Y.Y Japanese

Y.Y Japanese Japanese knowledge

19/04/2026

အလုပ်ခေါ်စာလေးမို့ လာတင်မယ်နော်…
兵庫県 ထဲမှာနေတဲ့သူတွေ အတွက် ပိုအဆင်ပြေပါတယ်ရှင့်…
#兵庫県

29/03/2026

特定技能外食 ‼️
ဒီပို့စ် လေးက ကံကောင်းတဲ့ ကလေးတွေအတွက် chance ပါ…
N3 passed 、外食 လက်မှတ်ကိုင်ထားတဲ့ကလေးတွေ ကို လက်ရှိ ကျမ 支援 လုပ်ပေးနေတဲ့ ကုမ္ပဏီက ဗီဇာတင်ပေးပါမယ်…
အားလုံးသိကြတဲ့ အတိုင်း ဂျပန်လဝက ၄ လပိုင်း ၁၃ ရက်နေ့နောက်ဆုံး သတ်မှတ်ပြီး 外食 သမားတွေရပ်ဆိုင်းမှာ ဖြစ်လို့… ဆေးစစ်ဖို့ စာရွက်စာတမ်းလုပ်ဖို့တွေ အချိန်မမှီမှာစိုးလို့ အင်တာဗျူးတောင် မလုပ်တော့ဘဲ 紹介 အနေနဲ့ CV ထပ်ပေးမှာမလို့ ဒီပို့စ်လေးကိုမြင်တဲ့သူတိုင်း CV နဲ့တကွ လာလျှောက်နိုင်ပါတယ်ရှင့် …
မြန်မာဘက်က ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ စာချုပ်တော့ရှိပါမယ် … လိုက်နာနိုင်မယ့်သူ… ကုမ္ပဏီဘက်က ဗီဇာတင်ပေးမှာ 100%သေချာတယ်ဆိုပေမယ့် လဝက ဘက်က လူပြည့်သွားလို့ လက်မခံတာမျိုးရှိနိုင်တာမလို့ ဗီဇာမရခဲ့ရင်လည်း နားလည်ပါတယ် လက်ခံနိုင်ပါတယ်ဆိုတဲ့သူ လေးတွေကို မိတ်ဆက်ပေးပါမယ်…

အလုပ်နေရာ။ ။ Osaka
အလုပ်ချိန်။ ။ shift အလိုက်ဆင်းရပါမယ်
လစာ။ ။ သောင်း ၂၀ ဝန်းကျင် (OT မပါ)

⭕️အချိန်ကတော့ တစ်ရက်ပဲရလို့ ဒီပို့စ်မြင်သူလေးတွေ အသိတွေရှိရင် share ပေးပါ…

㊙️ CV form ပိတ်ရက် ၃ လပိုင်း ၃၀ ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၅:၀၀ ဖြစ်ပါတယ်ရှင့်

အားလုံးပဲ Good Luck ပါ…👍

27/06/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

05/06/2025

မင်းနဲ့အတူ ဂျပန်ပတ်မယ် ဆိုတဲ့ သူတွေအတွက် မိုတီ…🤭😁

ဂျပန်လာဖို့ ဂျပန်စာ ကြိုးစားနေတဲ့ မင်းတို့ကိုလည်း ဂျပန်ပြည်က စောင့်မယ်နော်…

#ချစ်တဲ့မင်မင်❣️

23/05/2025

ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အမြဲ သန့်ရှင်းနေတဲ့ toilet တွေရှိတာ… မင်မင် ဂျပန်မှာနေရာတာ သဘောအကျဆုံးထဲက တစ်ခုပါ… ဒါလေးကကြံုတုန်းရိုက်လိုက်မိတဲ့ နယ်မြို့လေးက toilet ပါ ဒီထက်မက သန့်ရှင်းသပ်ပြီး luxury ဆန်တဲ့ toilet တွေရှိပါတယ်…

#ချစ်တဲ့မင်မင်❣️

23/05/2025

လွန်ခဲ့တဲ့ ၅ နှစ် မင်မင် ဆရာမ စလုပ်တုန်းက… ဂျပန်ဆရာနဲ့ သေချာ training ဆင်းခဲ့စဉ် ကာလက လွဲခဲ့ဖူးတဲ့ အလွဲလေး😂😂😂
https://www.facebook.com/share/v/1AdgbodsUB/?mibextid=wwXIfr

14/05/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

02/05/2025

Hello… May (မောင့်ရဲ့မေ ကိုပြောတာမဟုတ်ဘူးနော်🥹😁)
ဂျပန်မှာ April လလယ် လောက်ကနေ May လလည်လောက်ထိ つづじ လို့ခေါ်တဲ့ ပန်းလေးတွေ ပွင့်လေ့ရှိပါတယ်…
ဂျပန်လူမျိုးတွေက အပန်းဖြေ ခရီးထွက်ရင်း တကူးတက နံမည်ကြီးတဲ့ ပန်းခြံတွေ ရှိတဲ့နေရာ ရှာကြံလို့ ရာသီပန်းလေးတွေ လိုက်ကြည့်ရင်း အပန်းဖြေလေ့ရှိကြပါတယ်…
မင်မင် ကလည်းရှာရှာဖွေဖွေ သွားရ စားရ တာကြိုက်တဲ့သူမို့ မင့်လို သွားမယ် စားမယ် ဆိုတဲ့လူတွေအတွက် သတိရပြီးထ sharing လိုက်ပါတယ်…🤭😁(မရောက်သေးတဲ့လူတွေလည်း ရောက်ရင်သွားဖို့ save ထားလိုက်တော့နော်…😜)
တခြားနံမည်ကြီး Garden တွေလည်းရှိပေမယ့် ပန်းအစုံစိုက်ထားတာ များပါတယ်… အခုလို つづじ သီးသန့်နေရာလေးတွေထဲက မင်မင်ရောက်ဖူးတဲ့ သဘောကျနှစ်ခြိုက်ခဲ့တဲ့ နေရာလေးမို့ highly recommend ပေးပါတယ်…
ရာသီဥတု သာယာတဲ့ ရက်ဆိုရင် Mt.Fuji ပါ မြင်ရပြီး တောင်တက်ရတာ ကြိုက်တဲ့သူတွေအတွက် လည်း တောင်တက်လို့ရသလို…. မမောမခံနိုင် တောင်မတက်နိုင်တဲ့ လူတွေအတွက်လည်း တောင်ထိပ်ထိ lift နဲ့တက်ရင်း amazing view ပင်လယ်ကော တောင်တန်းတွေကိုပါ မြင်ရမှာမို့ မင်မင့်ရဲ့ highly recommend စရင်းဝင်သွားတာပါ… (view ပုံလေးတွေက အရင်တင်ဖူးလို့ ရာသီပန်းပုံလေးတွေပဲ စုပြီး video လုပ်ထားတယ် ပန်းပုံတွေချည်းပဲဆို ရိုးမှာစိုးလို့ မင့်ရဲ့ အသဲကျော်ပဲလှော် ဂျပန်မလေးနဲ့ ပုံလေးတွေ အပိုထည့်လိုက်တယ်🤭😁နောက်ဆုံးပုံက မေရဲ့မောင့်လက်😂😂)

📍ပုံထဲက နေရာလေး ကတော့ Shizuoka ခရိုင်ထဲမှာရှိတဲ့ ito station ကနေ Bus နဲ့ဆို 23 min ကားနဲ့ဆို 16 min သွားရတဲ့ Komuroyama Azalea Garden ပါ… link 👇👇

https://maps.app.goo.gl/PJSk1xqg7ZAaVoQ29?g_st=com.google.maps.preview.copy

(Tokyo မှာဆိုရင်တော့ Nezu ကတော်တော်လေးလှပြီး မင့်အကြိုက်ပါ…)
ကဲ သွားမယ် စားမယ် လေးတို့ရေ… သွားဖို့နေရာတိုးသွားပြီမို့ နေရာလည်းမှတ်ရင်း ရာသီပန်း နံမည်နဲ့ ပွင့်လေ့ရှိတဲ့ အချိန်လေးတွေကိုလည်း ဗဟုသုတ အနေနဲ့ မှတ်ထားဦးနော်… ဓါတ်တွေပဲလှိမ့်ဖမ်းပြီး လှလို့သူများလာမေးရင် မပြောတတ်ဘဲ နေဦးမယ်…😁

#ချစ်တဲ့မင်မင်❣️

နှစ်သစ်ဆုတောင်း…     ကမာကုရ ဘုရားကို ဖူးရရင် ဂျပန်ရောက်တယ်တဲ့ ပြောကြတာပဲ… မင်မင့် followers လေးတွေလည်း ဂျပန်မြန်မြန် ရော...
18/04/2025

နှစ်သစ်ဆုတောင်း…
ကမာကုရ ဘုရားကို ဖူးရရင် ဂျပန်ရောက်တယ်တဲ့ ပြောကြတာပဲ… မင်မင့် followers လေးတွေလည်း ဂျပန်မြန်မြန် ရောက်ကြပါစေ…🙏🙏🙏
မြန်မာပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းသာယာ ပြန်လည်ဖွံ့ဖြိုး လာပါစေ…🙏🙏🙏

မင်မင် ရင်လာဖွင့်တာ…😁   ဝါသနာအရရော …တတ်သည့်ပညာ မနေသာဆိုတဲ့ဆိုရိုးအရကော…🤭တစ်ဖက်တစ်လမ်းကနေ လှူချင်ကူညီချင်တာကြောင့်ရော … p...
18/04/2025

မင်မင် ရင်လာဖွင့်တာ…😁
ဝါသနာအရရော …တတ်သည့်ပညာ မနေသာဆိုတဲ့ဆိုရိုးအရကော…🤭တစ်ဖက်တစ်လမ်းကနေ လှူချင်
ကူညီချင်တာကြောင့်ရော … private class လေးတွေ လူနည်းနည်းနဲ့ ပဲသင်ဖြစ်တယ်…
အိမ်ကယွကျားကမေးတယ်… တျဲလေးပိုက်ဆံတွေ ဘယ်ရောက်ကုန်ပြီလဲတဲ့… အရင်ဟာတွေ မရှိတော့တဲ့အပြင် နောက် batch က ရတဲ့လစာတွေပါ ကုန်နေပြီလို့😁🤭😂😂 သူက သာဓု သာဓု သာဓု ပါတဲ့… ကိုယ့်တပည့်လေးတွေလည်း ဒီ post မြင်ပြီး သာဓုခေါ်နိုင်အောင်လို့😁…
စာသင်တဲ့ ဝင်ငွေနဲ့တင်မလောက်လို့ အိမ်ကိုခဏခဏ Kpay ဖြည့်ခိုင်းရတာလည်း အခါခါ🤭 (ညည်းတွားတာ မဟုတ်ပါ… ပီတိမျှဝေတာပါရှင့်…)
Class လေးတွေအတွက် အချိန်ပေးရတာရော… ဂျပန်မှာ အလုပ်တစ်ဖက်နဲ့ရော ဆိုတော့ ဒီ page လေးအတွက် သိပ်အချိန်မပေးနိုင်လို့ followers လေးတွေကိုတော့ အားနာမိပါတယ်…
အတတ်နိုင်ဆုံး ဒီ page လေးကို active ဖြစ်အောင် ပြန်တင်ပေးပါ့မယ်နော်… Japanese ပဲမဟုတ်ဘဲ တစ်ခြားသော knowledge ဖြစ်စေမယ့် video လေးတွေပါ တင်ပေးပါ့မယ်နော်…
Thanks you guys… love you all ❤️😍🥰

ပုံကတော့ … အလုပ်ထဲ uniform ရောင်စုံပေါများကြောင်း ကြွားတာ🤭😁 ဒါတောင်ပြဲသွားလို့ ဝဲလိုက်ရတာတွေမပါသေးဘူးရယ်…😁🤭(ကိုယ်နဲ့ လိုက်တယ်ဆိုပြီး တအားဆင်ပေးကြတာ…ဒါတောင်ကိုယ့် ဆိုဒ်က ဆိုဒ်လွန် စမော မရှိလို့ ရှိတာဆင်ပေးကြတာတဲ့😁)

04/02/2025
25/01/2025

Page နဲ့ မဆိုင်ပေမယ့်လို့ မြင်တဲ့သူ အကူအညီဖြစ်အောင် တင်ပေးလိုက်ပါတယ်…
သူငယ်ချင်းတွေ အသိတွေ share ပေးလို့ရပါတယ်နော်…

တိုကျိုမြို့ပေါ်ရဲ့ လူတွေအရမ်းများတဲ့ ရပ်ဝန်းကနေ ခဏထွက်ပဲဖြစ်ဖြစ် အပြီးပဲဖြစ်ဖြစ် ထွက်ပြီး သဘာဝနဲ့ ထိစပ်ချင်တဲ့သူတွေအတွက် အလုပ်ခေါ်စာလေးပါ…

📍နေရာကတော့ 静岡県伊東市 မှာ ဖြစ်ပါတယ်… (နယ်ဆိုပေမယ့် အရမ်းမခေါင်ပါ…観光地 ခရီးသွားဧည့်သည်များတဲ့နေရာဖြစ်တဲ့အတွက် 住みやすい 👍)

📍လစာကတော့ အင်တာဗျူးမှာ ညှိနှိုင်းနိုင်ပါတယ်…(ခန့်မှန်း တစ်ရက် ¥9000~ ၈ နာရီကျော်ရင် OT ကြေး +++)

📍နေစရာ စီစဉ်ပေးမယ်ပြောပါတယ်…

📍အလုပ် 警備(လမ်းပြင်တဲ့နေရာတွေမှာ လမ်းပြလုပ်ပေးရမှာပါ…)

📍ခေါ်စာ part time ကော ရှအင်းကောလျှောက်လို့ရပါတယ်… (visa support ရှိ)

စကားပြောရတာမကြိုက်သူတွေ နဲ့ စကားသိပ်မကျွမ်းကျင်သေးသောသူများ အတွက်အဆင်ပြေတဲ့အလုပ်လေးမို့ လျှောက်ချင်ရင်တော့…

☎️ 07092781787
07091271787 ကို အပြင် call ရော Viber ရောကပါ ဆက်သွယ်နိုင်ပါတယ်ရှင့်

住所

1375/21
Shizuoka-shi, Shizuoka

電話番号

+959775566864

ウェブサイト

アラート

Y.Y Japaneseがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Y.Y Japaneseにメッセージを送信:

ショートカット

共有する

カテゴリー