Yamamura Japanese Language Center

Yamamura Japanese Language Center

共有する

📌 人材紹介 外食のみ Work In Japan
Only For Japanese Cuisine Lover 🍜

Photos from Yamamura JLC's post 24/01/2024
20/05/2023

အတူတူကြိုးစားကြည့်ဖို့ Yamamura Japanese Language Center မှကြိုဆိုပါတယ်

‼️Language School နဲ့ဂျပန်ကို သွားချင်ပါသလား..
အလုပ်နဲ့သွား ချင်ပါသလား..
ဝါသနာပါလို့လား...
ဘာသာစကားတခုကို လေ့လာချင်လို့လား..‼️

ဘယ်လိုပဲဖြစ်ဖြစ်ပါ..
အခြေခံဆိုတဲ့အုတ်ရိုးက အဓိကမို့လို့
မိုးလေးတဖွဲဖွဲကျမယ့် June🟥 လမှာ
Yamamura JLC မှ
အတန်းလေးတွေ ဖွင့်ပေးမှာဖြစ်ပါတယ်...

Special Class လို့ထည့်မရေးတော့ပါဘူး..
အတန်းတိုင်းဟာ Special Class ဖြစ်နေလို့ပါ..
အတန်းတစ်တန်းစီတိုင်းကို ကျောင်းသားဦးရေ ၁၀ ယောက်ထက်မပိုပါသောကြောင့် ကျောင်းအပ်စောမှနေရာရမှာပါ..

အတန်းချိန်တွေကတော့ ..

🔴Basic + N5 (M-W-F) (9:30-11:30) Offline
5.6.2023 စဖွင့်မှာပါ...
သင်တန်းကြာချိန် ၅ လပါ
သင်တန်းကြေး ၁၈၀,၀၀၀

🔴N4 (Sat-Sun) (9:30-11:30) Offline
4.6.2023 စဖွင့်မှာပါ...
သင်တန်းကြာချိန် ၅ လပါ
သင်တန်းကြေး ၁၉၀,၀၀၀

🔴N3 (Monday & Wednesday )
(7:00pm to 9:00pm) Online
12.6.2023 စဖွင့်မှာပါ...
သင်တန်းကြာချိန် ၅ လပါ
သင်တန်းကြေး ၁၇၀,၀၀၀

✌️💸 သင်တန်းကြေး ၂ ကြိမ် ခွဲသွင်းနိုင်ပါတယ်..

🔺️ သင်တန်းကြေးပေးရတာနဲ့တန်ပါ့မလား ???
"ဟုတ်ကဲ့ မတန်ပါဘူး"
ပေးရတာနဲ့မတန်လောက်အောင်ကို
စာလုပ်ရမှာဖြစ်ပါတယ်...
ကျောင်းသားဘက်က စာတကယ်လိုက်လုပ်ဖို့
အတန်းချိန်မှန်မှန်တက်ဖို့လိုပါတယ်....
✔️ ဒါသိပ်အရေးကြီးပါတယ် ✔️

🔶️Text book တွေကတော့ သက်ဆိုင်ရာအတန်းတိုင်း ကျောင်းသားများထံ အခမဲ့လက်ဆောင်ပေးမှာပါ..

🗞Msg boxကနေဆက်သွယ်နိုင်သလို
📞ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့
09-772202373
09-795675184
09-450470406

🏠 နယ်မှလာတက်မယ့်ကျောင်းသားတွေကတော့ အဆောင် Vacancy ရှိရင်ရှိသလို စိတ်ချရတဲ့အဆောင်နဲ့ချိတ်ဆက်ပေးပါတယ်

🔨အလုပ်နဲ့သွားချင်ရင်တော့ အလုပ်နဲ့ပို့ပေးနိုင်မယ့် မိတ်ဖက် Angency တွေနဲ့မိတ်ဆက်ပေးပါတယ်..

📖LS နဲ့ဆိုရင်တော့ Yamamura ကျောင်းရဲ့ signature ဖြစ်တဲ့မှန်မှန်ကန်ကန်လုပ်ပေးတယ်ဆိုတဲ့ဂုဏ်နဲ့ လျှောက်ထားပေးပါတယ်..

သင်ရွေးချယ်မယ့်လမ်းကို Yamamura က
အကောင်းဆုံး တွဲခေါ်ပေးသွားမှာပါ..

အတူတူကြိုးစားကြည့်ဖို့ Yamamura JLC မှဖိတ်ခေါ်ပါတယ်..

ပုံမှန်အတန်းချိန်များနှင့်သင်ကြားပုံအချက်အလက်များကို comment က link လေးမှာကြည့်ရှုလေ့လာနိုင်ပါတယ် 👇

20/04/2023

🎌 Mayလ Intake အတွက်အတန်းသစ်တွေခေါ်ယူနေပါပြီ 🤗

💥 Special Big Gift for New year 💥

နှစ်သစ်မှာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ဖို့ Yamamura JLC မှကြိုဆိုပါတယ်..

🟥30% gift back🟥

နှစ်သစ်မတိုင်ခင်ကတိပေးထားတဲ့အတိုင်း အတန်းချိန် ၂ ချိန်ကို အထူးအခွင့်အရေးပေးမှာပါ..

ပုံမှန်သင်တန်းခထက် 🟥🟥 30% 🟥🟥 တိတိလျှော့ပေးထားမှာပါ ...

—— N5 ( အပြင်သင်တန်း )—— 💢💢💢

Sat-Sun (2:00-4:00)

Start Date - May 6
Duration - 5 months
Seat - Only 20 persons Limit
Fees - ပုံမှန် 180,000 ကို အခု 126,000 mmk

……..Included Textbook…….

-------------------- ---------------- -------------------
—— N5 Online ——

Mon-Wed-Fri (2:00-4:00)

Start Date - May 5
Duration - 4 months
Seat - Only 15 persons Limit
Fees - ပုံမှန် 130,000 ကို အခု 91,000 mmk

……..Included Textbook…….
-------------------- --------------- --------------------

အထူး၂ ချိန်အပြင် နောက်တချိန်ပါ စိတ်ပါလက်ပါနဲ့ ထပ်ပြီး 30% promotion ပေးပါတယ် 🔻🔻🔻

—— N4 Online——

Mon-Wed (7:00-9:00 pm)

Start Date - May 10
Duration - 4.5 ~5months
Fees - ပုံမှန် 150,000 ကို အခု 105,000 mmk
Seat- only 15 persons limit

……..Included Textbook…….

💫 Yamamura ကအတန်းတိုင်းမှာ အမြဲလက်ဆောင်ပေးမယ့်စာအုပ်တွေကတော့
🔴みんなの日本語
🔴Kanji Master
🔴JLPT Old Question
🔴Grammar Notes စသည်တို့ကို ချစ်ခြင်းအားဖြင့်
ပေးမှာပါ.. 🤗

-------------------- --------------- --------------------
📞 ဆက်သွယ်ရန်ဖုန်းနံပါတ်

- 09772202373
- 09795675184
- 09450470406
( ⭕️ 30% အတန်းတွက်လို့သာ ဖုန်းဆက်လိုက်ပါ.)

စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြပေမယ့်
နှစ်သစ်မှာ ကုသိုလ်လည်းရ ဝမ်းလည်းဝ အောင်လို့
Yamamura က တနိုင်တပိုင် ပုံဖော်ပေးခြင်းဖြစ်ပါတယ်..

အတူတူကြိုးစားကြဖို့ ဖိတ်ခေါ်ပါတယ်...

ပုံမှန်အတန်းများ နှင့် သင်တန်းသင်ရိုး details အချက်အလက်များကတော့ အောက်က link လေးမှာ ဝင်ကြည့်ရှုလေ့လာနိုင်ပါတယ်..

https://m.facebook.com/story.php?story_fbid=193766030110621&id=100084316740710&mibextid=Nif5oz

Photos from Yamamura JLC's post 06/02/2023

February လအတွက် အတန်းသစ်များစတင်ခေါ်ယူနပါပြီ 🤗

Photos from Yamamura JLC's post 10/12/2022

FYI 🤗

Photos from Yamamura JLC's post 12/10/2022

………. 📍 HAPPY EXAM DAY 📍 ……….

Photos from Yamamura JLC's post 26/09/2022

FYI

October Intake အတွက်စတင်ခေါ်ယူနေပါပြီ 🤗

22/09/2022

အိမ်မက်မက်ဖူးသူတိုင်း ဖတ်ကြည့်သိထားသင့်တယ်ထင်လို့ ရေးသားတင်ပြလိုက်ရပါတယ် ✍️

အိမ်မက်အမျိုးစားကွဲများစွာရှိပါတယ်ဆိုတဲ့ အကြောင်းအရာတွေဖြစ်ပါတယ် 🎐

✅🇯🇵 အခုတစ်ခေါက် Yamamura JLC ကတင်ပြပေးသွားမှာကတော့ ကြိုးစားနေသူတိုင်းနဲ့ ကိုက်ညီမယ့် “အိမ်မက်” ဆိုတဲ့ ဂျပန်ဝေါဟာရ စကားလုံးကို ထပ်မံရှာဖွေတင်ပြပေးသွားပါမယ် ။

“ဘဝအိမ်မက် / အိပ်မှမက်တဲ့အိမ်မက် - ゆめ(夢)“ အသံထွက်ကတော့ ( yume / ရူးမဲ ) အနီးစပ်ဆုံးမှတ်ရလွယ်အောင်အသံထွက်ထားခြင်းဖြစ်ပါတယ်။

“အိမ်မက်”ဆိုတာ ရူးသွပ်တဲ့အရာတွေကို အသဲအမဲကြိုးစားရတယ်ဆိုပြီးလည်း စတင်လေ့လာတုန်းက ဆက်စပ်တွေးတောမှတ်သားခဲ့ဖူးပါတယ် ။

“အိမ်မက်” ဆိုတဲ့ဝေါဟာရသည် ဘာသာစကားအလိုက် အများစု နှစ်သက်ကြတဲ့ ဝေါဟာရများထဲမှာ တစ်ခုအပါအဝင်လို့ ထင်မှတ်မိပါတယ် ။

“အိမ်မက် - ゆめ(夢)“ နဲ့ပတ်သက်တာတွေကို စတင်ဖော်ပြပေးသွားပါမယ် ။

🎐ゆめみる(夢見る)
🇲🇲 အိမ်မက်မက်သည် / မျှော်မှန်းရည်ရွယ်သည်
“ゆめ” အိမ်မက် လို့အဓိပ္ပာယ်ရပြီး “みる“ ကြည့်သည်၊ မြင်သည် လို့ ဆိုလိုပါတယ်။

🎐むそう(夢想)
🇲🇲 စိတ်ကူးယဉ်အိမ်မက်
“む“ ဆိုတာ အိမ်မက်ရဲ့ပေါင်းစပ်သံဖြစ်ပါတယ်။ ”そう“ တွေးတောစိတ်ကူးခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်ပါတယ်။ むそうか(夢想家)ーစိတ်ကူးယဉ်ဆန်သူ လို့ဆိုပါတယ်။

🎐あくむ(悪夢)
🇲🇲 အိမ်မက်ဆိုး
“あく”ဆိုတာကတော့ ဆိုးရွားသော ၊ အနှုတ်လက္ခဏာဆန်တဲ့ခန်းဂျီးရဲ့ ပေါင်းစပ်သံကလာတာဖြစ်ပါတယ်။ あくま(悪魔) မကောင်းဆိုးဝါး ဆိုတဲ့ ဝေါဟာရထဲမှာလည်း ပါဝင်နေတဲ့ “あく“ ဖြစ်ပါတယ် ။ “む”ကတော့ အိမ်မက်ရဲ့ ပေါင်းစပ်သံပါ။

🎐むま(夢魔)
🇲🇲 မကောင်းဆိုးဝါးမြင်သောအိမ်မက်
“ま“ ဆိုတာ မကောင်းဆိုးဝါး Demon မှာပါတဲ့ ပေါင်းစပ်သံဖြစ်ပါတယ် ။

🎐かいむ(怪夢)
🇲🇲 ထူးခြားဆန်းကြယ်သောအိမ်မက်
“かい“ ဆိုတာ အံ့ဖွယ်ဖြစ်သော ၊ ဆန်းပြားသော ၊ mystery ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

🎐きちむ(吉夢)
🇲🇲မင်္ဂလာကောင်းချီးပေးသော အိမ်မက်
“きち”ဆိုတာကတော့ ကောင်းမွန်ပြည့်စုံသောဆိုတဲ့အနက်အဓိပ္ပာယ်ဖြစ်ပါတယ်။

🎐めいせきゆめ(明晰夢)
🇲🇲ရှင်းလင်းပြတ်သားသည့်ပုံရိပ်ပေါ်သည့်အိမ်မက် = မိမိကိုယ်တိုင်ထိန်းချုပ်လှုပ်ရှားလို့ရနိုင်သည့်အိမ်မက် = Lucid Dream
“めい“ လင်းလက်သောဆိုသည့် ဝေါဟာရမှ ပေါင်းစပ်သံဖြစ်ပြီး ၊ “せき” ဆိုတာရှင်းလင်းကြည်လင်ပြတ်သားသည့် သဘောကိုဆိုလိုသည်။

🎐はつゆめ(初夢)
🇲🇲 နှစ် ၁ နှစ်ရဲ့ပထမဆုံးမက်တဲ့အိမ်မက်
“はつ“ ဆိုတာ ပထမဦီးစွာစတင်ခြင်း ၊ ဗွေဇော်ဦီး ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဉပမာ - はつこい(初恋) ~ first love ဆိုတဲ့ ဝေါဟာရမှာလည်း “はつ” ရဲ့အဓိပ္ပာယ်က ထင်ပေါ်နေပါတယ်။

🎐ゆめうつつ(夢現)
🇲🇲 အိပ်တဝက် နှိုးတဝက်
“うつつ“ ဆိုတဲ့ ယခုလက်ရှိကာလ ၊ real life ကိုဖော်ပြတဲ့ သဘောလည်းရှိပါတယ် ။
အနီးစပ်ဆုံးပြောရရင် ( dream & reality ) လို့ဆိုနိုင်ပါတယ်။

🎐ゆめじ(夢路)
🇲🇲 အိမ်မက်လမ်းကြောင်း = အိမ်မက်ကိုပုံဖော်ပြောပြသည့်အခါမြင်သာလွယ်ဉပမာပေးပြောပြသည့်စကား
“じ” ဆိုတာ လမ်းကြောင်း ၊ ပြေးလမ်း၊ပတ်လမ်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ် ။

🎐むちゅう(夢中)
🇲🇲 စွဲလန်းရူးသွပ်ခြင်း ( နှစ်သက်ခြင်းရဲ့အမြင့်ဆုံး Limit )
”ちゅう“ဆိုတာ အတွင်း ၊ အထဲ ၊ inside ဆိုတဲ့သဘောပါ ။

🎐むゆうびょう (夢遊病)
🇲🇲အိပ်ပျော်လျက်လမ်းလျှောက်သည့်ရောဂါ
“ゆう”ဆိုတာ ကစားခြင်း ၊ လည်ပတ်သွားလာခြင်းဖြစ်ပြီး “びょう“ ကတော့ ရောဂါပါ ။ “びょういん” ဆေးရုံဆိုတဲ့ အခြေခံဝေါဟာရမှာ မြင်တွေ့ထားပြီးသားစကားလုံးဖြစ်ပါတယ်။

🎐ゆめうら(夢占)
🇲🇲အိိမ်မက်ဗေဒင်
”うら” ကတော့ဗေဒင်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ် ။ ゆめうらない(夢占い)လို့လည့်ပြောကြပါတယ်။ အဓိပ္ပာယ်တူတူပါပဲ။

🎐しょうらいのゆめ(将来の夢)
🇲🇲 အနာဂတ် အိမ်မက် / မိမိရည်မှန်းချက်ပန်းတိုင်
“しょうらい” ကိုတော့ တွဲလျက်သားပဲ ဘာသာပြန်ရရင် အနာဂတ်အိမ်မက် ၊ Future ဆိုတဲ့ ဝေါဟာရ တစ်လုံးဖြစ်ပါတယ် ။

読んでくれてありがとー
頑張ってね🥜

PaiZaw (山村) ✍️

19/09/2022

ကဲ …. ကြက်ဉပါ 🍳

✅🇯🇵အခုတစ်ခေါက် YAMAMURA JLC မှ တင်ပြပေးသွားမယ့်တဲ့အကြောင်းအရာကတော့ ဘာသာစကားလေ့လာနည်း တွေထဲကတစ်ခုဖြစ်တဲ့ “စာတူလုံးကွဲလိုက်ရှာခြင်း” နည်းပဲဖြစ်ပါတယ် ။

အလွယ်ပြောရရင် အခြေခံအဆင့်မှာ ကျက်ထားရတဲ့ ဝေါဟာရ တစ်ခုကို အခြေတည်ပြီးတော့ ဆက်စပ်နေသမျှဝေါဟာရတွေကို ရှာဖွေကျက်မှတ်ခြင်းနည်းလမ်းပဲဖြစ်ပါတယ် ။

ဉပမာအနေနဲ့ “ ကြက်ဉ - たまご(卵) “ ရဲ့ ဝေါဟာရတွေ ကိုရှာဖွေလေ့လာသွားကြပါမယ် ။

たまご(卵)
🇲🇲 ကွကျဉ
(おたま(お玉)、たまご(玉子)、とりのこ(鳥の子)、らんし(卵子)、おたま(お玉)、けいらん(鶏卵) စသည်တို့ကိုလည်းကြက်ဉလို့ရေးသားဖော်ပြထားပါတယ် ၊ たまご(卵)ကတော့ နေ့စဉ်အများသုံးဝေါဟာရဖြစ်ပါတယ်)

たまごから(卵殻)
🇲🇲 ကြက်ဉအခွံ
( “から” ဆိုတာအခွံကိုဆိုလိုခြင်းဖြစ်ပါတယ် )

たまごのきみ(卵の黄身)
🇲🇲 ကြက်ဉ အနှစ်
( “き“ ဆိုတာအဝါရောင်ဆိုတဲ့သဘော 、”み” တာ ခန္ဓာကိုယ်နဲ့သက်ဆိုင်တဲ့ခန်းဂျီးဖြစ်ပါတယ် )

らんおう(卵黄)
🇲🇲 ကြက်ဉအနှစ်
( “らん” ဆိုတောကြက်ဉရဲ့ခန်းဂျီးပေါင်းစပ်သံ ၊ “おう“ကတော့အဝါရောင်ကိုဆိုလိုခြင်းဖြစ်ပါတယ် ။ နေ့စဉ်သုံးဝေါဟာရ ၊ အသုံးများပါတယ် )

たまごのしろみ(卵の白身) -
🇲🇲 ကွကျဉအကာ
( “しろ”ဆိုတာအဖြူရောင်ပါ 、”み” ဆိုတာ ခန္ဓာကိုယ်နဲ့သက်ဆိုင်တဲ့ခန်းဂျီးဖြစ်ပါတယ် )

たまごたて(卵立て)
🇲🇲ကြက်ဉထည့်သည့်ခွက်
(“たて” ဆိုတာ ထောင်မတ်ခြင်း ၊ မတ်တတ်ရပ်ခြင်း ၊ တပ်ဆင်တည်ဆောင်ခြင်းလို့ဆိုသော အဓိပ္ပာယ်ရှိသော်လည်း ၊ အခုဝေါဟာရမှာတော့ ထောင်ပြီးတင်လို့ရသည့် ခွက်အဖြစ်ဆိုလိုခြင်းဖြစ်သည် )

さんらん(産卵)
🇲🇲 ကြက်ဉဉခြင်း
( “さん“ဆိုတာ မွေးဖွားတဲ့ ခန်းဂျီးရဲ့ပေါင်းစပ်သံထဲကတစ်ခု ၊ ”らん” ဆိုတာကတော့ ကြက်ဉခန်းဂျီးရဲ့ ပေါင်းစပ်သံဖြစ်ပါတယ် ။

たまごやき(卵焼き) -
🇲🇲 ကြက်ဉကြော်
(“やき“ ဆိုတာ ကင်တဲ့သဘော မီးအပူဓာတ်ပေးတဲ့သဘောပါ ၊ ဒီနေရာမှာတော့ ကြော်တယ်လို့ပဲဆိုပါတော့မယ်)

まぜやきたまご (混ぜ焼き卵)
🇲🇲 ကြက်ဉမွှေကြော်
(“まぜ“ ကတော့ မွှောနှောက်ရောနှောခြင်းဆိုတဲ့သဘောဖြစ်ပါတယ် )

めたまやきたまご(目玉焼き卵)
🇲🇲 ကြက်ဉ Half Boil ကြော်
(“め”ဆိုတာမျက်စိကိုဆိုလိုပါတယ် ၊ “たま” ဘောလုံးသကဲ့လုံးဝိုင်းသော Sphere ကိုဆိုလိုပါတယ်)

かためんやきたまご (片面焼き卵)
🇲🇲 တစ်ဖက်ကျက် half boil ကြော်
( “かた“ဆိုတာ တစ်ဘက်ကိုရည်ညွှန်းပြီး ဥပမာ လက်တဘက်တည်းအသုံးပြုတာမျိုးစသည်ဖြင့် ၊ “めん” ကတော့ မျက်နှာပြင်ပါ )

りょうめんやき卵 (両面焼き卵)
🇲🇲 နှစ်ဖက်ကျက် half boil ကြော်
( “りょう” ဆိုတာ နှစ်ဘက်တဲ့သဘောပါ ဉပမာအားဖြင့် လက်နှစ်ဘက် ၊ မိဘနှစ်ပါး ၊ ၂ဖက်လုံး ၊ ၂ခုလုံး စသည်ဖြင့် အင်္ဂလိပ်လို Both ဆိုတဲ့​သဘောပါ ၊ めん“ ကတော့မျက်နှာပြင်ပါ )

あつやきたまご (厚焼き玉子)
🇲🇲 ကြက်ဉအတုံးကြော်
( “あつ“ ဆိုတာက ထုထည်ရှိပြီး ထူထည်နေသောအရာကိုဆိုလိုသည် ။ だきしまきたまご (だし巻き卵) လိုအခေါ်များကြပါတယ် )

ゆでたまご(茹で卵)
🇲🇲ကြက်ဉပြုတ်
( “ゆで“ ဆိုသည်မှာ ရေနွေးပူထဲထည့်၍ ပြုတ်ခြင်းဆိုသည့်သဘောဖြစ်ပါတယ် )

おんせんたまご(温泉卵)
🇲🇲ရေပူစမ်းကြက်ဉ ( ရေနွေးထဲ ကြက်ဉကိုခွဲထည့်ပြုတ်သည့် ဂျပန်စတိုက်ကြက်ဉပြုတ်)
(“おんせん” ဆိုတာသိထားပြီးသားအတိုင်း ရေပူစမ်း ကို ဆိုလိုခြင်းဖြစ်ပါတယ် )

けいらんそうめん(鶏卵素麺 )
🇲🇲 ကြက်ဉအနှစ်ဖြင့်ပြုလုပ်ထားသောအချိုပွဲတမျိုး
( သကြားရေဆူဆူထဲသို့ ခလောက်ထားသောကြက်ဉအနှစ်ကို အမျှင်တန်းပြီးထည့်ကာ ပြုလုပ်ရသည့် အစားစာ ၊ ပေါ်တူဂီရိုးရာအစားစာ (Jala mas ) ဖြစ်ပြီး ဂျပန်တွင်လူကြိုက်များကြသည် )

たまごがた(卵形)
🇲🇲ကြက်ဉပုံစံ ( Shape )
“がた“ ဆိုတာ ပုံစံ ( Shape ) ၊ ပုံပန်းသဏ္ဏာန်ကိုဖော်ပြတယ် ဆိုတဲ့သဘောပါ ။

かものたまご(鴨の卵)
🇲🇲ဘဲဉ
“かも“ဆိုတာ ဘဲဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ် ။

たまご နဲ့ ပတ်သက်သည့်စာလုံးများအနက် မှတ်လွယ် သိလွယ် မြင်လွယ်သည့်စကားလုံးများကို အဓိကထားဖော်ပြလိုက်ပါသည် ။

読んでくれて、ありがとー 🤗
頑張ってくださいね🥜

PaiZaw (山村)

Photos from Yamamura JLC's post 29/08/2022

ဂျပန်စကားပုံ ( ことわざ ) 🤗

Photos from Yamamura JLC's post 27/08/2022

N4 Quiz 🤗

Photos from Yamamura JLC's post 26/08/2022

✅🇯🇵 N3 Class အတန်းမှ ကျောင်းသား ၊ ကျောင်းသူများ၏ ကြိုးစားမှု့ပုံရိပ်များ 🤗

あなたの学校を学校のトップリストOsakaにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

電話番号

ウェブサイト

住所


Osaka, Osaka