Study Smart International - Cambodia

Study Smart International - Cambodia Global education for everyone.

PTE မိတ်ဆက်—----------------------------------✅ PTE ဆိုတာPTE ရဲ့ အရှည်ကတော့ Pearson Test of English ဖြစ်ပြီး  Pearson ကပ...
02/07/2022

PTE မိတ်ဆက်
—----------------------------------
✅ PTE ဆိုတာ
PTE ရဲ့ အရှည်ကတော့ Pearson Test of English ဖြစ်ပြီး Pearson ကပြုလုပ်တဲ့ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲဖြစ်ပါတယ်။ IELTS တို့ TOEFL တို့ နဲ့ အလားသဏ္ဍာန်တူစာမေးပွဲတခုပါ။ ရမှတ်နှိုင်းယှဉ် မှုကို ပုံမှာ ပြထားပါတယ်။
သူ့ရဲ့ ဆောင်ပုဒ် English tests, without the stress ဆိုတဲ့အတိုင်း စာမေးပွဲ ကို ပေါ့ပေါ့ပါးပါးစိတ်သက်သက်သာသာဖြေလို့ရအောင်စီစဉ်ထားပါတယ်။ (မေးခွန်းလွယ်တယ်လို့ မဆိုလိုပါ။) Speaking test အပါအဝင် စာမေးပွဲတခုလုံးကို ကွန်ပျူတာနဲ့ ဖြေရတာဖြစ်ပါတယ်။ IELTS လိုလူတွေ့စာမေးပွဲ မပါပါဘူး။ လက်ရေးမပီမသဖြစ်မှာလည်းစိုးရိမ်စရာမလိုတော့ပါ။ ကွန်ပျူတာနဲ့ စာမြန်မြန်ရိုက်နိုင်အောင် လေ့ကျင့်ထားဖို့တော့လိုပါတယ်။
-
✅ ဘာကြောင့် PTE ကို ရွေးချယ်ကြသလဲ
🚀 အမှတ်စာရင်း ထွက်တာမြန်ဆန်ခြင်း
ဖြေဆိုပြီး ၄၈ နာရီအတွင်း ရမှတ်သိရပါတယ်။ IELTS မှာဆို ရမှတ်သိရဖို့ ပျမ်းမျှ ၅ ရက်ကနေ ၇ ရက်ခန့် ကြာတတ်ပါတယ်။
စာမေးပွဲဖြေဖို့ကိုလည်း centre က သတ်မှတ်ထားတဲ့ ရက်စောင့်စရာမလိုပဲ မိမိအဆင်ပြေတဲ့ ရက်ရွေးချယ်နိုင်ပါတယ်။ (Exam centre ပေါ်တော့မူတည်ပါလိမ့်မယ်).
ကျောင်လျှောက်ဖို့ visa တင်ဖို့ ရက်အကန့်အသတ်ရှိနေတဲ့ သူတွေအတွက် အလွန်အဆင်ပြေပြီး
မိမိရမှတ် နည်းနေယင်လည်း အချိန်တိုအတွင်း ပြန်လည်ဖြေဆိုနိုင်ပါတယ်။
☺️ စိတ်လက်ပေါ့ပါးစွာဖြေဆိုနိုင်ခြင်း
ဖြေဆိုချိန် ၂ နာရီပဲကြာပါတယ်။ လူတွေ့ မရှိပါ။ အားလုံး ကွန်ပျူတာမှာပဲ ဖြေရတာဖြစ်ပါတယ်။
-
✅ PTE စာမေးပွဲ
သိပြီးတဲ့ အတိုင်း PTE စာမေးပွဲဟာ speaking, writing, reading နဲ့ listening အားလုံးကို ၂ နာရီအတွင်း ကွန်ပျူတာမှာဖြေရတာဖြစ်ပါတယ်။
PTE စာမေးပွဲ သုံးမျိုးရှိပါတယ်။ PTE Academic, PTE Academic Online နဲ့ PTE SELT test for UK visa ပါ။ နောက်ဆုံးတစ်ခုက UK မှာပြောင်းရွေ့အခြေချမဲ့သူတွေကို ရည်ရွယ်တာဖြစ်တာကြောင့် ပထမနှစ်မျိုးကိုပဲ ဆွေးနွေးသွားပါမယ်။
PTE Academic နဲ့ PTE Academic Online ဟာ တကယ်တော့ အတူတူပါပဲ။ မေးတဲ့ မေးခွန်းတွေ အားလုံးတစ်ပုံစံထဲပါ။
ကွာတာက PTE Academic က centre မှာ သွားဖြေရတာဖြစ်ပြီး PTE Academic Online ကတော့ Exam centre နဲ့ အလှမ်းဝေးတဲ့ စာဖြေသူတွေအတွက်ရည်ရွယ်ပါတယ်။ စာမေးပွဲကို မိမိအိမ်ကနေ ကွန်ပျူတာနဲ့ ဖြေဆိုရတာပါ။ အင်တာနက်လိုင်းကောင်းဖို့ မီးမှန်ဖို့တော့လိုပါတယ်။
⚠️တစ်ခုသတိထားရမှာက လောလောဆယ်မှာ PTE Academic Online ကို Visa လျှောက်ရမှာသုံးလို့မရသေးသလို တချို့ တက္ကသိုလ် တွေဟာလည်း PTE Academic ရမှတ် ကိုပဲတောင်းတတ်ကြပါတယ်။
PTE Academic Online လက်ခံတဲ့ ကျောင်းစာရင်းကို ဒီမှာကြည့်နိုင်ပါတယ်။
https://assets.ctfassets.net/.../PTE_Academic_Online...
အတိုချုပ်ရယင်တော့ PTE Academic ဟာ
Taken in a test center
Computer-based with headset
Two hours long
Assesses real-life English
20 question types
Single test session
-
✅ မေးခွန်းပုံစံ
PTE စာမေးပွဲ မေးခွန်းတွေဟာ Multiple choice တို့ ကွက်လပ်ဖြည့်တာတို့လို မေးခွန်းမျိုးကနေ essay ရေးရတဲ့ မေးခွန်းမျိုး အထိ မေးခွန်းပုံစံ အမျိုး ၂၀ လောက်ပါပါတယ်။(မေးခွန်း ပုံစံ ၂၀ ပါ။ မေးခွန်း ၂၀ မဟုတ်ပါ။) နောက်မှအသေးစိပ်ဆွေးနွေးပါမယ်။
Essay ကိုတော့ စာလုံးရေ ၂၀၀ ကနေ ၃၀၀ကြား ရေးရပါတယ်။ (တကယ်တော့ ကွန်ပျူတာမှာ စာရိုက်ရတာပါ။)
Speaking မေးခွန်းတွေမှာ ဖြေဆိုသူရဲ့ အသံကို ဖမ်းယူပါတယ်။ PTE Academic Online သမားတွေအတွက် Headphone/speaker/microphone ကောင်းကောင်းဆောင်ထားဖို့အရေးကြီးပါတယ်။
စာမေးပွဲတစ်ခုမှာ ခန့်မှန်းခြေ မေးခွန်းစုစုပေါင်း ၁၀၆ ခုကနေ ၁၃၆ ခုအထိပါတတ်တယ်လို့ ဆိုပါတယ်။
စာမေးပွဲမှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။
1️⃣
ပထမပိုင်းက Speaking & Writing ဖြစ်ပြီး ၅၄ မိနစ်ကနေ ၆၇ မိနစ်ခန့် ကြာပါတယ်။
Introduction ကိုဖယ်လိုက်ယင် စုစုပေါင်း မေးခွန်းပုံစံ ၇ မျိူးနဲ့ မေးပါတယ်။
2️⃣
ဒုတိယပိုင်းက Reading ပါ။
၂၉ မိနစ်ကနေ ၃၀ မိနစ်ခန့် ကြာတတ်ပြီး စုစုပေါင်း မေးခွန်းပုံစံ ၅ မျိူးနဲ့ မေးပါတယ်။
3️⃣
တတိယပိုင်းကတော့ Listening ဖြစ်ပြီး ၃၀ မိနစ်ကနေ ၄၃ မိနစ်ခန့် ကြာပါတယ်။
စုစုပေါင်း မေးခွန်းပုံစံ ၈ မျိူးပါပါတယ်။ အသံဖိုင်တွေနားထောင် ဒါမှမဟုတ် ဗွီဒီယို အတိုလေးကြည့်ပြီး မေးခွန်းဖြေရတာပါ။
-
မေးခွန်းပုံစံအသေးစိပ်ကို နောက်မှ ထပ်ဆွေးနွေးပေးပါမယ်။
-
29-June-2022


Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Study Smart International - Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study Smart International - Cambodia:

Shortcuts

Share