30/06/2026
BIM အခွင့်အလမ်းနဲ့ ပတ်သက်ပြီး Real Story လေးတစ်ခု Sharing လုပ်ပါရစေ
ဒီနေ့ မျှဝေပေးချင်တာကတော့ သင်တန်းသား အစ်ကိုတစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။
သူက အလုပ်သစ်ရပြီးနောက်၊ အလုပ်မဝင်ခင် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး BIM Skill ကို ပိုမိုခိုင်မာအောင် လေ့ကျင့်ချင်တယ် ဆိုပြီး သင်တန်းကို Join ခဲ့တာပါ။
သင်ထားသလောက်ကို တစ်လအတွင်း အမှီလိုက်နိုင်အောင် အချိန်ပေးပြီး စိတ်ပါဝင်စားစွာ လေ့ကျင့်ခဲ့တဲ့သူတစ်ယောက်ပါ။
မရှင်းတာရှိရင် မေးတယ်၊ ပြန်လုပ်တယ်၊ မရမချင်း ဇွဲရှိရှိနဲ့လေ့ကျင့်ခဲ့သူဖြစ်ပါတယ်။
သူရရှိထားတဲ့ အလုပ်ကတော့ BIM ကို Main အဖြစ် အသုံးပြုနေတဲ့ BIM Consultant Company တစ်ခုမှာ ဖြစ်ပါတယ်။
✅ 3 Days Telework
✅ 2 Days Office (Hybrid Working)
✅ လက်ရှိထက် လစာလည်း သိသိသာသာပိုကောင်းလာတယ်လို့ ပြောပါတယ်။
(Privacy အတွက် အသေးစိတ်တော့ မဖော်ပြတော့ပါဘူး။ BIM အလုပ်အကိုင်နဲ့လစာအချက်အလက်တွေသိချင်ရင် indeed လို Job Platform တွေမှာ လေ့လာကြည့်နိုင်ပါတယ်။)
ဒီအတွေ့အကြုံကနေ ပြောချင်တာကတော့…
BIM ဟာ Software တစ်ခုကို သင်ယူတာထက် Career တစ်ခုကို တည်ဆောက်နိုင်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။
Work & Life Balance ဖြစ်တဲ့ အလုပ်အကိုင်တွေ၊ Career Growth အခွင့်အလမ်းတွေ၊ Lead Level အထိ တက်လှမ်းနိုင်တဲ့ လမ်းကြောင်းတွေလည်း ရှိပါတယ်။
အခွင့်အလမ်းက ရှိပါတယ်။ အဲဒီအခွင့်အလမ်းကို အရယူနိုင်မလားဆိုတာကတော့ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ဆက်လက်လေ့လာလိုစိတ်ပေါ်မှာပဲ မူတည်ပါတယ်။
သင်တန်းသားအစ်ကိုလည်း အောင်မြင်ပျော်ရွှင်တဲ့ BIM Career တစ်ခုကို ဆက်လက်တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
BIM Career တစ်ခုကို တည်ဆောက်ချင်တဲ့သူတိုင်းအတွက် ဒီ Story လေးက အားတစ်ခု ဖြစ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
📸 ဓာတ်ပုံကတော့ သင်တန်းသားအစ်ကို လိုက်ပါလေ့ကျင့်နေစဉ် ပို့ပေးထားတဲ့ ပုံဖြစ်ပြီး၊ ခွင့်ပြုချက်ဖြင့် မျှဝေထားခြင်း ဖြစ်ပါတယ်။