Enjoy your days in Korea

Enjoy your days in Korea

Share

Let’s fun together

Photos from Enjoy your days in Korea's post 30/09/2023

Hello ဒီနေ့ sharing လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ Korea မှာ popular ဖြစ်တဲ့ လူတက်များတဲ့ major တွေကိုပြောပြချင်ပါတယ်✨✨
Korea မှာဆို STEM(science, technology, engineering and mathematics) major တွေက အလုပ်အကိုင် အခွင့်အလမ်းလဲ ပိုများပြီး စာတော်တဲ့ကျောင်းသားတွေရောက်တဲ့ major လို့ Korea အများစုက ခံယူထားပါတယ် နာမည်ကြီးတာကတော့ mechanical engineering/ electrical engineering / computer engineering စတဲ့ major တွေကို ဝင်နိုင်ရင် စာတော်ပြီး ဉာဏ်ကောင်းတဲ့ ကျောင်းသားတွေလို့ professor တွေကအစ ချီးကျူးပြီး ပြောကြတာပါ~ နောက် business/ economic / hotel tourism စတာတွေလဲ အတက်များကြပါတယ် ၊ အလုပ်အကိုင် အခွင့်အလမ်းလဲ များလို့ပါ။ Korea မှာ medicine တက်လို့ရလားဆိုတော့ တက်လို့ရပါတယ် သူက March intake တစ်ခုထဲဘဲ လျှောက်လို့ရတာပါ topik 6ရှိရပါမယ် ၊ Topik 5နဲ.ရတဲ့ကျောင်းလဲ ရှိပါတယ် ဒါပေမဲ့ ဆေးကျောင်းကတက်လို့ရပီး Korea မှာဘဲ ဆရာဝန် ပြန်လုပ်မယ်ဆိုရင် သူတို့ လူနာတွေကို နိုင်ငံခြားသားတွေအနေနဲ့ ဆေးကုသပေးခွင့် ရ/မရဆိုတာကတော့ မသေချာပါဘူး~
Major ရွေးတဲ့အခါ ကျောင်းပေါ်မူတည်ပြီး ranking တွေ ခွဲထားသလိုဘဲ major ranking တွေလဲ ရှိပါတယ် အခုကတော့ လူတက်များတဲ့ major တွေဖြစ်တဲ့ business/ hotel tourism/ media and communication အစရှိတဲ့ major တွေရဲ့ (2023 )ranking တွေကို ဖော်ပြပေးလိုက်ပါတယ်နော် 🤍 အထောက်အကူဖြစ်နိုင်မယ်လို့ မျှော်
လင့်ပါတယ်✨✨

Photos from Enjoy your days in Korea's post 24/09/2023

🙆ဒီနေ့မှာတော့✈️ လေဆိပ်အတွေ့အကြုံလေးကို မင်မင်ကsharingလုပ်ပေးပါမယ်နော်😚 အခုကတော့ Korea လေဆိပ်ကိုစရောက်ရောက်ချင်းဟာတွေကို ပြောပြမှာ ဖြစ်ပါတယ်🫶🏻 အထူးသဖြင့် agency က လာမကြိုတဲ့သူတွေ တစ်ယောက်ထဲ လာမယ့်သူတွေ အတွက် ရည်ရွယ်ပါတယ်နော်🫶🏻
မြန်မာနိုင်ငံကနေ ကကြီးကိုရောက်ပြီဆိုတာနဲ့👀မကြောက်ပါနဲ့ မပြာပါနဲ့နော်😉လေယာဉ်ပေါ်က hand carry/လွယ်အိတ်ဘာညာ အကုန်ယူပြီးရင် ဆင်းလာပြီး လျှောက်လမ်းအတိုင်းတည့်တည့်လျှောက်လာခဲ့ပါနော်🤩ညာဘက်ခြမ်းမှာ Incheon Airport ဆိုပြီးအပင်လှလှလေးတွေနဲ့ ပုံလှလှလေးတွေရိုက်လို့ရပါတယ်နော်✨📸အဲ့နည်းနည်းကျော်လာရင်တော့ immigration ရောက်ပါပြီ❤️ immigration ကိုမဖြတ်ခင် arrivel card မှာဖြည့်ရပါတယ်🖋️ ကိုယ့်မှာဘောပင် ပါရင်အကောင်းဆုံးပါနော်😉မပါလည်း ကောင်တာမှာ ဘောပင်ရှိပါတယ်😉arrivel card မှာဖြည့်ပြီးရင် အဲ့cardနဲ့passportပြပြီး စက်က လုပ်ခိုင်းတဲ့အတိုင်းလေးလုပ်ရင်ရပါပြီ😚❤️
immigration ကျော်လာပြီဆိုရင်တော့ စက်လှေကားကနေ အောက်ထပ်ကိုဆင်းလာပြီး အိတ်တွေရှာရပါမယ်🥲(မင်မင်တုန်းကမသိလို့မူးနောက်သွားပါတယ်) ကိုယ့် air ticketမှာပါတဲ့ နံပါတ်/လေယာဉ်နံပါတ်နဲ့ LED boardပေါ်မှာရှိတဲ့နံပါတ်လိုက်တိုက်ကြည့်ပါ🌷 ကိုယ့်အိတ်တွေအလွယ်တကူရှာတွေ့ပါလိမ့်မယ်နော်😚❤️ မင်မင်တို့ကအိတ်မှာအမှတ်အသားလေးတွေပါလုပ်ထားတော့ တမ်းတွေ့ပါတယ်ရှင့်😍 အိတ်တွေမှာ သူများတွေနဲ့ မရောအောင် ဖဲကြိုးလေးတွေ ချည်သွားတာမျိုးကို recommend ပေးပါတယ်နော် 🐰 အဲ့မှာတွန်းလှည်းတွေယူပြီး အိတ်တွေတင်ပြီး ထွက်လာလို့ရပါပြီ😍✨
terminal 1နဲ့ 2 ရှိတာကို ပုံမှန်အားဖြင့် terminal 1 မှာ ဆင်းကြပါတယ် လာကြိုမယ့်သူတွေကိုပြောပြထားလို့ရအောင်လို့ပါ 😻အထွက်မှာလဲ dollars လဲချင်တဲ့သူတွေအတွက် exchange လုပ်တဲ့နေရာ ရှိပါတယ် တစ်ခုပြောချင်တာကတော့ မြန်မာကျပ်တွေ ယူမလာပါနဲ့နော် dollar ကအကောင်းဆုံးပါ လေဆိပ်မှာ မလဲခဲ့ရရင်လဲ အပြင်ရောက်မှ bank တွေမှာ လဲလို့ရပါတယ် 🤍
နောက်ထပ်လည်း🇰🇷ကကြီးနဲ့ပတ်သတ်တဲ့အကြောင်းအရာမျိုးစုံကို sharing လုပ်ပေးမှာမို့ like&followလုပ်ထားဖို့မမေ့နဲ့နော်🙆❤️
အသေးစိတ်သိရှိလိုပါက page messenger မှာလာရောက်ဆက်သွယ်နိုင်ပါတယ်ရှင့်😚❤️

Photos from Enjoy your days in Korea's post 11/09/2023

Hello ~~ အားလုံးဘဲ မင်္ဂလာပါ~~

ဒီနေ့ကတော့ Korea မှာကျောင်းစတက်မယ်ဆို ဘယ်ကျောင်းကို ရွေးရမလဲဆိုတာနဲ့ ပတ်သက်ပီး knowledge sharing လုပ်ပေးသွားပါ့မယ်နော် .

ကိုယ်ဆိုရင် ဆယ်တန်းမပီးခင်ထဲက Korea မှာ တက်ချင်တော့ Korea ကကျောင်းတွေနဲ့ ရင်းနှီးတယ်ပေါ့နော် But တချို့တွေ့ကျတော့ တခြားနိုင်ငံသွားမယ်လုပ်ရာက အကြောင်းအမျိုးမျိုးကြောင့် Korea ဘက်ပြောင်းလာတဲ့အခါ သေချာ မသိသေးဘဲ Agency ကရွေးတဲ့ကျောင်း တက်လိုက်တာတို့ ဘာတို့ကျ နည်းနည်း အဆင်မပြေမှုလေးတွေ ရှိလာနိုင်တာပေါ့နော်.

For example- ကိုယ်က အမှတ်တွေအများကြီးရရဲ့သားနဲ့ agency ကပြောတဲ့ကျောင်းတက်လို့ uni ကောင်းသင့်သလောက်မကောင်းရင် ကိုယ့်အတွက်နာတာပေါ့နော် ~~

အရင်ဆုံး Korea မှာကျောင်းတက်ရင် ကျောင်း ranking က အရမ်း အရေးကြီးပါတယ် . ဒီမှာ part time လုပ်တာက အစ ဘယ်ကျောင်းလဲ မေးလိုက်လို့ ကိုယ့်ကျောင်းက ranking မြင့်နေရင် အကုန်လုံးက အထင်ကြီးတာပါ~ အလုပ်လဲ တန်းခန့်ပါတယ်~ ps: ကိုယ်တွေ့ပါနော်~~

ကျောင်းပီးလို့ အလုပ်ရှာတဲ့အခါလဲ ranking ကောင်းတဲ့ကျောင်းတွေက ပိုပြီး opportunities များပါတယ် တကယ်လို့ အနောက် နိုင်ငံ သွားချင်ရင်လဲ ranking မြင့်ကျောင်းတွေနဲ့လဲ အများကြီး ချိတ်ဆက်ထားလို့ အဲ့ဘက်နိုင်ငံတွေ ကူးချင်ရင်လဲ ပိုလွယ်ပါတယ် ~~

အဲ့ဒါကြောင့်ကျောင်းရွေးရင် ဘွဲ့ရပီးရင်အတွက်ရော လက်ရှိအတွက်ရော ranking ကောင်းတာကို ရွေးကြပါလို့ အကြံပေးချင်ပါတယ် ~~
ဘာလို့ အခုလိုပြောတာလဲဆိုတော့ တချို့ တွေ့နေတဲ့ uni တေဆိုရင် ranking တောင် ရှာလို့မရတဲ့ဟာမျိုးတွေ ရှိလို့ပါ~~

ကျောင်းသားချင်းချင်း ပွဲတွေရှိလို့ တွေ့ကြတယ်ဆိုရင်လဲ ဘယ်ကျောင်းကလဲ အရင်မေးတာပါ
သူများတွေ အမြင်တော့ မသိပေမဲ့ ကိုယ့်တစ်ယောက်ထဲ အမြင်အရ Korea က အဆင့်အတန်း အရမ်းခွဲတယ်လို့မြင်ပါတယ် သူတို့နဲ့ အဆင့်တူတဲ့ တူရာတူရာတွေဘဲ စုပေါင်းကြတာပါ ~~ ဒီလိုပြောလို့ မကြိုက်တဲ့သူတွေရှိနိုင်ပေမဲ့ အမှန်ပါဘဲနော်~~

Ranking ရွေးတဲ့အခါ ကျောင်းအနေနဲ့ ranking လဲ ရှိသလို major အလိုက်လဲ ရှိပါတယ် အဲ့ဒါကြောင့် တကယ်လို့ ကိုယ်ရွေးတဲ့ကျောင်းက သိပ်မကောင်းပေမဲ့ major ranking ကကောင်းနေရင်လဲ အဆင်ပြေပါတယ် ~

ဒီမှာ နာမည်ကြီးကျောင်းတွေကတော့ အကုန်လုံးသိတဲ့အတိုင်း KAIST/ SKY (Seoul national university/ Korea University/ Yonsei University) နာမည်အကြီးဆုံးပါ D2 ပြောင်းတာတောင် Top -3 university မလို့ immigration office က bank statement မတောင်းပါဘူး visa သက်တမ်းကိုလဲ တခြားကျောင်းတွေ ၁နှစ်ဘဲ ရတဲ့အချိန် ၂နှစ်တောင် ပေးတာပါ

Kyunghee/ sogang/ sungkyunkwan / Hanyang လဲ နာမည်ကြီးပါတယ် Hanyang က engineering နဲ့ ပတ်သတ်ရင် နာမည်ကြီးတာပါ နောက် ewha/ chung-ang စတဲ့ ကျောင်းကောင်းတွေလဲ အများကြီး ကျန်ပါသေးတယ် အသေးစိတ်ကတော့ Google မှာ သွားရှာပါ ကျောင်း website တွေထဲမှာ scholarship ကအစ tution fees အကုန် ရှာလို့ရပါတယ်

ဒီစာကတော့ knowledge sharing အတွက်ပါ တခြား သိချင်တာရှိရင်လဲ လာမေးလို့ ရပါတယ်နော်🤍

24/08/2023

Hello ဒီနေ့ကစပြီး page လေးကို ပြန် active ပါတော့မယ် 🫶🏻✨ စာအကြောင်းတွေတင်မကဘဲ life ရဲ့ memories လေးတေကို သိမ်းဆည်းမယ့် နေရာ အဖြစ် ထားမလို့ပေါ့နော် ㅋㅋㅋ see you soon 🤍

Photos from Enjoy your days in Korea's post 05/12/2022

Hello everyone
I ဒီနေ့ sharing လုပ်ပေးမယ့် အကြောင်းအရာကတော့ scholarship information လေးတွေဘဲ ဖြစ်ပါတယ် scholarships ပေးတဲ့ပုံစံတွေကို ကျောင်း website ထဲ ဝင်ပြီး ရှာလိုက်ရုံနဲ့ ရပေမယ့် မရှာတတ်တဲ့သူတွေ တစ်ခါထဲ သိချင်တဲ့သူတွေအတွက် တစ်စုထဲ တင်ပေးလိုက်ပါတယ်နော် ❣️❣️

Seoul national university

Glo-Harmony scholarship
ဒါကတော့ developing countries (DAC list of ODA Recipients)တွေအတွက်ပေးတဲ့ scholarship ပါ (Myanmar ပါပါတယ်🥲) for 8 semester maximum pr သူက tuition fee free အပြင် နေစရိတ် တစ်လကို 600000 ပါပေးပါတယ်
Application period ကတော့ January and July ပါ ❣️

DAEWOONG Foundation Scholarship
သူကတော့ undergraduate program အတွက် international students တွေအတွက်ပေးတဲ့ scholarship ပါ သူက Around April လောက်မှာ application form ဖွင့်ပီး scholarship ပေးရင် တစ်ခါပေးရင် ဝမ်သိန်း ၂၀ပါ ဒါ့အပြင် daewoong group မှာ ဘွဲ့ရပြီးရင် work experience ပါ ယူလို့ရပါတယ်
ဒါကတော့ snu ကပေးတဲ့ scholarship ပေါ့နော် ❣️


Korea university
Korea university ကကျတော့ ပထမစတက်တဲ့ semester က ကျောင်းသားတွေအတွက် GPA 3.5ကျော်ပြီး minimum credit 12ယူထားရင် full tution fee for first semester ပါ ✨
GPA 3 အနည်းဆုံးရထားပြီး minimum credit 12 ဆိုရင်တော့ 50% tuition fee အတွက် scholarship ပေးပါတယ်
( ဒါကတော့ newly admitted students တွေအတွက်ပါ)

Current students တွေအတွက်ကတော့ အရင် semester က GPA ပေါ်မူတည်ပြီးတော့ full tuition free နဲ့ 65% tuition fee scholarship ပေးပါတယ် နောက်ပြီးတော့ two previous semester မှာ gpa မြင့်ပြီး အစဉ်လိုက် တက်လာရင် 50% ပေးပါတယ် နောက် အရင် previous semester ထက် gpa တက်လာရင် 30% scholarship ပေးပါတယ်
နောက်ပီး အိမ်ကအခြေအနေမကောင်းတာတို့ မထောက်ပံ့နိုင်တဲ့သူတွေဆိုရင် gpa 2.75 ကို ထိန်းထားနိုင်ရင် 50% scholarship ပေးပါတယ်
ဒါကတော့ korea university ကပေးတဲ့ scholarship တွေပါ


Hanyang university

Hanyang university ကတော့ အရင် semester က GPA 3ရပြီး Topik level ပေါ်မူတည်ပြီး 30%,50%နဲ့ 70% ထိ scholarship ပေးပါတယ်

အရင် ဒီကျောင်းသုံးကြောင်းက်ု ပြောပြပေးလိုက်ပါတယ်နော် တခြားကျောင်းတွေကိုတော့ နောက်နေ့ ဆက်တင်ပေးပါမယ်❣️❣️

19/11/2022

Hello ✨✨✨
အရင်ဆုံး အရေးကြီးတဲ့ သီတင်းတွေကြားထဲ ရောက်သွားရင် sorry ပါနော်🙁

I ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့ Korea မှာ ရှိတဲ့ ပစ္စည်းစျေးနှုန်းလေးတွေနဲ့ အသုံးစရိတ် ဘယ်လိုရှိတယ်ဆိုတာ ပြောပြပေးပါ့မယ်နော်❣️✨
အိုင် ကြိုပြောချင်တာက မသိသေးတဲ့သူတေ သိချင်တဲ့သူတွေဘဲ ဖတ်ပါနော် ❣️ သိနေတဲ့သူတွေကတော့ အချိန်ကုန်ခံ attention ပေးမနေဘဲ ကျော်သွားပေးကြပါနော် 😊page messenger မှာ လာမေးထားတဲ့သူတွေရဲ့ မေးခွန်းတွေလဲ ဒီကဘဲ ဖြေပေးလိုက်ပါတယ်✨
အရင်ဆုံး အိမ်လခအနေနဲ့ကတော့ မြေအောက်ထပ်ဆိုရင် စပေါ်ငွေ သိန်း ၂၀ ဝန်းကျင်ပုံမှန် ရှိပါတယ်။ တစ်လ အိမ်ငှါးခကတော့ ၂၇၀၀၀၀/၃၀၀၀၀၀ဝန်းကျင်ပါ ။ မြေအောက်ထပ်မဟုတ်ဘဲ ၁ထပ် ၂ထပ်ဆိုရင်တော့ စပေါ်ငွေ ၅၀ ဝန်းကျင်နဲ့ အိမ်လခက ၃၅၀၀၀၀/၄၀၀၀၀၀ဝန်းကျင်ရှိပါတယ် ဒါ မြို့ပေါ်က ပုံမှန်စျေးပါ Seoul မှာဆိုရင်တော့ ပိုစျေးကြီး နိုင်ပါတယ် ဒါပေမဲ့ ဒီအခန်းတေက မီးဖိုချောင် ပရိဘောဂ အကုန်ပါပီးသားတွေပါ နေတတ်ရင် နှစ်ယောက်လောက် တူတူနေလို့ရပါတယ် တစ်ယောက်ထဲ နေရင်တော့ တော်တော် ကျယ်ကျယ်လေး နေလို့ရပါတယ်နော် ။ စျေးတွေက ကျောင်းနားမှာ ပိုပီးတော့ စျေးကြီးပါတယ် ။ ပြီးတော့ မြေအောက်ထပ်တွေကတော့ နေရောင်မဝင်လို့ စပေါ်ငွေ နည်းပေမဲ့ အနံအသက်တွေ ဘာတွေ တစ်ချက် စဉ်းစားရမှာပါ ကိုယ်က အဲ့လိုမျိုးနေနိုင်လားဆိုတာကိုပေါ့☹️ မီတာခကတော့ ဆောင်းတွင်းဆို heater ဖွင့်ရလို့ တစ်လကို ၅၀၀၀၀ ဝန်းကျင် ကုန်ပါတယ် နွေရာသီဆိုရင်တော့ 20000 ဝန်းကျင်လောက်ပါ ။ နောက်ပီးတော့ ဒီမှာက ကိုယ်တိုင်ချက်မစားဘဲ ဝယ်စားရင် 배달 မှာရင် တစ်နပ်ကို 15000ဆိုတာ အနည်းဆံုးပါဘဲ ဒါပေမယ့် ကိုယ့်ဟာကို ချက်စားရင် သုံးရက်လောက်စားရပါတယ် အဲ့တော့ တစ်လအသုံးစရိတ်က ခြွေခြွေတာတာသုံး မယ်ဆိုရင် ၃၀၀၀၀၀လောက်နဲ့ လောက်ပါတယ် bus ကားခကတော့ အိမ်နဲ့ ကျောင်းနဲ့ ဝေးတဲ့သူတွေ ဆိုရင် ပုံမှန် bus ၁၄၅၀တန်ဆို တစ်လကို ၇၀၀၀၀လောက်ကုန်ပါတယ် ၂၈၀၀တန်စီးမှန်ဆိုရင်တော့ ၁၁၂၀၀၀လောက်ပေါ့ ။ နောက် phone bill ကတော့ တစ်လကို Id card နဲ့ ချိတ်မထားတဲ့သူတွေက data+phone call unlimited ကို တစ်လ ၃၆၀၀၀ပါ ချိတ်ထားတဲ့သူတွေကတော့ ၁၇၀၀၀ကျပါတယ် တချို့ အိမ်တွေက Wi-Fi နဲ့ ရေဖိုးကို free ပေးပါတယ်ရှင့် နောက်ပီး ဒီမှာ စျေးကြီးတာကတော့ အသီးတွေပါ သရက်သီးကတော့ စျေးအကြီးဆုံးဘဲ 🥲🥲 ခုနကပြောတဲ့ ၃၀၀၀၀၀ဆိုတာက အပြင်သွားတာတွေ အလည်အပျော်သွားတာတွေ မပါပါဘူးနော် ဒါကတော့ ကိုယ်သွားရင် သွားသလောက် လည်ရင် လည်သလောက် ကုန်မှာပါ။ part time ကတော့ တစ်နာရီကို 10000/11000ဝန်းကျင်တွေ များပါတယ် ။ တစ်နေ့ကို ၄နာရီ /၅နာရီလောက် တစ်ပတ် ၄/၅ ရက် လုပ်ရင်တောါ ၁၀သိန်း ဝန်းကျင်လောက်ရပါတယ် ။ အဲ့တော့ part time က နေစရိတ် စားစရိတ်တော့ အပြည့်အဝ ကာနိုင်တယ်လို့ ပြောလို့ရပါတယ်ရှင့်။
အဲ့တော့ အကုန်လုံးပြန်ပေါင်းရင်
အိမ်လခ - 300000(average)
Bus - 80000(average)
Phone bill- 17000
မီတာခ - 20000
အသုံးစရိတ် - 400000(average)
Total - 800000 ကျော်ဝန်း ကျင်လောက် ကုန်ပါတယ် တစ်လကို
အဲ့တော့ ဒါကတော့ တစ်လကုန်ကျတယ့် အသုံးစရိတ်တွေပါ
နောက်သိချင်တာတွေရှိရင်လဲ လာမေးလို့ရပါတယ် အခု စာမေးပွဲလဲ ပြီးပြီဆိုတော့ reply လဲ နောက်မကျတော့ပါဘူးလို့ ㅋㅋㅋ😘

08/09/2022

Hello everyone ❤️
ဒီနေ့ပြောပြမည့် အကြောင်းကတော့ Korea မှာ ကျောင်းတက်ရင်း part time လုပ်လို့ရတယ့်အကြောင်းဘဲ ဖြစ်ပါတယ်🌸 ဒီမှာက ရောက်ပီး ၆လပြည့်ရင် Language program ဆို 24 hr University ဆို 30 hr လုပ်လို့ရပါတယ်☘️☘️ ဒါပေမဲ့ ၆လမပြည့်ခင် လုပ်မယ်ဆိုရင်တော့ အလုပ်ရှင်သူဌေးနဲ့ပြောပီး ငွေသားဘဲ တောင်းလို့ရပါတယ် ကိုယ့်ရဲ့ ID card တော့ ၆လမပြည့်ဘဲ လုပ်ရင် မပေးရင် အကောင်းဆုံးပါ တကယ်လို့ လဝက ကသိသွားရင်လဲ ခက်ခဲတဲ့ကျောင်းသားဆို သူတို့ သတ်မှတ်ထားတဲ့ နာရီအချိန်အတွင်းဘဲ လုပ်ရင် နားလည်ပေးတယ် ပြောပါတယ်🍀🍀 အလုပ်က စားသောက်ဆိုင်ဆို ပုံမှန် ၁နာရီကို ဝမ် 10000/11000 ရပါတယ် ကြက်ကြော်ဆိုင်ဆို 11000/12000ပေးပါတယ် 편의점 တို့ CU တို့ကတော့ တစ်နာရီ 9160 ပုံမှန်ပါ နောက်ပီး ၆လ မပြည့်ဘဲ အလုပ်လုပ်ချင်ရင် စားသောက်ဆိုင်တွေ လောက်ဘဲ ရမှာပါ 편의점 CU coffee shop လှလှလေးတွေက ID card တွေတောင်းကြပါတယ် အဲ့လို တောင်းရင်ကျ ၆လပြည့်မှ အဆင်ပြေမှာမလို့ ၆လအတွင်းတော့ အဲ့လို ဆိုင်ကောင်းကောင်း လှလှလေးတွေမှာ လုပ်ဖို့ သည်းခံရပါတယ်🥲 ပြီးတော့ part time လုပ်ဖို့ဆို အနည်းဆံး level 2လောက်ရှိမှ အဆင်ပြေလောက်မှာပါ သူတို့ လူမျိုးနဲ့ စကားပြောရမှာဆိုတော့လေနော်❤️❤️ဒီလို စျေးပြောပြတာက ကိုယ်လုပ်နိုင်လောက်တဲ့ နေရာမျိုးလောက်ရယ် ပိုက်ဆံရယ်ကို ကြိုတွက်ထားလို့ ရအောင်လို့ပါ နောက်ပီး part time နဲ့ စရိတ်ကာမိလား မေးကြတဲ့ သူတွေအတွက် အဆင်ပြေအောင်ပါ ကာမိလားဆိုရင် part time ၂ခုဆိုရင် ကျောင်းစရိတ်ပါ ကာမိကောင်း ကာမိနိုင်ပါတယ် ဒါပေမဲ့ ၁ခု ဆိုရင်တော့ နေစရိတ် စားစရိတ်ဘဲ ကာမိတာပါ ၂ခုလုပ်ဖို့ဆိုရင်လဲ တကယ် ပင်ပန်းမယ်ထင်ပါတယ် စာလဲ လုပ်ရမှာဆိုတော့ ၁ခုလောက်ဘဲ လုပ်တာက အဆင်ပြေတယ်လို့ ထင်ပါတယ်🐯🐯
နောက်ပီး တစ်ခုရှိသေးတာက စက်ရုံလိုမျိုးနေရာတွေက ဒါတွေက ကျောင်းသား လုပ်လို့ မရပါဘူး လုပ်လို့ မိရင်လဲ ပြဿနာတက်နိုင်ပါတယ် ဒါပေမဲ့ တစ်ချို့လူတွေ ကျောင်းပိတ်တုန်း လုပ်ကြမယ်ဆိုရင် သူက တစ်နေ့ကို ၁၄၀၀၀၀/၁၂၀၀၀၀ ဝန်းကျင်ရပါတယ် မနက် ၈ခွဲကနေ ည၉နာရီလောက်ထိ လုပ်ရတာပါ လုပ်နိုင်တဲ့ သူဆိုရင်တော့ မသိပေမဲ့ အသေအသေပင်ပန်းပါတယ် 🥲🥲အိုင်တော့ တစ်ခေါက်လိုက်ပီး မလုပ်နိုင်တာရော ကြောက်တာရော ထပ်မသွားတော့ပါဘူး🤓 ဒါပေမယ့် အဲ့ကို မြန်မာကျောင်းသားတွေ အများကြီး လာကြပါတယ် သူက ပင်ပန်းပေမဲ့ ပိုက်ဆံရတာများလို့ ထင်တယ် အဲ့တော့ အခုပြောခဲ့တာတွေက ဒီမှာ part time နဲ့ ပတ်သတ်ပီး ပေးတဲ့ စျေးတွေနဲ့ အကြောင်းအရာတွေပါ🫶🏻🫶🏻
နောက်ပြီး I အသိပေးချင်တာက part time လုပ်မယ်ဆိုရင် ကိုယ့်စိတ်ကို ပြင်ဆင်ထားဖို့ လိုပါတယ် ဘယ်လောက်ဘဲ မြန်မာနိုင်ငံမှာ ငါ ဟိုရောက်ရင်း ကျောင်းတက်ရင်း international ဆန်ဆန် part time လေး လုပ်မှာ ဘာညာ ပြောခဲ့ခဲ့ ရောက်ရင် တကယ် မလွယ်ပါဘူး အိုင်ဆို လုပ်နေရင်းတန်းလန်းနဲ့ အတွေးပေါင်းစုံ ဝင်လာတာပါ ငါဘာလို့ ဒါကို လုပ်နေရတာလဲ ငါက ဘာဖြစ်လို့ ဒီလို ဟာမျိုးကို လုပ်ရမှာလဲ ဒါမျိုးတွေပါ ပထမဆုံးနေ့ကဆို တကယ် ငိုကိုငိုမိတာပါ ကိုယ့်ဟာကို သနားသွားလို့😂😂😂 ဒါပေမဲ့လဲ နောက် နားလည်လာခဲ့တာက နိုင်ငံခြားရောက်ပီး part time မလုပ်တဲ့သူက မရှိသလောက်ပါဘဲ ပီးတော့ အခုချိန် ဒေါ်လာစျေးနဲ့ဆို ပိုဆိုးတာပါ အစက အိမ်က တောက်လျှောက်ပို့ပေးခဲ့ပေမယ့် စျေးကတက်လာတော့ မြန်မာက ၁၀သိန်းဆို ဝမ်၄သိန်းခွဲလောက်ဘဲ ရပါတယ် ၁၆သိန်းဆို ၈သိန်းလောက်ဘဲ ရတာပါ ကြာတော့ အိမ်ကို အားနာလာတာပေါ့ ကိုယ့်ဘေးကသူငယ်ချင်းတွေလဲ လုပ်နေကြတာ ကိုယ်တစ်ယောက်ထဲ ထိုင်နေတာ မဖြစ်ဘူးဆိုပီး အဲ့လိုနဲ့ ပြန်ကိုယ့်ဟာကို သုံးသပ်ရပါတယ် အဲ့တော့ ပြောချင်တာက မြန်မာမှာ ဘယ်လောက်ဘဲ သခင်မလေးတွေ လုပ်ခဲ့ လုပ်ခဲ့ ဒီရောက်ရင်တော့ 🥲🥲 အဲ့လိုပါဘဲ အိမ်ကနေ စထွက်လာထဲက မိဘအရိပ်အောက်က ထွက်ခဲ့တာ ဖြစ်တဲ့အတွက် ကိုယ့်ဟာကို ရပ်တည်နိုင်အောင်အကုန် စိတ်ကို ပြင်ထားရမှာပါ အထူးသဖြင့် အိမ်မှာ ဘာမှ မလုပ်ခဲ့တဲ့ ကလေးတွေပေါ့ အိုင်ဆို အိမ်မှာ လမ်းထိပ်က မုန့်ဆိုင်တောင် မုန့်ဝယ် မသွားရဲခဲ့တဲ့သူပါ ဒါပေမဲ့ အခြေအနေအရ ကိုယ့်ကိုကိုယ် အားကိုးမှ ရမယ်ဆိုတာ သိတော့ အဲ့လို စိတ်ကို ရအောင် ပြောင်းရပါတယ် 🍀🍀 အားလံုးလဲ အိုင်ပြောတဲ့ အချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်❤️❤️❤️
Have a nice day guys❤️❤️

Photos from Enjoy your days in Korea's post 02/09/2022

Hello 👻👻
ဒီနေ့ကတော့ I တက်နေတဲ့ ကျောင်းနာမည်လေးကို လာမေးကြတဲ့သူတွေရှိလို့ ကျောင်းအကြောင်းလေးတွေ ပြောပြပေးလိုက်ပါတယ်နော်❤️❤️
I ကအခု Ajou university မှာlanguage program ကို တက်နေတာပါ
Ajou university က national ranking 20ဝန်းကျင်နဲ့ world ranking 700ဝန်းကျင်မှာရှိပါတယ်
Ajou က language program ကောင်းတယ်လို့ နာမည်ကြီးပါတယ် (ကိုယ်လဲ နောက်မှသိတာ😆) အစက Seoul ပေါ်ကကျောင်းကို တန်းသွားချင်ခဲ့ပေမဲ့ သံရုံးတုံးမရလိုက်တော့ အရမ်းတွေကလဲ သွားချင်နေပီ မစောင့်နိုင်တော့ဘူးဆိုတော့ Ajou က သံရုံးတုံးကို စောင့်ပေးတယ်ဆိုတာနဲ့ လျှောက်ဖြစ်ခဲ့တာပါ🤓 အခုတော့ Ajouက သံရုံးတုံးပါ တစ်ခါထဲ တောင်းနေပါတယ်နော်❤️❤️ မြန်မာမှာ မရခဲ့တဲ့သူတွေက ဒီရောက်မှ ဒီကသံရုံးမှာ သွားထုရတာတွေလဲ ရှိပါတယ်နော်❤️

language program မှာကျောင်းလျှောက်ဖို့ interview ဖြေရပါတယ် interview ဖြေတယ်ဆိုလို့ ရင်မတုန်ကြပါနဲ့နော် တကယ့် personal questions လေးတွေဘဲ မေးတာပါ confidence ရှိရှိ ဖြေနိုင်ရင်ရပါပြီ🫶🫶 အိုင့်တုန်းက အိုင့်မမက လေ့ကျင့်ပေးရင်း မမကျေးဇူးနဲ့ interview questions လေးတွေကို easily လေး ကျော်ဖြတ်နိုင်ခဲ့ပါတယ် 🥳ကျောင်းကအခုနောက်ပိုင်း အမှတ်ငါးရာဝန်းကျင်တွေဆို ကျောင်းလျှောက်တာအောင်ရင် ဝမ် ၇သိန်း language program အတွက် scholarship ပေးပါတယ် နောက် level တက်နေရင်းနဲ့ ကိုယ်က အတန်းတစ်တန်းလုံးမှာ ပထမရခဲ့ရင်လဲ scholarship ဝမ် ၇သိန်းပေးပါတယ်နော် 🦊🦊 ဒါပေမဲ့ for example- level 1 အတန်းက ငါးတန်းရှိတယ်ဆိုရင် ငါးတန်းလုံးမှာ ကိုယ်က အမှတ်အများဆုံးရရမှာပါ ကိုယ့်အတန်းတစ်တန်းထဲ ပထမဆိုလဲ မပေးပါဘူး🥲🥲 နောက်ပီး အတန်းခေါင်းဆောင်တွေကို ပေးတဲ့ scholarship လဲရှိပါတယ် သူကကျတော့ အတန်းတိုင်းမှာ ရှိတဲ့ တော်တဲ့ အတန်းခေါင်းဆောင်တွေကို ပေးတာပါ ( အရင် semester တုန်းက I တို့ အတန်းထဲက vietnum အမရသွားပါတယ်🥳🥳) Ajou မှာ language program level 4 ပြီးတဲ့အခါ Ajou university ဘဲ ပြန်လျှောက်ရင် topik ဖြေစရာမလိုဘဲနဲ့ အဲ့ level 4 certificate နဲ့ပြန်လျှောက်လို့ရပါတယ်နော်🌸🌸 ကျောင်းကဆရာမတွေကလဲတကယ် သဘောကောင်းပြီး စာသင်တာလဲ ကောင်းပါတယ်❤️❤️ နွေးထွေးတာပေါ့နော်🥰🥰 language program အတွက်ကတော့ semester တစ်ခုကို ဝမ် 1400000ပါ 💶💶 Ajou university က suwon မှာ ရှိပါတယ် ကျောင်းရှေ့မှာ Seoul ကို တိုက်ရိုက်သွားလို့ရတဲ့ bus လဲ ရှိပါတယ်နော်❤️❤️ ဒါကတော့ language program အတွက်ပါ
Major တက်ဖို့ အတွက်ဆိုရင်တော့ ကျောင်းလျှောက်ဖို့ application fee က ဝမ် 150000ပါ ❤️
Scholarship နဲ့ tuition fees တွေကတော့ အောက်ကပုံလေးတေမှာ ဝင်ကြည့်ပေးပါနော်❤️❤️
모두 다 행복하기 바랍니다 ❤️❤️ 좋은 하루 보내세요❤️🌸 Have a nice day 🌸🌸

01/09/2022

အိုင် ဒီနေ့ sharing လုပ်ပေးချင်တဲ့ အကြောင်းကတော့ ကျောင်းလျှောက်မှာ ဘယ်လိုစလုပ်ရမယ်မှန်းမသိသေးတဲ့ သူတွေအတွက်ဖြစ်ပါတယ်နော် 🌼🌼
အရင်ဆံုး ကျောင်းလျှောက်မယ် ဆိုရင် passport လုပ်ထားရပါမယ် ပီးရင် ဆယ်တန်းအမှတ်စာရင်း အောင်လက်မှတ် ဆယ်တန်းအောင်ကြောင်းကျောင်းကထောက်ခံစာ အဲ့ဒီစာရွက်တွေ ရှိရပါမယ်နော် ပီးရင် အိမ်ထောင်စု စာရင်းရယ် မိဘမှတ်ပုံတင်ရယ် ကိုယ့်ရဲ့ မှတ်ပုံတင်ရယ် ပြင်ထားရပါမယ်🌸🌸 စာရွက်တွေစုံပီ ဆိုရင်တော့ အဲ့ဒီစာရွက်တွေကို notary ပြန်ရပါတယ် ဒီနေရာမှာလဲ ဂရုစိုက်စေချင်ပါတယ် သံရုံးက blacklist တင်ထားတဲ့ ရှေ့နေတွေ ရှိလို့ အဲ့ဒါတွေကို သတိထားသင့်ပါတယ်နော် notary သက်တမ်းကတော့ သံုးလဘဲ ခံထားပါ ပီးရင် notary ပြန်ထားတဲ့ စာရွက်တွေကို ဗဟိုဘဏ်မှာသွားပီးတော့ mofa ထုရပါတယ် mofa ထုတာက တစ်ရက်နှစ်ရက်ဘဲ ကြာတာပါနော် ပီးတာနဲ့ အဲ့ဒီစာရွက်တွေကို ကိုရီးယားသံရံုးသွားပီး သံရံုး seal ထုရပါတယ် အဲ့ဒါသူတို့က စာရွက်လာယူလို့ရတဲ့ အချိန် ရက်ချိန်းပြန်ပေးပါတယ် အဲ့အချိန်စာရွက်ရရင် ကျောင်းလျှောက်လို့ ရပါပီ👻👻 ကျောင်းလျှောက်ပီး ကျောင်းဘက်က admission letter ရရင် အဲ့ letter ကိုင်ပီး visa ဝင်လို့ရပါပီ နောက်ပီး ကျောင်းလျှောက်တဲ့အချိန်မှာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု ဝင်ငွေထောက်ခံစာ လိုင်စင်လဲ ပြပေးရပါတယ်ရှင့် visa ဝင်ရင်တော့ ပိုင်ဆိုင်မှု မလိုပါဘူးနော် show money ပြမယ့် ဘဏ်စာအုပ်ဘဲ လိုတာပါ show money က ဒေါ်လာ 10000ပြရပါတယ် 🤓 show money ပြတဲ့အခါ ပိုက်ဆံကို တစ်လံုးထဲ အများကြီး ထည့်တာထက် ခွဲထည့်တာက ပိုအဆင်ပြေပါတယ်နော် 💶💶ပီးတော့ special account ဆိုရင် သုံးလလောက်ဆို အဆင်ပြေပေမယ့် ရိုးရိုးအကောင့်ကတော့ သက်တမ်းခြောက်လ ရှိရမယ်လို့ သံရုံးက ပြောထားပါတယ်ဒါဆို အားလုံး အဆင်ပြေ နားလည်လိမ့်မယ်လို့
အိုင်ထင်ပါတယ်နော် မသိတာရှိလဲ လာမေးလို့ရပါတယ် ❤️ Have a nice day to you all❤️❤️👻

31/08/2022

안녕하세요 여러번👻 အိုင်အခု Korea ရောက်တာ သုံးလကျော်ပီဆိုတော့ ဒီမှာကျောင်းတက်တာနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကျောင်းစုံစမ်းတာတွေနဲ့ ပတ်သတ်ပီး sharingလုပ်ပေးပါ့မယ်နော်🌸🌸 အိုင့် account မှာ လာမေးထားတဲ့ သူငယ်ချင်းတွေကိုလဲ ဒီကနေ ပြောပြပေးလိုက်ပါတယ်နော်😸😸အသေးစိတ်သိချင်တာတွေရှိရင်လဲ CB မှာ လာမေးလို့ရပါတယ် 💗
အရင်ဆုံးကျောင်းရွေးတာကို ပြောရမယ်ဆိုရင်တော့ rankingကောင်းတဲ့ကျောင်းကို ရွေးဖို့ အကြံပေးချင်ပါတယ်နော် 🎓🎓rankingကောင်းရင် အနည်းနဲ့အများတော့ သံရုံးက visa process အတွက် စိတ်ချရပါတယ် 😌နောက်ပီးတော့ agencyနဲ့လျှောက်မယ်ဆိုရင်လဲ agency ကရွေးပေးတဲ့ ကျောင်းမဟုတ်ဘဲ ကိုယ်ကိုတိုင် Google ခေါက်ပီး ရွေးတာက ပို အဆင်ပြေပါတယ်နော် 🐯🐯အခုက ဒေါ်လာဈေးတွေလဲ တက်နေတော့ နိုင်ငံခြားလာမယ့်သူတွေ အရမ်း အခက်အခဲဖြစ်နေကြတာအိုင် နားလည်ပါတယ် 😢ဒါပေမဲ့လဲ အိပ်မက်ဆိုတာ စွန့်လွှတ်လို့ မရဘူးလေနော် 💪🏻💪🏻ကိုယ်က မတတ်နိုင်သေးရင်တောင် ကိုယ့်ဘက်က သိသင့်တဲ့ informationတွေ တတ်နိုင်သမျှ အကုန်ရှာထားရင် အကောင်းဆုံးပါ ကိုယ့်ဘက်က ပြင်ဆင်ထားမှ အဆင်ပြေသွားတဲ့အချိန်ကျရင် အချိန်မကုန်ဘဲ မြန်မြန် processကို လုပ်နိုင်မှာလေနော် အဲ့တော့ အိုင်ဆက်ပြောရမယ်ဆိုရင် ကျောင်းရွေးပီးရင်တော့ အိမ်ရွးရမှာပါ ဒီမှာ ကိုယ်က စဉ်းစားစရာနှစ်ခု ရှိပါတယ်🤔 ကျောင်းအဆောင်နေမှာလား အပြင်မှာ အခန်းငှားနေမှာလားဆိုတာပါ 🏠 ကျောင်းဆောင်ဆိုရင် ထမင်းဟင်း ချက်မရတာ ည
ဘယ်နှစ်နာရီ ပြန်လာရမှာ အဲ့ဒါတွေရှိပါတယ် ကိုယ်က သူငယ်ချင်းတွေနဲ့ night out ထွက်ရတာ ကြိုက်တဲ့သူဆို အဆင်ပြေမနေပါဘူး🤓 အခန်းကတော့ စပေါ်ငွေ များရင် အခန်းခ စျေးနည်းပါတယ်💶💶 စပေါ်ငွေ နည်းရင်တော့ အခန်းခစျေး ကြီးပါတယ် စပေါ်က များသောအားဖြင့် ဝမ်သန်း ၂၀လောက်က စ ရှိပါတယ်💶💶 ကိုယ်က သူငယ်ချင်းနဲ့ တူတူ ငှါးမယ်ဆိုလဲ အဆင်ပြေပါတယ်👯‍♀️👯‍♀️ ပြီးတော့ ကျောင်းလခကတော့ ကျောင်းပေါ်မူတည်ပြီး ဝမ် ၁၄သိန်းကနေ ၁၈သိန်းထိရှိပါတယ် Seoul ပေါ်က ကျောင်းတေက ပိုစျေးကြီးပါတယ် ကိုယ်က တကယ်လို့ language ကို money အများကြီး မသံုးချင်ဘူး ခြွေတာချင်တယ် ဆိုရင် Seoul နဲ့လဲ နီး နေရထိုင်ရတာလဲ အဆင်ပြေတဲ့ suwon တို့ yongin တို့လို မြို့မျိုးတွေလဲ ရွေးရပါတယ် ကျောင်းလခ နေစရိတ်လဲ သက်သာ idol come back ဆိုလဲ ၁နာရီလောက်စီးပီး သွားကြည့်ရံုပါဘဲ 👻👻 နောက်ပီးတော့ ဒီရောက်ရင် လိုအပ်တဲ့ ပစ္စည်းတွေဝယ်တာက ဝမ် ၇သိန်းလောက်ကုန်ပါတယ် အိုင့်တုန်းက အမေက မြန်မာကနေ ကိုရီးယားမှာ ရှိတဲ့အမကို ကုတင်တွေ မှန်တွေ ခံုတွေက အစ အကုန် ကြိုဝယ်ပေးခိုင်းထားတော့ မမကျေးဇူးနဲ့ အိုင်ရောက်တဲ့ အချိန် တော်တော်လေး အဆင်ပြေခဲ့ပါ တယ် အဲ့တော့မြန်မာကနေရော ဝယ်ခိုင်းထားတာရော
ပစ္စည်းဖိုး စုစုပေါင်းဆိုရင် ဝမ် ၁၂သိန်းလောက် ကုန်ပါတယ် ဒီမှာ ကုန်ကျစရိတ်ကတော့ ကိုယ် သံုးရင်သံုးသလောက် တစ်လကို သံုးသိန်းကနေ ငါးသိန်းအထိ ကုန်ပါတယ် အိုင်ကတော့ အိမ်မှာ ချက်မစားဖြစ်တော့ ဟင်းဖိုးမကုန်ဘဲ မုန့်ဖိုး အများဆံုးကုန်တာပါ ဒီမှာက ရောက်ရောက်ချင်းတော့ အကုန်စျေးကြီးတယ်လို့ ခံစားမိပါလိမ့်မယ် ဒါမဲ့ ရက်ပိုင်းပါဘဲ နောက်အသားကျသွားရင် အဆင်ပြေသွားပါ စျေးဝယ်ရင် အိုင်ဆို ပုံမှန် တစ်ခါဝယ်ရင် ၃၀၀၀၀ကျော်လောက်ကုန်ပါတယ် ကိုယ့် ကုန်ကျစရိတ်ကို တွက်နိုင်အောင်လို့ ထည့်ရေးပေးတာပါနော်😸အဲ့တော့ အိုင်ပြောခဲ့တာတွေက ဒီဘက်က ကုန်ကျစရိတ်ပျမ်းမျှတွှေပါ လာချင်တဲ့သူတွေအတွက် အဆင်ပြေအောင် sharing လုက်ပေးတာ ဖြစ်ပါတယ် 🐯 အလုပ်နဲ့ ပတ်သတ်ပြီးလဲ နောက် တင်ပေးပါအုံးမယ်🌼🌼အသေးစိတ်ထပ်သိချင်တာ ကျောင်း process တွေ နားမလည်တာရှိရင်လဲ လာမေးလို့ရပါတယ်😻 Thanks to u all👻 Have a nice day ❤️🌸❤️

Want your school to be the top-listed School/college in Seoul?

Click here to claim your Sponsored Listing.

Location

Address


Seoul