16/04/2026
✨土木施工管理補 အလုပ်ခေါ်စာလေးပါ✨
👉🏻(အလုပ်မိတ်ဆက်ခ အခမဲ့ ၊ ဂျပန်သို့လာမည့် လေယာဥ်လက်မှတ်ခ အခမဲ့)
မြန်မာပြည်ရှိ နည်းပညာတက္ကသိုလ်တွင် Civil မေဂျာဖြင့် BE ဘွဲ့ရထားပြီး ဂျပန်မှာအလုပ်လုပ်ဖို့ စိတ်ဝင်စားသူများ၊ ဂျပန်ပြည်တွင်းအလုပ်ပြောင်းလိုသူများ၊ နိုင်ငံတကာမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေသူများ လျှောက်ထားနိုင်ပါတယ်။
宛先 :土木施工管理補လို့ရေးပို့ပေးပါ။
Job Position :土木施工管理(1~2名)
နေထိုင်ခွင့် ဗီဇာ : Work Visa
အလုပ်တည်နေရာ : 関東Area・現場移動可能性あり
အလုပ်ချိန် : 8:00∼17:00 (1時間休憩)
အခြေခံလစာ : 215,000円 /月အထက်~
JLPT N2 လက်မှတ်ရှိလျှင် လစာအပြောင်းအလဲရှိသည် ။
(အချိန်ပိုကြေးနှင့် ပိတ်ရက်တွင်အလုပ်ဆင်းရသည်များရှိလျှင် သီးသန့် ပေးချေပါသည်)
ပုံမှန်ပိတ်ရက် : တစ်ပါတ် ၂ ရက် ပိတ်ပါသည် ။
နွေရာသီပိတ်ရက် ၊ နှစ်ကုန်ပိတ်ရက်နှင့် အခြားသောအစိုးရရုံးပိတ်ရက်များ
(Company Calendar အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သည် )
📌လိုအပ်သည့်အရည်အချင်း :
JLPT N2 လက်မှတ်ရှိသူများ (သို့မဟုတ်) BJT အမှတ်၄၀၀နှင့်အထက်ရသူများ (CEFR・B2 levelရှိသူများ)၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ။
📌Job Description :
土木施工管理補 အဖြစ် လမ်းများ၊ တံတားများ၊ တူးမြောင်းများနှင့် ရထားလမ်းများ စသည့် မြေပြင်ဆောက်လုပ်ရေးလုပ်ငန်းနေရာများတွင် 施工管理 လုပ်ငန်းများကို ကူညီဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဓိကတာဝန်များအဖြစ် လုပ်ငန်းတိုးတက်မှုအခြေအနေများကို စစ်ဆေးခြင်း၊ လုပ်ငန်းခွင်အတွင်း လုံခြုံရေးစီမံခန့်ခွဲမှုနှင့် အရည်အသွေးစီမံခန့်ခွဲမှုတို့ကို ကူညီဆောင်ရွက်ခြင်း၊ အလုပ်ချိန်ဇယားများကို ညှိနှိုင်းစီစဉ်ခြင်း၊ လုပ်သားများနှင့် အတူလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း၊ လိုအပ်သော စာရွက်စာတမ်းများ ပြုစုတင်ပြခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် အထက်အရာရှိ၏ ညွှန်ကြားချက်များအောက်တွင် လုပ်ငန်းများချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အကူအညီပေးရမည်ဖြစ်ပြီး၊ အနာဂတ်တွင် 施工管理 技術者 တစ်ဦးအဖြစ် တိုးတက်နိုင်ရန် အတွေ့အကြုံများကို စုဆောင်းသွားနိုင်မည်ဖြစ်ပါသည်။
📌အလုပ်ခန့်ထားမည့်ပုံစံ:
ပထမနှစ်နှစ်ခန့်သည် စေလွှတ်မည့်ရုံး၏ စာချုပ်၀န်ထမ်း [ Link Familiar ၏ အချိန်ပြည့်၀န်ထမ်း(正社員)] အဖြစ်လုပ်ရမည်ဖြစ်ပြီး တစ်ဖက်ရုံးမှ သင့်အား၀န်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်ချင်သည်ဆိုပါက လိုအပ်သည်များကို ကျွန်ုပ်တို့ရုံးမှ အပြည့်အဝထောက်ပံ့ပေးပါမည် ။
• 業務内容:土木施工管理補補助
• 契約期間:無期雇用 更新あり 勤務態度等
• 就業場所(関東エリア・現場移動可能性あり・引っ越しのサポートあり)
• 勤務時間・休憩・休日:8:00∼17:00 (1時間休憩)
• 時間外労働の有無:状況による残業はあり
• 試用期間の有無と条件:無し
• 社会保険の適用状況:健康保険・厚生年金・雇用保険に加入。労災保険は全員適用。
• 受動喫煙防止措置:屋内禁煙(喫煙専用室のみ設置)
• 募集者の名称:株式会社リンクファミリア
အလုပ်လျှောက်လိုသူများအနေဖြင့် [email protected] သို့ ဂျပန်ဘာသာဖြင့်ရေးသားထားသော 履歴書と職務経歴書 များ ပေးပို့ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ ။
💞မိသားစုကဲ့သို့နွေးထွေးစွာချိတ်ဆက်မှု💞
✨ 温かい家族のような繋がり ✨
12/04/2026
𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗢𝗽𝗲𝗻𝘀 𝗳𝗼𝗿 𝗝𝗖𝗧𝗦 𝗣𝗿𝗼𝗧𝗿𝗮𝗰𝗸 (𝗕𝗮𝘁𝗰𝗵 3)
ဘယ်လို အရည်အချင်းတွေရှိရင် 𝐅𝐮𝐥𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩/ 𝐏𝐚𝐫𝐭𝐢𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 လျှောက်လို့ရနိုင်လဲ ?
မြန်မာအင်ဂျင်နီယာတွေအနေနဲ့
၁။ 𝐍𝟐 𝐥𝐞𝐯𝐞𝐥 ရှိပြီး JCTSမှ စစ်ဆေးသော 𝐍𝟐 𝐥𝐞𝐯𝐞𝐥 𝐚𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 𝐭𝐞𝐬𝐭 ကို ဖြေဆိုအောင်မြင်နိုင်သူဖြစ်ရပါမယ်။
၂။ မိမိတက်ရောက်ခဲ့တဲ့ နည်းပညာတက္ကသိုလ်မှ အမှတ်စာရင်း (GPA) ကို တင်ပြနိုင်ပြီး ၇၅% အထက်ရရှိထားသူဆို လျှောက်ထားနိုင်ပါတယ် ။
၃။ JCTSမှ စစ်ဆေးသောAccessment Test ၇၅%အထက်ရရှိထားသူဆိုFull Scholarship ရရှိနိုင်ပြီး ၇၅%အောက်ရရှိထားသူဆိုရင် Partial Scholarshipအနေဖြင့် လျှောက်လို့ရနိုင်ပါတယ် ။
အကြောင်းတစ်စုံတစ်ရာကြောင့် 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 မရလိုက်တဲ့သူတွေကရော ?
Scholarship မရခဲ့တဲ့သူတွေအနေနဲ့လည်း 𝗝𝗖𝗧𝗦 သင်တန်းကျောင်းကို member fee ပေးသွင်းပြီး တက်ရောက်နိုင်မယ့် အစီအစဉ်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ member fee ကိုလည်း သုံးရစ်ခွဲပြီး ပေးသွင်းနိုင်တဲ့အပြင် bank loan နဲ့ပေးချေနိုင်အောင်ပါ စီစဉ်ပေးထားပါသေးတယ် ။
𝗙𝘂𝗹𝗹 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽/ 𝐏𝐚𝐫𝐭𝐢𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩လျှောက်ထားလိုသူများအတွက် အဓိကအချက်အနေဖြင့်
✅ N2 Level ရှိပြီး JCTS မှ စစ်ဆေးသော N2 Level assessment test ကို ဖြေဆိုအောင်မြင်သူ
✅ နည်းပညာတက္ကသိုလ်မှ အမှတ်စာရင်း(GPA) 75% အထက်ရရှိထားသူ ဖြစ်ရမည့်အပြင်
✅ Personal Traits ကောင်းပြီး Engineering Spirit အပြည့်ရှိသူ
✅ ကျောင်းရဲ့သတ်မှတ်ထားသော credit system အတိုင်း ကြိုးစားနိုင်သူ
✅ ကျောင်းမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရပါမည်။
Scholarship ရရှိသော ကျောင်းသားများအနေဖြင့် admission fees သာပေးသွင်းပြီးdocumentation fees နှင့် tuition fees အား scholarship ရယူနိုင်မည်ဖြစ်ပါသည်။
Scholar လျှောက်ထားလိုသူများသည် အောက်တွင်ဖော်ပြထားသော google form ကို မဖြည့်မှီ Entry Application Form တွင် အရင်ဖြည့်သွင်းပြီးမှသာ Scholarship Form တွင် ထပ်မံဖြည့်သွင်းပေးပါရန်
𝗘𝗻𝘁𝗿𝘆 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺:
https://docs.google.com/forms/d/e/1FAIpQLSd5odIZaUiJOMjsvBKaQII9QqkeThpLVuF2KTQ0UL5CyKOc6w/viewform?usp=header1728632745171
𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗙𝗼𝗿𝗺:
https://docs.google.com/forms/d/e/1FAIpQLSeDo0-1xvEMGZ-kNrRem9LMCn14D7jDp3Wuc5cGRXbG85OFYA/viewform?usp=header1728632745171
🔴 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗗𝗲𝗮𝗱𝗹𝗶𝗻𝗲 for Full Scholarship: 24 April 2026
Scholarship လျှောက်ထားဖို့အတွက်လိုအပ်ချက်လေးတွေရှိနေတဲ့ Engineer များအတွက်လည်းကျောင်းလခသင်တန်းကြေးအနေဖြင့် စုစုပေါင်း 3,200,000 ကျပ်ကို
📌 Self-Payment By Cash
📌 Student Loan By Bank
ဆိုပြီးရွေးချယ်တက်ရောက်နိုင်ပါတယ်။
သင်တန်းကြေးကိုလည်း ဂျပန်နိုင်ငံတွင်း လုပ်ငန်းခွင်ဝင်ရောက်ပြီး ၆ လ အကြာတွင် Tuition Fee 100% ကို ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်လို့ ဘယ်မှာမှ မရရှိနိုင်တဲ့အခွင့်အရေးတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ 🎍
ဤ program အတွက်ကြာမြင့်ချိန်ကတော့
⏱️ 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐓𝐡𝐮𝐫𝐬𝐝𝐚𝐲 (𝟏 𝐲𝐞𝐚𝐫)ဖြစ်ပါတယ်။
မြန်မာအင်ဂျင်နီယာများကို ဂျပန်နိုင်ငံတွင် ယုံကြည်မှုရှိရှိဖြင့် အောင်မြင်စွာလုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ပေးမှာဖြစ်လို့ JCTS ProTrack Program နဲ့အတူ တောက်ပတဲ့အနာဂတ်ကို တည်ဆောက်လိုက်ပါ။
"𝗙𝗼𝗿 𝗮 𝗦𝘁𝗿𝗼𝗻𝗴𝗲𝗿 𝗧𝗼𝗺𝗼𝗿𝗿𝗼𝘄"
Powered by 𝗝𝗖𝗔
10/04/2026
✨土木施工管理 အလုပ်ခေါ်စာလေးပါ✨
👉🏻(အလုပ်မိတ်ဆက်ခ အခမဲ့ ၊ ဂျပန်သို့လာမည့် လေယာဥ်လက်မှတ်ခ အခမဲ့)
မြန်မာပြည်ရှိ နည်းပညာတက္ကသိုလ်တွင် Civil မေဂျာဖြင့် BE ဘွဲ့ရထားပြီး ဂျပန်မှာအလုပ်လုပ်ဖို့ စိတ်ဝင်စားသူများ၊ ဂျပန်ပြည်တွင်းအလုပ်ပြောင်းလိုသူများ၊ နိုင်ငံတကာမှာ ကျောင်းသားဗီဇာနဲ့ နေထိုင်နေသူများ လျှောက်ထားနိုင်ပါတယ်။
宛先 :土木施工管理လို့ရေးပို့ပေးပါ။
Job Position :土木施工管理(1~2名)
နေထိုင်ခွင့် ဗီဇာ : Work Visa
အလုပ်တည်နေရာ : 関東Area
အခြေခံလစာ : 215,000円 /月အထက်~
JLPT N2 လက်မှတ်ရှိလျှင် လစာအပြောင်းအလဲရှိသည် ။
(အချိန်ပိုကြေးနှင့် ပိတ်ရက်တွင်အလုပ်ဆင်းရသည်များရှိလျှင် သီးသန့် ပေးချေပါသည်)
ပုံမှန်ပိတ်ရက် : တစ်ပါတ် ၂ ရက် ပိတ်ပါသည် ။
နွေရာသီပိတ်ရက် ၊ နှစ်ကုန်ပိတ်ရက်နှင့် အခြားသောအစိုးရရုံးပိတ်ရက်များ
(Company Calendar အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သည် )
📌လိုအပ်သည့်အရည်အချင်း :
JLPT N2 လက်မှတ်ရှိသူများ (သို့မဟုတ်) BJT အမှတ်၄၀၀နှင့်အထက်ရသူများ (CEFR・B2 levelရှိသူများ)၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ။
📌Job Description :
လမ်းဆောက်လုပ်ရေးလုပ်ငန်းများနှင့် မြေပြင်အခြေခံဆောက်လုပ်ရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်သော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အမြန်လမ်းများ၊ လေယာဥ်ပြေးလမ်းများနှင့် မြို့ပြအခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို အဓိကလုပ်ငန်းအဖြစ် လုပ်ဆောင်ပါသည်။ 1961 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခုအချိန်တွင် နှစ်ပေါင်း 60 ကျော်သော သက်တမ်းရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
📌အလုပ်ခန့်ထားမည့်ပုံစံ:
ပထမတစ်နှစ်ခန့်သည် စေလွှတ်မည့်ရုံး၏ စာချုပ်၀န်ထမ်း [ Link Familiar ၏ အချိန်ပြည့်၀န်ထမ်း(正社員)] အဖြစ်လုပ်ရမည်ဖြစ်ပြီး တစ်ဖက်ရုံးမှ သင့်အား၀န်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်ချင်သည်ဆိုပါက လိုအပ်သည်များကို ကျွန်ုပ်တို့ရုံးမှ အပြည့်အဝထောက်ပံ့ပေးပါမည် ။
အလုပ်လျှောက်လိုသူများအနေဖြင့် [email protected] သို့ ဂျပန်ဘာသာဖြင့်ရေးသားထားသော 履歴書と職務経歴書 များ ပေးပို့ပြီး တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ ။
💞မိသားစုကဲ့သို့နွေးထွေးစွာချိတ်ဆက်မှု💞
✨ 温かい家族のような繋がり ✨
27/03/2026
ဒီPage က မင်မင်တို့ အလုပ်တွေအရမ်းများပြီး လှည့်ကိုမကြည့်နိုင်ဘူး
သင်တန်းတွေကလည်း တစ်နှစ်မှ ၂ကြိမ်ပဲသင်တော့ အတန်းသစ်တွေ ထပ်မရှိသေးပါရှင်
25/03/2026
🛑 2級土木施工管理技士 – 1次 အောင်ရုံနဲ့ မပြီးပါဘူး
2級土木施工管理技士 စာမေးပွဲမှာ 1次 (一次検定) အောင်တာက အရေးကြီးတဲ့အဆင့်တစ်ခုပါ။ ဒါပေမယ့် အဲဒီတစ်ခုနဲ့တင် မပြီးသေးပါဘူး။
2次 (二次検定) ကိုပါ ဆက်ဖြေရပြီး အောင်မှသာ
“2級土木施工管理技士” ဆိုတဲ့ အရည်အချင်းကို
အပြည့်အဝရနိုင်ပါတယ်။
1次 အောင်ပြီးရပ်လိုက်ရင်
資格 (လိုင်စင်) အပြည့်မရသေးသလို
အလုပ်မှာလည်း 施工管理技士 အဖြစ်
အသုံးချနိုင်ခြင်း မပြည့်စုံပါဘူး။
ဒါကြောင့်
**1次 အောင်ထားသူများအားလုံး 2次 ကိုပါ ဆက်ဖြေဖို့တိုက်တွန်းချင်ပါတယ်။
Fly To Japan ရဲ့ အားသာချက်တွေကတော့ —
✔ 2次 (二次検定) ကို အဓိကထားသင်ကြားပေးခြင်း
✔ စာမေးပွဲမှာ အရေးကြီးတဲ့ 施工経験記述 (Essay) ကို အသေးစိတ်လေ့ကျင့်ပေးခြင်း
✔ အမှန်တကယ် site experience အပေါ်အခြေခံပြီး ရေးနည်းသင်ပေးခြင်း
✔ တစ်ယောက်ချင်းစီကို feedback ပေးပြီး ပြန်ပြင်ခိုင်းပေးခြင်း
✔ စာမေးပွဲဖြေတဲ့အချိန် ရေးနည်း strategy ကို သေချာသင်ပေးခြင်း
⭐️実績ကတော့
2024年မှာ၁၂ယောက်
2025年မှာ၁၆ယောက်အောင်မြင်ခဲ့ပါတယ်။
1次 အောင်ထားပြီး 2次 ကို သေချာပြင်ဆင်ချင်သူများ
今年 2次 ဖြေဖို့ရည်ရွယ်ထားသူများ
Fly To Japan ကို လာရောက်တက်ရောက်နိုင်ပါတယ်။
အသေးစိတ်သိချင်ရင် Comment / Message မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
23/03/2026
Japanese Construction Technical School မှ ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီကြီးများတွင် အလုပ်လုပ်ကိုင်လိုသော အင်ဂျင်နီယာများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ခေါ်ယူမိတ်ဆက်ပေးသွားပါမည်။
အလုပ်အမျိုးအစား : 鉄筋配筋検査(3 Posts)
※ 検査メイン※
(Reinforcement Inspection)
အလုပ်တည်နေရာ : 東京、関東圏
📌လိုအပ်သောအရည်အချင်းများ📌
(1) BE Civil, Archi ပိုင်းဖြင့်ဘွဲ့ရရှိထားသူ
(2) ဂျပန်စာ N3 level အောင်မြင်ထားသူ (Communicate လုပ်နိုင်သူ)
(3) အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
※ပိတ်ရက်: တစ်ပတ် ၂ ရက် (Sat,Sun,Public Holiday)
(အချိန်ပိုရှိ)
※အကျိုးခံစားခွင့်များအနေဖြင့်家賃တစ်ဝက်ထောက်ပံ့ပေးခြင်း၊ 交通費ထောက်ပံ့ပေးခြင်းများရှိပါသည်။
--------------------------------------------
📌လျှောက်ထားလိုသူများသည် သေသပ်စွာပြင်ဆင်ရေးသားထားသော 履歴書 နှင့် 職務経歴書 များကို [email protected] သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
📌 Subject တွင် မိမိလျှောက်ထားလိုသော Positionကိုရေးပို့ကာ လျှောက်ထားပေးပါရန်📌
အချက်အလက်များကိုစိစစ်ပြီး ကိုက်ညီသူများကို ပြန်လည်ဆက်သွယ်ပေးသွားပါမည်။
JCTS မှ မြန်မာနိုင်ငံက အင်ဂျင်နီယာများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဆက်လက်ဖော်ဆောင် ပေးသွားမှာဖြစ်လို့ 皆さん တို့ Fb Page ကိုလည်း Like & Follow လုပ်ထားဖို့မမေ့ကြပါနဲ့နော် 🥰
01/03/2026
အတန်းသစ်လာအပ်သူတွေအတွက်ပါ
လက်ရှိသင်နေတဲ့ N2 အတန်းက
December Exam အတွက်ပါ
ိုတစ်ကြိမ်တည်းဖြေတစ်ကြိမ်တည်းအောင်ဖို့
2026 ,ဒီဇင်ဘာ JLPT အတွက်
တစ်နှစ်တာ အချိန်ယူ သင်ကြားပေးမယ့် N2 Zoom Online သင်တန်းများစပါပြီ
📕 N2 Class
သင်တန်းစမည့်ရက် - Jan26, 2026
သင်တန်းနေ့ရက် - Tue ,Sun
Time 🕰️. - 9:00~10:30 PM
Japan ပြည်တွင်းကနေတက်မယ့်သူတွေအတွက်ပါ
အခြား 資格တွေယူဖို့ စာကျက်ရတာနဲ့ အလုပ်အချိန်ပိုတွေနဲ့ စာကိုသေချာမလုပ်နိုင်သူတွေက
၆လနဲ့ N2 ကိုပြင်ဆင်တာ အချိန်လုံးဝမလောက်ပါဘူး
N3 စာမကျေခဲ့သူတွေပါ စာပြန်လေ့လာရင်း
#တကယ်စာရပြီးစာမေးပွဲဝင်ဖြေချင်သူတွေအတွက်၁နှစ်တာအချိန်ယူလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး
ဒီအတန်းကို သင်ပေးမှာပါ
ိုတစ်ကြိမ်တည်းဖြေတစ်ကြိမ်တည်းအောင်ဖို့
2026 ,ဒီဇင်ဘာ JLPT အတွက်
တစ်နှစ်တာ အချိန်ယူ သင်ကြားပေးမယ့် N2 Zoom Online သင်တန်းများစပါပြီ
📕 N2 Class
သင်တန်းစမည့်ရက် - Jan26, 2026
သင်တန်းနေ့ရက် - Tue ,Sun
Time 🕰️. - 9:00~10:30 PM
Japan ပြည်တွင်းကနေတက်မယ့်သူတွေအတွက်ပါ
အခြား 資格တွေယူဖို့ စာကျက်ရတာနဲ့ အလုပ်အချိန်ပိုတွေနဲ့ စာကိုသေချာမလုပ်နိုင်သူတွေက
၆လနဲ့ N2 ကိုပြင်ဆင်တာ အချိန်လုံးဝမလောက်ပါဘူး
N3 စာမကျေခဲ့သူတွေပါ စာပြန်လေ့လာရင်း
#တကယ်စာရပြီးစာမေးပွဲဝင်ဖြေချင်သူတွေအတွက်၁နှစ်တာအချိန်ယူလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး
ဒီအတန်းကို သင်ပေးမှာပါ
28/02/2026
Page မှာ ဘာမှ မတင်နိုင်ပေမယ့်
သင်တန်းကို အမြဲလာအပ်ပေးကြလို့ ကျေးဇူးအများကြီးပါလို့
会話クラス လေးပါ
လူနည်းနည်းနဲ့ များများပြောနိုင်ဖို့ အရေးကြီးပါတယ်
#fypageシ
12/11/2025
1級土木1次ဘယ်သူတွေဖြေသင့်လဲ❓
★土木施工管理လုပ်နေသူများ
🔥ရုံးမှ 資格တောင်းသူများ
⭐️အလုပ်ပြောင်းချင်သူများ
⭐️正社員ဖြစ်ချင်သူများ
ဆိုက်လုပ်မှမဟုတ်ပါအခုနောက်ပိုင်းゼニコンတွေမှာ
支援部ဆိုပြီးပေါ်လာပါတယ်။
支援部မှာလုပ်သူများကိုလည်း会社တော်တော်များများက施工管理လက်မှတ်ကိုတောင်းလာကြပါတယ်။
အဲ့တော့အလွယ်ပြောရရင် 土木အလုပ်လုပ်တဲ့သူတွေမဖြစ်မနေဖြေကိုဖြေလာရမဲ့စာမေးပွဲတခုဖြစ်ပါတယ်။
စကားမစပ်BIM/CIM လုပ်သူတွေကိုပါအခြေခံသိရအောင်ဆိုပြီးဖြေခိုင်းလာတာတွေရှိပါတယ်။
BIM /CIM ဆိုတာကလည်း3D model လေးပုံပေါ်အောင်ဆွဲတတ်ရင်ပြီးရောခေတ်မဟုတ်တော့ပါ
4D ဆိုရင်工程表တွေပါလာမယ် 施工ステップတွေကိုシミュレーションတွေလုပ်လာမယ်၊属性データတွေထည့်ရင်品質နဲ့ပတ်သက်တာတွေပါလာမယ်။အဲ့တော့ဒါတွေရဲ့အခြေခံသိဖို့ဆိုရင်အခြေခံဖြစိတဲ့1級土木1次ကိုဖြေခိုင်းလာကြပါပြီ။
Fly To Japan မှာသင်ကြားနေသူများက1級土木施工管理技士、コンクリート技士、1級舗装 အစရှိတဲ့ 資格လက်မှတ်များသာမက土木နဲ့ဆိုင်သောအတွေ့အကြုံ၁၀နှစ်
အထက်ရှိသူများကသင်ကြားနေတာကြောင့်နှစ်စဉ်အောင်မြင်သူများထွက်ပေါ်နေခြင်းကလက်တွေ့ပါပဲ☺️
31/10/2025
ဒီအတန်းတက်ကြမယ့်သူတွေဆို
Google Classroom နဲ့ Zoom Link ပို့ပြီးပါပြီရှင်
မနက်ဖြန် အတူကြိုးစားကြမယ်နော်
November လ (၁) ရက်နေ့ စတင်မယ့် အတန်းသစ်
Speaking Class
A Zin Sensei နဲ့ 🇯🇵Native Speaker- Takasato Sensei တို့ရဲ့ Speaking Class အတန်းသစ် စပါပြီ
သင်တန်းကြေး - 150,000 ks ( ဂျပန်ပြည်တွင်း 10000円)
Time 🕰️ - 6:30-8:00PM (Sat,Sun) မြန်မာအချိန်
Speaking Class ဘာတွေပါမလဲ🍀🍀🍀
💜 N4+ N3 Grammar တွေကို #会話ပြောနိုင်ဖို့အဓိကသင်မယ့်အတန်းသစ်ပါ
💯 会社員 👩🏻💼👨🏻💻 တစ်ယောက် လိုအပ်တဲ့ Manner တွေကအစ သင်ကြားပေးသွားမှာပါ
N4 အောင်ပြီး N3 တက်ရောက်နေဆဲသူတွေN3 အောင်မြင်ပြီးသူတွေ ရပါတယ်
📕
သင်တန်းသားဦးရေ အများဆုံး
၁၀ယောက်ဖြင့်သာ သင်ကြားပေးတာမို့
အရင်ဆုံး သင်တန်းအပ်သူကို ဦးစားပေးစနစ်ဖြင့် လက်ခံသွားမှာပါ
ありがとうございます♪