Hello Tokyo

Hello Tokyo Hello Tokyo, 教育関連サイト, Shinjuku-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Otsuka ဘူတာ ၂ မိနစ်က ကိုကြီးချမ်းဝက်သားတုတ်ထိုးဘူဖေး ဝက်ဝက်ကွဲ  မနေ့ညနေက သွားစားခဲ့တာ ... ဝက်သားတုတ်ထိုး (ကြက်သွန်ဖြူ 🧄🧄...
26/08/2026

Otsuka ဘူတာ ၂ မိနစ်က ကိုကြီးချမ်းဝက်သားတုတ်ထိုးဘူဖေး ဝက်ဝက်ကွဲ မနေ့ညနေက သွားစားခဲ့တာ ...

ဝက်သားတုတ်ထိုး (ကြက်သွန်ဖြူ 🧄🧄🌶️🌶️ငရုပ်သီးစိမ်းလေး ကိုက်)
တုတ်ထိုးအစုံ
ကြာဇံကြော် ခေါက်ဆွဲကြော်
ဝက်လက်စွပ်ပြုတ် အမဲအူပြုတ်
လိပ်စာ 👇👇

ပထမနှစ်ပုံက ဘာအရွက်လဲ မသိဘူး ဘယ်လိုလုပ်စားရတာလဲ ပြောပြပေးပါရှင်တကယ်မသိလို့ပါနော် ငါးပုံတွေက အနောက်ဘက်
25/08/2026

ပထမနှစ်ပုံက ဘာအရွက်လဲ မသိဘူး ဘယ်လိုလုပ်စားရတာလဲ ပြောပြပေးပါရှင်
တကယ်မသိလို့ပါနော် ငါးပုံတွေက အနောက်ဘက်

Yucho Bank ကနေ ငွေလွှဲရင် Bank ချင်းတူရင် ဘဏ်ခွဲနံပါတ် မလိုပေမဲ့ Bank မတူရင် 支店名 ထည့်ရပါတယ် တချို့ တွေက ဘဏ်ကတ်ပို့ရင် 支店...
25/08/2026

Yucho Bank ကနေ ငွေလွှဲရင် Bank ချင်းတူရင် ဘဏ်ခွဲနံပါတ် မလိုပေမဲ့ Bank မတူရင် 支店名 ထည့်ရပါတယ်
တချို့ တွေက ဘဏ်ကတ်ပို့ရင် 支店名(ဘဏ်ခွဲနံပါတ်) ပါ ပို့ကြပေမဲ့ တချို့ကလည်း ဘဏ်ကတ်လေးပဲ ရိုက်ပို့ကြပါတယ် အဲအချိန် ဘဏ်ကတ်ကို ကြည့်ပြီး ကိုယ့်ဘာသာ 支店နံပါတ် အလွယ်သိရအောင် ဒီပထမဆုံးပုံလေး 👇

👉အလွယ်ဆုံးနည်း yucho 記号 နံပါတ်ရဲ့ ဒုတိယနဲ့ တတိယ နံပါတ် ၂ လုံး ကို ယူပြီး နောက်မှာ 8 ကပ်
ဥပမာ - 記号 က 10130 ဆို ဒုတိယ နှစ်လုံး 01 ကိုယူပြီး 8 ကပ်တော့ 支店名 ( 店番 ) က 018 ( 〇一八 ) ပေါ့

❇️ ဒုတိယပုံအောက်က link ထဲကနေလည်း ဝင်ရှာလို့ရပါတယ်
သိပြီးသားလူများပေမဲ့ Admin ရောက်ခါစတုန်းက မသိခဲ့လို့
အမှားပါရင် ပြင်ပေးပါနော်

Hello Tokyo

ရှပ်လတ်လတ်ဆတ်ဆတ် လေး ရတဲ့ရက်က ရှပ်ချဉ်လုပ်ထားတာ ဂုံး-ရှပ်အသားထုတ်တာ လက်ကို ညောင်းသွားတာပဲဂုံး -ရှပ်အစိမ်းကို အချဉ်ဖောက်ပ...
25/08/2026

ရှပ်လတ်လတ်ဆတ်ဆတ် လေး ရတဲ့ရက်က ရှပ်ချဉ်လုပ်ထားတာ
ဂုံး-ရှပ်အသားထုတ်တာ လက်ကို ညောင်းသွားတာပဲ
ဂုံး -ရှပ်အစိမ်းကို အချဉ်ဖောက်ပြီး မုန့်ဖက်နဲ့ သုပ် or ထားဝယ်မုန့်လက်သုပ်ထဲ ထည့်စားကြတာပါ

လုပ်နည်းက အသားထုတ်ထားတဲ့ ရှပ်အစိမ်း လတ်လတ်ဆတ်ဆတ်ထဲကို ထမင်းရည် ဆားရောပြီး အချဉ်ဖောက်လိုက်တာပါပဲ တနင်္သာရီတိုင်းဘက်က အရမ်းစားတဲ့ အစားအစာပါ
🌶️🌶️ရှပ်အစိမ်းကို အချဉ်ဖောက်ထားတဲ့ အနံ့နဲ့ မုန့်ဖက်သုပ်စားရင် အရမ်းစားကောင်းပါတယ်
ရှပ်ရှင်မုဗန် အိမ်မှာ ဘူးအလိုက်ကြီး အားတိုင်း သုပ်စားနေတာ စားချင် လာခဲ့ 😁

Hello Tokyo

ဒီနေ့ ဂွေးသီး သုပ်စားချင်သူများ ဂွေးသီး အကြီး size က နဲနဲ အချိုဓါတ် ပိုများပြီး ဈေးကြီးတယ် အစေ့တော့ပါတယ် မုန့်ကျွဲသဲ လုပ...
25/08/2026

ဒီနေ့ ဂွေးသီး သုပ်စားချင်သူများ
ဂွေးသီး အကြီး size က နဲနဲ အချိုဓါတ် ပိုများပြီး ဈေးကြီးတယ် အစေ့တော့ပါတယ်
မုန့်ကျွဲသဲ လုပ်စားဖို့ ထုံးအရည်ကြည် လိုချင်သူများအတွက် ထုံး
သရက်သီးစိမ်းစားချင် သူများ မန့်ကဆိုင်

မနေ့က တနင်္ဂနွေ က Yamanote လိုင်း ရထားရပ်တဲ့ကိစ္စမှာ လူပေါင်း ၈ သောင်းကျော် အခက်အခဲရောက်ကြရတယ်ikebukuro ဘူတာအနား ရထားသံလ...
24/08/2026

မနေ့က တနင်္ဂနွေ က Yamanote လိုင်း ရထားရပ်တဲ့ကိစ္စမှာ လူပေါင်း ၈ သောင်းကျော် အခက်အခဲရောက်ကြရတယ်
ikebukuro ဘူတာအနား ရထားသံလမ်းထဲ မိန်းကလေးတစ်ယောက် မှောက်လျက်အိပ်နေတော့ Yamanote ရထားနဲ့ တ-မိသွားတာပါ
ဆုံးသွားတာက အသက်ငယ်ငယ်ဂျပန်မလေးပါ တဲ့
လူတိုင်းမှာ သူအပူနဲ့သူရှိကြတာပါပဲ

ဂျပန်မှာ လူအသုံးများတဲ့ဘူတာ အန္တရာယ်ပိုများတဲ့ ရထား platform တွေမှာ သံလမ်းအကာအကွယ်တံခါးတွေတပ်ထားပါတယ်
အထူးသဖြင့် Tokyo က လူများတဲ့ဘူတာတွေမှာ လူတွေ ရထားသံလမ်းပေါ် မကျနိုင်အောင် - လူ မဝင်နိုင်အောင် အတော်လေး ပိုက်ဆံအကုန်အကျခံပြီး ဘူတာပလက်ဖောင်း ကာကွယ်ရေးစနစ်တွေ တဖြည်းဖြည်း တိုးချဲ့နေပါတယ်

ဘာတံဆိပ်ဖြစ်ဖြစ် ဆန်မှုန့်လေး တစ်ထုတ်တော့ ဖြစ်အောင်ဝယ်ထား ....ဘာလို့လဲဆို ခရမ်းသီးပဲ ကြော်ကြော် ဘာအကြော်ပဲ ကြော်ကြော် အက...
24/08/2026

ဘာတံဆိပ်ဖြစ်ဖြစ် ဆန်မှုန့်လေး တစ်ထုတ်တော့ ဖြစ်
အောင်ဝယ်ထား ....
ဘာလို့လဲဆို ခရမ်းသီးပဲ ကြော်ကြော် ဘာအကြော်ပဲ ကြော်ကြော် အကြော်မှုန့် (ဂျုံမှုန့် or တန်ပူရာမှုန့်) ရှိမှ မဟုတ်ဘူး ကိုယ်တစ်ယောက်စာ စားဖို့က ဆန်မှုန့်နဲ့ ကြော်လည်းပိုကြွပ်ပြီး ကောင်းတာပဲ

🌮 အလွယ်ဆုံးအစားအစာ မုန့်ရေပါး ဆိမ့်ဆိမ့်လေး
မကပ်တဲ့ အိုးလေးတော့ လိုတာပေါ့နော်

အကြောင်း ကိစ္စ တစ်ခုခုရှိလို့ Tokyo Gas ရဲ့ operator နဲ့ တိုက်ရိုက်စကားပြောချင်ရင် Tokyo Gas - 03 5323 5028 ကို ဆက်ပြီး ...
24/08/2026

အကြောင်း ကိစ္စ တစ်ခုခုရှိလို့ Tokyo Gas ရဲ့ operator နဲ့ တိုက်ရိုက်စကားပြောချင်ရင်

Tokyo Gas - 03 5323 5028 ကို ဆက်ပြီး နံပါတ် 3 ကို တန်းနှိပ်ပါ

အဲလို မဟုတ်ရင်တော့ သူပြောတာတွေ အရှည် ကြီး နားထောင် နေရပြီး ရွာလည်နေပါလိမ့်မယ်

▫️ကိုယ့်အပြစ်နဲ့ ကိုယ်ပါပဲ အိမ်မှာ Gas အဖြတ်ခံရတယ်
bill မဆောင်တာ ၃ လ ရှိပြီ တဲ့ 😬

ရေ bill
လျပ်စစ် bill
Tokyo Gas bill
ဒီ သုံးမျိုး ကို လစဉ် ဆောင်နေတော့ ရေbill တို့ လျပ်စစ် bill စာရွက် တွေကို ဆောင်နေတော့ အာရုံက မှားပြီး gas bill လည်း ဆောင်ထားတယ်ပဲ ထင်တာပေါ့
မဆောင်သေးတဲ့ bill စာရွက်တွေ အကုန်ယူပြီး Convenient store မှာ သွားဆောင်လိုက်ရင် Gas ကို ဝန်ထမ်းက ပြန်လာဖွင့်ပေးပါတယ် ဖုန်းဆက်ပြောစရာမလိုဘူး ...

ည ၉ နာရီလောက်မှ gas မရမှန်း သိတာ (ငါးဟင်းချက်ဖို့ တုံးတစ်ထားပြီးပြီ ) မနက်ကျတော့ Customer center ကို ဖုန်းဆက်ပြောတယ် အမြန်လာဖွင့်ပေးလို့ ရလားလို့ ဒါပေမဲ့ ညနေမှ လာဖွင့်ပေးတော့ Gas မရှိဘဲ တစ်ရက်လုံး နေလိုက်ရပါတယ်

အဲလို မေ့တတ်တော့ Tokyo Gas App ကို download လုပ်ပြီး Bank or Credit Card နဲ့ပဲ ဆောင်ပါတော့မယ် ဟင်းချက်ခါနီးမှ သိတော့ ဒုက္ခရောက် စိတ်ကသိကအောက် ဖြစ်ရတာပေါ့
ကိုယ့်အပြစ်ပါပဲ ...

❇️ဝန်ထမ်းနဲ့ တိုက်ရိုက် စကားပြောချင်ရင် 03 5323 5028 ဆက်ပြီး 3 တန်းနှိပ် ...

မန့်တွေမှာ ဝိုင်းသနားကြ အရမ်းဇတ်နာပြတဲ့ မြန်မာတွေ လူဆိုတာ ဘုရားတရား လုပ်ချင်ရင် ရှိသမျှ အလုပ်တွေကို နားပြီးမှ လုပ်စရာ မလ...
23/08/2026

မန့်တွေမှာ ဝိုင်းသနားကြ အရမ်းဇတ်နာပြတဲ့ မြန်မာတွေ
လူဆိုတာ ဘုရားတရား လုပ်ချင်ရင် ရှိသမျှ အလုပ်တွေကို နားပြီးမှ လုပ်စရာ မလိုပါဘူး
သားသမီးတွေကို ချည်း အားကိုးရအောင် သားသမီးတွေမှာလည်း သူတို့ သားသမီးအတွက် ရုန်းကန် နေကြရအုံးမှာပါ
ကိုယ်က အသီးအချဉ်ပေါင်း ရောင်းနိုင်သေးရင် အချဉ်
ပေါင်း ရောင်းစားရမယ် ဒီလို အရွယ်မှာ ဒီလိုမရောင်းချင်ရင်
ငယ်တုန်းက အခုထက် ပိုကြိုးစားရမယ်
တစ်ခုခုဆို သားသမီး ကို အားကိုး သားသမီးက မထောက်ပံ့တာကို အပြစ်ဖို့ အိုလာမှ ဘုရားတရား အရမ်းလုပ်ချင်တဲ့ မိဘတွေ သိစေချင်
ဂျပန်မှာ အခြားနိုင်ငံတွေမှာလည်း အဲဒီအရွယ်အထိ အလုပ်လုပ်နေကြတဲ့ လူတွေ ရှိပါတယ်
မြန်မာ မှာက အသက်ကလေး ငါးဆယ်ကျော် ၆၀ ကျော်ဆို အလုပ်မလုပ်ချင်ကြတော့ဘူး သားသမီးကိုပဲ အားကိုးချင်တော့တာ သားသမီးက အဆင်ပြေနေရင် ထောက်ပံ့မှာပေါ့ ကိုယ့်မိဘ ပဲ ဘယ်နေမလဲ အခုက မြန်မာ မှာက အစဉ်အလာကြီးကို ဖြစ်လို့
မြန်မာလူငယ်တွေ့ရဲ့ မျက်နှာမှာ အပူတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ ကိုယ့်ဘဝကိုယ် နေခွင့်မရကြဘူး
သားသမီးတွေက ကိုယ့်ဘဝ ရှေ့ဆက်ဖို့ထက် မိဘ မိသားစု တာဝန် ကြီးကိုပဲ နောက်ပြန်လှည့် ထမ်းပိုးနေကြရတာ များတယ်
မဖျားနာနေဘူး အိပ်ယာထဲ မလဲနေဘူး ဆိုရင် ကိုယ်တတ်နိုင်တဲ့ အလုပ်ကို လုပ်ကို လုပ်ရမယ် သားသမီးအပေါ် အလုံးစုံ မမှီခို သင့်ဘူး သူလည်း သူ့ဘဝသူ ရုန်းကန်နေရတာမို့လို့ပါ
အခုခေတ်မှာ လူတစ်ယောက် ဘာမှ မလုပ်ဘဲ
အေးအေးဆေးဆေးနေနိုင်တယ် ဆိုတာ ကျန်တဲ့လူက သူ့တာဝန်ကို ထမ်းပေးထားလို့ပါ ဆိုတဲ့စကား အရမ်းမှန်တယ်

မိဘ မိသားစုကို ပြန်ကြည့်နေရတဲ့သူ ကို ဘယ်သူမှ လည်း အိမ်ထောင်ဖက် အဖြစ် မရွေးချယ် ချင်ကြဘူး ကိုယ့် partner က မကောင်းတတ်လို့ မပြောချင်လို့ မပြောတာ ပဲ ရှိမယ် ကိုယ့် ပါတနာရဲ့ အထင်သေးတာကိုလည်း ခံရတယ်

မပြောသင့် မရေးသင်တာကို ရေးမိလို့ အမှားပါရင်ခွင့်လွတ်ပါ

Edit 👉နေ့လည်လောက်မှ ရထား ပြန်ဆွဲမယ်တဲ့တနင်္ဂနွေ နေ့ကြီးမှာကွယ်မနက် 9 နာရီ ကတည်း က Yamanote line ရထားလမ်း သံလမ်းထဲ လူဝင်သ...
23/08/2026

Edit 👉နေ့လည်လောက်မှ ရထား ပြန်ဆွဲမယ်တဲ့
တနင်္ဂနွေ နေ့ကြီးမှာကွယ်

မနက် 9 နာရီ ကတည်း က Yamanote line ရထားလမ်း သံလမ်းထဲ လူဝင်သွားလို့ ရထားတွေ ရပ်ကုန်တယ်

ရထားအချိန် နဲနဲနောက်ကျတာက လွဲရင် အခုလောက်ဆို ပြန်ရပြီ ထင်တာ
အခု Shinjuku ဘူတာ မှာ ရထားကြီး လုံးဝကို ရပ်လို့

Yamanote line အစား အခြား လိုင်းတွေကို အသုံးပြုပါတဲ့ ကြေညာနေတာ

Shinokubo ကိုတော့ Sobu line နဲ့ လာလို့ ရပါတယ်

住所

Shinjuku-ku, Tokyo

電話番号

07085224455

ウェブサイト

アラート

Hello Tokyoがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Hello Tokyoにメッセージを送信:

ショートカット

共有する

カテゴリー