Konnect Korean by Tr.Poe

Konnect Korean by Tr.Poe

Share

🇰🇷𝙺𝚘𝚛𝚎𝚊𝚗 𝙻𝚊𝚗𝚐𝚞𝚊𝚐𝚎 📚𝙳𝚊𝚒𝚕𝚢 𝚅𝚘𝚌𝚊𝚋
👥𝚁𝚎𝚊𝚕 𝙲𝚘𝚗𝚟𝚎𝚛𝚜𝚊𝚝𝚒𝚘𝚗
👩🏻‍💻𝑶𝒏𝒍𝒊𝒏𝒆 𝑪𝒍𝒂𝒔𝒔

12/05/2026

❝ 알지도 못하면서❞
ဘာမှလည်း သေသေချာချာ မသိဘဲနဲ့(ဒါမှမဟုတ်)ဘာမှလည်း မသိဘဲနဲ့ လို့ အဓိပ္ပာယ်ရပါတယ်။
ဒီအသုံးအနှုန်းက များသောအားဖြင့် တစ်ဖက်လူက အကြောင်းစုံကို မသိဘဲနဲ့ ဝင်ပါတဲ့အခါ၊ ဝေဖန်တဲ့အခါ မှာ သုံးပါတယ်

🇰🇷ဥပမာ (၁): ကိုယ့်အကြောင်းကို ကောင်းကောင်းမသိဘဲ ဝေဖန်နေရင် -
"알지도 못하면서 함부로 말하지 마."
(ဘာမှလည်း သေသေချာချာ မသိဘဲနဲ့ လက်လွတ်စပယ်မပြောနဲ့)

🇰🇷ဥပမာ (၂): အလုပ်တစ်ခုအကြောင်းကို နားမလည်ဘဲ ဆရာကြီးလုပ်နေရင် -
"알지도 못하면서 아는 척하지 마."
(ဘာမှလည်း မသိဘဲနဲ့ သိသလိုလို ဟန်မဆောင်နဲ့။)
ဆိုပြီး သုံးလို့ရပါတယ်

အားလုံးဘဲ အကျိုးရှိမယ်လို့ထင်ပါတယ်နော်❤️

11/05/2026

စကားလုံးတွေက အခြေအနေပေါ်မူတည်ပြီး အဓိပ္ပာယ်တွေက ပြောင်းနိုင်တာမို့ ဒီတစ်မျိုးဘဲသုံးတယ်ဆိုပြီး ပုံသေမသတ်မှတ်ထားလို့မရပါဘူးနော်

08/05/2026

ငါနင့်အနားမှာအမြဲရှိတယ်‪‪⁠
나 — ငါ
니 — နင့်
옆에 — ဘေးမှာ(အနားမှာ)
항상 — အမြဲ
있어 — ရှိတယ်
"ငါ နင့်ဘေးမှာ အမြဲရှိနေတယ်"
အခြားသုံးလို့ရတဲ့စကားလုံးများ
• 나 (ငါ): 나
• 니 옆에 (နင့်ဘေးမှာ): 네 곁에
• 항상 (အမြဲ): 언제나
• 있어 (ရှိနေပေးမယ်): 있어 줄게.

04/05/2026

လူလိမ်က်ို ကိုရီးယားလိုပြောကြမယ်

03/05/2026

Basic Survival Korean phrases📌
ကိုရီးယားကိုအလည်လာဖို့စဉ်းစားနေတယ်ဆိုရင် ဒီအခြေခံစကားပြောလေးတွေက်ို အလွတ်တာ ကျက်ထားလိုက်တော့နော် ☺️

30/04/2026

လက်တွေ့သုံးကိုရီးယားစကားပြောမှာ အသုံးများတဲ့စကားလုံးလေးများ သင်ပေးလိုက်ပါတယ်နော်

29/04/2026

မေ့သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ တူပေမယ့် အခြေအနေပေါ်မူတည်ပြီး မီးနင်းလေးတွေကွဲသွားပါတယ်

1️⃣ 까먹었어 (ကာ-မေါ့-ဂေါ့-စော)
ဒါကတော့ အရပ်စကား (Informal) ပုံစံပါ။ "မေ့သွားတယ်" ဆိုတဲ့ နေရာမှာ အသုံးအများဆုံးဖြစ်ပြီး စာထဲက အချက်အလက်တွေ ဒါမှမဟုတ် လုပ်ရမယ့် ကိစ္စတွေကို "ဗြုန်းခနဲ" မေ့သွားတဲ့အခါမျိုးမှာ သုံးပါတယ်။
• (ဥပမာ) ဖုန်းနံပါတ် မေ့သွားတာ၊ စာမေ့သွားတာမျိုး။

2️⃣ 깜빡했어 (ကမ်း-ပတ်-ခဲ-စော)
ဒါကကျတော့ "သတိမေ့သွားတာ" မျိုးပါ။ တစ်ခုခုလုပ်ဖို့ရှိတာကို သတိမမူမိဘဲ လွတ်သွားတဲ့အခါ သုံးပါတယ်။
• (ဥပမာ) မီးပိတ်ဖို့ မေ့သွားတာ၊ ချိန်းဆိုမှု ရှိနေတာကို သတိမရလိုက်တာမျိုး။ (ခဏလေး သတိလွတ်သွားတဲ့ သဘောပါ)

3️⃣ 기억이 안 나 (ခီ-အော့-ဂီ အန်-နာ)
"အမှတ်ရမှု (Memory)" မရှိတော့တာကို ပြောတာပါ။ တစ်ခုခုကို အသည်းအသန် စဉ်းစားပေမယ့် မှတ်ဉာဏ်ထဲမှာ ပြန်ရှာမတွေ့တဲ့ အခြေအနေမျိုးပါ။
• (ဥပမာ) လွန်ခဲ့တဲ့ ၅ နှစ်က အဖြစ်အပျက်ကို ပြန်စဉ်းစားလို့ မရတော့တာမျိုး။

4️⃣ 생각이 안 나 (ဆိန်း-ဂတ်-ဂီ အန်-နာ)
"အတွေးထဲမှာ ပေါ်မလာတာ" လို့ အဓိပ္ပာယ်ရပါတယ်။ တစ်ခုခုကို သိတော့သိတယ်၊ ဒါပေမယ့် အခုလောလောဆယ်မှာ စကားလုံးက နှုတ်ဖျားတင်နေပြီး စဉ်းစားလို့ မရသေးတဲ့ အခြေအနေမျိုးမှာ သုံးပါတယ်။
• (ဥပမာ) လူတစ်ယောက်ရဲ့ နာမည်က သိသလိုလိုနဲ့ စဉ်းစားလို့ မထွက်လာတာမျိုး။

💡 အနှစ်ချုပ်ပြောရရင် -

• အချက်အလက်တွေ မေ့ကုန်ရင် 까먹었어!
• လုပ်ဖို့ကိစ္စကို သတိလွတ်သွားရင် 깜빡했어!
• မှတ်ဉာဏ်ထဲမှာ ရှာမရရင် 기억이 안 나!
• အခုချက်ချင်း စဉ်းစားလို့ မပေါ်လာရင် 생각이 안 나!

အားလုံးပဲ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်!
ကိုရီးယားစာ လေ့လာနေတဲ့ သူငယ်ချင်းတွေကိုလည်း Mention ခေါ်သွားဦးနော်။ 🇰🇷✨

#ကိုရီးယားစာလေ့လာကြစို့

27/04/2026

ငါကအမြဲတမ်းနင့်ဘက်ကဘဲဆိုတာကို ကိုရီးယားလိုပြောနည်းလေး သင်ပေးလိုက်ပါတယ်နော်💕

27/04/2026

"သင်တန်းမဖွင့်ဘူးလား တီချယ်" ဆိုပြီး လာမေးနေကြတဲ့သူတွေအရမ်းများနေလို့ ဒီကနေပဲ တစ်ခါတည်း ဖြေပေးလိုက်ပါတယ်နော်😍

လက်ရှိ April (၄ လပိုင်း) ကိုရီးယားစကားပြောအတန်းကတော့ အတန်းစနှင့်ပြီးဖြစ်ပါတယ်ရှင့် 🥲

နောက်ထပ်ဖွင့်မယ့် အတန်းသစ်တွေကိုတော့
May (၅ လပိုင်း) ထဲမှာ ထပ်မံကြေညာပေးသွားမှာမို့လို့ Page မှာ စောင့်ကြည့်ပေးကြပါဦးနော်🤍✨

21/04/2026

ကိုရီးယားစကားပြောတိုးတက်အောင် တီချယ်ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့နည်းလမ်းတွေကို Sharing လုပ်ပေးလိုက်ပါတယ်နော် 🩵

Photos from Konnect Korean by Tr.Poe's post 13/01/2026

대전 သွားရင် ဝင်ကိုဝင်ခဲ့သင့်တဲ့နေရာများ(강추)

တလောက အလုပ်ကိစ္စနဲ့ ဒယ်ဂျောင်း(대전) သွားခဲ့ရင်း
အရမ်းစားလို့ကောင်းတဲ့ ဆိုင်လေးတွေ တွေ့ခဲ့လို့
여러분 တို့ကို မျှဝေပေးလိုက်ပါတယ်နော်

📍태평소국밥
ဒီဆိုင်ကတော့ အမအသိကိုရီးယားတစ်ယောက်က အရမ်းစားကောင်းတယ် ညွှန်းလို့ သွားစားကြည့်ဖြစ်တာပါ
အမကိုရီးယားမှာနေတာ ၆ နှစ်ကျော်ပါပြီ အမလောက် 국밥 ကြိုက်တာအမဆိုပေမယ့်် ဒီ 국밥 ကတော့ တကယ်ကို စားလို့ကောင်းတာပါ
အသားလေးတွေက နူးအိနေပြီး ဟင်းရည်ကလဲ အရမ်းကို သောက်လို့ကောင်းတာပါ
고추가루 ထည့်စားလို့ရတာလေးက 킥!
대전 မှာ ဆိုင်ခွဲတွေအများကြီးရှိတာမို့ 대전ရောက်ဖြစ်ရင်သေချာပေါက်သွားစားကြည့်နော်

📍성심당
နောက်တစ်ဆိုင်ကတော့ 대전 မှာ နာမည်ကြီးပေါ့ မသိတဲ့သူ မရှိသလောက်ကို နာမည်ကြီးတဲ့ Bakery ဆိုင်ပါ
အမက ပုံမှန်နာမည်ကြီးဆိုင်ဆို သိပ်အယုံအကြည်မရှိပေမယ့် ဒီဆိုင်ကတော့ တကယ် 인정 ပါ
ဆိုင်ထဲက Season အလိုက် ထားထားတဲ့ Interior, Display ကအစ Cake တို့ ပေါင်မုန့်တို့ကလဲ အရမ်းစားလို့ကောင်းပြီး ပါကင်ထုတ်ပေးတာလဲ အရမ်းသေသပ်ပါတယ်
အမက အဝေးကလာတာမို့ ရေခဲအိတ်လေးနဲ့ သေချာထုပ်ပေးခဲ့ပါတယ်
အမသွားတုန်းကတော့ လူကတော့တော်တော်များပါတယ်

암튼 ဒီဆိုင်လဲ ဆိုင်ခွဲတွေ များတာမို့ 대전 ရောက်ရင် 꼭 ဝင်ခဲ့ပါနော် 여러분 🫶🏻

ဒီနေ့ရဲ့ Korean Meaning များ👇🏻

✅강추 - 강력 추천 (Highly recommend)
✅고추가루 - ငရုတ်သီးမှုန့်
✅킥 - Keypoint (핵심)
✅인정 - အသိအမှတ်ပြုခြင်း
✅암튼 - 아무튼 (ဘာဘဲဖြစ်ဖြစ်/ဘယ်လိုနေနေ)
✅꼭 - 반드시 (သေချာပေါက်)

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Website

Address


Seoul