ဈေး၀ယ်ထွက်ချင်တယ်ဆိုရင်
🍓 နေမကောင်းဖြစ်လို့ ဆေးခန်းပြချင်တယ် / ဆေး၀ယ်ချင်တယ်ဆိုရင်
🍓 ဘတ်စ်ကား / မြေအောက်ရထား စသဖြင့် ယဉ်တစ်ခုခု စီးချင်တယ်ဆိုရင်
🍓 ကိုရီးယားရဲ့ လည်ပတ်စရာနေရာတွေကို လျှောက်လည်ချင်တယ်ဆိုရင်
စသဖြင့် ကိုရီးယားနိုင်ငံရဲ့ Real Life မှာ သုံးဖို့လိုအပ်တဲ့ စကားပြောတွေကို အခက်အခဲမရှိ ကျွမ်းကျင်စွာ ပြောတတ်ချင်တယ်ဆိုရင်တော့ “ Study With Gimchi Jigae “ ရဲ့ 25 ကြိမ်မြောက်“ Korean Speaking Class “ လေးကို အမြန်ဆုံးလာအပ်လိုက်ကြတော့နော် 🩷
ဒီ Class လေးမှာ ဘာတွေသင်ရမလဲဆိုတော့
1. Introduction
2. Friends
3. Family
4. Shopping
5. On a date
6. School
7. At work
8. Food
9. Health
10. Transportation
စတဲ့ ကိုရီးယားနိုင်ငံရဲ့ လက်တွေ့ဘ၀မှာ နေ့စဉ်သုံးနှုန်းနေတဲ့ စကားပြောလေးတွေကို သင်ရမှာဖြစ်ပါတယ် လေယူလေသိမ်းကအစ မှန်မှန်ကန်ကန်ဖြစ်အောင် သင်ပေးမှာဖြစ်ပြီး ကိုရီးယားလူမျိုးတွေအတိုင်း အသံထွက်တတ်အောင်လို့ လေ့ကျင့်သင်ကြားပေးမှာပဲဖြစ်ပါတယ် 💛
ဒီ Speaking Class လေးမှာ Speaking ပိုင်းတင်မကပဲ Speaking ပိုင်း အားကောင်းအောင် အထောက်အကူပြုတဲ့ Grammar ပိုင်းတွေကိုပါ သင်ပေးမှာဖြစ်လို့ Grammar Class သီးသန့်တက်စရာ မလိုတော့ဘဲ တစ်တန်းတည်းတက်ရုံနဲ့ Speaking ရော Grammar ရောပါ သင်ယူခွင့်ရမှာဖြစ်ပါတယ် Listening အားကောင်းအောင်အတွက်လည်း ကိုရီးယားလူမျိုးတွေပြောထားတဲ့ Listening file လေးတွေကို ဖွင့်ပြပေးပြီး လေ့ကျင့်ပေးဦးမှာပဲဖြစ်ပါတယ် 🧡
🌸 စာသင်သက် ၅ နှစ်နီးပါးရှိတဲ့ ကိုရီးယားရောက် အတွေ့အကြုံရင့် တီချယ်က စိတ်ရှည်လက်ရှည်နဲ့ သင်ပေးမှာဖြစ်လို့ စာနားမလည်မှာတို့ စာမရမှာတို့ကို စိုးရိမ်စရာမလိုပါဘူး
🌸 စာတွေ့ချည်းပဲ သင်ရမှာ မဟုတ်ဘဲ Free talking လေးတွေနဲ့ Speaking practice လေးတွေ လုပ်ပေးမှာဖြစ်ပါတယ်
🌸 Zoom Class လေးမို့ အပြင်မှာ သင်နေရသလို နားမလည်တာရှိရင် ချက်ချင်း မေးလို့ရသလို အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုရီးယားစကားပြောကို ကျွမ်းကျင်စွာပြောတတ်ဖို့ အခွင့်အရေးလေး ရောက်ရှိလို့လာပါပြီ ✅
Class ပြီးသွားတဲ့အချိန်မှာရော ဘာအကျိုးကျေးဇူးတွေရမလဲ? ဆိုတော့
“전 말하기가 무서워요” ဆိုတဲ့အဆင့်ကနေ “전 말하기에 자신이 있어요” ဆိုတဲ့ အဆင့်ထိ တိုးတက်ပြောင်းလဲလာနိုင်ပါတယ် 👏🏻
ကဲ ဒီတော့ Discount လေးလည်းရှိတုန်း အခုလို အခွင့်အရေးမျိုးကို လက်လွတ်မခံဘဲ အမြန်ဆုံး သင်တန်း လာအပ်လိုက်ကြတော့နော် 🙆🏻♀️💜
ယခင်သင်တန်းကြေး _ 150000 Ks ❌
ယခုသင်တန်းကြေး _ 90000 Ks ✅
သင်တန်းချိန် _ Sat & Sun < 8 - 9:30 > PM
သင်တန်းစမည့်ရက် _ 14.3.2026
သင်တန်းကာလ _ 6 weeks
သင်ကြားမည့်ပုံစံ _ Zoom Online Class
Korean Level 1 ထိသင်ပြီးသူ ( သို့ ) EPS သင်ပြီးသူများ တက်ရောက်လို့ရပါတယ်ရှင့် 🖤
By One Class လေးတွေလည်း စုံစမ်းလို့ ရပါတယ်ရှင် 🤍