Paveway Education

Paveway Education Helps students meet with alumni from top Japan universities to discuss application & research. Have contract with Tier-1 Language Schools.

နှစ်သစ်အခါသမယမှာ မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ စီးပွားလာဘ်လာဘ တိုးတက်ကြီးပွား...
17/04/2026

နှစ်သစ်အခါသမယမှာ မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကာ စီးပွားလာဘ်လာဘ တိုးတက်ကြီးပွားပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။✨



🎉 ဂုဏ်ယူပါတယ်! 🎉ဒီနေ့မှာပဲ PAVEWAY EDUCATION ကျောင်းသားက အပြိုင်ဆိုင်အများဆုံးဖြစ်တဲ့တိုကျိုမြို့ရှိLanguage School ကိုပ...
18/03/2026

🎉 ဂုဏ်ယူပါတယ်! 🎉

ဒီနေ့မှာပဲ PAVEWAY EDUCATION ကျောင်းသားက အပြိုင်ဆိုင်အများဆုံးဖြစ်တဲ့
တိုကျိုမြို့ရှိ
Language School ကိုပညာသင်ဖို့ COE ကိုအောင်မြင်စွာ ရရှိသွားပါပြီ 🥳

နောက်တစ်ဆင့်ကတော့ သံရုံးမှာ Visa လျှောက်ခြင်း ဖြစ်ပါတယ် ✈️
ထပ်မံ ဂုဏ်ယူပါတယ်နော် 👏👏

📌 2026 April Intake Timeline
• Feb 24 – COE Result ထွက် (Passed) ✅
• Mar 17 – COE လက်ခံရရှိ 📄
• Mar 17 - လေယာဉ်လက်မှတ်၀ယ်
• Mar 23 - Visa လျှောက်ထား
• Apr 3 – Departure ✈️🇯🇵




【University-Related】EJU အမှတ်မကောင်းလို့ စိတ်ညစ်နေလား? Last minute 2026 April Intake included ✨ဂျပန်တက္ကသိုလ် (学部) ဝင်ခွ...
08/01/2026

【University-Related】EJU အမှတ်မကောင်းလို့ စိတ်ညစ်နေလား?
Last minute 2026 April Intake included ✨

ဂျပန်တက္ကသိုလ် (学部) ဝင်ခွင့်အတွက် EJU အမှတ်တွေနည်းနေလို့ပဲဖြစ်ဖြစ်၊ စာမေးပွဲမဖြေလိုက်ရလို့ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေပြီလား? 😟

"တက္ကသိုလ်တစ်ခုမှ မရမှာ ကြောက်တယ်" "N2 ပဲ ရှိတာ ဘယ်ကျောင်းလျှောက်ရမလဲ" ဆိုတဲ့ ကျောင်းသားတွေအတွက် Safety Schools (安全校) လို့ခေါ်တဲ့ ဝင်ခွင့်ရဖို့ အလားအလာအလွန်များတဲ့ အရည်အသွေးမီ တက္ကသိုလ်တွေကို စုစည်းပေးလိုက်ပါတယ်။

💡Paveway ရဲ့ အကြံပြုချက် (Success Tips):
1️⃣ Safety Net ကျောင်း ၂-၃ ကျောင်းအရင်လျှောက်ပါ: အရင်ဆုံး Offer တစ်ခုရထားမှ စိတ်အေးလက်အေးနဲ့ Dream University တွေကို ဆက်တက်လို့ရမှာပါ။
2️⃣ ရေးဖြေမလိုဘဲ စာရွက်စာတမ်းနဲ့ လူတွေ့စစ်ဆေးရုံနဲ့ တက်လို့ရတဲ့ မေဂျာတွေ အများကြီးရှိပါတယ်။
3️⃣ N2 ရှိရင် အခွင့်အရေးရှိပြီ: EJU မလိုဘဲ N2 နဲ့တင် လက်ခံတဲ့ကျောင်းတွေ ရှိပါတယ်။

🏫 ဝင်ခွင့်ရလွယ်ကူတဲ့ နာမည်ကြီးတက္ကသိုလ်များ
📍 Yamanashi Gakuin University (山梨学院大学)
📅 Application Period: 3rd Round (January 13-30) | 4th Round (February 2-20) | 5th Round (February 23-March 9)
🎯 Requirements: EJU or N2

📍 Meikai University (明海大学)
📅 Application Period: January 31 - February 9 (Schedule
🎯 Requirements: N2 or above or EJU Japanese 200+

🏙️ တိုကျိုနဲ့ အနီးတစ်ဝိုက် (Kanto Area):
✅ Tokyo University of Social Welfare (東京福祉大学): EJU ၂၀၀ ကျော် / N2 ရှိရုံဖြင့်ရ။
✅ J. F. Oberlin University (桜美林大学): N2 ရှိသူများအတွက် အဆင်ပြေ။
✅ Teikyo University (帝京大学): Global Strategy
✅ Takushoku University (拓殖大学): စာရွက်စာတမ်းနဲ့ အင်တာဗျူးပဲရှိတဲ့ မေဂျာများရှိ။
✅ Musashino University (武蔵野大学): အချို့မေဂျာများ အင်္ဂလိပ်စာအမှတ်လိုအပ်။

🏯 ကန်ဆိုင်းဒေသ (Osaka/Kyoto):
✅ Kyoto Foreign Studies University (京都外国語大学)
✅Osaka University of Economics and Law (大阪経済法科大学)
✅Ryukoku University (龍谷大学)
✅Osaka University of Tourism (大阪観光大学) (ခရီးသွားမေဂျာ စိတ်ဝင်စားသူများအတွက်)

⚠️ သတိပြုရန်: အခုအချိန်က နောက်ဆုံးအဆင့် (Late Application) ကာလတွေဖြစ်လို့ စာရွက်စာတမ်းတွေကို အမြန်ပြင်ဆင်ဖို့ လိုပါတယ်။
မိမိရဲ့ အမှတ်နဲ့ ဘယ်ကျောင်းက အသေချာဆုံးလဲဆိုတာ သိချင်ရင်တော့ Education မှာ Recommendation လှမ်းတောင်းလို့ရပါတယ်နော်! 💬
#ဂျပန်ပညာရေး #ဂျပန်တက္ကသိုလ်

25/12/2025

"When you invest in your education, your classroom truly becomes the world. 🌍✨

​Traveling isn't just about seeing new places; it’s about growing as a professional and representing your journey on a global stage.

From the streets of Paris to the heart of Japan, every step is a lesson.💼✈️





【News】၂၀၂၆ ဂျပန်နိုင်ငံ၏ နေထိုင်ခွင့်စနစ် အပြောင်းအလဲ- "နေထိုင်ခွင့်ကတ် (Zairyu Card) နှင့် My Number Card" တစ်ကတ်တည်းဖြ...
24/12/2025

【News】၂၀၂၆ ဂျပန်နိုင်ငံ၏ နေထိုင်ခွင့်စနစ် အပြောင်းအလဲ- "နေထိုင်ခွင့်ကတ် (Zairyu Card) နှင့် My Number Card" တစ်ကတ်တည်းဖြစ်တော့မည်!💳

ဂျပန်နိုင်ငံရောက် နိုင်ငံခြားသားများအတွက် အလွန်အရေးကြီးသည့် စီမံခန့်ခွဲမှုမူဝါဒသစ်တစ်ခု ထွက်ပေါ်လာခဲ့ပြီ။

မူလရှိထားသည့် "နေထိုင်ခွင့်ကတ် (在留カード)" နှင့် "マイナンバーカード" တို့ကို တစ်ကတ်တည်းအဖြစ် ပေါင်းစည်းမည့် "特定在留カード - Tokutei Zairyu Card" စနစ်ကို စတင်တော့မည်ဖြစ်သည်။

📅 ဘယ်တော့ စတင်မှာလဲ?
ဒီမူဝါဒသစ်ကို
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့
မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် မျှော်မှန်းထားသည်။

💡 သိထားသင့်သည့် အချက် ၄ ချက်
၁။ တစ်ကတ်တည်းဖြင့် အကုန်ပြီးစီး
နေထိုင်ခွင့်သက်သေခံခြင်း၊ အစိုးရဌာနဆိုင်ရာ ကိစ္စရပ်များ၊ လူမှုဖူလုံရေး၊ အခွန်စီမံခန့်ခွဲမှု စသည်တို့ကို ကတ်တစ်ကတ်တည်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့သော် ကတ်ချက်ချင်းမလဲချင်သေးသူများအတွက် မူလကတ်များကို ဆက်လက်သုံးစွဲခွင့်ပေးထားသည့် အချိန်ကာလရှိမည်ဖြစ်သည်။

၂။ နိုင်ငံခြားသား ၁၀% ခေတ်အတွက် ပြင်ဆင်ခြင်း
ဂျပန်အစိုးရ၏ ခန့်မှန်းချက်အရ ၂၀၄၀ ပြည့်နှစ်ဝန်းကျင်တွင် ဂျပန်လူဦးရေ၏ ၁၀% သည် နိုင်ငံခြားသားများ ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားသားများကို "ယာယီနေထိုင်သူ" အဖြစ်မဟုတ်ဘဲ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် စနစ်တကျ စီမံခန့်ခွဲရန် ယခုကဲ့သို့ အဆင့်မြှင့်တင်ခြင်းဖြစ်သည်။

၃။ အလုပ်သမားသက်သက်မဟုတ်ဘဲ "ရေရှည်နေထိုင်သူ" အဖြစ် အသိအမှတ်ပြုခြင်း
ယခင်က "ကျွမ်းကျင်လုပ်သား ((技能実習 - Ginno Jisshusei)" စနစ်မှ ၂၀၂၄ ခုနှစ်တွင် အသစ်ပြဌာန်းလိုက်သော "Training and Employment (育成就労 - Ikusei Shuro)"စနစ်သို့ ပြောင်းလဲခြင်းသည် နိုင်ငံခြားသားများကို ရေရှည်အခြေချ နေထိုင်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

၄။ မိမိသဘောဆန္ဒအလျောက် လျှောက်ထားနိုင်ခြင်း
ယခုပြောင်းလဲမှုသည် အတင်းအဓမ္မမဟုတ်ပါ။ မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းလိုက လျှောက်ထားနိုင်သည်။ ဗီဇာသက်တမ်းတိုးချိန် သို့မဟုတ် အချက်အလက်ပြင်ဆင်ချိန်များတွင် လဝက (Immigration) သို့မဟုတ် မြို့နယ်ရုံး (City Hall) များတွင် လျှောက်ထားနိုင်သည်။

⚠️ အထူးသတိပြုရန် အချက်များ

အော့ဖ်လိုင်းသာ လျှောက်နိုင်မည်: လက်ရှိတွင် လူကိုယ်တိုင် ရုံးချိန်းယူ သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး Online မှ လျှောက်ထား၍ မရသေးပါ။

ကြာမြင့်ချိန်: ကတ်အသစ်ရရှိရန် ပုံမှန်ထက် ၁၀ ရက်ခန့် ပိုကြာနိုင်သဖြင့် ဗီဇာသက်တမ်းကုန်ခါနီးသူများ သတိပြုရန်လိုအပ်သည်။

လေဆိပ်တွင် ထုတ်ယူ၍မရပါ: ပထမဆုံးအကြိမ် ဂျပန်ဝင်ရောက်လာသူများအနေဖြင့် အဆိုပါ "ပေါင်းစည်းကတ်" ကို လေဆိပ်တွင် တန်းစီထုတ်ယူ၍မရဘဲ၊ မိမိနေထိုင်ရာ မြို့နယ်ရုံးတွင်သာ လျှောက်ထားရမည်ဖြစ်သည်။

လိုအပ်သောစာရွက်စာတမ်းများ: လျှောက်လွှာ၊ Password သတ်မှတ်ရန် လျှောက်လွှာနှင့် ဓာတ်ပုံတို့ လိုအပ်မည်ဖြစ်သည်။ (အသေးစိတ်ကို နောက်ပိုင်းတွင် ထပ်မံကြေညာသွားမည်)

ဂျပန်ရောက် မြန်မာကျောင်းသားများနှင့် အလုပ်သမားများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် စည်းမျဉ်းများကို သိရှိစေရန် အချင်းချင်း Share ပေးလိုက်ကြပါဦးနော်!



#ဂျပန်နေထိုင်ခွင့် #ဂျပန်ဗီဇာ #မြန်မာလုပ်သားများ

🇯🇵 ၂၀၂၆ ဂျပန်တက္ကသိုလ်ဝင်ခွင့် အချိန်ဇယား လမ်းညွှန် (Direct Entry) 🎓Ref AY2025-2026 ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေပ...
21/12/2025

🇯🇵 ၂၀၂၆ ဂျပန်တက္ကသိုလ်ဝင်ခွင့် အချိန်ဇယား လမ်းညွှန် (Direct Entry) 🎓

Ref AY2025-2026

ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေပြီလားတက္ကသိုလ်တိုက်ရိုက်ဝင်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားများအတွက် အသေးစိတ် သိထားသင့်တဲ့ Timeline ကို မျှဝေပေးလိုက်ပါတယ်။
၂၀၂၆-၂၀၂၇အတွက်လည်း ဒီအချိန်ဇယားလေးကိုကြည့်ပြီးပြင်ဆင်နိုင်ပါတယ်နော်။

📝 ဂျပန်တက္ကသိုလ်တက်ရောက်ရန် အဆင့် (၃) ဆင့်:
1️⃣ EJU စာမေးပွဲ ဖြေဆိုခြင်း (ဂျပန်နိုင်ငံတက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ)
2️⃣ Application (Admission Document) တင်ခြင်း
3️⃣ University Entrance Exam (入学試験) ဖြေဆိုခြင်း
📅 ၀၁။ ပြင်ဆင်မှု အချိန်ဇယား (Preparation Timeline)
ဂျပန်တက္ကသိုလ်အများစုဟာ ဧပြီလ မှာ ကျောင်းစဖွင့်ပါတယ်။ EJU စာမေးပွဲကို တစ်နှစ်လျှင် (၂) ကြိမ် (ဇွန်လ နှင့် နိုဝင်ဘာလ) ကျင်းပပါတယ်။
📍 ဧပြီ - ဇွန်: EJU ပထမအကြိမ်အတွက် intensive လေ့လာရမည့်ကာလ။
📍 ဇွန်လ: ပထမအကြိမ် EJU စာမေးပွဲဖြေဆိုခြင်း။
📍 ဇူလိုင် - သြဂုတ်: ကျောင်းရွေးချယ်ခြင်း၊ လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ခြင်း။ (ပုဂ္ဂလိကတက္ကသိုလ်များ ဝင်ခွင့်စတင်ခေါ်ယူချိန်)။
📍 စက်တင်ဘာ - အောက်တိုဘာ: ဒုတိယအကြိမ် EJU အတွက် ပြင်ဆင်ခြင်း။ (အစိုးရတက္ကသိုလ်များ ဝင်ခွင့်စတင်ခေါ်ယူချိန်)။
📍 နိုဝင်ဘာ: ဒုတိယအကြိမ် EJU စာမေးပွဲဖြေဆိုခြင်း။
📍 နောက်နှစ် ဧပြီ: တက္ကသိုလ် စတင်တက်ရောက်ခြင်း။
> ⚠️ သတိပြုရန်: ပုဂ္ဂလိကတက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲမှာ ဇူလိုင်မှ ဒီဇင်ဘာအတွင်းဖြစ်ပြီး၊ အစိုးရတက္ကသိုလ်များမှာ နိုဝင်ဘာမှ နောက်နှစ်မတ်လအတွင်း ဖြစ်တတ်ပါသည်။
>

📑 ၀၂။ လိုအပ်သော စာရွက်စာတမ်းများ (Document Checklist)
တက္ကသိုလ်လျှောက်လွှာတင်တဲ့အခါ အောက်ပါတို့က မရှိမဖြစ်လိုအပ်ပါတယ် 👇
✅ ကျောင်းဝင်ခွင့်လျှောက်လွှာ (Admission Form)
✅ အထက်တန်းအောင်လက်မှတ်
✅ အထက်တန်းအမှတ်စာရင်း (Transcripts)
✅ ထောက်ခံစာ (Recommendation Letter)
✅ ကျောင်းတက်လိုရသည့်အကြောင်းပြချက် (Statement of Purpose)
✅ EJU ရလဒ်
✅ အင်္ဂလိပ်စာအရည်အချင်းစစ်လက်မှတ် (TOEFL သို့မဟုတ် IELTS - တက္ကသိုလ်အများစုက TOEFL ကို ပိုလက်ခံပါတယ်)
✅ နိုင်ငံကူးလက်မှတ် (Passport)

✍️ ၀၃။ တက္ကသိုလ်ကိုယ်ပိုင် ဝင်ခွင့်စာမေးပွဲ (Internal Exam)
Document Selection အောင်မြင်ပြီးရင် တက္ကသိုလ်ရဲ့ ကိုယ်ပိုင်စာမေးပွဲကို ဖြေဆိုရပါမယ်။ ဒါဟာ အမှတ်ပေးစနစ်ရဲ့ ၈၀% ထိ အရေးပါနိုင်ပါတယ်။
🔹 ရေးဖြေ (Written Exam):
* Arts (ဝိဇ္ဇာ): အဓိကအားဖြင့် အက်ဆေးရေးရပါတယ်။ မိမိလျှောက်ထားတဲ့ မေဂျာနဲ့ပတ်သက်တဲ့ ဗဟုသုတကို စစ်ဆေးပါတယ်။
* Science (သိပ္ပံ): သက်ဆိုင်ရာ မေဂျာအလိုက် သိပ္ပံဘာသာရပ်ဆိုင်ရာ ပုစ္ဆာများကို ဖြေဆိုရပါတယ်။
🔹 လူတွေ့စစ်ဆေးခြင်း (Interview):
အဓိကမေးလေ့ရှိတဲ့ မေးခွန်းများ-
* "ဘာလို့ ဂျပန်မှာ ကျောင်းလာတက်ချင်တာလဲ?"
* "ဘာလို့ ဒီတက္ကသိုလ်ကို ရွေးချယ်တာလဲ?"
* "ဘွဲ့ရရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ?"
✨ Tip: Interview မှာ ဂျပန်စာပြောဆိုနိုင်စွမ်းအပြင် ယဉ်ကျေးစွာပြောဆိုနိုင်စွမ်းရည်ကလည်း အမှတ်ပိုရစေပါတယ်။

ဒီ Timeline လေးအတိုင်း သေချာပြင်ဆင်သွားမယ်ဆိုရင် အိပ်မက်ထဲက ဂျပန်တက္ကသိုလ်ကို တက်ရောက်နိုင်ဖို့ နီးစပ်သွားမှာပါ!




#ဂျပန်ပညာရေး #ဂျပန်တက္ကသိုလ် #ပညာရေးလမ်းညွှန်

【News】MEXTရဲ့ အရည်အသွေးစစ်ဆေးရေး ၅နှစ်တာစီမံကိန်း (Oct 31 ထုတ်ပြန်ချက်)➡️ကျောင်းသားများနှင့် agentများဖတ်ရှုရန်🎯နိုင်ငံခ...
07/11/2025

【News】MEXTရဲ့ အရည်အသွေးစစ်ဆေးရေး ၅နှစ်တာစီမံကိန်း (Oct 31 ထုတ်ပြန်ချက်)

➡️ကျောင်းသားများနှင့် agentများဖတ်ရှုရန်

🎯နိုင်ငံခြားပညာရေးဆက်လက်တိုးတက်နေတာနဲ့အမျှ အစိုးရဘက်မှလည်းအရည်အသွေးစစ်ဆေးမှုတွေကိုစီမံကိန်းနဲ့လုပ်ဆောင်လာရပါတယ်။

ဂျပန်အစိုးရဟာ ဂျပန်စာသင်ကျောင်းတွေရဲ့ အရည်အသွေး မြှင့်တင်ဖို့အတွက်၊ ကျောင်းအားလုံးကို ၅ နှစ်အတွင်း (2024-2029) MEXT ရဲ့ တရားဝင် အသိအမှတ်ပြုလက်မှတ် ရယူဖို့ မဖြစ်မနေ သတ်မှတ်လိုက်ပါတယ်။
(လက်ရှိ Class 1 တွေလည်းထပ်မံစစ်ဆေးပြီးအသိမှတ်ပြုနေဆဲ)

🔔 ကျောင်းသားအတွက် အကျိုးဆက်များ

2029 အတွင်းအသိအမှတ်ပြုလက်မှတ် မရရှိသေးသော ကျောင်းများသည် ၅ နှစ် ကန့်သတ်ကာလပြီးနောက် ပြည်ပမှ ကျောင်းသားအသစ်များ လက်ခံနိုင်တော့မည်မဟုတ်ဘဲ၊ နေထိုင်ခွင့်လက်မှတ်
👉(CoE) ထုတ်ပေးနိုင်တော့မည် မဟုတ်ပါ။

လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝသော ပညာရေး ကို ရရှိရန်အတွက်ယခုအချိန်မှစ၍ MEXT အသိအမှတ်ပြု ကျောင်းများ ကိုသာ ရွေးချယ်သင့်ပါသည်။

✅ အသိအမှတ်ပြုလက်မှတ် ရရန် အဓိက လိုအပ်ချက်များ (ကျောင်းသားအတွက် အာမခံချက်များ)
⭕️ကျောင်းပတ်ဝန်းကျင်တွင် အရွယ်ရောက်ပြီးသူ ဖျော်ဖြေရေးလုပ်ငန်း (ဖူဇိုကု) များ လုံးဝမရှိရ။
စာသင်ခန်း နေရာဧရိယာသည် ကျောင်းသားတစ်ဦးလျှင် 2.3 sqm ရှိရမည်။
⭕️ ဆရာ/မများသည် MEXT သတ်မှတ် စာမေးပွဲ အောင်မြင်သူများ ဖြစ်ရမည်။
⭕️ တစ်နှစ်လျှင် သင်ကြားမှု အနည်းဆုံး ၇၆၀ နာရီ ရှိရမည်။

📊 လက်ရှိအခြေအနေ (Oct 31 ရက်အထိ)
လျှောက်ထားသည့် ကျောင်း 74 ခုတွင် 23 ကျောင်း သာ ခွင့်ပြုချက်ရရှိ (ခွင့်ပြုချက်နှုန်း ၃၁% ခန့်)။

လက်ရှိတွင် စုစုပေါင်း MEXT အသိအမှတ်ပြုကျောင်း ၆၄ ကျောင်းသာ ရှိပါသည်။ ၂၀၂၉ ထိဆက်လက်စစ်ဆေးပါမည်။

大崎市立おおさき日本語学校
サンクパール日本語学院
国際アカデミー日本語学院 取手校
あしかが日本語学校
啓和テラス日本語学校
日本学習アカデミー
与野学院日本語学校
エリートスカイ日本語学校
日新国際日本語学院
BTS言語学院
ISI外語カレッジ
亜細亜友之会外語学院
AOTS日本語教育センター
KCP地球市民日本語学校
公益社団法人国際日本語普及協会(AJALT)
JICE 日本語教育・就労支援センター
尚藝舎言語学院
千駄ヶ谷外語学院
千駄ヶ谷日本語学校
帝京平成大学附属日本語学校
東京ギャラクシー日本語学校
東京昭和国際学院
東京明生日本語学院
ミッドリーム日本語学校
三福日本語学院
友国際文化学院
軽井沢国際日本語学校
至誠学院
セレンディップインターナショナルスクール
中部国際学院 静岡校
ZEN国際学院
中部福祉保育日本語専門学校
名古屋YWCA学院日本語学校
NW国際学院
京都文化日本語学校
京都民際日本語学校
京都ランゲージアカデミー
蒼国際学院
ACS国際文化学院
Ace Academy 日本語科
大阪なにわ日本語学校
大阪YMCA学院
首都外語国際学院
福和協同アカデミー
みなと日本語学校
友ランゲージアカデミー大阪校
ZERO日本語学校
WBPアカデミー日本語学校
ぶどうの樹日本語教育センター
和歌山医療スポーツ専門学校 日本語学科
鳥取社会福祉専門学校 日本語教育専門課程 日本語学科
岡山外語学院
やかげビジネスカレッジ日本語学校
Japanese College 福山
専門学校 健祥会学園
アトム国際外語学院
ゲートウェイ日本語学校
博多国際学院
福岡国際外語学院
ICA国際会話学院 嬉野校
ICA国際会話学院 荒尾校
佐伯民際日本語学校
ICA国際会話学院 霧島校
赤塚学園美容・デザイン専門学校
To be continued until 03/2029

🔗Source : 認定日本語教育機関案内 (2024-2029)
MEXT Link in the comment

ကျောင်းရွေးချယ်မှုနှင့် ဗီဇာလျှောက်ထားမှု နှင့် B2B ဆွေးနွေးမှုများကိုChat Box တွင် မေးမြန်းနိုင်ပါသည်။





🇯🇵✈️ တစ်နှစ်လျှင်တစ်ခါပဲရတဲ့အခွင့်အရေး‼️26年日本留学အတွက်Overall အချိန်ဇယားအချို့ က ဂျပန်မှာကျောင်းတက်ချင်ကြပေမဲ့「ဘယ်အချိန်မှ...
29/10/2025

🇯🇵✈️ တစ်နှစ်လျှင်တစ်ခါပဲရတဲ့အခွင့်အရေး‼️

26年日本留学အတွက်
Overall အချိန်ဇယား

အချို့ က ဂျပန်မှာကျောင်းတက်ချင်ကြပေမဲ့「ဘယ်အချိန်မှာပြင်ဆင်ရမလဲ」「ဘယ်အချိန်မှာလျှောက်ရမလဲ」ဆိုတာ မရှင်းလင်းတာကြောင့်
😭အချိန်မှန်မှန်မတိုင်ပဲ မျှော်လင့်ချက်နဲ့မကိုက်ညီတာတွေဖြစ်တတ်ပါတယ်။

မပူနဲ့~ဒီနေ့ပြောပေးမယ့်အကြောင်းရာက 日本留学အတွက်အရေးကြီးတဲ့အချိန်ဇယားအစအဆုံးပါ။

ဘာလို့ဆိုတော့ language schoolကနေ大学院အထိ တစ်ချို့ overall timing မမှန်ရင် အခွင့်အရေးတွေ လွတ်နိုင်တာမို့လို့ပါ။

ကျောင်းသားတွေအတွက် အချိန်ကို စီမံဖို့က အဓိကပါ❗️

✅ 日本語学校(Language School)
အများစု Japan မှာရှိတဲ့life style ကိုသင်ယူဖို့ ဘာသာစကားတိုးတက်ဖို့ language schoolကနေစတက်ကြပါတယ်~🇯🇵
ကျောင်းစာသင်နှစ်ကလည်းသီးသန့်ရှိပါတယ်👇
🔺 1月入学:1年3ヶ月
🔺 4月入学:2年
🔺 7月入学:1年9ヶ月
🔺 10月入学:1年6ヶ月
👉 အကြံပြုချက်:April အနေနဲ့တက်တာကအချိန်လည်းလုံလောက်ပြီး uni/ mater တက်ဖို့chance များပါတယ်🤩

✅ 日本学部(Bachelor Program)
日本学部ကမြန်မာမှာရှိတဲ့ တက္ကသိုလ်နဲ့တူတူပါပဲ
4年制大学ပဲဖြစ်ပါတယ်🎓
📅 入学时间:4月・10月
📜 Application Time:Spring Intake 6〜8月 / Fall Intake 9〜12月
📝 Exam Period: Spring Intake 7〜8月 / Fall Inake 11月〜翌年2月(နောက်နှစ် ၂လပိုင်း)

✅ 日本大学院(Graduate School)
大学院ကတော့မြန်မာအနေနဲ့ မဟာဘွဲ့တန်းလိုပါပဲ၊
学制က 2နှစ်သာရှိပါတယ်
📅 入学時期:4月・10月
📜 Application Period: Spring Intake 6月〜9月 / Winter Intake : 10月~1月
📝 Exam Period: Spring 7月~9月/ Winter 2月 ~ 3月

📖 Tips:
留学ဖို့စဉ်းစားနေလျှင် ကိုယ့်ရဲ့出国タイミングအပေါ်မူတည်ပြီးပြင်ဆင်ဖို့စတင်နိုင်ပါတယ်။
ဘာသာစကားလိုအပ်ချက်အတွက် TOEFL/IELTS စတဲ့အတွက်လည်းကြိုတင်ပြင်ထားသင့်ပါတယ်🧐

အဲ့ဒါပဲ~💓
ဒီ留学タイムラインကိုသိထားရင် ဘယ်အချိန်မှာ စာရွက်စာတမ်းတင်ရမလဲ၊ ဘယ်အချိန်မှာတက်ရမလဲဆိုတာရှင်းသွားပါပြီ✨


#日本語

【Economics】【Commerce】 【Management】အားလုံးပဲ မင်္ဂလာပါနော်။ 👋ဂျပန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့  (文系) ညီလေး၊ ညီမလေးတွေအ...
19/10/2025

【Economics】【Commerce】 【Management】

အားလုံးပဲ မင်္ဂလာပါနော်။ 👋

ဂျပန်မှာ ကျောင်းတက်ဖို့ စဉ်းစားနေတဲ့ (文系) ညီလေး၊ ညီမလေးတွေအတွက် စီးပွား​ရေးမေဂျာနဲ့ပက်သက်တာတွေကိုပြောပြပေးချင်ပါတယ်။
ကျောင်းကို အရင်ရွေး၊ ပြီးမှ ဘာသာရပ်ကို ဆုံးဖြတ်ပါ။ 🎯

"ငါကတော့ Commerce ပဲ တက်မှာ" လို့ အစောကြီး ဘာသာရပ်ကို ရွေးလိုက်ရင်
ကျောင်းအသီးသီးက စာမေးပွဲ ဖြေဆိုရမယ့် ဘာသာတွေ လုံးဝ ကွဲပြားသွားလို့ ပြင်ဆင်ရတာ အရမ်း ပင်ပန်းသွားနိုင်ပါတယ်။ ဥပမာလေး ကြည့်ရအောင်-

🎓 Meiji University မှာ Commerce ကို ဖြေမယ်ဆိုရင်- 日本語+ 総合科目+ TOEFL 48+/TOEIC 600+ လိုတယ်။

🎓 Aoyama Gakuin မှာ ဖြေမယ်ဆိုရင်- 日本語+ 総合科目+数学 လိုတယ်၊ အင်္ဂလိပ်စာ မလိုဘူး။

🎓 Rikkyo University မှာ ဖြေမယ်ဆိုရင်တော့- 日本語+ 数学+ 総合科目+ 英語လေးခုလုံး လိုတယ်။

⚠️ မြင်တဲ့အတိုင်းပဲနော်။ ကိုယ်ကြိုက်တဲ့ဘာသာရပ်ကိုပဲ ကြည့်ပြီး ကျောင်းရွေးလိုက်ရင် စာမေးပွဲ ဖြေရမယ့်ပုံစံ မတူလို့ ဒုက္ခရောက်တတ်တာမို့ သတိထားပါ။

ဂျပန်မှာ နာမည်ကြီးတဲ့ ဘာသာရပ် ၃ မျိုး ကွာခြားချက်တွေ

ဒီတော့ အဓိက ဘာသာရပ် ၃ မျိုးဖြစ်တဲ့ စီမံခန့်ခွဲမှုပညာ (Management/経営学)၊ စီးပွားရေးပညာ (Commerce/商学) နဲ့ စီးပွားရေး (Economics/経済学) တို့ ဘယ်လိုကွာလဲဆိုတာကို ရိုးရိုးရှင်းရှင်း ရှင်းပြပေးမယ်နော်။

💼 စီမံခန့်ခွဲမှုပညာ (Management / 経営学)
ဒီဘာသာရပ်ကတော့ ကုမ္ပဏီတစ်ခုရဲ့ အတွင်းပိုင်း စီမံခန့်ခွဲမှု ကို အဓိက လေ့လာတာပေါ့။

ဘာတွေသင်လဲ: ကုမ္ပဏီကို ဘယ်လို စီမံခန့်ခွဲမလဲ၊ ဝန်ထမ်းတွေကို ဘယ်လို စည်းရုံးမလဲ၊ ဖွဲ့စည်းပုံ ဘယ်လိုထားမလဲ ဆိုတဲ့ ကိစ္စတွေကို အာရုံစိုက်တယ်။

ဘယ်နေရာတွေမှာ အလုပ်လုပ်ရလဲ: HR (လူ့စွမ်းအားအရင်းအမြစ်)၊ စီမံခန့်ခွဲမှု စီမံကိန်း (Management Planning) စတဲ့ ရာထူးတွေမှာ အဓိက လုပ်ရတယ်။

📈 စီးပွားရေးပညာ (Commerce / 商学)
ဒီဘာသာရပ်ကတော့ ကုမ္ပဏီနဲ့ ဈေးကွက် ဆက်သွယ်မှု ကို အလေးပေးတယ်။

ဘာတွေသင်လဲ: ဈေးကွက်ရှာဖွေရေး (Marketing)၊ စားသုံးသူတွေရဲ့ အကြိုက်ကို လေ့လာတာ၊ ပစ္စည်းပို့ဆောင်ရေး (Logistics) စတာတွေကို လေ့လာပြီး လက်တွေ့အသုံးချ ပိုင်းကို ဦးတည်တယ်။

သင်္ချာ: သင်္ချာလိုအပ်ချက်ကတော့ သိပ်မများဘူး၊ စိတ်ပူစရာ မရှိဘူး။

ဘယ်နေရာတွေမှာ အလုပ်လုပ်ရလဲ: အရောင်း၊ ဈေးကွက်ရှာဖွေရေးစတဲ့ နေရာတွေမှာ သွားလို့ရတယ်။

💹 စီးပွားရေး (Economics / 経済学)
ဒီဘာသာရပ်ကတော့ သီအိုရီပိုင်း အရမ်းအားကောင်းပြီး၊ နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေး (Macro) နဲ့ တစ်ဦးချင်း၊ လုပ်ငန်းငယ်လေးတွေရဲ့ စီးပွားရေး (Micro) တွေကို လေ့လာတယ်။

ဘာတွေသင်လဲ: စီးပွားရေးပညာရဲ့ အခြေခံ သီအိုရီတွေ၊ နိုင်ငံတကာ ငွေကြေး စနစ်တွေကို သင်ရတယ်။

သင်္ချာ: သင်္ချာအခြေခံ ကောင်းကောင်းလိုတယ်နော်။ (Calculus) လိုမျိုး အဆင့်မြင့် သင်္ချာတွေပါ လေ့လာတယ်။

ဘယ်နေရာတွေမှာ အလုပ်လုပ်ရလဲ: ငွေကြေး/ဘဏ္ဍာရေး (Finance)၊ ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေ၊ အစုရှယ်ယာ လုပ်ငန်းတွေမှာ အဓိက ဝင်လုပ်နိုင်တယ်။

အလွယ်မှတ်ဖို့ အကျဉ်းချုပ် 🔑

Economics ➡ သီအိုရီ ဆန်တယ် + Finance ဘက်ကို ဦးတည်၊ သင်္ချာ ကောင်းဖို့လို။

Commerce ➡ ဈေးကွက် ဆန်တယ် + လက်တွေ့ ဆန်၊ သင်္ချာ သိပ်မပူရဘူး။

Management➡ ကုမ္ပဏီ အတွင်းပိုင်း စီမံခန့်ခွဲမှုလုပ်ရတဲ့ ဘာသာရပ်။

ဒီတော့ ကိုယ်လိုချင်တဲ့ အလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ဆုံးဖြတ်ပြီးရင် ပထမဆုံး ကိုယ်တက်ချင်တဲ့ ကျောင်းတွေရဲ့ လိုအပ်ချက်ကို အသေးစိတ် ကြည့် ဖို့ မမေ့နဲ့နော်။

ဒါမှ ကိုယ့်အတွက် အသင့်တော်ဆုံး စာမေးပွဲ ဘာသာရပ်ကို ရွေးပြီး စိတ်ချလက်ချ ပြင်ဆင်နိုင်မှာပါ။ 💪

⭐️Paveway Educationမှာ ကျောင်းလျှောက်ဖို့ 1 year planning အပြင် Essay Guidance ကိုလည်း
AI Detection & Plagiarism free နဲ့လုပ်ပေးနေပါပြီနော်!
အသေးစိတ်ကိုတော့ DM 📩




【Language School Related】ဂျပန်မှာ ကျောင်း ရွေးချယ်မယ်ဆိုရင် ဒီကျောင်း(၄)မျိုးမရွေးမိစေနဲ့!‼️ဂျပန်မှာ ကျောင်းလာတက်တဲ့အခါ ...
08/10/2025

【Language School Related】ဂျပန်မှာ ကျောင်း ရွေးချယ်မယ်ဆိုရင် ဒီကျောင်း(၄)မျိုးမရွေးမိစေနဲ့!‼️

ဂျပန်မှာ ကျောင်းလာတက်တဲ့အခါ ဒီအချက်တွေကို သတိမထားမိရင်တော့ သင့်ရဲ့ ပညာရေးလမ်းကြောင်း တကယ်ကို ဒုက္ခရောက်နိုင်တယ်။ ကျူရှင်ခ ဘယ်လောက်ပဲ သက်သာတယ် ပြောပြော၊ ဒီအောက်က ကျောင်း (၄) မျိုးကိုတော့ ရှောင်စေချင်တယ်နော်!

🛑 ရှောင်သင့်တဲ့ ကျောင်း (၄) မျိုး

1️⃣မြို့နဲ့ ဝေးတဲ့ နယ်စွန်နယ်ဖျား ကျောင်းတွေ

ပထမဆုံးအချက်ကတော့ အဝေးကြီးမှာရှိတဲ့ ကျောင်းတွေပါ။ ဘယ်တော့မှ မရွေးလိုက်ပါနဲ့။ အိမ်ငှားခ သက်သာတာကလွဲလို့ ကျန်တာ အားလုံးက ကောင်းတဲ့အချက်သိပ်မရှိသလောက်ပါပဲ။ ရွေးပြီးရင်...

ကျောင်းပြောင်းဖို့ မလွယ်ဘူး။
အချိန်ပိုင်းအလုပ် ရှာမရဘူး။
တက္ကသိုလ်၊ ကောလိပ်ကောင်းတွေ သွားတက်ဖို့ အခွင့်အရေး မရှိဘူး။ နှစ်နှစ်တာ အချိန်တွေ ပုပ်နိုင်ပါတယ်!

ကျောင်းပြီးရင် ဆက်တက်ဖို့ ရည်ရွယ်တယ်ဆိုရင်တော့ တိုကျို က အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ တိုကျိုမှာ သင်ကြားရေး အရင်းအမြစ်တွေ ပေါများလို့ပါ။
နယ်ဝေးကျောင်းတွေမှာလို ၂ နာရီကြာအောင် ရထားစီးပြီးမှ ကျောင်းတစ်ကျောင်းကို သွားရတာမျိုးနဲ့ ယှဉ်ရင် အရမ်းအဆင်ပြေတယ်။

ပြီးတော့၊ တိုကျိုလိုမြို့ကြီး
နေရာကောင်းတွေမှာရှိတဲ့ ကျောင်းတွေက ငွေကြေး ခိုင်မာမှုနဲ့ အရည်အချင်း စစ်ဆေးခံရမှု အာမခံချက် ပိုရှိလို့ စိတ်ချရတယ်။

2️⃣အရမ်းသေးတဲ့ ကျောင်းတွေ

ဒုတိယအချက်ကတော့ သေးလွန်းတဲ့ ကျောင်းတွေပါ။ ကျောင်းသားဦးရေ (၁၀၀) အောက်ပဲရှိပြီး နှစ်ပေါင်းများစွာ လူသစ်လည်း မထပ်ထည့်နိုင်တဲ့ ကျောင်းတွေက စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းတတ်တယ်။

သူတို့က "အတန်းငယ် အရည်အသွေးမြင့် ပညာရေး" လို့ ကြော်ငြာပေမယ့် တကယ်တမ်းကျတော့...
N1 တတ်တဲ့သူနဲ့ N5 စသင်တဲ့သူတွေ အတူတူ သင်နေရတာမျိုးတွေ ဖြစ်တတ်တယ်။
ဆရာ အစားထိုးခန့်တာမျိုးတွေ တစ်လကို အကြိမ်ကြိမ် ဖြစ်နေတတ်တယ်။

စာအုပ်ကိုပဲ ဖတ်ပြပြီး ဘာမှ ဂရုမစိုက်တဲ့ ဆရာနဲ့ တွေ့ရင် ဂျပန်စာတိုးတက်ဖို့ အတွက်ခက်တယ်။

3️⃣ကိုယ့်လိုအပ်ချက်နဲ့မကိုက်တဲ့ကျောင်းတွေ
တချို့ကျောင်းသားတွေက အချိန်ပိုင်းအလုပ်နဲ့ပက်သက်ပြီးမတင်းကြပ်တာတွေရှိပါတယ် ဂျပန်ကိုလာတာက ကျောင်းဆက်တက်ဖို့ ဆိုရင်တော့ ကိုအရမ်းအလေးမပေးပဲ နာမည်ကြီးUniversity တွေနဲ့ချိတ်ထားတဲ့ကျောင်းဆိုရင် ကိုယ့်လိုချင်တဲ့ပန်းတိုင်ကိုအမြန်ရောက်စေမှာပါ။

4️⃣အခကြေးငွေတွေကို လိုသလို ကောက်တဲ့ ကျောင်းတွေ

စတုတ္ထအချက်ကတော့ အခကြေးငွေတွေကို လိုသလို ကောက်တဲ့ ကျောင်းတွေပါ။ ကျောင်းက အမြတ်ရဖို့ လိုတာ မှန်ပေမယ့် တချို့ကျောင်းတွေက လုပ်ငန်းခွင်ရဲ့ နောက်ကွယ်မှာ အများကြီး ဖုန်းကွာ် ထားတတ်ကြတယ်။

ကျူရှင်ခ မြင့်တာအပြင် စာအုပ်ဖိုး၊ အဆောက်အဦဖိုး၊ လှုပ်ရှားမှုဖိုး စတဲ့ ဝှက်ထားတဲ့ ပိုက်ဆံတွေ အများကြီး ကောက်တတ်တယ်။ ဥပမာ- မဖြစ်မနေ ဖုန်းပလန်ယူခိုင်းတာ၊ သူတို့ရဲ့ ကိုယ်ပိုင်ကျောင်းကို ဆက်တက်ခိုင်းတာ၊ ဒါမှမဟုတ် ၁ နှစ်စာ သင်တန်းကို ဆက်မတက်ရအောင် လုပ်တာမျိုးတွေ လုပ်တတ်တယ်။ ကျောင်းပြောင်းချင်ရင်လည်း ကျူရှင်ခ ပြန်မအမ်းပေးတာအပြင် (၃၀)% "လျော်ကြေးဒဏ်ကြေး" ပေးရတာမျိုး ရှိတယ်။ အဲလိုကျောင်းမျိုး ရွေးမိရင် တကယ် စိတ်တိုစရာကောင်းတာပေါ့နော်!

✅ ကျောင်းမှန် ရွေးချယ်ဖို့ အချက် (၆) ချက်

⭐️Quality: အစိုးရ အသိအမှတ်ပြုထားတဲ့ "Excellent Schools/ Class 1" ဖြစ်ဖို့က အနိမ့်ဆုံး စံနှုန်းပဲ။

📍တည်နေရာ: တိုကျို (Tokyo) ဒါမှမဟုတ် အိုဆာကာ (Osaka) အစရှိသဖြင့်ကို ရွေးသင့်တယ်။
ကျူရှင်ခ: တစ်နှစ်ကို ယန်း သောင်း၈၀ ဝန်းကျင်က ပုံမှန် ဈေးနှုန်းပါ။

📚သင်ရိုးညွှန်းတမ်း: သင်တက်မယ့် ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ သင်ရိုး ရှိဖို့က အရမ်း အရေးကြီးတယ်။

🏢 စီမံခန့်ခွဲမှုပုံစံ: တင်းကျပ်လွန်းတာ ဒါမှမဟုတ် ပေါ့ဆလွန်းတာမျိုးတွေက မသင့်တော်ဘူး။

🌎 ကျောင်းသားအချိုးအစား: international ကျောင်းသားများတဲ့ ကျောင်း ကို ရွေးဖို့ ကြိုးစားပါ။ (ဒါမှ သင်က စာကို ပိုအာရုံစိုက်နိုင်မယ်။)

ဒီအချက်တွေအားလုံးကိုရချင်ရင်တော့
Paveway Education ကို ယုံကြည်စွာ ဆက်သွယ်ပါလို့ အကြံပြုပါရစေ!

Pavewayမှာ Language Schoolပြီးတာနဲ့ကိုယ်တက်ချင်တဲ့ University လျှောက်ပေးခြင်း /Vocational Schoolအတွက်ပါချိတ်ဆက်ပေးနေပါတယ်။

📢 ကဲ... နောက်ဆုံး ပြောချင်တာက
ဂျပန်မှာ ပညာသင်ဖို့အတွက် တစ်နှစ်ကြိုတင်ပြီး ဆွေးနွေးပြင်ဆင်ရတယ်။ ဂျပန်ကို လာဖို့ စီစဉ်နေသူတွေ အနေနဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Pavewayအနေနဲ့ Business Collboratorများလည်း ရှာဖွေနေပါတယ်။ စိတ်ဝင်စားရင် DM ပို့ပြီး ဆွေးနွေးနိုင်ပါတယ်နော်။




住所

TOKYO
Toshima, Tokyo

ウェブサイト

アラート

Paveway Educationがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー