08/07/2026
TOPIK II မှာ Level မြင့်မြင့်ရဖို့ ဘယ်လိုပြင်ဆင်ရမလဲ?
TOPIK စာမေးပွဲအတွက် ပြင်ဆင်နေပေမဲ့ အမှတ်ကောင်းကောင်းရဖို့ ဘယ်ကစရမှန်း မသိဖြစ်နေသူတွေအတွက် ကိုယ်တိုင်သုံးခဲ့တဲ့ Level 6 ရရှိခဲ့တဲ့ Tips လေးတွေကို အသေးစိတ် မျှဝေပေးလိုက်ပါတယ်ရှင်
🎧 Listening (듣기)
Listening မှာ အမှတ်ပြည့်ရဖို့က အသံနားထောင်ရုံတင် မဟုတ်ဘဲ မြန်မြန်ဖတ်၊ ကြိုတွေးတတ်ဖို့ လိုပါတယ်။
- မေးခွန်းကြိုဖတ်ပါ
အသံဖိုင်မလာခင် မေးခွန်းနဲ့ Option (အဖြေရွေးချယ်စရာ) တွေကို အမြန်ဖတ်ပြီး ဘာအကြောင်းအရာ လာတော့မလဲဆိုတာ ကြိုခန့်မှန်းထားပါ။
- Dialogue တွေရဲ့ အဓိကဆိုလိုရင်းကို ဖမ်းပါ
ယောက်ျားလေး သို့မဟုတ် မိန်းကလေးရဲ့ အဓိကထင်မြင်ချက် (중심 생각) ကို မေးတဲ့မေးခွန်းတွေမှာ 'ဘာကြောင့်' ဒီလိုပြောရလဲဆိုတဲ့ အချက်ကို အာရုံစိုက်နားထောင်ပါ။
- အလေ့အကျင့်လုပ်ပါ
နေ့တိုင်း ကိုရီးယားသတင်း (News)၊ Podcast နဲ့ Talk Show တွေကို ပုံမှန်နားထောင်ပေးရင် Topik နောက်ပိုင်း မေးခွန်းတွေမှာပါတဲ့ နည်းနည်းခက်တဲ့ အသုံးအနှုန်းတွေနဲ့ ယဉ်ပါးလာပါလိမ့်မယ်။
📖 Reading (읽기)
တော်တော်များများက စာဖတ်နှုန်းမမှီလို့ အနောက်က မေးခွန်းအကြီးကြီးတွေ မဖြေလိုက်ရဘဲ အချိန်ကုန်သွားတာမျိုး အဖြစ်များကြပါတယ်။
- Vocab တွေကိူ သေချာ note လုပ်ထားပါ
Level 5 နဲ့ 6 မှာ သုံးတဲ့ သုတေသန၊ စီးပွားရေး၊ လူမှုရေးနဲ့ သိပ္ပံဆိုင်ရာ အဆင့်မြင့် Vocab တွေကို သီးသန့်စာအုပ်နဲ့ စုပြီး ကျက်ပါ။
- Skimming & Scanning Technique
စာပိုဒ်တစ်ခုလုံးမှာ ပထမဆုံးစာကြောင်းနဲ့ နောက်ဆုံးစာကြောင်းကို ကြည့်ပြီး Paragraph ရဲ့ Theme ကို အရင်ရှာပါ။ ပြီးမှ မေးခွန်းထဲက Keyword ကို စာပိုဒ်ထဲမှာ ရှာဖတ်ပါ။
- Time Management
အိမ်မှာ မေးခွန်းဟောင်းတွေ လေ့ကျင့်ကတည်းက စာမေးပွဲအချိန်အတိုင်း Stop Watch ထားပြီး ဖြေတဲ့အကျင့် လုပ်ထားပါ။
✍️ Writing (쓰기)
Writing က လူတိုင်း အမှတ်နည်းတတ်တဲ့ အပိုင်းမို့လို့ စနစ်တကျ ပြင်ဆင်သွားရင် အမှတ်ကောင်းကောင်းရန်ိုင်ပါတယ်
- No.51/52
ဒီနေရာမှာ အမှတ်အပြည့်ရအောင် Grammar)
အထားအသို မှန်ဖို့ လိုပါတယ်။ ပေးထားတဲ့ Context က ယဉ်ကျေးတဲ့အသုံးအနှုန်းလား၊ ကြေညာချက်လား ခွဲခြားပြီး ဖြည့်ပါ။
- No. 53 Graph/Chart ရှင်းလင်းချက်
ဒါက ကိုယ်ပိုင်အတွေး ရေးရတာ မဟုတ်ဘဲ Graph ထဲက အချက်အလက်ကို ပြန်ဖော်ပြရတာပါ။ ဒါကြောင့် တိုးတက်လာသည် (증가하다)၊ ကျဆင်းသွားသည် (감소하다) စတဲ့ သတ်မှတ်ပုံသေ Template တွေကို အလွတ်ကျက်ထားရင် အမှတ်ကောင်းကောင်း ရနိုင်ပါတယ်။
- No.54 Essay
ကိုယ်ပိုင် Idea ကို အချက်ကျကျ ရေးရမှာဖြစ်လို့ မရေးခင်မှာ ကြိုပြီး Outline ချပါ။ ထိရောက်တဲ့ ချိတ်ဆက်စကားလုံးတွေဖြစ်တဲ့ 반면에/따라서/결론적으로 စတာတွေကို စာကြောင်းအလှည့်အပြောင်းမှာ ထည့်သုံးပေးပါ။
အဓိကအရေးကြီးဆုံးကတော့
- မေးခွန်းဟောင်း တွေကို အကြိမ်ကြိမ် ပြန်ဖြေကြည့်ပါ
- TOPIK ဟာ မေးခွန်းပုံစံ (Pattern) အတူတူပဲမို့လို့ အနည်းဆုံး ၅ ကြိမ်စာ မေးခွန်းဟောင်းတွေကို အချိန်မှတ်ပြီး အမှားပြင်ဆင်ချက် လုပ်သွားရင် Reality စာမေးပွဲခန်းထဲမှာ လုံးဝမလန့်တော့ဘဲ အေးဆေးဖြေနိုင်မှာ သေချာပါတယ်။
Fighting ပါရှင်
အားလုံးပဲ ကြိုးစားထားတဲ့အတိုင်း Target ရမှတ်တွေ အမြန်ဆုံး ရရှိပါစေရှင်။ 💛
လာမဲ့အပတ်ထဲမှာလည်း topik preparing class တွေ ဖွင့်တော့မှာမို့ လာပြီး စုံစမ်းနိုင်ပါတယ်ရှင် 💕