23/01/2025
ဂျပန်လူငယ်တွေ ရုံးစာရေးဖြစ်ချင်သူတွေအထူးများပြားလာတယ်လို့သိရပါတယ်
စက်ရုံ၊လုပ်ငန်းခွင်စတဲ့အလုပ်နှင့်Specialist အထူးကျွမ်းကျင်ပညာရှင် လုပ်သားနည်းပါးလာနေတယ်လို့သိရပါတယ်
၂၀၂၄ ခုနှစ် ၁၁ လပိုင်းရဲ့ဒေတာအရ
◼︎ဆောက်လုပ်ရေးလုပ်သား၊သတ္တုတွင်းလုပ်သား
လုပ်သားခေါ်ယူမှု ဦးရေ ၁၁.၂ သောင်းရှိပေမယ့် အလုပ်လျှောက်လိုသူ ဦးရေ ၁.၈ သောင်းသာရှိ
→အလုပ်ရနိုင်ချေ၊လစာများနိုင်ချေ များ
◼︎Specialist အထူးကျွမ်းကျင်ပညာရှင် လုပ်သား
လုပ်သားခေါ်ယူမှု ဦးရေ ၃၆.၉ သောင်းရှိပေမယ့် အလုပ်လျှောက်လိုသူ ဦးရေ ၁၇.၈ သောင်းသာရှိ
→အလုပ်ရနိုင်ချေ၊လစာများနိုင်ချေ များ
◼︎ရုံးစာရေးလုပ်သား
လုပ်သားခေါ်ယူမှု ဦးရေ ၁၃.၃ သောင်းသာရှိပေမယ့် အလုပ်လျှောက်လိုသူ ဦးရေ ၃၀.၅ သောင်းရှိတယ်လို့သိရပါတယ်
→အလုပ်ရနိုင်ချေ၊လစာများနိုင်ချေ နည်း
ဒီအနေအထားဆိုတာက ဂျပန်မှာအလုပ်ရှာတဲ့အခါ ဘယ်နယ်ပယ်မှာအလုပ်ရှာရင် အလုပ်ရနိုင်ချေများတယ်၊လစာကောင်းနိုင်ချေများတယ်ဆိုတာ ထည့်တွက်လို့ရမှာဖြစ်ပါတယ်
လုပ်သားအင်းအားရဲ့ Supply and demand gap ကြောင့် 2040 မှာ လုပ်သားအင်အားမလုံလောက်တဲ့ပမာဏ
◼︎သယ်ယူပို့ဆောင်ရေးလုပ်ငန်း(ဒရိုင်ဘာ စသည့်)
မလုံလောက်တဲ့ဦးရေ ၉၉၈,၀၀၀ ဦး
◼︎ဆောက်လုပ်ရေး
မလုံလောက်တဲ့ဦးရေ ၆၅၇,၀၀၀ ဦး
◼︎ကုန်ထုတ်လုပ်ငန်း(စက်ရုံလုပ်သား)
မလုံလောက်တဲ့ဦးရေ ၁,၁၂၄,၀၀၀ ဦး ရှိလာမယ်လို့ တွက်ချက်ထားတာတွေ့ရပါတယ်
ဝန်ထမ်းလခစားလုပ်လိုတဲ့သူတွေ၊လုပ်သားရှာဖွေရေးလုပ်တဲ့သူတွေအတွက် Chance တွေများစွာရှိလာနေတာဖြစ်ပါတယ်
チャンスはどこにでもある!