UST Japanese language

UST Japanese language 日本語を勉強しましょう 💪💪💪

Engineering Interview training အတန်းသစ် မေးထားတဲ့ သူလေးတွေအတွက်ပါ 🫶🫶🫶အတန်းသစ်လေး လာရောက်စုံစမ်းကြတဲ့ တစ်ယောက်ချင်းစီကိုလ...
15/08/2026

Engineering Interview training အတန်းသစ် မေးထားတဲ့ သူလေးတွေအတွက်ပါ 🫶🫶🫶

အတန်းသစ်လေး လာရောက်စုံစမ်းကြတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🩷🩷🩷

✅✅Engineer only interview training class Batch-15

🌸Start date : 21/8/2026
🌸Fees : 50000 kyats
🌸ကြာချိန် : ၁လ (အပတ်စဉ် သောကြာ စနေ ည 8:00)

🌸Cv form service ယူလိုပါက : 20000 kyats
(履歴書နဲ့ 職務経歴書ရေးပေးပါတယ်)

Interview မအောင်မချင်း တိုင်ပင်ဆွေးနွေးတာတွေ စာမေးတာတွေ revision တွေ အကြိမ်ကြိမ်လုပ်လို့ရတာမို့ သေချာကြိုးစားရင် interview အတွက်က စိတ်ပူစရာမလိုတော့ဘူးနော် 💪💪💪

အတန်းချိန်(၄)ချိန်လေးဘဲ join ရင်တောင် interview က အေးဆေးဖြေနိုင်ပါတယ်နော် ☺️

Zoom class မှာ ဘာတွေ သင်ပေးမှာလဲဆိုတော့ 👇👇👇

☑️Engineer လေးတွေအတွက် Interview training သီးသန့်ဘဲ မဟုတ်ဘဲ Batch တိုင်းမှာ 専門用語တွေ 図面(drawing)အကြောင်းလေးတွေလည်း ထည့်သွင်းသင်ကြားပေးပါတယ်

☑️自己紹介မရေးတတ်ပါကရေး​ပေးပါမယ်

☑️ရေးပေးထားတဲ့ 自己紹介 ကို သေချာကျက်မှတ်ပီးပါက အသံအနေထား စစ်ပေးခြင်း

☑️ဂျပန်လူမျိုးတွေ မေးလာနိုင်တဲ့ မေးခွန်းများ သင်ကြားပေးခြင်း

☑️မေးခွန်းဖြေတဲ့နေရာမှာ ဂျပန်လူမျိုးတွေ အကြိုက် အဖြေပုံစံများဖြေပြပေးခြင်း

☑️ဂျပန်လူမျိုးတွေကို ပြန်မေးရမယ့်မေးခွန်းတွေ သင်ကြားပေးခြင်း

☑️interview စဖြေပီဆိုတာနဲ့ ဘယ်လိုပုံစံအနေအထားနဲ့ဖြေရမယ် စတဲ့ manner များသင်ကြားပေးခြင်း

☑️interview မအောင်မချင်း စာလာမေးလို့ရခြင်း

☑️interview အောင်သွားကြတဲ့ သူလေးတွေ မေးခံခဲ့ရတဲ့ မေးခွန်းလေးတွေပါ ထပ်တိုးသင်ကြားပေးခြင်း

☑️စကားပြောလေ့ကျင့်ပေးခြင်း

☑️CV form စစ်ပေးခြင်း

Record လေးတွေကို Telegram ကနေ ပြန်တင်ပေးမှာမို့ စိတ်ပူစရာမလိုပါဘူး

ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း အကောင်းဆုံး ကြိုးစားပေးနေပါတယ်

Interview တွေမှာ အခက်အခဲမရှိဖြေဆိုနိုင်အောင် ကြိုးစားကြမယ် 💪💪💪

UST Japanese Language
hmk ♥️
Engineering Interview training class

1級土木施工管理技士一次 合格💯💯おめでとうございます🎊🎊🎊😍😍😍အောင်မြင်သူတွေအတွက်ဝမ်းသာသလို အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်သွားတဲ့ သူလေးတွေကတ...
13/08/2026

1級土木施工管理技士一次 合格💯💯
おめでとうございます🎊🎊🎊😍😍😍

အောင်မြင်သူတွေအတွက်ဝမ်းသာသလို အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်သွားတဲ့ သူလေးတွေကတော့ နောက်နှစ် အတူတူ ထပ်ကြိုးစားကြမယ်နော် 😍😍😍😍

UST Japanese language ☘️☘️☘️
Japan Myanmar Engineering Dictionary
専門用語クラス
2級建築施工管理技士一次
2級土木施工管理技士一次
2級管工事施工管理技士一次
1級建築施工管理技士一次
1級土木施工管理技士一次
建築積算士(QS)
面接トレニーグ
履歴書、職務経歴書(CV Service )

お盆休みのお知らせလက်ရှိသင်ကြားပေးနေတဲ့ Zoom Class အတန်းလေးတွေကို 8月16日အထိ အတန်းလေးတွေ ပိတ်ပေးပါမယ်နော်🩵🩵🩵ပိတ်ရက်မှာ အေးအေးဆေးဆေး...
07/08/2026

お盆休みのお知らせ

လက်ရှိသင်ကြားပေးနေတဲ့ Zoom Class အတန်းလေးတွေကို 8月16日အထိ အတန်းလေးတွေ ပိတ်ပေးပါမယ်နော်
🩵🩵🩵

ပိတ်ရက်မှာ အေးအေးဆေးဆေးအနားယူပီး ပြန်စတဲ့အချိန်မှာ Energy အပြည့်နဲ့ စာကြည့်ကြမယ် 💪💪💪💪

Engineering Interview training အတန်းလေးကိုတော့ 8လပိုင်း 21ရက်နေ့မှာ အတန်းသစ်လေးစမယ်နော်
🥰🥰🥰

အတန်းသစ်လာမေးထားကြတဲ့ သူလေးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🎊🎊🎊

Cv form service လေးကတော့ ပိတ်ရက်လည်း မနားဘဲ service ပေးနေမှာဖြစ်ပါတယ် ☘️☘️☘️

ပိတ်ရက်မှာ Messenger reply လေးတွေ နောက်ကျနေခဲ့ရင်လည်း နားလည်ခွင့်လွတ်ပေးပါလို့ တောင်းဆိုပါရစေနော် 😘😘😘

အိုဘွန်းပိတ်ရက် အပီး ဂျပန်ပြည်တွင်းအလုပ်ပြောင်းချင်တဲ့ သူလေးတွေရှိရင်လည်း Cv form လေးတွေ လာပို့ထားလို့ရပါတယ် 🌸🌸🌸

皆さん、一緒に頑張ろう💪💪💪
UST Japanese language ☘️☘️☘️
Japan Myanmar Engineering Dictionary
専門用語クラス
2級建築施工管理技士一次
2級土木施工管理技士一次
2級管工事施工管理技士一次
1級建築施工管理技士一次
1級土木施工管理技士一次
建築積算士(QS)
面接トレニーグ
履歴書、職務経歴書(CV Service )
ဂျပန်ပြည်တွင်း Engineer အလုပ်အကိုင်မိတ်ဆက်ခြင်း

Estimate ပိုင်းကို share ပေးနေတာမို့ Site Engineer လေးတွေက ကိုယ်နဲ့မဆိုင်ဘူးဆိုပီးတော့ ကျော်မသွားစေချင်တာ ကိုယ့်ရဲ့စေတနာ...
04/08/2026

Estimate ပိုင်းကို share ပေးနေတာမို့ Site Engineer လေးတွေက ကိုယ်နဲ့မဆိုင်ဘူးဆိုပီးတော့ ကျော်မသွားစေချင်တာ ကိုယ့်ရဲ့စေတနာပါ 🥰🥰🥰

Estimate သဘောတရားနားလည်ရင် site ထဲမှာ 原価管理
(げんかかんり) ကုန်ကျစရိတ်စီမံခန့်ခွဲမှုလုပ်နိုင်ပါလိမ့်မယ်

ဒီနေ့တော့ Estimateတွက်ပြီး 入札(にゅうさつ)တင်ဒါတင်ဖို့) အတွက် 現場(げんば)လုပ်ငန်းခွင်၊ Site) သွားပြီး 現調(げんちょう)Site အခြေအနေသွားစစ်ဆေးခြင်း) လုပ်ရင်း お客様(おきゃくさま)Customer) နဲ့ Site Meeting လုပ်ခဲ့ပါတယ်။

Customer က 断熱塗料(だんねつとりょう)အပူလျှပ်ကာဆေး) သုတ်ချင်တယ်လို့ ပြောတဲ့အတွက်

キルコ塗料(とりょう)Kiruko ဆေး) ကို カタログ(Catalog) နဲ့အတူ 提案(ていあん)အကြံပြုတင်ပြခြင်း) အနေနဲ့ ပေးထားခဲ့ပါတယ်။ 🩵🩵🩵

တခြား 工事(こうじ)ဆောက်လုပ်ရေးလုပ်ငန်း) တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် 計算方法(けいさんほうほう)တွက်ချက်နည်း) တွေကိုတော့ QS အတန်းမှာ ကိုယ့်ရဲ့ လက်တွေ့ 経験(けいけん)အတွေ့အကြုံ) တွေနဲ့ ပေါင်းပြီး သင်ကြားပေးသွားမယ်နော် 🌼🌼🌼

Page လေးမှာ လေ့လာနေကြတဲ့သူတွေအတွက်လည်း 専門用語(せんもんようご)အထူးပြုအသုံးအနှုန်း) လေးတွေနဲ့အတူ Sharing လုပ်ပေးသွားပါမယ်☘️☘️☘️

ဒီနေ့တော့ キルコ塗料(とりょう)ဆေးတွက်နည်းကို လေ့လာကြရအောင်။ 💪💪💪

防水工事(ぼうすいこうじ)ရေစိုခံလုပ်ငန်း) အတွက် 塗料(とりょう)ဆေးတွက်တာပဲဖြစ်ဖြစ်၊ 塗装工事(とそうこうじ)ဆေးသုတ်လုပ်ငန်း) အတွက်ပဲဖြစ်ဖြစ် တွက်နည်းကတော့ အတူတူပါပဲ။

材料(ざいりょう)ပစ္စည်း) ပေါ်မူတည်ပြီး kg ဘယ်လောက်၊ 缶(かん)ဆေးပုံး) ဘယ်နှပုံးလိုမလဲဆိုတာပဲ ကွာသွားပါတယ် ☺️☺️☺️

ဆေးသုတ်တဲ့အခါ 👇👇👇
☘️下塗り(したぬり)အောက်ခံဆေး)
☘️中塗り(なかぬり)အလယ်အလွှာဆေး)
☘️上塗り(うわぬり)အပေါ်ဆုံးအချောသတ်ဆေး) ဆိုပြီး အဆင့်လိုက်သုတ်ပေးရပါတယ်။

Formula 👇👇👇
လိုအပ်သောပုံးအရေအတွက် = လိမ်းမည့်ဧရိယာ(面積:めんせき)㎡ ÷ ၁ပုံးလိမ်းနိုင်သောဧရိယာ(塗布面積:とふめんせき)㎡/缶

🎈① 下塗り(したぬり)Primer・အောက်ခံဆေး)
Catalog မှာရေးထားတဲ့အတိုင်း Coverage ကိုယူပြီး တွက်ရပါတယ်။

ဥပမာ
လိမ်းမည့်ဧရိယာ = 450㎡
Primer = 80㎡/缶
450 ÷ 80 = 5.63 👉 6 ပုံး

🎈② 中塗り(なかぬり)Intermediate・အလယ်အလွှာဆေး)
Catalog မှာ 約(ခန့်မှန်း)30㎡/缶
ဥပမာ
450㎡ ÷ 30㎡ = 15 👉 15 ပုံး

🎈③ 上塗り(うわぬり)Top Coat・အပေါ်ဆုံးအချောသတ်ဆေး)
ဥပမာ 遮彩トップ(しゃさいトップ) ဆိုရင် 60~70㎡/缶
450㎡ ÷ 60㎡ = 7.5 👉 8 ပုံး

缶(かん)ပုံးအလိုက် 材料費(ざいりょうひ)ပစ္စည်းကုန်ကျစရိတ်) ကို တွက်ရတာဖြစ်တဲ့အတွက် အပိုင်းပိုင်းခွဲပြီး ဝယ်လို့မရပါ။

ဒါကြောင့် 7.5 ပုံး လိုရင် 8 ပုံး အဖြစ် 切り上げ(きりあげ)အပေါ်သို့ပြည့်ကိန်းယူခြင်း) လုပ်ပြီး တွက်
ရပါတယ်။

ဒီနေ့တော့ ဒီလောက်ဘဲ လေ့လာကြမယ်နော် 😍😍😍
နားမလည်တဲ့နေရာ လာမေးလို့ရပါတယ် 🌸🌸🌸

皆さん、一緒に頑張ろう💪💪💪
UST Japanese language ☘️☘️☘️
Japan Myanmar Engineering Dictionary
専門用語クラス
2級建築施工管理技士一次
2級土木施工管理技士一次
2級管工事施工管理技士一次
1級建築施工管理技士一次
1級土木施工管理技士一次
建築積算士(QS)
面接トレニーグ
履歴書、職務経歴書(CV Service )
ဂျပန်ပြည်တွင်း Engineer အလုပ်အကိုင်မိတ်ဆက်
ခြင်း

高所作業車 နဲ့ ゴンドラ ကို ကိုယ်တိုင်မောင်းဖူးသွားပြီ 🚜အမြင့်ကိုတော့ နည်းနည်းကြောက်ပေမယ့်… 😅အပေါ်ရောက်သွားတဲ့အချိန် မြင်ရတဲ့ Vie...
03/08/2026

高所作業車 နဲ့ ゴンドラ ကို ကိုယ်တိုင်မောင်းဖူးသွားပြီ 🚜

အမြင့်ကိုတော့ နည်းနည်းကြောက်ပေမယ့်… 😅
အပေါ်ရောက်သွားတဲ့အချိန် မြင်ရတဲ့ View ကတော့ အရမ်းလှနေလို့ သဘောကျမိတယ်။ ☺️

ဒီလိုစက်တွေကိုတော့ လိုင်စင်ရှိမှ မောင်းခွင့်ရတာပါ။
မမောင်းခင်မှာလည်း Safety နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ အန္တရာယ်ကာကွယ်ရေးနည်းလမ်းတွေကို သေချာသင်ကြားပေးပြီးမှ လက်တွေ့အသုံးပြုရပါတယ်။

外壁(がいへき) အပြင်နံရံမှာရှိတဲ့ 目地(めじ) လိုင်းတွေနဲ့ ひび割れ (Concrete Crack) တွေကို လိုက်လံစစ်ဆေးတဲ့အလုပ်ဖြစ်လို့ ခဏတဖြုတ် ကိုယ်တိုင်မောင်းကြည့်ခွင့်ရခဲ့တာပါ။ ☺️

📚 1級・2級施工管理技士 စာမေးပွဲတွေမှာလည်း 「高所作業車」 နဲ့ 「ゴンドラ」 အကြောင်း မေးလေ့ရှိပါတယ်။

🌸 高所作業車(こうしょさぎょうしゃ)

👉 စက်ယာဉ်ပေါ်က Platform ကို အသုံးပြုပြီး လူကို အမြင့်နေရာသို့ မြှင့်တင်ကာ အလုပ်လုပ်စေတဲ့ စက်ဖြစ်ပါတယ်။ စက်ကို မောင်းနှင်ပြီး နေရာအမျိုးမျိုးသို့ ရွှေ့ပြောင်းနိုင်ပါတယ်။

အသုံးများတဲ့လုပ်ငန်းများ👇👇👇

* 建設工事(けんせつこうじ) = ဆောက်လုပ်ရေးလုပ်ငန်း
* 電気工事(でんきこうじ) = လျှပ်စစ်လုပ်ငန်း
* 鉄骨建方(てっこつたてかた) = သံမဏိတည်ဆောက်ပစ္စည်းများ တပ်ဆင်ခြင်း
* 鉄骨組立(てっこつくみたて) = သံမဏိဖွဲ့စည်းပုံ တပ်ဆင်ခြင်း
* 塗装工事(とそうこうじ) = ဆေးသုတ်လုပ်ငန်း
* 建物の維持管理(たてもののいじかんり) = အဆောက်အဦး ထိန်းသိမ်းစောင့်ရှောက်ခြင်း
* 補修工事(ほしゅうこうじ) = ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

🌸 ゴンドラ

👉 အဆောက်အဦးအပေါ်ဘက်မှ Wire Rope နဲ့ ချိတ်ဆွဲထားတဲ့ Platform ဖြစ်ပြီး၊ အဆောက်အဦးရဲ့ အပြင်နံရံတစ်လျှောက် အပေါ်အောက် ရွေ့လျားကာ အလုပ်လုပ်နိုင်တဲ့ စက်ဖြစ်ပါတယ်။

အသုံးများတဲ့လုပ်ငန်းများ👇👇👇

* 外壁点検(がいへきてんけん) = အဆောက်အဦးအပြင်နံရံ စစ်ဆေးခြင်း (အက်ကွဲရာ၊ 目地၊ ရေစိမ့်နိုင်တဲ့နေရာများ စစ်ဆေးခြင်း)
* ガラス清掃(がらすせいそう) = အထပ်မြင့်အဆောက်အဦးများ၏ မှန်သန့်ရှင်းရေး
* 外壁補修(がいへきほしゅう) = အပြင်နံရံပြုပြင်ခြင်း၊ အက်ကွဲရာပြင်ခြင်း၊ ကွန်ကရစ်ပဲ့နေရာများ ပြန်ဖြည့်ခြင်း၊ 目地 (Joint) ပြန်လည်ပြုပြင်ခြင်း
* 塗装(とそう) = အဆောက်အဦးအပြင်နံရံနှင့် သံထည်အစိတ်အပိုင်းများကို အကာအကွယ်ပေးရန်နှင့် အလှအပအတွက် ဆေးသုတ်ခြင်း

Theory နဲ့ Practical ကို တွဲပြီး သင်ယူရတဲ့အခါ အရင်ကထက် ပိုနားလည်လာသလို၊ အတွေ့အကြုံလည်း ပိုရလာတယ်လို့ ခံစားရပါတယ် ☘️☘️☘️

一緒に頑張ろう💪💪💪
UST Japanese Language

Site Engineer လေးတွေ Site ထဲမှာ Rebar (鉄筋・てっきん) စစ်ရတော့မယ်ဆို SD295, SD345, SD390 ဆိုပီး ရေးထားတာလေးတွေကို တွေ့မိကြရဲ့လ...
02/08/2026

Site Engineer လေးတွေ Site ထဲမှာ Rebar (鉄筋・てっきん) စစ်ရတော့မယ်ဆို SD295, SD345, SD390 ဆိုပီး ရေးထားတာလေးတွေကို တွေ့မိကြရဲ့လား ???

မသိသေးတဲ့ သူလေးတွေဆို ပိုပြီးလေ့လာကြည့်ကြရအောင် 🌸🌸🌸

Site Inspection လုပ်တဲ့အခါ Drawing မှာ

✅ SD295A
✅ SD345
✅ SD390 ဆိုတာတွေကို မကြာခဏတွေ့ရပါတယ်။

SD ဆိုတာ = Steel Deformed Bar (異形鉄筋)
295 / 345 / 390 /490ဆိုတာက Yield Strength (N/mm²) ကိုဖော်ပြတာပါ။

➡️ 295 → 345 → 390 →490

နံပါတ်ကြီးလေ Strength (ခံနိုင်အား) ကြီးလေ ဖြစ်ပါတယ်။

🌸SD295A
● あばら筋 (Stirrups)
● 帯筋 (Hoops)
● အားနည်းတဲ့ Structural Member တွေမှာသုံး

🌸SD345 (အသုံးအများဆုံး)
● 柱 (Column)
● 梁 (Beam)
● 床 (Slab)
● 基礎 (Foundation)
👉 Site တွေမှာ အများဆုံးတွေ့ရတဲ့ Rebar Grade က SD345 ဖြစ်ပါတယ်။

🌸SD390
● High-rise Building
● Heavy Load Structure
● Bridge အချို့

🌸SD490
● High Strength Structure
● Mega Project
● Long Span Structure

SD295A မှာ A က Grade အမျိုးအစားကို ဆိုလိုပါတယ်။
● SD295A = Grade A
● SD295B = Grade B
Site မှာတော့ SD295A ကို ပိုတွေ့ရပါတယ်။

295 = Basic
345 = Standard (အသုံးအများဆုံး)
390 = Strong
490 = Super Strong

Site မှာ သတိထားကြည့်ရမယ့် အမှတ်အသား👇👇👇

ဥပမာ Drawing မှာ

* D13 SD345
* D16 SD345
* D22 SD390 လို့ရေးထားရင်

* D13 / D16 / D22 = Rebar အချင်း (Diameter: 13 mm, 16 mm, 22 mm)
* SD345 / SD390 = Rebar Strength Grade

SD490 ကတော့ High-rise Building၊ Bridge နဲ့ အထူးလိုအပ်တဲ့ Structure တွေမှာ ပိုတွေ့ရပါတယ်။

SD295A နဲ့ SD295B ဘာကွာလဲ?👇👇👇

အဓိကက 化学成分 (Chemical Composition) နဲ့ 溶接性 (Weldability)၊ 機械的性質 (Mechanical Properties) တချို့မှာ ကွာပါတယ်။

* SD295A
* အသုံးအများဆုံး
* သာမန် RC အဆောက်အဦးတွေမှာ သုံး

* SD295B
* Weldability ပိုကောင်း
* အချို့ Project တွေမှာပဲ သတ်မှတ်သုံး

Site မှာတော့ SD295A ကို SD295B ထက် ပိုသုံးတာတွေ့ရပါတယ်။

ပုံလေးနဲ့တွဲပီး လေ့လာကြည့်နော် 🩵🩵🩵
ကိုယ့် Site မှာ သုံးနေတဲ့ သံချောင်းတွေက ဘယ်လိုအမျိုးအစားထဲမှာပါ လဲ ???

一緒に頑張ろう💪💪💪

UST Japanese Language ☘️☘️☘️

皆さん、こんにちは 🌸🌸🌸ဒီနေ့တော့📚 積算(せきさん)နဲ့ 見積(みつもり)ရဲ့ ကွာခြားချက်လေး လေ့လာကြည့်ရအောင် ☘️☘️☘️🇯🇵 積算(せきさん)数量を出す(Quantity)Drawing ...
02/08/2026

皆さん、こんにちは 🌸🌸🌸

ဒီနေ့တော့
📚 積算(せきさん)နဲ့ 見積(みつもり)ရဲ့ ကွာခြားချက်လေး လေ့လာကြည့်ရအောင် ☘️☘️☘️

🇯🇵 積算(せきさん)
数量を出す(Quantity)

Drawing နှင့် Specification ကိုအခြေခံပြီး သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း အရေအတွက် (Quantity) ကို တွက်ချက်ခြင်းဖြစ်ပါတယ်

🇯🇵 見積(みつもり)
金額を出す(Price)

積算 (Quantity) ဖြင့်တွက်ထားသော အရေအတွက်ကို အခြေခံပြီး ပစ္စည်းခ၊ လုပ်အားခ၊ စက်ယန္တရားခ၊ အထွေထွေကုန်ကျစရိတ်နှင့် အမြတ် တို့ကိုပေါင်းကာ စုစုပေါင်းကုန်ကျစရိတ် (Price) ကို တွက်ချက်ခြင်းဖြစ်ပါတယ်

အလွယ်မှတ်ရန် 👇👇

📐 積算 = 数量を出す(Quantity)
➡️ အရေအတွက် (Quantity) ကိုတွက်တယ်

💴 見積 = 金額を出す(Price)
➡️ အရေအတွက် (Quantity) ကိုတွက်တယ်

一緒に頑張ろう💪💪
UST Japanese language ☘️☘️☘️
Japan Myanmar Engineering Dictionary
専門用語クラス
2級建築施工管理技士一次
2級土木施工管理技士一次
2級管工事施工管理技士一次
1級建築施工管理技士一次
1級土木施工管理技士一次
建築積算士(QS)
面接トレニーグ
履歴書、職務経歴書(CV Service )

ဒီနေ့တော့ မလိုအပ်တော့တဲ့ စာအုပ်လေးတွေ  ရှင်းနေရင်းနဲ့ လွန်ခဲ့သော (၃) နှစ်ကျော် 大阪公立大学 project မှာ 内装工事 မစခင် ကိုယ်လေ့လာထ...
28/07/2026

ဒီနေ့တော့ မလိုအပ်တော့တဲ့ စာအုပ်လေးတွေ ရှင်းနေရင်းနဲ့ လွန်ခဲ့သော (၃) နှစ်ကျော် 大阪公立大学 project မှာ 内装工事 မစခင် ကိုယ်လေ့လာထားခဲ့တဲ့ note လေးတွေ့လို့
皆さんတို့အတွက် share ပေးလိုက်ပါတယ် ☘️☘️☘️

① 仮設工事(かせつこうじ) - ယာယီဆောက်လုပ်ရေးလုပ်ငန်း

② ECP・ALC - ECP/ALC Panel လုပ်ငန်း

③ 耐火被覆(たいかひふく) - မီးခံအကာအကွယ်လုပ်ငန်း

④ 鉄骨工事(てっこつこうじ) - သံမဏိအဆောက်အဦတည်ဆောက်ရေးလုပ်ငန်း

⑤ LGS・ボード工事 - LGS နှင့် Board တပ်ဆင်ရေးလုပ်ငန်း

⑥ シール工事 - Seal လုပ်ငန်း

⑦ 防水工事(ぼうすいこうじ) - ရေစိုခံလုပ်ငန်း

⑧ 金属工事(きんぞくこうじ) - သတ္တုလုပ်ငန်း

⑨ 塗装工事(とそうこうじ) - ဆေးသုတ်လုပ်ငန်း

⑩ ガラス工事 - မှန်တပ်ဆင်ရေးလုပ်ငန်း

⑪ グラスウール工事 - Glass Wool (အပူ/အသံကာပစ္စည်း) တပ်ဆင်ရေးလုပ်ငန်း

⑫ 建具工事(たてぐこうじ) - တံခါး၊ ပြတင်းပေါက်တပ်ဆင်ရေးလုပ်ငန်း

* AW(Aluminum Window)
* AD(Aluminum Door)
* SD(Steel Door)
* SSD(Stainless Steel Door)

⑬ 設備工事(せつびこうじ) - အဆောက်အဦအတွင်း စက်ပစ္စည်းတပ်ဆင်ရေးလုပ်ငန်း (လျှပ်စစ်၊ ရေပိုက်၊ လေအေးပေးစနစ်၊ မီးသတ်စနစ် စသည်)

皆さん、一緒に頑張ろう💪💪💪
UST Japanese language ☘️☘️☘️
Japan Myanmar Engineering Dictionary
専門用語クラス
2級建築施工管理技士一次
2級土木施工管理技士一次
2級管工事施工管理技士一次
1級建築施工管理技士一次
1級土木施工管理技士一次
建築積算士(QS)
面接トレニーグ
履歴書、職務経歴書(CV Service )

土木施工管理( လမ်းတံတားဆောက်လုပ်ရေး Site Engineer) အလုပ်နဲ့ interview အောင်သွားတဲ့ ညီမလေး おめでとう🎊🎉👏🌸😍ဖြစ်ချင်တဲ့ ရည်မှန်းချက်တွ...
26/07/2026

土木施工管理( လမ်းတံတားဆောက်လုပ်ရေး Site Engineer) အလုပ်နဲ့ interview အောင်သွားတဲ့ ညီမလေး
おめでとう🎊🎉👏🌸😍

ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အမြန်ဆုံး အကောင်
ထည်ဖော်နိုင်ပါစေ 😍😍😍☘️☘️☘️

ဆက်ကြိုးစားကြမယ်နော် 💪💪💪

UST Japanese Language
Engineering Interview Training

¥3000000 Project အသေးစားလေးအတွက် 🤗ဒီနေ့တော့ 見積書作成(みつもりしょ さくせい)ဈေးနှုန်း(Quotation)တွက်ချက်တာ ပီးသွားပီဆိုတော့ 見積承認用 添付資料...
24/07/2026

¥3000000 Project အသေးစားလေးအတွက် 🤗

ဒီနေ့တော့ 見積書作成(みつもりしょ さくせい)
ဈေးနှုန်း(Quotation)တွက်ချက်တာ ပီးသွားပီဆိုတော့

見積承認用 添付資料(みつもり しょうにんよう てんぷ しりょう)ဈေးနှုန်းခန့်မှန်းလွှာ အတည်ပြုရန်အတွက် ပူးတွဲစာရွက်လေးကလည်း မပါမဖြစ်ထည့်ပေးရသေးတယ် ☘️☘️☘️

ဒီစာရွက်က Quotation တင်မယ့် Project တစ်ခုရဲ့ အမြတ်၊ ကုန်ကျစရိတ်၊ အမြတ်ရာခိုင်နှုန်း ကို ကုမ္ပဏီအတွင်း စစ်ဆေးအတည်ပြုဖို့ အသုံးပြုတဲ့ 社内用 (Internal Use) စာရွက်ဖြစ်ပါတယ်။

ကိုယ်တိုင်က အမြတ်တွေအများကြီးရတဲ့ Projectအကြီးစားတွေကို Quotation မလုပ်နိုင်သေးပေမယ့် အသေးလေးတွေကစပီး လုပ်နိုင်အောင် ကြိုးစားနေဆဲပါ 💪💪💪

専門用語လေးတွေလေ့လာကြည့်ရအောင် 👷🏻‍♀️👷🏻‍♀️👷🏻‍♀️

☘️工事名(こうじめい)
➡️ လုပ်ငန်းအမည် (Project Name)

☘️見積り金額(みつもりきんがく)
➡️ ခန့်မှန်းဈေးနှုန်း (Quotation Amount)

☘️原価合計(げんかごうけい)
➡️ ကုန်ကျစရိတ် စုစုပေါင်း (Total Cost)

☘️粗利益(あらりえき)
➡️ အကြမ်းအမြတ် (Gross Profit)

☘️粗利率(あらりりつ)
➡️ အကြမ်းအမြတ် ရာခိုင်နှုန်း (Gross Profit Margin)

☘️希望協力業者(きぼうきょうりょくぎょうしゃ)
➡️ ပူးပေါင်းလုပ်ကိုင်မည့် ကန်ထရိုက်တာ (Preferred Subcontractor)

မှတ်သားရန် 👇👇👇

粗利益 = 見積り金額 − 原価合計

ဥပမာ

* 見積り金額:¥10,000,000 → Quotation Amount = ယန်း ၁၀ သန်း
* 原価合計:¥8,000,000 → ကုန်ကျစရိတ် = ယန်း ၈ သန်း
* 粗利益:¥2,000,000 → အကြမ်းအမြတ် = ယန်း ၂ သန်း
* 粗利率:20% → အမြတ်နှုန်း = ၂၀%

UST Japanese language ☘️☘️☘️
Japan Myanmar Engineering Dictionary
専門用語クラス
2級建築施工管理技士一次
2級土木施工管理技士一次
2級管工事施工管理技士一次
1級建築施工管理技士一次
1級土木施工管理技士一次
建築積算士(QS)
面接トレニーグ
履歴書、職務経歴書(CV Service )

住所

Osaka, Osaka

ウェブサイト

アラート

UST Japanese languageがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する