05/05/2026
JLPT N3 ဖြေမဲ့သူလေးတွေ Grammar ပြန်နွေးဖို့🥰
✅၁။အချိန်ကာလ နှင့် အစီအစဉ်
🔻~うちに ...နေတုန်း (အခွင့်အရေးမကုန်ခင်)
🔻~たばかり ...ကာစပဲ ရှိသေးတယ်
🔻~た途端 (たとたん) ...ပြီးပြီးချင်းမှာပဲ (ရုတ်တရက်)
🔻~たついでに ...လုပ်ရင်းနဲ့ တစ်ခါတည်း (အပိုအလုပ်အနေနဲ့)
🔻~たびに ...တိုင်းမှာ
🔻~最中に (さいちゅうに) ...နေတုန်း အလယ်မှာ (အတားအဆီးဖြစ်စေတဲ့အရာ ပေါ်လာတတ်တယ်)
🔻~てはじめて ...ပြီးမှသာ ပထမဆုံး
✅၂။ အကြောင်းပြချက် နှင့် ရလဒ်
🔻~おかげで ...ကြောင့် (ကျေးဇူးကြောင့် - ကောင်းတဲ့ရလဒ်)
🔻~せいで ...ကြောင့် (အပြစ်တင်တဲ့အခါ - ဆိုးတဲ့ရလဒ်)
🔻~によって / ~により ...ကြောင့် / ...နည်းလမ်းဖြင့်
🔻~ため (に) ...ကြောင့် / ...အတွက်
🔻~その結果 (そのけっか) အဲ့ဒီရလဒ်အနေနဲ့
🔻~なぜなら ဘာလို့လဲဆိုတော့
🔻~わけだ ဒါကြောင့်မို့လို့ (အကျိုးသင့်အကြောင်းသင့်)
✅၃။ ခန့်မှန်းချက်၊ ယုံကြည်ချက် နှင့် ဖြစ်နိုင်ခြေ
🔻~はずだ ...ရမယ်၊ ...မှာပဲ (ယုံကြည်ချက်ရှိရှိ ခန့်မှန်းတာ)
🔻~わけがない ...စရာ အကြောင်းမရှိဘူး (လုံးဝမဖြစ်နိုင်ဘူး)
🔻~ということだ ...ဆိုတဲ့ အဓိပ္ပာယ်ပဲ / ...လို့ ကြားတယ်
🔻~かもしれない ...ရင်လည်း ဖြစ်နိုင်တယ်
🔻~に限らない (にかぎらない)...ရယ်လို့ မသေချာဘူး / ...လို့ပဲ မဆိုနိုင်ဘူး
🔻~に違いない (にちがいない) ...တာ သေချာတယ်
✅၄။ ဆန္ဒ၊ ရည်ရွယ်ချက် နှင့် ကြိုးစားမှု
🔻~ようと思う...ဖို့ စိတ်ကူးထားတယ်
🔻~ようとする ...ဖို့ ကြိုးစားတယ် / ...ဖို့ လုပ်နေတုန်းမှာ
🔻~ようとしない ...ဖို့ လုံးဝမလုပ်ဘူး / စိတ်မဝင်စားဘူး
🔻~つもりでした ...ဖို့ ရည်ရွယ်ထားခဲ့ပေမယ့် (တကယ်မဖြစ်ခဲ့တာမျိုး)
🔻~ことにしている ...ဖို့ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နေတယ်
🔻~ことになっている...ဖို့ (စည်းကမ်း/အစီအစဉ်အရ) သတ်မှတ်ထားတယ်
✅၅။ အကြံပြုချက် နှင့် တောင်းဆိုချက်
🔻~ようにしましょう ...အောင် လုပ်ကြရအောင်
🔻~ように言う ...ဖို့ ပြောတယ်
🔻~なと言われる ...မလုပ်နဲ့လို့ ပြောခံရတယ်
🔻~てくれと頼まれる (たのまれる) ...ပေးပါလို့ အကူအညီတောင်းခံရတယ်
🔻~べきだ...သင့်တယ် (တာဝန်အရ/ကျင့်ဝတ်အရ)
🔻~てごらん ...ကြည့်ပါလား (အကြီးက အငယ်ကို အကြံပေးတာ)
✅၆။ ဆန့်ကျင်ဘက် နှင့် မျှော်လင့်သလိုမဖြစ်ခြင်း
🔻~のに ...ပါလျက်နဲ့ (မကျေနပ်မှု/နောင်တ)
🔻~わりに (は) ...တာနဲ့ စာရင် (မျှော်လင့်ထားတာနဲ့ ကွဲလွဲနေတာ)
🔻~くせに ...ပါလျက်နဲ့ (အပြစ်တင်/နှိမ်တဲ့သဘော)
🔻~といっても ...ဆိုပေမယ့်လည်း
🔻~としても ...ဆိုရင်တောင်မှ
🔻~反面 (はんめん)တစ်ဖက်မှာတော့ (ဆန့်ကျင်ဘက်)
🔻~にかかわらず ...နဲ့ မဆိုင်ဘဲ / ...ဖြစ်နေပါစေ
✅၇။ တူညီချက်၊ နှိုင်းယှဉ်ချက် နှင့် အတိုင်းအတာ
🔻~みたいだ ...နဲ့ တူတယ်
🔻~らしい ...ပုံစံမျိုး (စရိုက်လက္ခဏာပေါ်လွင်တာ)
🔻~っぽい ...တတ်သော / ...နဲ့တူသော (အထင်အမြင်)
🔻~に比べて (にくらべて) ...နဲ့ နှိုင်းယှဉ်ရင်
🔻~に対して (にたいして)...နဲ့ ဆန့်ကျင်ဘက် / ...အပေါ်မှာ
🔻~ほど / ~くらい ...လောက် / ...သလောက်
🔻~ほど...ない...လောက် မ...ဘူး (နှိုင်းယှဉ်ချက်)
🔻~ば~ほど...လေ...လေပဲ
✅၈။ ကန့်သတ်ချက် နှင့် အစွန်းရောက်ခြင်း
🔻~ばかり ...ပဲ (အများကြီး)
🔻~だけしか...ない ...မှလွဲရင် အခြားမရှိဘူး
🔻~さえ...တောင်မှ (အနိမ့်ဆုံးအဆင့်ကို ပြောတာ)
🔻~こそ ...မှသာလျှင် (အလေးပေးပြောတာ)
🔻~はもちろん...ကတော့ ပြောစရာမလိုဘူး (အပြင်...)
✅၉။ အခြေအနေပြ
🔻~ている ...နေတယ် (အခြေအနေပြ)
🔻~たまま ...အတိုင်း (မပြောင်းလဲဘဲ)
🔻~っぱなし ...ထားတဲ့အတိုင်း (မလုပ်သင့်တာကို ပစ်ထားတာ)
🔻~きり ...ပဲ (အဲ့ဒီနောက်ပိုင်း ဘာမှမဖြစ်တော့တာ)
🔻~通り (とおり) ...အတိုင်း
🔻~うちに ...နေတုန်းမှာ (အချိန်အပိုင်းအခြား)
✅၁၀။ ငြင်းပယ်ခြင်း နှင့် မလုပ်ဆောင်ခြင်း
🔻~ないといけない / ~ないと ...ရမယ် (မလုပ်လို့မရဘူး)
🔻~ずに ...မလုပ်ဘဲနဲ့
🔻~わけではない ...ရယ်လို့ မဟုတ်ပါဘူး (တစ်စိတ်တစ်ပိုင်းငြင်းဆိုခြင်း)
🔻~わけにはいかない ...လို့ မဖြစ်ဘူး (စိတ်ဓာတ်/လူမှုရေးအရ မလုပ်နိုင်တာ)
🔻~決して...ない (けっして)လုံးဝ (မ...ဘူး)
🔻~めったに...ない ခဲယဉ်းတယ် (မ...သလောက်ပဲ)
✅၁၁။ ကြိယာနောက်ဆက်တွဲများ
🔻~ちゃう / ~ちゃった ...ကုန်ပြီ / ...လိုက်ပြီ (စိတ်မကောင်းဖြစ်တာ/အပြီးသတ်တာ)
🔻~とく (~ておく)...ထားနှင့်တယ်
🔻~切る (きる) ...အကုန်လုပ်တယ်
🔻~かける ...လက်စ (မပြီးသေးတာ)
🔻~たて...ခါစ (အသစ်စက်စက်)
✅၁၂။ ခံစားချက်ပြ အသုံးအနှုန်းများ
🔻~たがる (သူများက) ...ချင်နေတယ်
🔻~がった ...တယ်လို့ ထင်ရတယ်
🔻~てほしい...စေချင်တယ်
🔻~ふりをする...သလိုမျိုး ဟန်ဆောင်တယ်
🔻~ものだ ...လေ့ရှိခဲ့တယ် (အတိတ်ကို လွမ်းဆွတ်တာ)
🔻~ことか ...လိုက်တာ (ခံစားချက်ပြင်းထန်တာ)
✅၁၃။ အကြောင်းအရာ တစ်စုံတစ်ရာအပေါ် ပြောဆိုခြင်း
🔻~に関して (にかんして) ...နဲ့ ပတ်သက်ပြီး
🔻~について...အကြောင်း
🔻~によれば...အရ (သတင်းရင်းမြစ်)
🔻~という ...ခေါ်တဲ့ / ...ဆိုတဲ့
🔻~というのは...ဆိုတာကတော့ (အဓိပ္ပာယ်ဖွင့်ဆိုချက်)
🔻~というより...ထက်စာရင် ...လို့ ပြောတာက ပိုမှန်မယ်
✅၁၄။ ချိတ်ဆက်စကားလုံးများ
🔻つまり ဆိုလိုတာက
🔻そのため (に) ဒါကြောင့်မို့လို့
🔻その結果 အဲ့ဒီရလဒ်အနေနဲ့
🔻ところが ဒါပေမယ့် (မျှော်လင့်မထားတာ ဖြစ်လာတဲ့အခါ)
🔻ところで ဒါနဲ့ စကားမစပ်
🔻それとも ဒါမှမဟုတ်
EPA Japanese online class
#ဂျပန်စာလေ့လာကြမယ်