ကိုရီးယား သင်ထောက်ကူ မျှဝေခြင်း ရပ်ဝန်း

  • Home
  • South Korea
  • Busan
  • ကိုရီးယား သင်ထောက်ကူ မျှဝေခြင်း ရပ်ဝန်း

ကိုရီးယား သင်ထောက်ကူ မျှဝေခြင်း ရပ်ဝန်း ကိုရီးယာ သာသာစကားကို လေ့လာသူချင်း စာတိုပေစများအား ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ် ။

21/02/2025
20/02/2025

Korea မှာ အချိန်ပိုင်း အလုပ်ရှာဖို့ အကောင်းဆုံး App များ

အချိန်ပိုင်း အလုပ်တွေက APP တွေကနေစုံစမ်းရှာဖွေပြီးတော့ လျောက်တာက ထိရောက်သလို အဆင်ပြေတာများပါတယ်။

App တွေမှာ ကိုယ့် Location အနီးတဝိုက်ကိုပဲ ရှာပြီးတော့ ကြည့်လို့ရသလို ကိုယ်လုပ်ချင်တဲ့ Location ကို ရိုက်ပြီးတော့လည်း အသေးစိတ် ရှာဖွေနိုင်ပါတယ်။

အချိန်တွေ နေရာတွေ ကိုယ်နေတဲ့ နေရာနဲ့ ဘယ်လောက်ဝေးပြီး ကားဘယ်လို စီးရမလဲဆိုတာတွေ တစ်နာရီလုပ်ခ ဘယ်လောက်ဆိုတာတွေနဲ့ နိုင်ငံခြားသား လက်ခံလား ကိုရီးယားပဲ လက်ခံလား စသဖြင့်နဲ့ အလုပ်ချိန်ကို ညှိနှိုင်းလို့ရလား သူခေါ်တဲ့ ပုံသေအချိန်ပဲလားဆိုတာတွေကနေ

ဘယ်လို လုပ်ငန်းမျိုး ဘယ်လို အလုပ်တွေ လုပ်ရမယ် Fresher တွေလည်း လက်ခံလား လက်မခံဘူးလား စသဖြင့် စုံစမ်းလို့ ရပါတယ်။

ကျွန်တော် အကြံပေးချင်တာကတော့
အချိန်
နေရာ
တစ်နာရီလုပ်ခ

စတာတွေ ကြည့်ပြီး ကြိုက်တယ် လုပ်လို့လည်း ရမယ်ဆိုရင်
ချက်ချင်းဖုန်းဆက်လျောက်တာ Message ပို့လျောက်တာတွေကို ဦးစားပေးလုပ်စေချင်ပါတယ်။

တစ်ချို့ App တွေမှာတော့ ဖုန်းဆက်လျောက်မှာလား App က လျောက်မှာလားဆိုတဲ့ Option ပေးထားတတ်ပါတယ်။အဲ့တာမျိိုးဆိုရင် ဖုန်းဆက်လျောက်တာကို ဦးစားပေးပါတယ်။

အကြိုက်ဆုံးကို No.1 ထားပြီး စီပေးလိုက်ပါတယ်။

Play Store Link ပေးလိုက်ပါတယ်။ IOS အတွက်ကတော့ App Store တွေမှာ ရှာပါ။

1
https://play.google.com/store/apps/details?id=com.albamon.app&pcampaignid=web_share

Second တွေ Used တွေကိုလည်း စျေးသက်သက်သာသာနဲ့ ရှာပြီး ဝယ်လို့ ကောင်းသလို အလုပ်ရှာတာ အိမ်ခြံမြေအကျိုးဆောင်တွေပါ ရှာနိုင်ပါတယ်။

2
https://play.google.com/store/apps/details?id=com.towneers.www&pcampaignid=web_share

3
https://play.google.com/store/apps/details?id=kr.co.alba.webappalba.m&pcampaignid=web_share

Crd:
https://www.facebook.com/share/1K4EP79RLh/

20/02/2025

F-2-Rနှင့် E-7-4R နှိုင်းယှဉ် ဇယား

20/02/2025
07/01/2025

ကျောင်းသားဗီဇာနဲ့လာပြီး "အို(O)" ခြင်းရဲ့ အားနည်းချက်များ
※※※※※※※※※※※※※※※※※※※※※※※※※※※※※※※※※※※※※

⚠️ကျောင်းသားဗီဇာ D-4/D-2 နဲ့ လာကြပြီး တရားမဝင်နေထိုင်မှု Overstay (불법체류) တွေများလာရင် ဘာဖြစ်မလဲ?

အခုတလော ကျောင်းနဲ့ ပတ်သက်ပြီး လာတဲ့သူများသလို အိုဗာစတေး (Overstay - illegal stay) လုပ်တဲ့သူတွေလည်း များလာကြပါတယ်။

အစကတည်းက အို(O)ပြီး အလုပ်လုပ်ဖို့ စိတ်ကူးနဲ့ လာတဲ့သူ‌တွေလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မှန်းထားတာနဲ့ ထပ်တူမကျပဲ မအိုချင်ပေမယ့် အိုဗာစတေး (O) ဖြစ်သွားကြတဲ့ သူတွေလည်း အများကြီး ရှိကြပါတယ်။

တကယ်တမ်းကျတော့ ‌တရား၀င် ကျောင်းဗီဇာနဲ့ ၀င်လာပြီး တရားမ၀င်ဖြစ်သွားရင် "အို" လိုက်တဲ့သူက အေးဆေးပေမယ့် ပထမဦးဆုံး ဒုက္ခနဲ့ စတွေ့တာက အဲ့ဒီ ကျောင်းသားကို ကျောင်းတက်ဖို့အတွက် ထောက်ခံပေးတဲ့ ပုဂ္ဂိုလ်နဲ့ ကျောင်းသားတွေပို့ပေးတဲ့ အေဂျင်စီပါပဲ အဲ့ဒီ့ ပုဂ္ဂိုလ်တင်မကသေးဘူး သူတက်ခဲ့တဲ့ ကျောင်းလည်း Minus တွေ စထိပါတယ်။

Minus တွေ ထိများရင် ကျောင်းရဲ့ Ranking ကိုလည်းထိခိုက်ပြီး Rank လျှော့ချခံရပါတယ်။ အဲ့လိုတွေ ဖြစ်လာခဲ့ရင် ကျောင်းအနေနဲ့လည်း အစိုးရကနေ ပြုလုပ်ပေးတဲ့ အစီအစဉ် (Program) တွေမှာ ပါ၀င်ခွင့် ဆိုင်းငံ့ခံရတာတို့ လုံး၀ ပါ၀င်ခွင့် မရကြတာတို့တွေဖြစ်တတ်ပါတယ်။

နောက်ပြီး သူတို့နိုင်ငံ သူတို့လူမျိုးတွေရဲ့ အမြင်မှာ ကိုယ့်နိုင်ငံရဲ့ ပုံရိပ် (Image)တွေ ကျဆင်းလာပါမယ် ဒီထက် ပိုအရေးကြီးတာ တစ်ခုက အဲ့ဒီမြို့ရဲ့ လ၀က (출입국관리사무소) နဲ့ တက္ကသိုလ်(대학교) ကနေ ‌နောက်လာမယ့် ကျောင်းသားတွေကို လက်မခံတော့သလို ကျောင်းရော၊ ကျောင်းသား စေလွှတ်တဲ့ အေးဂျင့်ပါ သက်ဆိုင်ရာ သံရုံးမှာ Minus ထိတတ်ပါသေးတယ်။ မတော်လို့ ကျောင်းသားပို့ပေးတဲ့ အေးဂျင့်ကို ကျောင်းကနေ လျှော်ကြေးတောင်းလာခဲ့ရင်လည်း လျှော်ကြေးပေးရတတ်သလို Ban ခံလည်းထိနိုင်ပါတယ်။

ဒီလိုသာ ဖြစ်လာခဲ့ရင် အဲ့ဒီမြို့ရဲ့ တက္ကသိုလ်တွေမှာ ကိုယ့်အားကိုယ်ကိုး ကျောင်းတက်ချင်တဲ့ ကျောင်းသားတွေအတွက် အကယ့် အထောက်အကူဖြစ်‌စေတဲ့ ဈေးသက်သာတဲ့ ကျောင်းလခတွေ၊ စကော်လာတွေ၊ ဈေးသက်သာတဲ့ လူနေမှုကုန်ကျစရိတ်တွေ တခြားကျောင်းတွေမှာ မရှိတဲ့ အားသာချက်တွေကို အားကိုးပြီးမှ ကျောင်းတက်လို့ အဆင်ပြေနိုင်မယ့် သူတွေအတွက် တကယ့် အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှုတွေကို ဖြစ်ပေါ်စေပါတယ် ဒီထက်ပိုတဲ့ ဆိုးကျိုးတွေလည်း ထပ်ပြီး ရှိနိုင်ပါသေးတယ်။

ခုနောက်ပိုင်းဆိုရင် "O" လုပ်သွားတဲ့ ကျောင်းတော်တော်များများမှာ မြန်မာကျောင်းသားတွေကို လက်မခံကြတော့ပါဘူး။ ကျွန်တော်တက်ခဲ့တဲ့ ကျောင်းအပါအ၀င်ပေါ့ အဲ့ကျောင်းမှာ အတူတက်ခဲ့တဲ့ ဂျူနီယာလေးတွေ "အို" သွားတုန်းကဆိုရင် ကျောင်းကနေ ခဏခဏဖုန်းဆက်လာသလို မ "အို" ကြဖို့အတွက် ပြန်ပြောခိုင်းသလို သူတို့‌တွေနေတဲ့ နေရာတွေကိုပါ စုံစမ်းပေးရလို့ တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ရပြီး စီနီယာတစ်ယောက်အနေနဲ့လည်း တော်တော် မျက်နှာပူရပါတယ်။

ကိုယ့်ရဲ့ လုပ်ဆောင်မှုကြောင့် တခြားသူတွေအတွက် အခွင့်အရေးဆုံးရှုံးတာမျိုး မဖြစ်သင့်သလို သူတို့အတွက် ကိုယ်ဟာ သမိုင်းတာ၀န်ခံလည်း အဖြစ်မခံရင်တော့ အကောင်းဆုံးပါပဲ။

လက်ရှိအခြေနေမှာတော့ ကျောင်းသားဗီဇာနဲ့လာပြီး အကြောင်းအမျိုးမျိုးကြောင့် အကယ်၍များ ကျောင်းတက်ဖို့ မဖြစ်လာခဲ့ရင်လည်း "O" မလုပ်ဘဲ လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ကိုရီးယားအစိုးရက ထုတ်ပေးထားတဲ့ (G-1-99) Visa (သို့မဟုတ်) G-1-5 (Asylum Seekers) Visa တမျိုးမျိုးကို လျှောက်ပြီး နေထိုင်ကြရင်တော့ "O" တာထက် ပိုပြီး Results ကောင်းနဲ့ အဆင်ပြေလိမ့်မယ်လို့တော့ ထင်ပါတယ်။

________________________________________________

"အထက်ပါ အကြောင်းအရာတွေကတော့ ကျွန်တော် လက်လှမ်းမှီသလောက် အတွေ့အကြုံနှင့် ဗဟုသုတတွေကို အခြေခံကာ ရေးသားထားခြင်းဖြစ်ပါတယ် အားလုံးက ကိုယ့်ဘ၀နဲ့ ကိုယ်မို့ ဘယ်သူ့ကိုမှလည်း အပြစ်ပြောခြင်းမျိုး မဟုတ်ပါ"

ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေထဲမှာ လွှဲချော်နေတာတို့ ပါခဲ့ရင်လည်း ထောက်ပြနိုင်ပြီး တချို့ ကျွန်တော် မသိသေးတဲ့ နည်းတွေလည်း ရှိနိုင်တာမို့ သိတဲ့သူတွေအနေနဲ့ ဒီပိုစ့်ရဲ့ Com မှာဖြစ်စေ CB ကနေဖြစ်စေ မျှဝေပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

#작가 #라이트 #유학생 #불법체류 #미얀마 #불리

Credit ;
Alinn Yaung
မှတစ်ဆင့်ကူးယူ​​ဖော်ပြအပ်ပါသည်။
သိလိုသူများ မူရင်းပိုစ်​ရေးသူထံ မှာသာ ​မေးကြပါရန်။

20/10/2023

안녕하세요~~ 여러분
할 말이 있어요 ㅎㅎ
한국어를 지금보다 잘 알고 싶으면
그리고 또 잘하고 싶으면
이 카카오톡을 사용해 주세요!!
거기에 한국 사람들과 얘기할 수 있으니까
모르는 것이 있으며 물어볼 수 있어요!!
그렇게 계속 하면 아는 것이 많을테니
한번만 해 보십시오~~ 여러분!!
감사합니다 ㅎㅎ

အားလုံးပဲ မင်္ဂလာပါ။
ပြောစရာ ရှိပါတယ်။
ကိုရီးယား စကားကို အခုထက် ပိုပြီး ကောင်း" သိချင်ရင်
ပြီးတော့ ပိုပြီး ကောင်းကောင်း လုပ်ချင်တယ် ဆိုရင်
KakaoTalk ကို အသုံးပြုပေးပါ။
အဲ့ဒီမှာ ကိုရီးယား လူမျိုးတွေနဲ့ စကားလဲ ပြောလို့ ရပြီး
မသိတာတွေ ရှိရင်လဲ မေးကြည့်လို့ ရပါတယ်။
အဲ့လို ဆက်တိုက် လုပ်ရင် သိတာတွေ များလာမှာမို့လို့
အားလုံးပဲ တစ်ခေါက်လောက် သုံးကြည့်ပါ။
ကျေးဇူးတင်ပါတယ်။

တခြား သိချင်တာ ရှိရင်လဲ လာမေးလို့ ရပါတယ်။


20/10/2023
20/10/2023

Address

Busan

Alerts

Be the first to know and let us send you an email when ကိုရီးယား သင်ထောက်ကူ မျှဝေခြင်း ရပ်ဝန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share