Hoshiko Japanese Knowledge

Hoshiko Japanese Knowledge Japanese Language N5 Level / N4 Level / N3 Level 100 % အခမဲ့ ပညာဒါန Group Link များသို့ တိုက်ရိုက် Join ၍လေ့လာနိုင်ပါတယ်ရှင်

写真か?グルメか?皆さんどち?ဂျပန်တစ်ယောက်က ပြောတယ်။မင်းတို့ လူမျိုး ခရီးသွားရင်ဘယ်ဟာကိုအဓိက targetထားလဲတဲ့။အဓိက ဘာလုပ်လဲပေါ့။ကိုလဲဖြေ...
24/12/2025

写真か?グルメか?皆さんどち?

ဂျပန်တစ်ယောက်က ပြောတယ်။မင်းတို့ လူမျိုး ခရီးသွားရင်ဘယ်ဟာကိုအဓိက targetထားလဲတဲ့။
အဓိက ဘာလုပ်လဲပေါ့။ကိုလဲဖြေလိုက်ပါတယ်
ငါတို့က ပုံရိုက်တဲ့အလုပ်က အဓိကထားတာပေါ့။
အဲ့စကားကို သူက အရမ်းရီတယ် ပီးတော့ အဲ့ပုံရိုက်တဲ့ဖီလင်က ဘာကောင်းလို့လဲတဲ့။ 🤣 ကိုလဲ ဘာမှပြန်မပြောပဲရီပေးလိုက်ပါတယ်။
ပီးတော့ ကိုကပြန်ပေးလိုက်တယ် မင်းတို့ကရော ဘာအဓိကလဲပေါ့နော် ငါတို့က စားစရာ အဓိကတဲ့
(食べ物を楽しむ)ပေါ့နော်။
သူကပြောတယ် ပုံရိုက်ချင်ရင် စားစရာတွေကို ရိုက်ပီးတင်ပေါ့တဲ့ လူပုံနဲ့ရှုခင်းကို ရိုက်တာ ငါနားလည်ပေးလို့မရဖူးတဲ့။😆ကိုလည်းတွေးလိုက်ပါတယ် စားစရာပုံတင်ချင်တာများ လိုင်းပေါ်ကပုံကို downပီးတင်လို့ရတာပဲလို့။ ငါတို့တွေက ပုံရိုက်ပီး လိုင်းပေါ်တင်ပီး ဘယ်လို vibeခဲ့ပါတယ်ဆိုတာကိုတင်ရတာက အရသာရှိတာလို့ပြောတော့ ဂျပန်ကောင်က ငါမင်းကိုကောင်းတဲ့ဆိုင်တွေပြောပြချင်စိတ်မရှိတော့ဖူးတဲ့ 🤣

ပြောချင်တာ သူတို့အတွေးတွေနဲ့ ကိုတွေ အတွေးနဲ့က ပြောင်းပြန်ကြီးတွေနော်။ကိုတွေ SEAက မရောက်ဖူးတဲ့နေရာသွားရင် အရင်ဆုံးဦးစားပေးက photo လားလို့ ရိုက်လို့ဝမှ စားစရာကိုသတိရကြတာဟုတ်တယ်မှတ်လား။SEAမှ မဟုတ်ပါဖူး china ရော koreaရော ကိုတွေနဲ့ဆင်တယ်။ဒီကောင်တွေပဲ 🙄🤣

မင်းလားကွသာကော ဆိုပီး မေးမေး ရိုက်မယ့်Minister of Defense of Japan -ခိုအိဇုမိ ရှင်းဂျိရို:  (Shinjirō Koizumi)応援してっます。 က...
24/11/2025

မင်းလားကွသာကော ဆိုပီး မေးမေး ရိုက်မယ့်

Minister of Defense of Japan -

ခိုအိဇုမိ ရှင်းဂျိရို: (Shinjirō Koizumi)

応援してっます。 

ကိုတွေကတော့ Oxygen ပဲ 😅😆

Netflix မှ ထုတ်လွှင့်သော Tokyo Swindlers သည် 2024 ခုနှစ် ဇူလိုင်လ 25 ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပြီး၊ လှည့်ကွက်များစွာနဲ့ စ...
12/11/2025

Netflix မှ ထုတ်လွှင့်သော Tokyo Swindlers သည် 2024 ခုနှစ် ဇူလိုင်လ 25 ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပြီး၊ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခု ဖြစ်ပြီး၊ crime genre ကို သဘောကျသူတွေအတွက်တော့ ရသအပြည့်အဝပေးနိုင်တဲ့ ရုပ်ရှင်တစ်ခုပါ။

Real estate company တွေကိုလက်တစ်လုံးခြားလိမ်လည်တာ မြေယာလှည့်စားမှုနဲ့ စာရွက်စာတမ်း forged လုပ်နည်းတွေ တရားဥပဒေ၊ စီးပွားရေးနယ်ပယ်နဲ့ လူမှုရေးစနစ်တွေကို ချိုးဖောက်တဲ့အခန်းတွေက တကယ်ဖြစ်နိုင်တဲ့ပုံစံနဲ့ ဖော်ပြထားလို့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။
ဂျပန်ရဲ့ night life အကြောင်းတွေလဲပါတော့ တစ်ချို့မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းလေးတွေလဲပါတယ်

အဓိကကတော့ လိမ်ချက်တစ်ပေါက် အတော်လေးကြည့်လို့ကောင်းလို့ ညွှန်းလိုက်ပါတယ် 😇



08/11/2025

ホールက စားပွဲတစ်ခုကို တစ်ယောက်စီနဲ့
ဖျော်ဖြေရေးလဲ ပါတယ် 😍

29/10/2025

ကိုယ်တွေရဲ့ IRON LADY သာဆို ဒါတွေကအေးဆေး

ဒါကြောင့် မိနစံ စာကျက်ကြပါ 😁😁😁..

စာတွေ ပြန်နွေးရဦးမယ် season 1 ရယ် season 2 ရယ် movie ရယ် 🤭🤭🤭
24/10/2025

စာတွေ ပြန်နွေးရဦးမယ် season 1 ရယ် season 2 ရယ် movie ရယ် 🤭🤭🤭

ဂျပန်လူမျိုးတွေရဲ့ လုပ်ငန်းခွင်မှာ အရမ်းသတိထားပြီး ဂရုစိုက်ကြတဲ့ ပုံထဲမှာပါတဲ့ ハラスメント အချက်လေးတွေ ပြောပြပါမယ် နော် ハラスメン...
22/10/2025

ဂျပန်လူမျိုးတွေရဲ့ လုပ်ငန်းခွင်မှာ အရမ်းသတိထားပြီး ဂရုစိုက်ကြတဲ့ ပုံထဲမှာပါတဲ့ ハラスメント အချက်လေးတွေ ပြောပြပါမယ် နော် ハラスメント(Harassment) ဆိုတာ မြန်မာလို အကြမ်းဖျင်းပြောရရင် ကြီးနိုင်ငယ်ညှဉ်း လုပ်တာကိုဆိုချင်းဖြစ်တယ်

ハラスメントအမျိုးမျိုးရှိပေမယ့် ဒီ ၃ ချက်ကတော့ အရမ်းကို အရေးကြီးတဲ့ အကြောင်း အရာဖြစ်ပါတယ်

💢パワハラ
⚠️ လူတစ်ယောက်ကို စိတ်ထိခိုက်စေမယ့်အပြောအဆိုသုံးနူန်းပြောဆိုချင်း
⚠️ အသံကျယ်ကျယ် နဲ့ ဆူပူ ဆဲဆို ကြိမ်းမောင်းချင်း
⚠️မင်းက မလုပ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူး ဆိုတဲ့ စကားလုံးအသုံးနူန်းသုံချင်း
⚠️နူတ်ဆက်တာ ကို ပြန်လည်မနူတ်ဆက်ချင်း မသိချင်ယောင်ဆောင်ချင်း
⚠️တစ်ယောက်ထဲ လုပ်လို မနိုင်တဲ့ အလုပ်ကို အတင်းကြပ်ခိုင်းချင်း

💢 セクハラ
⚠️ အပြင်မှာမုန့်အတူတူစားဖို့ တွေဖို့ ချိန်းဆိုချင်း
⚠️ကိုယ်ခန္ဓာကို အလိုအပ်ဘဲ ထိကိုင်ချင်း
⚠️ s*x နဲ့ပတ်သက်တဲ့စကားလုံးသုံးနူန်းပြီးနောက်ပြောင်ချင်း မေးခွန်းမေးချင်း
⚠️s*xual ပိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာကိုသတင်းဖြန့်ချင်း
⚠️s*x လုပ်ဖို့ တွဲဖို့ အတင်းအကြပ်တောင်းဆိုတာ

💢 マタハラ
⚠️ကိုယ်ဝန်ရှိပြီလို့အထပ်လူကြီးကိုတင်ပြတဲ့အခါ အလုပ်ထွက်ခိုင်းချင်း
⚠️ကလေးပြုစုဖို့ခွင့်ယူတဲ့အခါ ယောကျာ်းဖြစ်နေရဲ့သားနဲ့မဖြစ်နိုင်တာ လို့ပြောဆိုချင်း
⚠️ကလေးပြုစုရတဲ့အတွက် အချိန်တိုဘဲအလုပ်လုပ်နိုင်တာနဲ့ပတ်သက်ပြီး လုပ်ဖော်ကိုင်ဘက်တွေအပေါ်အနှောင့်အယှက်ဖြစ်တယ် လို့ပြောဆိုချင်း

ကိုက အထပ်လူကြီးဖြစ်ရင်လဲဒါတွေကိုမလုပ်မိအာင်အထူးသတိထားရမယ် အကယ်၍ လုပ်ငန်းခွင်မှာハラスメントလုပ်ခံနေရတာကို မသိတာတွေလဲရှိတာကြောင့် ဒါလေးတွေကို သိထားရင်ကိုဘာလုပ်သင့်လဲဆိုတာ စဉ်းစားဆုံးဖြတ်လို့ရအောင် တင်ပေးလိုက်ပါတယ်ရှင်

နောက်ထပ် အရက်သောက်တာ ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီးလဲ သိထားရမယ် ハラスメントရှိလို့ အောက်မှာ ထပ်ပြောပြမယ်နော်
💢 アルハラ အရက်မသောက်ချင်တဲ့သူကို အတင်းသောက်ခိုင်းချင်း
💢スモハラဆေးလိပ်သောက်တတ်သူကို မသောက်ဖို့ ဖြတ်ဖို့ ဖိအားပေးချင်း

ဒါတွေလဲ လုပ်ငန်းခွင်ဆက်ဆံရေးမှာ မပြောမိအောင် ဂရုစိုက်ကြပါနော် 🤗

皆んなさん 久しぶりね❣️Japan နဲ့ပတ်သက်တဲ့ knowledge လေးတွေ မတင်တာကြာလို့ ပြန်စပြီးတင်ပါ့မယ်နော် ဒီခါတော့ အောက်ကပုံမှာ ပါတဲ့ အလုပ်ခ...
22/10/2025

皆んなさん 久しぶりね❣️

Japan နဲ့ပတ်သက်တဲ့ knowledge လေးတွေ မတင်တာကြာလို့ ပြန်စပြီးတင်ပါ့မယ်နော်

ဒီခါတော့ အောက်ကပုံမှာ ပါတဲ့ အလုပ်ခွင်မှာ Harassment အလုပ်မခံရအောင် ကိုကခံနေရတာတောင် အလုပ်ခံနေရမှန်း မသိတဲ့ သူတွေကိုရည်ရွယ်ပြီး ပြောပြပါ့မယ်နော် နောက်ထပ် post အသစ်တင်ပါမယ်နော် 🤗

君と人生の最後まで....❤️
21/10/2025

君と人生の最後まで....❤️

ဒီနေ့ ကြည့်မိတဲ့ Anime လေးထဲက စကားလေး ဆွဲနေတာလေးး 周りの目にも 心がない言葉にも 負けず 立っていける人まわりのめにも こころがないことばにも まけず たって いけるひとဝိုင်းကြည်...
11/02/2025

ဒီနေ့ ကြည့်မိတဲ့ Anime လေးထဲက စကားလေး ဆွဲနေတာလေးး

周りの目にも 心がない言葉にも 負けず 立って
いける人

まわりのめにも こころがないことばにも まけず たって いけるひと

ဝိုင်းကြည့်နေတဲ့မျက်လုံးတွေအောက်မှာရော စာနာစိတ်မရှိတဲ့ စကားလုံးတွေအောက်မှာရော မရှုံးနိမ့်တဲ့လူ တဲ့

အဲလိုလူမျိုးဖြစ်လာရင် အရာရာရင်ဆိုင်နိုင်ပြီး လိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာဘဲ ကိုယ်တိုင်လဲ ကြိုးစားနေတယ် 💪

住所

Shinagawa-ku, Tokyo

電話番号

+959797388611

ウェブサイト

アラート

Hoshiko Japanese Knowledgeがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Hoshiko Japanese Knowledgeにメッセージを送信:

ショートカット

共有する

カテゴリー