Aung Japanese Language Centre

Aung Japanese Language Centre Personal Blog

ခုတစ်လော ပြဿနာက လ္ဘက်ကိစ္စပေါ့လေ ကိုယ်လဲ မြန်မာဆိုင် စျေးဝယ်သွားရတာ သွေးတက်ရတယ် အရာရာ စျေးကြီးတယ်လို့ ကိုယ်လဲမြင်မိတာပါပ...
24/05/2026

ခုတစ်လော ပြဿနာက လ္ဘက်ကိစ္စပေါ့လေ ကိုယ်လဲ မြန်မာဆိုင် စျေးဝယ်သွားရတာ သွေးတက်ရတယ် အရာရာ စျေးကြီးတယ်လို့ ကိုယ်လဲမြင်မိတာပါပဲ ဒါပေမယ့် ကိုယ်မကြိုက်ရင် မဝယ်တော့ဘူးပေါ့ စားချင်လှမှ တစ်ခါတစ်လေ ဝယ်စားဖြစ်တော့တယ် မြန်မာစားသောက်ဆိုင်လဲ မသွားဖြစ်တော့ဘူး ဘိုင်ပြတ်နေလို့😛

24/05/2026

和歌山 siteသွားရတာ စိတ်ကျေနပ်ရတယ် ကိုယ်သဘောကျတဲ့ တောင်တန်းရယ် ပင်လယ်တွေနဲ့ ဝန်းရံနေတာဘာရယ်မဟုတ် ကိုယ့်နိုင်ငံကို လွမ်းမိပြန်ရော❤️

19/05/2026

鳥肌!これ何?
鳥ဆိုတာ ငှက်
肌ဆိုတာ အသားအရည် (skin)
とリနဲ့はだကို ပေါင်းလိုက်တော့ 鳥肌(トリハダ)ကြက်သီးမွေးညှင်းထခြင်းတဲ့❤️

09/05/2026

Siteသွားရတဲ့ဘက် သဘောတွေကျ ကားမောင်းချင်နေပြီ

02/05/2026
ဒီနေ့တော့ visa更新လုပ်တဲ့ အတွေ့အကြုံဝေမျှပေးပ့မယ်ဗျビザ更新လုပ်လို့ရတဲ့အချိန်ကတော့ visaသက်တမ်းမကုန်ခင် ၃လအလိုဆို 申請လုပ်လို့ရပါ...
29/04/2026

ဒီနေ့တော့ visa更新လုပ်တဲ့ အတွေ့အကြုံဝေမျှပေးပ့မယ်ဗျ
ビザ更新လုပ်လို့ရတဲ့အချိန်ကတော့ visaသက်တမ်းမကုန်ခင် ၃လအလိုဆို 申請လုပ်လို့ရပါပြီ ကျွန်တော်ဆို Engineer work visaနဲ့လာခဲ့ပေမယ့် company ဘက်က 1yrsပဲပေးတော့ 更新လုပ်ရပါတယ် ကိုယ်တိုင် ပထမဆုံးအတွေ့အကြုံပါပဲ ကိုယ်တိုင်အတွေ့အကြုံရပါတယ် မသိတာတွေရှိ မေးရနဲ့ အလုပ်ရှုပ်တယ်ဆိုပေမယ့် ကိုယ့်ဘာသာ လုပ်ရတာ ပိုပြီး အဆင်ပြေတယ်လို့ ထင်ပါတယ် ကျွန်တော်ကတော့ 大阪မှာဆိုတော့ 大阪入館မှာ 申請လုပ်ရပါတယ် 入館ရောက်ရင်တော့ တန်းစီရပါတယ် လာလျှောက်တဲ့သူများလို့ပါ အဲဒီမှာ visaလာထုတ်သူနဲ့ visaလာလျှောက်သူတွေနဲ့ လူစုံနေတာ
ပေါ့ …Green/Red lineဆိုပြီး ရှိတယ် 申請လုပ်သူက Green lineမှာ တန်းစီရပြီးတော့ 受け取るလုပ်မယ့်သူက Red lineမှာ တန်းစီရပါတယ် အဲမှာ ကိုယ့်အလှည့်ရောက်ရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေပေးပြီးရင် သူတို့က Token no.နဲ့ ハガキပေးပါတယ် ハガキကတော့ visaထုတ်လို့ ရပြီဆိုတာ အကြောင်းကြားဖို့အတွက် ကိုယ့်ရဲ့ 郵便番号နဲ့ အိမ်လိပ်စာရေးပေးရပါတယ် ပြီးရင် パスポート/在留カードပြန်ပေးပြီးတော့ 申請受付番号ကို လက်ခံရရှိပါတယ်
申請受け付け番号က visa 受け取るလုပ်တဲ့အချိန်မှာ လိုအပ်ပါတယ်ဗျ ကျွန်တော်တော့ 5yrsရခဲ့လို့ ပျော်နေရတယ်
အားလုံး အဆင်ပြေချောမွေ့ကြပါစေ

29/04/2026

#ဂျပန်မှာ ကိုယ်တိုင် အိမ်ငှါးတဲ့အခါ ဘာတွေ သတိထားရမလဲ
ကျွန်တော် အိမ်ငှါးဖြစ်ခဲ့တဲ့ ပုံစံကို shareပေးပ့မယ်
ကျွန်တော် အရင်အလုပ်မှာ အဆင်မပြေတာနဲ့ အလုပ်ပြောင်းဖို့ ရွေးချယ်ဖြစ်ခဲ့တယ် interviewတွေ တောက်လျှောက် ဝင်ဖြစ်တယ် အဲဒီမှာ ကျွန်တော် အခွင့်အရေး ၃ခါရတယ် Fukuokaက သူဌေးကလဲ ကြိုက်တယ် လူချင်းတွေ့ဖို့ ချိန်းတယ် oosakaဘက်က သူဌေးနှစ်ယောက်မှာ 内定 အရင်ပေးတဲ့သူကို ရွေးချယ်ဖြစ်ခဲ့တာ ပုံမှန်ဆို 外人တွေဆိုရင် 社宅ဆိုတဲ့ ကုမ္ပဏီအဆောင်တွေမှာ ထားလေ့ရှိတာရယ် ခုသူဌေးက အဲလိုတော့မပေးဘူး အိမ်လခ 30%ထောက်ပံ့ပေးတယ် အဲဒီတော့ အိမ်ကိုယ်တိုင်ရှာရတယ်
ဂျပန်မှာက敷金、募金、保険တွေရော အစုံပလုံပါပဲ ကျွန်တော်ကတော့ 0¥အိမ်ကို ရှာဖြစ်တယ် moneyလဲ အများကြီး မတတ်နိုင်တော့ စျေးသက်သာတာ ရှာရတယ် အဲဒီတော့ ဂျပန် 不動産တွေနဲ့ပဲ ရှာတာ ဘာမဆို လူကိုယ်တိုင် သွားရတယ် ကိုယ်ကြိုက်တဲ့ အခန်းတွေ့ရင် 申し込み手続きလုပ် ပြီးရင် 審査 တစ်ပတ်လောက်စောင့်ရတယ် 審査မအောင်ရင် နောက်ထပ် အခန်းပြန်ရှာနဲ့ အတော်လေး အခက်တွေ့တယ် အိမ်ငှါးတဲ့အခါ ကိုယ့်ကို အာမခံပေးမယ့်သူ ဂျပန်နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်းနေထိုင်ခွင့်visaကိုင်ဆောင်ထားသူ ရှိရပါမယ် ဒါမှ အဆင်ပြေပါတယ် ကျွန်တော်ဆို ကိုယ်တိုင်ရှာတာ မရတော့ သူဌေးကို အကူအညီတောင်းပြီး ရှာခိုင်းရတယ် ကနဦး ကုန်ကျငွေ ¥280000ကုန်တယ် ဘာပစ္စည်းမှ မပါဘူးရယ် ရေ၊မီး၊ဂတ်စ် အကုန် ကိုယ့်ဘာသာ စာချုပ်ချုပ်ရတယ် サービス会社တွေကို phဆက် 確認လုပ် ပြီးရင် 契約လုပ်ရတယ် ဒီမှာ အိမ်ပြောင်းတော့မယ်ဆို လုပ်ဆောင်ရတဲ့ ကိစ္စတွေ များပြီး သတိထားစရာတွေလဲ ရှိတော့ အိမ်ခန်းရှာတော့မယ်ဆိုရင် သေချာလေး ဂရုတစိုက် လုပ်ကြပါလို့ အကြံပြုပါတယ်ဗျ💌
#ဂျပန်အိမ်ငှါးရမ်းခြင်း

28/04/2026

အိမ်ပြန်ချိန် ညခင်း သိပ်သဘောကျတယ် 大阪က ကိူယ့်အတွက်တော့ အောင်မြေလို့ ဆိုရမယ် ❤️

26/04/2026

Oosaka slangတွေကြား အမေ့သားခေါင်းကိုက်❤️

23/04/2026

ညည့်နက်တဲ့အထိ အင်လျားကန်ဘောင် လမ်းလျှောက်ခဲ့ရတာတွေ သတိရမိတယ် အဲလိုတွေးမိရင် အိမ်ပြန်လမ်းပဲ ဦးတည်ဖြစ်နေတော့တာ😌

19/04/2026

Oosaka thingyan’ memories

住所

大阪府
Sakai-shi, Osaka

アラート

Aung Japanese Language Centreがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー