CIM Focus

CIM Focus Myanmar Civil Engineer တိုင်း
BIM/CIM နည်းပညာနဲ့အကျွမ်းတဝင် ရှိစေဖို့ ရည်ရွယ်ပါတယ်

Revit self study လေ့လာချင်သူများအတွက်Complete Tutorial link 👇🏼 comment မှာ ယူပါ
17/07/2026

Revit self study လေ့လာချင်သူများအတွက်
Complete Tutorial link 👇🏼 comment မှာ ယူပါ

AutoCAD self study လေ့လာချင်သူများအတွက်Complete Tutorial link 👇🏼Drawing files dataset ကို comment မှာ ယူပါ
16/07/2026

AutoCAD self study လေ့လာချင်သူများအတွက်
Complete Tutorial link 👇🏼

Drawing files dataset ကို comment မှာ ယူပါ

FYI 💡
01/07/2026

FYI 💡

JLPT မှာ ဘယ်အပုဒ်မှန်ရင် ဘယ်နှမှတ်ရမလဲ??
အောင်စာရင်းမှာ ဖော်ပြတဲ့ 0~180 ဆိုတဲ့ ဂဏန်းတွေဟာ အဖြေမှန်အပုဒ်တွေရဲ့ ရမှတ်စုစုပေါင်း မဟုတ်ဘဲ IELTS 7တို့ 7.5 တို့လို အဆင့်သတ်မှတ်ချက်တွေ ဖြစ်တယ်ဆိုတာ သိပါသလား?

အနှစ်ချုပ်ပြောရရင် JLPT မှာ ဘယ်အပုဒ်အတွက် အမှတ်ဘယ်လောက်ပေးတယ်ဆိုတာ သတ်မှတ်မထားပါဘူး။

📚📚📚📚📚📚📚📚📚📚📚

JLPT စာမေးပွဲ နီးလာပြီဆိုတော့ စာမေးပွဲ အမှတ်ပေးစနစ်နဲ့ ပတ်သတ်ပြီး တော်တော်များများ အမှတ်မှားတတ်ကြတဲ့ အချက်နဲ့ပတ်သတ်ပြီး JLPTကထုတ်ပြန်ထားတဲ့尺度得点ဆိုတဲ့ အမှတ်ပေးပုံပေးနည်းကို ကိုးကားပြောပြချင်ပါတယ်။

စာမေးပွဲရလဒ်ထွက်လာတဲ့ အခါ "ငါတော့ ၁မှတ်နဲ့ ကပ်ကျတာကွာ။ နောက်တစ်ပုဒ်လောက်သာ မှန်လိုက်ရင် အောင်ပြီ" စသဖြင့် မခံမရပ်နိုင်ဖြစ်ရတဲ့ ကိစ္စမျိုးတွေ ကြားဖူးကြပါတယ်။ တကယ်တော့ လိုနေတဲ့ ၁မှတ်ရဖို့ နောက်တစ်ပုဒ် မကလို့ နောက်၄,၅ ပုဒ် မှန်နေရင်တောင် ရချင်မှရမှာပါ။ "ဟင်! စာမေးပွဲဆိုမှ မေးခွန်း၁ပုဒ်ကို အနည်းဆုံး ၁မှတ်တော့ ပေးတယ်မဟုတ်ဘူးလား။ ၁ပုဒ်ထပ်ရရင် ကျိန်းသေအောင်ပြီ မဟုတ်လား။" ဆိုပြီး စောဒက တက်ကောင်းတက်ပါလိမ့်မယ်။

အဲ့ဒါမျိုးက သမားရိုးကျစာမေးပွဲ အမှတ်ပေးနည်းတွေမှာ ဆိုရင်တော့မှန်ပေမယ့် JLPT လိုမျိုး Item Response Theory (IRT) ဆိုတဲ့ နည်းစဉ်ပေါ်မှာ အခြေခံတဲ့ အမှတ်ပေးစနစ်မျိုးမှာဆိုရင်တော့ ကျိန်းသေအောင်မယ်လို့ ပြောလို့မရပါဘူး။ ပြီးတော့ JLPT မှာ အားလုံးပြောနေကြတဲ့ Reading အမှတ်ပြည့် 60 တို့ Listening အမှတ်ပြည့် 60 တို့ဆိုတာ တကယ်တမ်းတော့ အမှတ်တွေမဟုတ်ကြပါဘူး။ 0~60 ဆိုပြီး သတ်မှတ်ထားတဲ့ အဆင့်သတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ IELTS 7 တို့ 8 တို့ဆိုတာ မှန်တဲ့ အပုဒ်တွေရဲ့ အမှတ်ပေါင်းကို ဖော်ပြတာ မဟုတ်ဘူး ဆိုတာ လူတိုင်းသိကြပါတယ်။ JLPT လည်း အလားတူပါပဲ။ ရှုပ်သွားကြပြီလား?
အောက်မှာ အကျယ်တဝင့် ဆက်ရှင်းပြပါ့မယ်။

သမားရိုးကျအမှတ်ပေးစနစ်တွေရဲ့ အားနည်းချက်ကို အရင်ပြောပြချင်ပါတယ်။ ဆိုကြပါတော့ သင်ဟာ ပြဌာန်းစာအုပ် တစ်အုပ်လုံးရဲ့ အကုန်လုံးကို ထုံးလိုချေရေလိုနှောက် လေ့လာပြီး စာမေးပွဲအတွက်ပြင်ဆင်ထားတယ်ဆိုပါတော့။ တကယ့်စာမေးပွဲ မဖြေခင်တစ်ရက် အိမ်မှာ အစမ်းအနေနဲ့ နမူနာမေးခွန်း ၂စုံကို မနက်၁စုံ ညနေ၁စုံဖြေကြည့်တယ် ဆိုပါတော့။ မနက်ပိုင်းဖြေတဲ့ အစုံက နည်းနည်းလွယ်လို့ 95 မှတ်ရပြီး၊ ညနေပိုင်းဖြေတဲ့ အစုံက ခက်လို့ 85 ပဲရတယ်ဆိုပါတော့။ 10 မှတ်လျော့သွားတယ်ဆိုတော့ စာမေးပွဲရလဒ်အရ ဆိုရရင် သင်ဟာ တစ်ရက်အတွင်းမှာပဲ ဒီဘာသာရပ်နဲ့ပတ်သတ်တဲ့ သင်ကျွမ်းကျင်တတ်မြောက်မှု စွမ်းရည်ကလျော့ကျသွားတယ်လို့ ဆိုရမလိုဖြစ်နေတယ် မဟုတ်လား။ တကယ်ပဲ စွမ်းရည်တွေ လျော့ကျသွားတာလား?

နောက်ထပ် ဥပမာအနေနဲ့ ကျောင်းသားA နဲ့ B ရှိတယ်ဆိုပါတော့။ ကျောင်းသား A က ဒဂုံမှာ ကျောင်းတက်တယ်။ ကျောင်းသား B က ဗဟန်းမှာ ကျောင်းတက်တယ်။ သူတို့နှစ်ယောက်က ဉာဏ်ရည်လည်းတူကြတယ်။ ဖတ်မှတ်လေ့လာထားတဲ့ သင်ခန်းစာတွေအတူတူပဲ၊ နမူနာမေးခွန်းတစ်စုံ အတူတူဖြေကြည့်တော့လည်း အမှတ်တူတူရတဲ့ နှစ်ယောက်က ကျောင်းတွေကစစ်တဲ့ စာမေးပွဲအသီးသီးကိုဖြေတော့ A က 85 နဲ့ ဂုဏ်ထူးရပြီး၊ B က 74 နဲ့ ဂုဏ်ထူးပြုတ်ကျန်ခဲ့တယ်ဆိုရင် A က B ထက်ပိုတော်တယ်လို့ သတ်မှတ်မှာလား?

သမားရိုးကျအမှတ်ပေးစနစ်တွေရဲ့ အားနည်းချက်ကတော့ အပေါ်က ဖော်ပြခဲ့တဲ့ဥပမာတွေအတိုင်းပဲ အရည်အချင်းတူရင်တောင် စာမေးပွဲမေးခွန်းရဲ့ အလွယ်အခက်ပေါ်မူတည်ပြီး ရမှတ်တွေကွာသွားတော့ စာမေးပွဲရလဒ်ကိုကြည့်ပြီး တကယ့်အရည်အချင်းကို ဆုံးဖြတ်တာဟာ အလုံးစုံမှန်ကန်မှုမရှိပါဘူး။

IRT ကိုအခြေခံပြီး အမှတ်ပေးတဲ့ JLPT, TOEFL, TOEIC လို စာမေးပွဲတွေမှာ ဆိုရင်တော့ ကျွမ်းကျင်မှုအရည်အချင်းတူညီရင် ဘယ်အချိန် ဘယ်နေရာမှာ ဘယ်မေးခွန်းကိုဖြေဖြေ ရလဒ်အတူတူထွက်နေအောင် စီမံထားပါတယ်။ ရမှတ်က မေးခွန်းအလွယ်အခက်ပေါ်မူမတည်ဘဲ အရည်အချင်းတစ်ခုတည်းပေါ်ပဲ မူတည်အောင် ပြုလုပ်ထားတဲ့ သဘောပါ။

ဥပမာ A နဲ့ B နှစ်ယောက် JLPT N2 level ဖြေကြတယ်ဆိုပါတော့။ B က A ထက် ဂျပန်စာပိုရတယ်။ ဒါပေမယ့် စာမေးပွဲမှာ ၁၀ပုဒ်မှာ ၅ပုဒ်စီပဲ မှန်ကြတယ်။ A က လွယ်တဲ့မေးခွန်း ၅ပုဒ်မှန်ပြီးတော့၊ B ကလွယ်တာ ၃ပုဒ်နဲ့ ခက်တာ ၂ပုဒ် မှန်တယ်။ အဲ့ဒီလိုအနေအထားမှာဆို B က အမှတ်ပိုရမှာပါ။ ခက်တဲ့မေးခွန်းကိုဖြေနိုင်ဖို့ skill ပိုလိုအပ်တဲ့အတွက် ဖြေနိုင်တဲ့သူဟာ ကျွမ်းကျင်မှုအားဖြင့် ပိုမြင့်တဲ့အဆင့်သတ်မှတ်ချက်ကို ရမှာပါ။ လွယ်တဲ့မေးခွန်းတွေ အကုန်ဖြေနိုင်ဦးတော့၊ ခက်တဲ့မေးခွန်းတစ်ပုဒ်မှ မဖြေနိုင်ရင်တော့ ကျွမ်းကျင်မှုသတ်မှတ်ချက် အနိမ့်ပိုင်းမှာပဲ ရှိနေမှာပါ။ (စာမေးပွဲမှာ ကံကိုတော့ ထည့်မစဉ်းစားပါ။)

ဘယ်မေးခွန်းက ခက်ပြီး၊ ဘယ်မေးခွန်းက လွယ်တယ်ဆိုတာ မေးခွန်းထုတ်တဲ့သူကလည်း သိပြီးသားဖြစ်သလို၊ စာမေးပွဲဖြေသူတွေရဲ့ အဖြေကိုစာရင်းပြုစုခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ ကျောင်းသားအများစု မဖြေနိုင်တဲ့မေးခွန်းကို ခက်တယ်လို့ ယူဆလို့ရတာပေါ့။

အမှတ်ပေးဖို့(အဆင့်သတ်မှတ်ဖို့အတွက်) မေးခွန်းတစ်စုံလုံးမှာ ဖြစ်နိုင်ချေရှိတဲ့ ဖြေပုံဖြေနည်း pattern (1,1,2,3,3.... လား၊ 1,2,3,2,1... လား စသည်ဖြင့်) တွေကို list လုပ်ပါတယ်။

ပေါ်ထွက်လာနိုင်တဲ့ Pattern တွေကို list လုပ်ကြည့်ရင် အတော်လေးကိုများတာပါ။ N1 ရဲ့ Vocabularyနဲ့ Grammar မေးခွန်းsectionနဲ့ ဥပမာပေးရရင် အဖြေ 1~4ကနေ အမှနိကိုရွေးရတာဖြစ်ပြီး၊ မေးခွန်းပေါင်းက 45 ခုရှိတဲ့အတွက် ဖြစ်နိုင်ချေရှိတဲ့ pattern ပေါင်းက 4^45 = 1.238 x 10^27 ခုရှိပါတယ်။ အတော့်အတော့်ကို များတဲ့ အရေအတွက်ပါ။

အဲ့ဒီ pattern တွေကို 0~60 ဆိုတဲ့ အဆင့်သတ်မှတ်ချက် 61 ခုထဲကို ခွဲထည့်ပါတယ်။ အဲ့ဒီအတွက် အဆင့်တစ်ခုမှာ pattern ပေါင်း သန်းနဲ့ ကုဋေနဲ့ချီပြီး ပါဝင်နိုင်ပါတယ်။

အဲ့ဒီလိုမျိုးခွဲပြီး အမှတ် 0~60 ကို သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းအရေအတွက်တူတူမှန်ရင်တောင် ဖြေဆိုပုံ pattern မတူရင် ရမှတ်ကွဲသွားနိုင်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် မှန်တဲ့မေးခွန်းအရေအတွက် မတူလည်းဘဲ ရလဒ်အမှတ်တူနေနိုင်ပါတယ်။

ဒါ့ကြောင့် အနှစ်ချုပ်ပြောရရင် JLPT ဖြေပြီး နောက်ရက်အဖြေ list ထွက်လာလို့ စစ်ကြည့်ကြတဲ့အခါမှာ လွယ်တဲ့မေးခွန်းကို သူများတွေအကုန်မှန်ပြီးကိုယ်က မှားနေခဲ့ရင်တောင် အမှတ်လျော့ဖို့ သိပ်စိတ်မပူရပါဘူး။ တစ်ချိန်တည်းမှာပဲ သူများတွေ မမှန်ကြတဲ့ ခက်ခဲတဲ့ မေးခွန်းကို ကံကောင်းလို့ပဲဖြစ်ဖြစ် မှန်သွားခဲ့ရင် သူများတွေထက် သိသိသာသာ အမှတ်ကောင်းသွားနိုင်ချေလည်းရှိပါတယ်။

ကိုးကား : https://www.jlpt.jp/about/pdf/scaledscore_j.pdf?mode=pc

BIM/CIM 管理技士 စာမေးပွဲ ဖြေပြီးအဆင်မပြေဖြစ်ခဲ့တဲ့ အချက်လေးတွေကို တခြားသူတွေ ပြင်ဆင်ရလွယ်အောင် Review အဖြစ် မျှဝေပေးလိုက်ပါ...
29/06/2026

BIM/CIM 管理技士 စာမေးပွဲ ဖြေပြီးအဆင်မပြေဖြစ်ခဲ့တဲ့ အချက်လေးတွေကို တခြားသူတွေ ပြင်ဆင်ရလွယ်အောင် Review အဖြစ် မျှဝေပေးလိုက်ပါတယ်

📌 ၁။ စာလေ့လာချိန် နည်းခြင်း
စာမေးပွဲအတွက် ပြဌာန်းစာအုပ်ကို JCITC အဖွဲ့အစည်းကနေပဲ တိုက်ရိုက်ဝယ်လို့ရပြီး (အပြင်စာအုပ်ဆိုင်တွေမှာ မရှိပါဘူး)၊ ၃ လပိုင်းကျမှ စရောင်းတာပါ
အဲ့ဒါကြောင့် ၃ လပိုင်းကနေ ၆ လပိုင်းအထိ ၄ လအတွင်းမှာ Chapter ၁၄ ခုလုံးကို အပြီးကျက်ရတာပါ စာကျက်ချိန် တော်တော်ကပ်ပါတယ်။ စာမေးပွဲခန်းထဲ ရောက်တဲ့အခါမှာလည်း မေးခွန်းတွေကို သေချာ မဝေခွဲတတ်တော့တာမျိုး ဖြစ်သွားပါတယ်။(Admin ဉာဏ်မကောင်းတာလည်းပါတာပေါ့ )

📌 ၂။ ဖြေဆိုချိန်မလောက်ခြင်း
မိနစ် ၉၀ အတွင်းမှာ မေးခွန်းပေါင်း ၅၀ ကို ဖြေရတာပါ။ မေးခွန်းတစ်ခုကို ၂ မိနစ်တောင် အချိန်မရတဲ့အတွက် တစ်ခေါက်ဖတ်ပြီးတာနဲ့ တန်းရွေးရပါတယ်။ သေချာအောင် ပြန်ဖတ်ဖို့ အချိန် လုံးဝမရခဲ့ပါဘူး

📌 ၃။ မေးခွန်းဟောင်းမရှိခြင်း
တခြားစာမေးပွဲတွေလို ဘယ်အပိုင်းက အမှတ်ဘယ်လောက်ဖိုး မေးမယ်၊ မေးခွန်းပုံစံ ဘယ်လိုလာမယ်ဆိုတာ ကြိုမသိရပါဘူး။ Mock Test လုပ်ဖို့ အခွင့်အရေးမရှိတော့ ပြဌာန်းစာအုပ်တစ်အုပ်တည်းကိုပဲ အလွတ်ကျက်ပြီး စွန့်စားဖြေခဲ့ရပါတယ်

📌 ၄။ အလုပ်အတွေ့အကြုံ ပိုမိုလိုအပ်ခြင်း
ဒီစာမေးပွဲက 3D ပုံဆွဲတတ်ရုံ 計画書ရေးတတ်ရုံနဲ့ လုံးဝမလုံလောက်ပါဘူး။ တင်ဒါအမျိုးအစားတွေ၊ 発注者 ဆီ တင်ရမယ့် Report အကြောင်းအရာတွေအပြင် ISO စံနှုန်းတွေအထိ ကဏ္ဍစုံ မွှေနှောက်ပြီး မေးတာ ဖြစ်ပါတယ်

📌 ၅။ Multiple Choice (၆) ခုအထိ ပါဝင်ခြင်း
1級土木施工管理 စာမေးပွဲဆို ၄ ခုထဲက ၁ ခုရွေး၊ 技術士一次 စာမေးပွဲဆို ၅ ခုထဲက ၁ ခုရွေးရတာ ဖြစ်ပေမယ့်၊ ဒီမှာတော့ Choice ၆ ခုအထိ ပေးထားပါတယ်။ ၄ ခုလောက်ကို အသေအချာ သိနေရင်တောင် ကျန်တဲ့ ၂ ခုထဲက အဖြေမှန်ကို ခွဲထုတ်ဖို့ တော်တော်လေး တွေဝေပါတယ်။

အရမ်းကြီး ခက်ခဲလွန်းတဲ့စာမေးပွဲ မဟုတ်ပေမယ့် အောင်ချက်နည်းအောင် သေချာဖန်တီးထားတဲ့ စာမေးပွဲမျိုးလို့ ခံစားရပါတယ်
နောက်ပိုင်း ဖြေဖို့ အစီအစဉ်ရှိတဲ့သူတွေအနေနဲ့ စာအုပ်ထွက်မှ စကြည့်တာထက်၊ အနည်းဆုံး ၆ လလောက် ကြိုတင် အချိန်ယူ ပြင်ဆင်ထားရင်တော့ သေချာပေါက် ဖြေနိုင်မှပါ

BIM/CIM နဲ့ ICT 施工 အကြောင်း Free လေ့လာလို့ရတဲ့ Website တစ်ခု မိတ်ဆက်ပေးပါမယ်⭐️အစိုးရကထုတ်ပြန်ထားတဲ့ e learning website ပ...
24/06/2026

BIM/CIM နဲ့ ICT 施工 အကြောင်း Free လေ့လာလို့ရတဲ့ Website တစ်ခု မိတ်ဆက်ပေးပါမယ်

⭐️အစိုးရကထုတ်ပြန်ထားတဲ့ e learning website ပါ
⭐️ဂျပန်လိုလေ့လာရမှာပါ
⭐️Video တွေကိုအစဉ်လိုက်ကြည့်ပြီး
⭐️ Video တစ်ခုပြီးတိုင်း မေးခွန်းတွေဖြေကြည့်လို့ရပါတယ်

CIM Focus YouTube Channel 👇🏼
23/06/2026

CIM Focus YouTube Channel 👇🏼

ဂျပန်မှာ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ရေရှည်ရပ်တည်ဖို့ဆိုရင် ကိုယ်လုပ်နေတဲ့ အပိုင်းတစ်ခုတည်းမဟုတ်ပဲ Lifecycle တစ်ခုလုံးကို ...
22/06/2026

ဂျပန်မှာ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ရေရှည်ရပ်တည်ဖို့ဆိုရင် ကိုယ်လုပ်နေတဲ့ အပိုင်းတစ်ခုတည်းမဟုတ်ပဲ Lifecycle တစ်ခုလုံးကို နားလည်ထားရင် ပိုကောင်းပါတယ်

ဂျပန်ရဲ့ဆောက်လုပ်ရေးစနစ်မှာ အဓိက အခန်းကဏ္ဍ (၃) ခု အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်ကြပါတယ်

①発注者 (Client / Project Owner): 国土交通省 (MLIT)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန သို့မဟုတ် ဒေသန္တရအစိုးရ (Local Government) စတဲ့ ပရောဂျက်ကို အကောင်အထည်ဖော်ပြီး ဘတ်ဂျက်ချပေးတဲ့ အစိုးရဌာနတွေ ဖြစ်ပါတယ်

②設計者 (Designer / Consultant): တိုင်းတာရေးသမား (測量業者)၊ မြေပြင်အခြေအနေစစ်ဆေးသူ (地質調査業者) နဲ့ ဆောက်လုပ်ရေးအတိုင်ပင်ခံ (建設コンサルタント) တွေ ပါဝင်ပြီး ပရောဂျက်အတွက် ပုံစံထုတ်၊ တွက်ချက်၊ ဒီဇိုင်းဆွဲပေးရသူတွေ ဖြစ်ပါတယ်

③施工者 (Contractor / Builder): General Contractors (ゼネコン) များနှင့် အထူးပြုဆောက်လုပ်ရေးလုပ်ငန်းခွဲတွေ ဖြစ်ပြီး တကယ့်မြေပြင်မှာ လမ်း၊ တံတား၊ Box Culvert စတာတွေကို လက်တွေ့ဆောက်လုပ်ရသူတွေ ဖြစ်ပါတယ်

ဂျပန်နိုင်ငံရဲ့ Civil Engineering ပရောဂျက်တစ်ခုက ဘယ်လိုလည်ပတ်သလဲဆိုရင်
➡ 企画 (Planning)
➡ 計画・調査 (Investigation)
➡ 設計 (Design)
➡ 施工 (Construction)
➡ 維持管理 (Maintenance)
ဆိုတဲ့ အဆင့်အတိုင်း သွားပါတယ်

Civil Engineer တစ်ယောက်အနေနဲ့ ကိုယ်က 詳細設計 (Detailed Design) အဆင့်မှာ ပါဝင်တဲ့သူလား၊ ဒါမှမဟုတ် 施工 (Construction) အဆင့်မှာ現場 စီမံခန့်ခွဲနေတာလားဆိုတာကို သိမြင်ထားမယ်ဆိုရင် မိမိအထက်လူကြီးတွေနဲ့ လုပ်ငန်းခွင် ဆက်သွယ်ပြောဆိုတဲ့အခါ professional ဆန်စေပါတယ်။

အားလုံးပဲ အလုပ်ခွင်မှာ အဆင်ပြေကြပါစေ ✨

#ဂျပန်အင်ဂျင်နီယာ #土木技術

ဆောက်လုပ်ရေးလောကမှာ Waterfall စနစ်နဲ့ BIM (Building Information Modeling) စနစ် ဘာတွေ ကွာခြားသွားလဲဆိုတာ သိထားဖို့ လိုပါတ...
22/06/2026

ဆောက်လုပ်ရေးလောကမှာ Waterfall စနစ်နဲ့ BIM (Building Information Modeling) စနစ် ဘာတွေ ကွာခြားသွားလဲဆိုတာ သိထားဖို့ လိုပါတယ်

💧 အရင်ကသုံးခဲ့တဲ့ Waterfall စနစ်ကတော့ ရေတံခွန်လိုပဲ အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ပုံစံမျိုးပါ။ Architectural Design (意匠設計) ပြီးမှ Structural Design (構造設計) လုပ်တယ်၊
အဲဒါပြီးမှ MEP Design (設備設計) နဲ့
Shop Drawings (生産設計) ဆိုပြီး တစ်ဆင့်ပြီးမှ တစ်ဆင့် အစဉ်လိုက် သွားကြပါတယ်။
ဒီစနစ်ရဲ့ အားနည်းချက်ကတော့ အပေါ်အဆင့်မှာ မှားခဲ့တဲ့ အမှားတွေကို အောက်ခြေအဆင့်ရောက်မှ သိရတတ်တာပါပဲ။
အဲဒီအခါကျမှ အပေါ်ကို ပြန်ပြင်ဖို့ ခက်ခဲသွားပြီး siteထဲမှာ ပြဿနာတက်တာ၊ အကုန်အကျ သက်သာသင့်သလောက် မသက်သာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒါကို ဖြေရှင်းပေးနိုင်တာကတော့ BIM စနစ်ပါပဲ
BIM ဆိုတာ 3D CAD Drawing ဆွဲရုံတင် မဟုတ်ဘဲ 3D Product Model (BIM Model) တစ်ခုတည်းကို အခြေခံပြီး Designer၊ structural engineer၊ MEP engineer နဲ့ ကန်ထရိုက်တာတွေအားလုံးက အချက်အလက်တွေကို အတူတူ မျှဝေသုံးစွဲကြတာပါ။

💡 BIM ရဲ့ ထူးခြားချက်တွေကတော့ -
၁။ Concurrent Engineering (တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်း)
အဆင့်ဆင့် စောင့်နေစရာမလိုဘဲ အားလုံးက တစ်ပြိုင်နက်တည်း ဆွေးနွေး ညှိနှိုင်းပြီး ဒီဇိုင်းဆွဲကြတာကြောင့် လုပ်ငန်းခွင် အချိန်ဇယား (Design Period) ကို အများကြီး တိုတောင်းသွားစေပါတယ်။

၂။ မြန်ဆန်ပြီး ထိရောက်တဲ့ ဆက်သွယ်ရေး (Timely Communication)
ဒီဇိုင်းတစ်ခုနဲ့တစ်ခု မကိုက်ညီတာ (Clash ဖြစ်တာ) တွေကို အစောပိုင်း အဆင့်တွေမှာတင် ချက်ချင်း ရှာဖွေတွေ့ရှိနိုင်ပြီး အချင်းချင်း အကြံဉာဏ်ပေး ပြင်ဆင်နိုင်ကြပါတယ်။

၃။ Front-Loading (MacLeamy Curve)
အလုပ်ဝန်ထုတ်ဝန်ပိုးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပရောဂျက်ရဲ့ အစောပိုင်းအဆင့် (Initial Stage) မှာကတည်းက ကြိုတင်လုပ်ဆောင်ထားတဲ့အတွက် ဒီဇိုင်းဖန်တီးနိုင်စွမ်း ပိုမြင့်မားပြီး၊ နောက်ပိုင်းအဆင့်တွေမှာ ကုန်ကျမယ့် ဆောက်လုပ်ရေးစရိတ် ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။

နိုင်ငံတကာမှာတော့ ဂျပန်နိုင်ငံလို Civil နဲ့ Architecture ကို သီးသန့် ခွဲခြားမထားဘဲ BIM စနစ်ကို အဆောက်အအုံရော၊ အခြေခံအဆောက်အအုံ (Infrastructure/Civil Structures) နှစ်ခုစလုံးအတွက် အသုံးပြုနေကြတာပါ
ဂျပန်နိုင်ငံမှာက Architecture ကို BIM လို့ခေါ်ပြီး Infrastructure/Civil Structures ကို CIM လို့ခေါ်ပါတယ်

🏗️ BIM နည်းပညာကို ဦးဆောင်နေတဲ့ နိုင်ငံ 7 နိုင်ငံ 🇫🇮 ဖင်လန်နိုင်ငံ (Finland)Finland အခြေခံအဆောက်အအုံ (Infrastructure) ဆို...
21/06/2026

🏗️ BIM နည်းပညာကို ဦးဆောင်နေတဲ့ နိုင်ငံ 7 နိုင်ငံ
🇫🇮 ဖင်လန်နိုင်ငံ (Finland)
Finland အခြေခံအဆောက်အအုံ (Infrastructure) ဆိုင်ရာ BIM မှာ ရှေ့ဆောင်နိုင်ငံတစ်ခုပါပဲ ၂၀၁၀ ခုနှစ်ကတည်းက လမ်းမကြီးတွေ ဒီဇိုင်းဆွဲတာနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ 3D မော်ဒယ်လ် (InfraFinBIM) အသုံးပြုမှုကို မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုပြီး ဥပဒေထုတ် ပြဌာန်းထားပါတယ်။ အစိုးရ၊ တက္ကသိုလ်နဲ့ ပုဂ္ဂလိကကဏ္ဍတွေ အားကောင်းကောင်းနဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်

🇫🇷 ပြင်သစ်နိုင်ငံ (France)
ကြီးမားတဲ့ သယ်ယူပို့ဆောင်ရေး စီမံကိန်းဖြစ်တဲ့ "Grand Paris Express (GPE)" ရထားလမ်းစီမံကိန်း (စုစုပေါင်း ၂၀၀ ကီလိုမီတာ၊ ဘူတာရုံ ၆၈ ခု) မှာ BIM ကို အပြည့်အဝ အသုံးပြုနေပါတယ် ဒီစီမံကိန်းမှာ BIM ကို သုံးပြီး တည်ဆောက်ရေးပစ္စည်းတွေကနေ ကာဗွန်ထုတ်လွှတ်မှုကို ၂၅%အထိ လျှော့ချဖို့ ရည်မှန်းထားသလို၊ 4D စနစ်နဲ့ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲနေပါတယ်

🇩🇪 ဂျာမနီနိုင်ငံ (Germany)
ဂျာမနီ ဗဟိုသယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံဝန်ကြီးဌာန (BMDV) ဟာ ၂၀၂၂ ခုနှစ်ကတည်းက "BIM-Portal" ကို စတင်ပြီး တင်ဒါခေါ်ယူတာကနေ 3D မော်ဒယ်လ်အပ်နှံတဲ့အထိ လုပ်ငန်းစဉ်တွေကို အွန်လိုင်းကနေ စနစ်တကျ ကူညီပံ့ပိုးပေးနေပါတယ်။ ကြီးမားတဲ့ ပင်လယ်ရေအောက် လျှပ်စစ် Calbe စီမံကိန်းတွေမှာလည်း BIM ကို မဖြစ်မနေ သုံးနေရပါပြီ

🇺🇸 အမေရိကန်နိုင်ငံ (USA)
အမေရိကန်မှာတော့ ၂၀၀၇ ခုနှစ်ကတည်းက ဖက်ဒရယ်အစိုးရရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ BIM ကို မဖြစ်မနေ အသုံးပြုဖို့ သတ်မှတ်ခဲ့ပါတယ်။ (ဥပမာ- အမေရိကန်ကြည်းတပ် အင်ဂျင်နီယာတပ်ဖွဲ့ USACE ရဲ့ စီမံကိန်းတွေမှာ မဖြစ်မနေ သုံးရပါတယ်)။ ဒါပေမယ့် ပြည်နယ်တစ်ခုနဲ့တစ်ခု ဥပဒေချင်း မတူညီတာကြောင့် ပြည်နယ်အလိုက် အသုံးပြုမှုနှုန်းတော့ ကွာခြားချက် ရှိနေပါတယ်

🇸🇬 စင်ကာပူနိုင်ငံ (Singapore)
အာရှမှာ BIM အတိုးတက်ဆုံး နိုင်ငံပါ။ အစိုးရက အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်လျှောက်ထားတဲ့အခါ IFC စနစ်သုံး BIM မော်ဒယ်လ်တွေကို မဖြစ်မနေ တင်ပြရမယ်လို့ သတ်မှတ်ထားပြီး Model Checker စနစ်နဲ့ အလိုအလျောက် စစ်ဆေးပေးနေလို့ အချိန်ကုန် အများကြီး သက်သာစေပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးကို 3D ဒစ်ဂျစ်တယ်မြေပုံအဖြစ် ပြောင်းလဲထားတဲ့ "Virtual Singapore" ပလက်ဖောင်းကြီးကိုလည်း တည်ဆောက်ထားပါတယ်။

🇯🇵 ဂျပန်နိုင်ငံ (Japan)
၂၀၀၀ ပြည့်နှစ်တွေရဲ့လယ်ပိုင်းမှာတော့ ဥရောပနဲ့ အမေရိကရဲ့ လွှမ်းမိုးမှုနဲ့အတူ ဒီဇိုင်းကုမ္ပဏီအချို့က BIM ဆော့ဖ်ဝဲတွေကို စတင် သုံးစွဲလာကြပါတယ်။မြို့ပြအင်ဂျင်နီယာ (Civil/Infrastructure) ကဏ္ဍမှာတော့ ၂၀၁၂ ခုနှစ်ကစပြီး CIM (Construction Information Modeling) ဆိုတဲ့ ဝေါဟာရကို တီထွင်သုံးစွဲခဲ့ပြီး၊ စမ်းသပ်လုပ်ငန်းတွေ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ ၂၀၂၂ ခုနှစ်မှာ စမ်းသပ်လုပ်ငန်းပေါင်း ၉၉၄ ခုအထိ ရှိလာခဲ့ပါတယ်။
Geospatial သတင်းအချက်အလက်တွေကို တာဝန်ယူရတဲ့ 国土地理院 (GSI) ကနေ နိုင်ငံတစ်ဝန်းလုံးရဲ့ အရည်အသွေးမြင့် မြေမျက်နှာသွင်ပြင်မြေပုံတွေ၊ လေကြောင်းဓာတ်ပုံတွေနဲ့ တိုင်းတာရေးဒေတာ (Geospatial Data) တွေကို Free Download ရယူနိုင်အောင် ဖွင့်ပေးထားပါတယ်။

UK 🇬🇧
ဆောက်လုပ်ရေးလောကမှာ BIM အဆင့်မြင့်ဆုံးနိုင်ငံလို့ ပြောရင် UKကို ချန်ထားလို့မရပါဘူး။
ယူကေအစိုးရဟာ ၂၀၁၁ ခုနှစ်ကတည်းက BIM စနစ် သုံးစွဲဖို့ ရည်မှန်းချက်ချမှတ်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ကစလို့ အစိုးရပိုင် အတိုင်းအတာတစ်ခုထက်ကြီးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ BIM ကို မဖြစ်မနေအသုံးပြုရမယ် ဆိုပြီး ပြဌာန်းခဲ့ပါတယ်။သူတို့က 3D Model ဆွဲရုံတင်မကဘဲ အချက်အလက်စီမံခန့်ခွဲမှု (Information Management) အတွက် Common Data Environment (CDE) ဆိုတဲ့ အယူအဆနဲ့ ဗြိတိန်စံနှုန်း (BS 1192) ကို ၂၀၀၇ ခုနှစ်ကတည်းက ထုတ်ပြန်ခဲ့ပြီးတော့ လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု ISO 19650 စံနှုန်းတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် လန်ဒန်နဲ့ မန်ချက်စတာကို ဆက်သွယ်မယ့် ၅၀၀ ကီလိုမီတာရှည် High Speed Rail (HS2) လို ပရောဂျက်ကြီးတွေမှာလည်း BIM ကို အပြည့်အဝ အသုံးချနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းနိုင်ငံအများစုမှာ BIM ကို ဥပဒေအရ မဖြစ်မနေ အသုံးပြုခိုင်းနေကြပြီး Digital Construction ကို အရှိန်မြှင့်နေကြပါပြီ။ 🌍🏗️

Civil 3D ထဲမှာမပါတဲ့ Sub assembly တွေသုံးဖို့လိုလာတယ်ဆိုရင် Sub assembly composer ထဲဝင်ပြီး ကိုယ့်စိတ်ကြိုက် ဖန်တီးလိုက်...
20/06/2026

Civil 3D ထဲမှာမပါတဲ့ Sub assembly တွေသုံးဖို့လိုလာတယ်ဆိုရင် Sub assembly composer ထဲဝင်ပြီး ကိုယ့်စိတ်ကြိုက် ဖန်တီးလိုက်တာပဲ
Target parameter စိတ်ကြိုက်ပြင်လို့ရတာ သူ့ရဲ့ အားသာချက်

ဒီထက်ပိုလွယ်တဲ့နည်းလမ်းက command
သူက parametric modeling တော့ မဖြစ်ဘူးပေါ့

住所

Suginami-ku, Tokyo

営業時間

09:00 - 17:00

アラート

CIM Focusがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー