Study with me in Korea

Study with me in Korea Your guide to education, opportunities, and student life in Korea.

Science and Engineering ကိုစိတ်ဝင်စားပြီး Research လုပ်ချင်တဲ့ လူငယ်တွေအတွက် ယနေ့ခေတ်မှာ ကောင်းတဲ့အချက်အမျိုးမျိုးကြောင်...
05/12/2025

Science and Engineering ကိုစိတ်ဝင်စားပြီး Research လုပ်ချင်တဲ့ လူငယ်တွေအတွက် ယနေ့ခေတ်မှာ ကောင်းတဲ့အချက်အမျိုးမျိုးကြောင့် ရွေးချယ်သင့်တဲ့ Major ကိုပြောပါဆိုရင် *Energy Science Field* ပါ

ဘာလို့လဲဆိုရင် Energy Demand များလာတာ၊ Fossil fuel limited ဖြစ်လာတာ ၊ Global Warming ကြောင့် Sustainable ဖြစ်ဖို့လိုလာတာတွေကြောင့် Developed Countries တွေမှာဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက် သုတေသနတွေ အပြိုင်အဆိုင်လုပ်နေကြတာမို့ အလုပ်အကိုင်အခွင့်အလမ်းပေါလာတဲ့ မေဂျာတွေထဲကတစ်ခုပါ

မာစတာကျောင်းသားတွေအတွက် မေဂျာရွေးပြီး ကျောင်းရွေးပြီးရင် ဘာထပ်လုပ်ရမလဲဆိုတော့ ကိုယ်လုပ်ချင်တဲ့သုတေသနအတွက် ( research interest ) ရှာရမှာပါ ။ ကိုယ်လုပ်ချင်တဲ့သုတေသနပေါ်မူတည်ပြီး lab ရှာရမှာပါ

အမတက်နေတဲ့ Graduate School of Energy Science and Technology ရဲ့အောက်မှာ Main labs 8 ခုရှိပါတယ်
1. Reaction and Separation Nanomaterials lab
2. Energy Storage and Conversion lab
3. Green Energy Materials lab
4. Energy Conversion Materials lab
5. Energy Materials Computational Design lab
6. Photovoltaic Energy Device lab
7. Semiconductor Energy lab
8. Energy Convergence Device lab
အမကတော့ Reaction and Separation Nanomaterials lab မှာ တိုတိုပြောရရင် Synthesis လုပ်နေတဲ့အပိုင်းမျိုးပါ

Energy field အောက်မှာတောင် Lab အလိုက် Research focus & interests ကကွဲပါသေးတယ်
lab တိုင်းမှာ ကိုယ်ပိုင် website တွေရှိပြီး Prof ရဲ့ Portfolio ၊ lab ရဲ့ research focus & interests ၊ publish လုပ်ထားပြီးသား papers တွေနဲ့ လက်ရှိကျောင်းသားတွေ ကျောင်းသားဟောင်းတွေအထိ အကုန်စုံလင်အောင် တင်ထားတတ်တာမို့ အသေးစိတ်သေချာဝင်လေ့လာပြီး အနည်းဆုံးတော့ သူတို့ Publish လုပ်ထားပြီးသားထဲက Paper တစ်စောင်တော့ဖတ်ကြည့်ပြီးမှ ကိုယ်စိတ်ဝင်စားနိုင်လောက်လား ဆုံးဖြတ်ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်

( တကယ်တော့ research interest ရှာရတာ မြန်မာကျောင်းသားတွေအတွက် အရမ်းခက်ခဲပါတယ်။ ဘာလို့ဆို Bachelor ကျောင်းသားတစ်ယောက်ကို Basic ခိုင်ဖို့ Concept အစား အပိုဒ်လိုက်ကျက်ဖြေရတဲ့ စာမေးပွဲစနစ်၊ practical ချိန်ခဏလောက် lab ဝင်ရပြီး expire ဖြစ်နေတဲ့ chemical တွေပေးသုံး၊ Research Paper တစ်စောင်ကိုတောင် လွယ်လွယ်ဖတ်လို့ရအောင် access လုပ်မပေးထားတဲ့ ကျောင်းရဲ့ wifi စနစ်တွေ ၊ beaker တစ်ခွက်ကွဲတောင် ပြန်လျော်ပေးရတာမျိုးတွေ ၊ Research တွက်လိုအပ်တဲ့ Equipments တွေ Chemicals တွေကို ဘီဒိုထဲထည့်ပြီး အလှကြည့်ထားတာ အစရှိသဖြင့်က ရန်ကုန်တက္ကသိုလ်လိုကျောင်းမျိုးမှာတောင် မရနိုင်တာတွေဆိုတော့ ကျန်တဲ့နယ်ကျောင်းတွေဆိုရင် အခြေအနေအများကြီး ပိုဆိုးပါတယ် )

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကိုဘလိန်းတာနဲနဲများသွားလို့ လိုရင်းကိုပြန်ဆက်ပါမယ် xD
နောက်ထပ် သေချာပေါက်စဉ်းစားရမဲ့ အရာတစ်ခုကတော့ “ ကိုယ်တက်မဲ့ကျောင်းရဲ့ * research facilities * တွေပါ “ ကျောင်းလခတွေအများကြီးပေးထားရပြီး စာတွေ့ပဲသင်နေရတဲ့ကျောင်းဆို မတက်ပါနဲ့လို့ပဲ ရှင်းရှင်းပြောချင်ပါတယ် ( ကကြီးမှာတော့ ကျောင်းအကုန်လုံး နီးပါးက Research facilities အပြည့်ပေးထားပြီး ကျောင်းသားတွေကို ပေးသုံးလွန်းလို့ အိမ်မပြန်ပဲ research လုပ်ရင်း မိုးလင်းနိုင်ပါတယ် 🤣 )

အဲ့တာကြောင့် Science and Engineering တက်ပြီး Corporate ဘက်ဝင်မှာမဟုတ်ပဲ ထိရောက်တဲ့သုတေသနတွေလုပ်ချင်တဲ့သူတွေကို Developed countries တွေပဲသွားပါလို့အကြံပေးလိုက်ပါတယ်။

Developing countries တွေက research funding အရလည်း limited ဖြစ်နေတာမို့ ကြိုးစားတဲ့သူတွေအတွက်ဆို လက်ရှိရော အနာဂတ်မှာပါ ကိုယ့်ရဲ့ရပိုင်ခွင့်တွေ အများကြီး ဆုံးရှုံးပါတယ်

စာရှည်သွားပြီမို့ ဒီလောက်ပါပဲ 🤍
နောက် post ကျရင် Professor scholar လျှောက်ဖို့ ဘာတွေလိုအပ်တယ်ဆိုတာ အသေးစိတ်ထပ်ရေးပေးပါမယ်။

2026 Spring Intake အတွက် Graduate School of Energy Science and Technology, Chungnam National University ( Daejeon ) မှာ ...
05/12/2025

2026 Spring Intake အတွက် Graduate School of Energy Science and Technology, Chungnam National University ( Daejeon ) မှာ 2nd admission စခေါ်ပါတော့မယ် ( 11.12.25~17.12.25 )

လက်ရှိအမမာစတာတက်နေတဲ့ကျောင်းပါ

အမက ( First semester full tuition fees scholarship + Prof Scholarship for master degree ) ရထားပါတယ်

Apply လို့ရတဲ့ Scholar တွေအများကြီးရှိတာမို့ ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်းဖြစ်တာမို့ နောက် post ကျရင် ကျောင်းနဲ့ပတ်သက်ပြီး အမတက်နေတဲ့မေဂျာနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်ရေးပေးပါမယ်

https://gest.cnu.ac.kr/gest/intro/intro.do
ဒါကကျောင်းရဲ့ website link ပါ

အမအလုပ်တွေရှုပ်နေလို့ sharing လုပ်မပေးနိုင်သေးပေမဲ့ Autumn တုန်းကိရိုက်ထားတဲ့ပုံလေးတွေကို follower တွေတွက်တင်ပေးလိုက်တယ်...
11/12/2024

အမအလုပ်တွေရှုပ်နေလို့ sharing လုပ်မပေးနိုင်သေးပေမဲ့ Autumn တုန်းကိရိုက်ထားတဲ့ပုံလေးတွေကို follower တွေတွက်တင်ပေးလိုက်တယ်နော် 🥰
#ပုံများကူးယူသုံးစွဲခွင့်မပြုပါ

ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံမှာ Part time ရှာရင် သုံးသင့်တဲ့ App လေး ၂ခုကို ဖော်ပြပေးလိုက်ပါတယ် App ကနေအလုပ်ရှာတာမှာ အဓ...
07/09/2024

ဒီနေ့မှာတော့ ကိုရီးယားနိုင်ငံမှာ Part time ရှာရင် သုံးသင့်တဲ့ App လေး ၂ခုကို ဖော်ပြပေးလိုက်ပါတယ်

App ကနေအလုပ်ရှာတာမှာ အဓိကကျတာက ကိုရီးယားလိုပြောနိုင်ဖို့ပါ

Restaurant တွေမှာသူငယ်ချင်းကတစ်ဆင့် အလုပ်ဝင်ရင် 면접 ( interview ) မဖြေရပေမဲ့ App ကတစ်ဆင့်ရှာရင် 면접 မဖြေရသေးတောင် ကိုယ်က message ပို့လိုက်တာနဲ့ သူတို့ကဖုန်းဆက်လာမှာမို့ ကကြီးလိုဖုန်းပြောနိုင်ဖို့လိုပါတယ်

면접 ( interview ) ဖြေရင်မေးတတ်တာတွေက အိမ်လိပ်စာ ၊ ဘယ်နှနာရီလုပ်မလဲရယ် ၊ ဘယ်လောက်ကြာအောင်လုပ်မလဲ ၊ အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံရှိလားရယ်လောက်ပဲ မေးကြပါတယ်

7 Eleven , GS တို့လို 편의점 ( convenience store ) တွေမှာလုပ်ချင်ပေမဲ့ လူခံမရှိလို့ဆိုတဲ့သူတွေတွက် ဒီ App ၂ ခုကနေရှာပါ

ကဲ ဒီနေ့တော့ ဒီလောက်ပဲမို့ သိချင်တာတွေရှိရင် cmt မှာမန့်သွားနော် 😉

ဒီနေ့မှာတော့ အားလုံးသိချင်နေကြတဲ့ National ကျောင်းတွေရဲ့ Language Program   Tuition fees & Admission fees အကြောင်းလေးကို...
23/08/2024

ဒီနေ့မှာတော့ အားလုံးသိချင်နေကြတဲ့ National ကျောင်းတွေရဲ့ Language Program Tuition fees & Admission fees အကြောင်းလေးကို Sharing လုပ်ပေးသွားပါမယ်

ကိုယ်တိုင်ကျောင်းလျှောက်မဲ့သူတွေအတွက် ရည်ရွယ်ပြီး အမ information လေးတွေသေချာရှာပေးထားတာဖြစ်လို့ Agency များမှကူးယူသုံးစွဲခွင့်မပြုပါ ❗️

Admission fees ရှာမရတဲ့ကျောင်းလေးတွေတွက်က Average Won 50000~70000 နဲ့ခန့်မှန်းခြေတွက်ကြည့်ပါ

Tuition fees က For 1 semester ပါ

ကျောင်းလျှောက်ဖို့ Required Documents တွေ၊ Amount of bank statement တွေကတစ်ကျောင်းနဲ့တစ်ကျောင်း နည်းနည်းလေးကွဲလို့ ကိုယ်သိချင်တဲ့ကျောင်းရှိရင် cmt မှာရေးခဲ့ပါ အမရှာပေးပြီး reply ပေးမယ်နော်

နောက်တစ်ပတ်မှာလည်း Private Uni တွေရဲ့ Tuition fees လေးတွေကို တင်ပေးဦးမှာဖြစ်လို့ Page လေးကို like & follow လုပ်ထားပေးနော် 😉

ဒီ Post လေးကတော့ ယောရောဘွန်းတို့အတွက်မဟုတ်ပဲ Self Appreciation Post လေးပါ 🤍December intake တွက် ကိုယ်တိုင်ကျောင်းလျှောက်...
21/08/2024

ဒီ Post လေးကတော့ ယောရောဘွန်းတို့အတွက်မဟုတ်ပဲ Self Appreciation Post လေးပါ 🤍

December intake တွက် ကိုယ်တိုင်ကျောင်းလျှောက်ပြီး ကကြီးလာမဲ့အမကို မနေ့က Zoom နဲ့ Free of charge Counseling လုပ်ပေးထားတဲ့ Feedback လေးပါ 🤍

ကိုယ်တိုင်ကျောင်းလျှောက်ဖို့တွက် ပြင်ဆင်နေတဲ့သူတွေအတွက် ဘယ်ကျောင်းလျှောက်လျှောက် ကျောင်းလျှောက်ပေးခ service fees ဝမ် 50000 ( $40 ) ပဲ ယူပြီး counseling ကအစ စာရွက်စာတမ်းတွေအချိန်ကိုက် ပြင်ဆင်တာ၊ Notary, Mofa ဘယ်လိုလုပ်ရမယ်၊ Study Plan ဘယ်လိုရေးရမယ်၊ Visa တင်ဖို့ဘယ် Docs တွေပြင်ဆင်ရမယ်၊ Flight ticket ဘယ်လိုဖြတ်ပြီးလာရမယ်ဆိုတာကအဆုံး အကုန်လုံးကို Free of charge နဲ့ Guidelines ပေးပြီး ကူညီပေးပါတယ် 🤍

အမကိုကျောင်းလျှောက်ပေးခိုင်းတဲ့သူဆီကပဲ ဝမ် ၅သောင်းယူတာပါ counseling ပဲဆို Free of charge ပါ ❗️

မည်သူ့ကိုမျှထိခိုက်စေလိုခြင်းမရှိပါ ❗️ပညာဒါနကူညီပေးခြင်းသာဖြစိသည် ❗️

ဒီနေ့မှာတော့ September Intake ကျောင်းတက်ဖို့ကကြီးရောက်နေပြီဖြစ်တဲ့ သူလေးတွေအတွက်ရည်ရွယ်ပြီး အသုံးဝင်စေမဲ့ Applications လ...
21/08/2024

ဒီနေ့မှာတော့ September Intake ကျောင်းတက်ဖို့ကကြီးရောက်နေပြီဖြစ်တဲ့ သူလေးတွေအတွက်ရည်ရွယ်ပြီး အသုံးဝင်စေမဲ့ Applications လေးတွေကို Sharing လုပ်ပေးလိုက်ပါတယ်နော် 😉

Translation - Papago , Naver

Transportation - Naver Map , Tmoney Go

Banking - 하나은행 , 하나카드 , 하나머니

Grocery Shopping - Coupang , Homeplus

Housing & decorations - 오늘의집

Clothing - H&M , Uniqlo , Musinsa, Tmon, W Concept , 롯대백화점몰

အချို့ Application တွေက Location က Myanmar Region ဖြစ်နေရင်ရှာမရပေမဲ့ ကကြီးရောက်သွားရင် ရှာလို့ရသွားပါလိမ့်မယ်နော် 😉

Topik စာမေးပွဲဖြေကြမဲ့ သူတွေအတွက် အမ Topik ဖြေတုန်းကသုံးခဲ့တဲ့ ဒီစာအုပ်လေး တစ်အုပ်ကို ပညာဒါနအဖြစ် မဲဖောက်ပေးပါမယ် 🤍  ဒီ ...
19/08/2024

Topik စာမေးပွဲဖြေကြမဲ့ သူတွေအတွက် အမ Topik ဖြေတုန်းကသုံးခဲ့တဲ့ ဒီစာအုပ်လေး တစ်အုပ်ကို ပညာဒါနအဖြစ် မဲဖောက်ပေးပါမယ် 🤍

ဒီ post လေးကို share ပြီးတော့ comment မှာဘာလို့လိုချင်တယ်ဆိုတာလေး အဆင်ပြေရင်ရေးခဲ့ပေးပါ 🤍 မရေးချင်တဲ့သူတွေက “ 🍀🤍 “ ဒီ emoji လေး ment ခဲ့ရင်ရပါပြီ။

စာအုပ်ကအမကကြီးမှာဝယ်ထားတာဖြစ်လို့ original စာအုပ်ပါ။ Copy or Print စာအုပ်မဟုတ်ပါ❗️ အမဖြေဖို့လုပ်တုန်းက မှတ်သားထားတဲ့ notes တွေတော့ ပါပါတယ် ❗️အသစ်လိုချင်တဲ့သူတွေအတွက်တော့ အဆင်မပြေနိုင်ပေမဲ့ notes လေးတွေပါတာအဆင်ပြေတယ်ဆို ကံစမ်းသွားပါနော် 👀

ပညာဒါနပြုတာဖြစ်လို့ အိမ်အရောက် Royal ခပါအမရှင်းပေးပါမယ် ❗️

ကြာသပတေးနေ့ညဖောက်ပေးမယ်နော် 🤍 Deli အပ်ပေးတာတော့ အမအိမ်ကသူတွေ အားမအားပေါ်မူတည်ပြီး ၁ပတ်လောက်ကြာတာလည်းရှိနိုင်ပါတယ်နော်

Incheon Airport ကနေ ကျောင်းတက်ရမဲ့ သက်ဆိုင်ရာမြို့တွေကို စျေးသက်သက်သာသာနဲ့ဘယ်လိုသွားမလဲ ? A - Incheon မြို့ကလွဲလို့ တခြာ...
19/08/2024

Incheon Airport ကနေ ကျောင်းတက်ရမဲ့ သက်ဆိုင်ရာမြို့တွေကို စျေးသက်သက်သာသာနဲ့ဘယ်လိုသွားမလဲ ?

A - Incheon မြို့ကလွဲလို့ တခြားဘယ်မြို့ပဲဖြစ်ဖြစ် Incheon Aiport ကနေအရင်ဆုံး Seoul Station ကို ရထား ( 지하철 ) နဲ့သွားပါ။ ဘာလို့လဲဆိုတော့ Airport to Seoul Station ရထား ( 지하철 ) နဲ့သွားပြီး KTX ပြောင်းစီးလိုက်ရင် သက်ဆိုင်ရာမြို့တွေကိုသွားဖို့ ဝမ် ၃သောင်းကနေ ၅သောင်းလောက်အထိပဲ ကုန်ကျမှာဖြစ်ပါတယ်။
- ရထားစီးဖို့အတွက် Airport ရဲ့ Underground ကိုဆင်းလိုက်ရုံနဲ့တင် ရထားတန်းစီးလို့ရပါတယ်။ ရထားစီးရမဲ့ ကြာချိန်က 1 နာရီ 15 မိနစ်လောက်ပဲစီးရပြီး ( 4450 won ) ပါ။
- Airport to Seoul Station ရထားတွေက မနက်အစောဆုံး 5AM ဝန်းကျင်လောက်ကနေ 5မိနစ်ခြား ရထားတစ်စီးနှုန်းနဲ့ ည 11:30PM လောက်ထိဆွဲပါတယ်။
- ရထားစီးဖို့တွက် Airport ထဲက Convenience Store တွေထဲမှာ T money Bus card ဝယ်ပြီး ငွေဖြည့်လိုက်ရုံပါပဲ။ ( Bus card ထဲပိုက်ဆံထည့်ဖို့အတွက် ဝမ် ငွေသားပေးရပါတယ်, card ဖြင့်ရှင်းလို့မရပါ )
- Seoul Station ကိုရောက်မှ မြို့ဝေးတဲ့သူဆိုရင် KTX ဆက်စီး Seoul နားဝန်းကျင်မြို့တွေက နောက်ရထားပြောင်းစီးတာမျိုးလုပ်ပါ။
- KTX စီးဖို့တွက် ကိုယ်သွားချင်တဲ့မြို့ကိုပြောပြီး Ticket ဖြတ်လိုက်ရင်ရပါပြီ ။ KTX ကကိုယ်စီးမဲ့ မြို့အနီးအဝေးအလိုက် စျေးကွာပါတယ်။ KTX ကလည်း ရထားတွေတောက်လျှောက်ထွက်နေတာမို့ အကြာကြီးစောင့်နေစရာမလိုပါဘူး။ ( Korea bank card , ID ရှိပြီးသားဆို Naver မှာတိုက်ရိုက်လက်မှတ်ဝင်ဖြတ်ရုံပါပဲ )
- KTX က Station တွေမှာပဲရပ်တာမို့ KTX ကဆင်းရင် ကိုယ်နေမဲ့နေရာကို Kakao Taxi ခေါ်ပြီးသွားလိုက်ရင်ရပါပြီ။ ( Kakao Taxi ဆိုတဲ့ App လေး Download ကြိုဆွဲသွားပါ)
- Taxi ခကငွေသားနဲ့ဖြစ်ဖြစ် Card နဲ့ပဲဖြစ်ဖြစ် ကြိုက်တာနဲ့ပေးလို့ရပါတယ်, မြန်မာပြည်က Visa card တွေနဲ့တော့ အမရှင်းမကြည့်ဖူးလို့ ရမရသေချာမသိပါဘူး )

အမပြောသလို Airport to Seoul Station ရထား ( 지하철 ) နဲ့သွားပြီး KTX ပြောင်းစီးလိုက်ရင် သက်ဆိုင်ရာမြို့တွေကိုသွားဖို့ ဝမ် ၃သောင်းကနေ ၅သောင်းလောက်အထိပဲ ကုန်ကျမှာဖြစ်ပါတယ်။

지하철 , KTX စီးဖို့တွက် Timetable & Prices တွေက WiFi ရှိရုံနဲ့ Naver Map ထဲမှာ အလွယ်တကူကြည့်လို့ရတာမို့ မသွားခင် Naver Map လေးကို Download ဆွဲဖြစ်အောင်ဆွဲသွားပါနော်။

ကဲ ယောရောဘွန်းတို့အတွက် အထောက်အကူဖြစ်တယ်ဆို like & share ဖို့လည်း မမေ့ပါနဲ့လို့ 😉

19/08/2024

ကိုရီးယားကိုသွားခါနီး ဒေါ်လာဝယ်ရမလား ဝမ်အရွက်ဝယ်သွားရမလား ?

A - ဒေါ်လာကို $200 လောက်ပဲဝယ်သွားပါ ( ဒေါ်လာ 100 တန်အသစ်ဝယ်တာထက် အကြွေအနွမ်းတွေဝယ်သွားတာ ပိုတန်ပါတယ်, ကကြီးလေဆိပ် exchanger တွေက မြန်မာမှာလို အသစ်ချတ်ချွတ်မှလဲပေးတာမျိုး မဟူတ်ပါဘူး )

- လေဆိပ်ကနေကိုယ်နေတဲ့မြို့ကိုသွားဖို့တွက် transportation fees နဲ့စားဖို့လောက်ပဲ လေဆိပ်ထဲက exchanger မှာလဲပါ ( လေဆိပ်ထဲကပေးတဲ့ rate က local bank တွေမှာပေးတာထက် ပိုနည်းပါတယ် )
- ကိုယ်ရောက်ပြီး ၂ရက်လောက်နေရင် ဘဏ် acc ဖွင့်လို့ရပြီမို့ အဲ့အချိန်ကျမှ acc သွားဖွင့်တဲ့ဘဏ်မှာ ဒေါ်လာပေးပြီး ဝမ်တစ်ခါထဲလဲပြီး acc ထဲထည့်ခိုင်းလိုက်ပါ
- acc ရတော့မှ မြန်မာကမိဘတွေကို ကကြီးဘဏ် acc ထဲငွေလှမ်းထည့်ခိုင်းတာက မြန်မာကနေ ဒေါ်လာတွေ ဝမ်အရွက်တွေဝယ်သွားတာထက် ပိုတန်ပါတယ်
- ကကြီးမှာ ဘဏ် acc ဖွင့်ရင် card ရဖို့တော့ ၂ပတ်လောက်စောင့်ရတတ်ပါတယ်။ ဒါပေမဲ့ဘဏ်စာအုပ်က ချက်ချင်းရတာပါ။ အဲ့ဘဏ်စာအုပ်နဲ့ပဲ ATM တွေမှာ ငွေသားထုတ်လို့ရပါတယ် ( မြန်မာမှာလို card ရှိမှ ATM မှာငွေသားထုတ်လို့ရတာမျိုး မဟုတ်ပါ )

ကဲ ဒီနေ့တွက် sharing လေးကတော့ ဒီလောက်ပါပဲ ယောရောဘွန်း 😗 အမပြောပြပေးတဲ့ info လိုသွားခဲ့လို့ ယောရောဘွန်းတို့ မရှင်းတာလေးတွေရှိရင် cmt မှာမေးခဲ့နော် 😉

Please like & follow my page nw 🩷


16/08/2024

ကိုရီးယားမှာကျောင်းတက်ချင်ပေမဲ့ ဘာကစလုပ်ရမှန်းမသိ ဖြစ်နေပါသလား ?

A - အမအကြံပြုချင်တာကတော့ အရင်ဆုံး စိတ်ဆုံးဖြတ်ချက် ချလိုက်ပါ ❗️ ( ဘာလို့ဒီလိုပြောလဲဆို ကိုယ့်ဘေးပတ်ဝန်းကျင်ကသူတွေကြောင့် ဘယ်နိုင်ငံရွေးလို့ရွေးရမှန်းမသိနဲ့ ဆရာများသားသေဖြစ်ပြီး အချိန်တွေပိုကုန်တတ်လို့ပါ )

- ‘ ငါ ကိုရီးယားကို ရောက်အောင်သွားမယ် ‘ ဆိုတဲ့ဆုံးဖြတ်ချက်ချနိုင်ပြီးရင်
- ပထမဆုံးလုပ်ရမှာက ‘ ငါဘယ် agency အပ်ရမလဲ ‘ ဆိုတာမဟုတ်ပဲ ❗️
- ‘ ကိုရီးယားမှာ ဘယ်ကျောင်းတွေက ဘယ်လိုကောင်းလဲ ဆိုတာ ငါလေ့လာဦးမှပဲ ‘ ဆိုတဲ့စိတ်နဲ့ ကိုရီးယားရဲ့ကျောင်းတွေအကြောင်း စလေ့လာပါ။ ❗️

ပြီးရင်တော့ ‘ ဘယ်ကျောင်းကို ရွေးရမှန်းမသိဘူး ‘ ဆိုတဲ့သူတွေအတွက်ပါ
- ပထမဆုံး စဉ်းစားရမှာက ‘ ကိုယ် Budget ဘယ်လောက်သုံးမယ် ‘ ပေါ်မူတည်ပြီး ကျောင်းရွေးရတာက နည်းနည်းကျုံ့သွားပါလိမ့်မယ် ( ဒီနေရာမှာ ကိုယ်က Budget အများကြီးမသုံးချင်တဲ့သူဆိုရင် National ကျောင်းတွေကိုပဲ ရွေးဖို့ အကြံပေးချင်ပါတယ် )
- ‘ ကိုယ်တက်ရမဲ့ ကျောင်းက ဘယ်မြို့မှာ ရှိတာလဲ ? အဲ့မြို့မှာ Part time အလုပ်တွေပေါလား ? လစာကရော ဘယ်လောက်လောက်ပေးတတ်လဲ ? ဒါတွေကလည်း Part time လုပ်ချင်တဲ့သူတွေအနေနဲ့ ကြိမ်းသေထည့်စဉ်းစားသင့်တဲ့ အချက်ပါ

အပေါ်ကဟာတွေ စဉ်းစားပြီးရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ ကျောင်းကိုဆုံးဖြတ်ချက်ချလိုက်နိုင်ပြီမို့ ကျောင်းလျှောက်ဖို့ကို စလေ့လာရတော့ပါမယ်
- ပထမဆုံး ကျောင်း website ထဲဝင်ပြီး တစ်နှစ်မှာ Intake ဘယ်နှခုရှိလဲ ? Admission ကဘယ်ချိန်ဆို ဖွင့်တတ်လဲ ? ဘာစာရွက်စာတမ်းတွေတင်ရမှာလဲ ? ဒါတွေကိုလေ့လာပြီး Notes ထဲမှာ ချရေးထားပါ
- ပြီးရင်တော့ Admission deadline အမှီ ကျောင်းလျှောက်နိုင်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေ စပြင်ဆင်ရပါတော့မယ် ( လိုအပ်တဲ့ စာရွက်စာတမ်းတွေကို Post တစ်ခုနဲ့ သပ်သပ်ထည့်ရေး ပေးပါ့မယ်နော် )
- ပြီးရင်တော့ စာရွက်စာတမ်းတွေ Embassy Seal ထုဖို့ ကိုရီးယားသံရုံး website မှာဝင်လေ့လာပါ
- Embassy Seal လုပ်ဖို့ Appointment Booking ရပြီးရင်တော့ ကိုယ်သံရုံးဝင်ရမဲ့ ရက်အပေါ်မူတည်ပြီး ၁၀ ရက်လောက်အလိုမှ Notary ပြန်၊ Mofa ထုတာလုပ်ပါ ( Mofa ထုပြီးရင် 3 months ပဲ Valid ဖြစ်ပါတယ် )
- သံရုံးမှာ Embassy Seal တင်ပြီးရင် ပြန်ရဖို့တွက် ၁၀ ရက်ဝန်းကျင်လောက်ကြာတတ်ပါတယ် ( Admission deadline နဲ့ချိန်ကြည့်ပါ )
- Embassy Seal ရပြီဆိုရင်တော့ ကျောင်းလျှောက်ဖို့တွက် Ready ဖြစ်ပါပြီ

ကျောင်းလျှောက်ရင် Admission fees ပေးရတာ။ ကျောင်းဝင်ခွင့်ရပြီဆိုရင် ကျောင်းလခသွင်းရပါပြီ။ ပြီးရင် ကျောင်းဘက်က COA ပြန်ပေးတာစောင့်ပြီး ရရင် Visa ဝင်လို့ရပါပြီ။

နောက်ဆုံးစဉ်းစားရမှာကတော့ ကိုယ်ကအပေါ်ကလုပ်ရမဲ့ Process တွေကို Deadline တွေမလွတ်သွားအောင် ကိုယ်တိုင် timing ကိုက်လုပ်နိုင်လား စဉ်းစားပြီး Agency အပ်သင့်မအပ်သင့် စဉ်းစားပါ။

ကဲဒီ post လေးရဲ့ information sharing ကတော့ ဒီလောက်ပါပဲ ယောရောဘွန်း 😉

15/08/2024

ကိုရီးယား D4/D2 Visa လျှောက်ရင် Denied မခံရအောင် ဘာတွေထည့်စဉ်းစားပြီး ပြင်ဆင်ရမလဲ ?

Q - Visa တင်ရင်သံရုံးတွေဘက်က အဓိကကြည့်တာ ဘာဖြစ်မယ်လို့ ထင်ပါသလဲ ?
A - Korea သံရုံးတင်မဟုတ်ပဲ သံရုံးအကုန်နီးပါးအဓိကကြည့်တာက Educational Background & Financial Statement ပါ ❗️

- ပထမဆုံး Educational Background နဲ့ပတ်သက်ပြီးပြောပါ့မယ် ❗️

D4 လျှောက်တဲ့သူအများစုကတက္ကသိုလ်တက်နေလည်း ၁၀တန်းအောင်နဲ့ပဲ လျှောက်လိုက်ကြတာတွေ့ရပါတယ်။ တကယ်ကအဲ့လိုလုံးဝမလုပ်သင့်ပါဘူး။
အချို့ဆိုအသက် ၂၃ ဝန်းကျင်လောက်ဖြစ်ပြီး ၁၀တန်းအောင်နဲ့ပဲလျှောက်ရင် ဒီသူဟာ ၁၀တန်းပြီးထဲက ကျောင်းဆက်မတက်ပဲဘာလုပ်နေလို့လဲဆိုတဲ့အတွေးမျိုး ဖြစ်စေပါတယ်။ အဲ့တော့ကိုယ်က တက္ကသိုလ်တက်နေဆဲကျောင်းသားတစ်ယောက်ဆိုရင် Transcripts တွေထုတ်ဖို့အချိန်ကြာရင်တောင် အနည်းဆုံးတော့ကိုယ့် Uni မှာကျောင်းသားဖြစ်ကြောင်းထောက်ခံစာ မြန်မြန်ထုတ်ခိုင်းလို့ရတာမို့ အဲ့တာပါထည့်တင်သင့်ပါတယ် ( သံရုံးတိုင်းက Honest ဖြစ်တာလိုချင်တာပါ )

နောက်တစ်ချက်က ကိုယ်တက်နေတဲ့ Uni အလိုက်လည်း Impression နည်းနည်းကွာသွားပါတယ်။ Day တက်တဲ့သူနဲ့အဝေးသင်တက်တဲ့သူဆို Day တက်နေတဲ့ကျောင်းသားက သံရုံးဘက်ကကြည့်ရင် impression ပိုရနိုင်ပါတယ်

- ဒုတိယအချက် Financial Statement ❗️

Show Money တွက်ဘဏ်သွားပြီး Cash ထည့်တာပဲဖြစ်ဖြစ် Acc to acc transfer ပဲဖြစ်ဖြစ်အရေးမကြီးဘူးလို့ထင်ပါတယ်။ Acc သက်တမ်းကတော့ တစ်စိတ်တစ်ပိုင်းအရေးကြီးနိုင်ပါတယ် ဘာလို့ဆိုကိုယ့်အိမ်က အရင်ထဲက Financial တောင့်ကြောင်းပြနိုင်ဖို့တွက်ပါ
တကယ်လို့အခုမှစဖွင့်တဲ့ Acc တွေဆိုရင် သိန်း ၇၀၀/၈၀၀ လောက်ထိ Acc ထဲရှိနေရင်ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဒါတွေအကုန်လုံးကလည်း အဓိကမကျသေးဘူးလို့ မြင်မိပါတယ်။
အဓိကကျတာက ကိုယ့်ကို Financial Support လုပ်ပေးမဲ့သူက ကကြီးမှာတက်မဲ့ကျောင်းသားအတွက် ကျောင်းစရိတ်၊နေထိုင်စားသောက်စရိတ် အနည်းဆုံး ၁နှစ်လုံးစာထောက်ပံ့နိုင်တဲ့ Income ရှိရဲ့လားဆိုတာက အဓိကအကျဆုံးဖြစ်မယ်လို့ စဉ်းစားမိပါတယ် ။
ဥပမာ- ကကြီးမှာကျောင်းစရိတ်နေထိုင်စားသောက်စရိတ် တစ်နှစ်စာကို $20000 လိုတယ်ဆိုပါစို့။ ကိုယ့်ကို support ပေးမဲ့သူရဲ့ financial income က တစ်လကို average $2000 လောက်ရှိရင် Visa ရနိုင်ချေ 80% လောက်ရှိသွားပါပြီ။ အဲ့တော့အမပြောချင်တာက Income Statement ပြင်ဆင်ကြတဲ့အခါသေချာလေးတွက်ပြီး ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။
ပိုင်ဆိုင်မှုတွေက ပြနိုင်ရင်လည်းကောင်းပေမဲ့ Monthly Income လောက် effect မရှိဘူးလို့အမမြင်ပါတယ်

ယောရောဘွန်းတို့ သိချင်တဲ့မေးခွန်းတွေ ကျန်နေသေးတယ်ဆိုရင်တော့ Cmt မှာမေးခဲ့နော် 😉 Page လေးကိုလည်း Follow လုပ်ဖို့မမေ့နဲ့ဦးနော် 😉

Address

Daejeon

Website

Alerts

Be the first to know and let us send you an email when Study with me in Korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category