19/06/2026
ကိုယ့်ကိုကိုယ် လှနေအောင်ကြိုးစားပါ
လှအောင်နေဆိုတာ အဝတ်အစားတွေ makeupတွေကြောင့်မဟုတ်ပဲ
စိတ်လှအောင်နေပါ (အရာရာကိုအကောင်းဖက်ကနေအရင်တွေးကြရအောင်)
နေကောင်းအောင်နေပါ (ကျန်းမာမှ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာပါ)
ကိုယ့်ရဲ့အရှိန်အဝါကိုမြှင့်တင်မယ် (ဒီနေ့ထက်မနက်ဖြန်ပိုတိုးတက်အောင်ကြိုးစားရအောင်)
ဒါကတွေက ကိုယ့်ကိုကိုယ်အတွက် လှအောင်နေခြင်းဖြစ်ပါတယ်
#fypシ゚
18/06/2026
ဘဝ ဆိုတာ တက်လိုက်ကျလိုက်
ဘယ်အခြေအနေပဲရောက်ရောက်
ကိုယ်ရပ်တည်နိုင်ဖို့လိုပါတယ်
အဲ့အတွက် အသိပညာ အတက်ပညာတွေ
ကိုယ့်မှာရှိနေမှရပါမယ်
ကိုယ့်အတွက်ကိုယ်ရင်းနှီးမြှုပ်နှံရပါမယ်
ကိုယ့်အတွက်ကို အကောင်းဆုံးInvest ဟာ
Education ပဲဖြစ်ပါတယ် 📚
🔢 ၁။ 簿記初級 (Bookkeeping Beginner Level) Class
စာရင်းကိုင်ပညာရပ်ကို လုံးဝအခြေခံမရှိသေးသူများနဲ့ လုပ်ငန်းခွင်သုံး Basic Accounting ကို နားလည်ချင်သူများအတွက် အထူးသင့်လျော်ပါတယ်။
Class Date: Sat, Sun
Start Date: 4th July 2026
Class Time: 8:00 PM to 9:00 PM
Duration: 1 Month
Fee: 200,000 kyats
🎥 Learning: ZOOM Live Class
📈 ၂။ 簿記၃級 (Bookkeeping Level 3) Class
Nissho Boki 3級 စာမေးပွဲ အောင်မြင်ပြီး အသိအမှတ်ပြု လက်မှတ်ရယူလိုသူများ၊ အခြေခံကနေစပြီး စာမေးပွဲမေးခွန်းဟောင်းတွေအထိ အပိုင်တွက်ချက်ချင်သူများအတွက် ဖြစ်ပါတယ်။
Class Date: Sat, Sun
Start Date: 4th July 2026
Class Time: 9:00 PM to 10:30 PM
Duration: 3 Months
Fee: 350,000 kyats
💡💡ဒီသင်တန်းမှာ ဘာတွေ ရရှိမှာလဲ⁉️⁉️
📘 Text Book - အခြေခံကနေ နားလည်လွယ်အောင် ပြင်ဆင်ထားတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်။
📝 Practice Questions - နားလည်မှု ပိုမိုနက်ရှိုင်းစေမယ့် လေ့ကျင့်ခန်းမေးခွန်းများ။
✍️ Old Questions (3級 Class) - စာမေးပွဲအတွက် တကယ်လက်တွေ့ အသုံးဝင်မယ့် မေးခွန်းဟောင်းများ။
#fypシ
15/06/2026
電車カード(Train Card)ပျောက်သွားရင် ဘယ်လိုပြန်ရှာမလဲ ⁉️
ဒီနေ့ရုံးသွားမယ်ဆိုပြီး Bagထဲကို လိုအပ်တဲ့ပစ္စည်းတွေထည့်ရင်း
ရထားCardမတွေ့ဘူး
အဲ့မှာစနေညက အပြင်ထွက်ပြီး ပြန်လာတော့ တစ်နေရာရာကျခဲ့ပြီးဆိုပြီး သတိရသွားတယ်
အဲ့လိုနဲ့ အိမ်ကစောစောထွက်ပြီး ဘူတာကိုသွားပြီး
စနေနေ့က အကြောင်းရှင်းပြပြီး သူတို့ရှာကြည့်မယ်တဲ့ဆိုပြီး
Card Name , Card case’s color, 定期券駅ကိုပြောပြရတာပေါ့
အဲ့လိုကျွန်မ Cardပြန်လာရခဲ့ပါပီ
ကိုယ့်ရဲ့အချက်အလက်စာရွက်ဖြည့် 在留カードပြပြီး ထုတ်လာခဲ့ပါပီ