20/04/2026
ဂျပန်တွေကိုယ်တိုင်ဒီကားကဇာတ်လမ်းထက်ဂျပန်နိုင်မှာလက်တွေ့ဖြစ်နေတဲ့အကြောင်းရာတွေဆိုပြီး ပြောနေကြတာပါ။
ကြည့်ပြီးရင်း အတွေးတခုခုကျန်စေမယ့်
တပိုင်းပြီးတပိုင်းစိတ်ဝင်စားစရာအပြည့်နဲ့
ဂျပန်ဇာတ်လမ်းတွဲမို့ စာလေ့လာရင်း ကြည့်လို့ရအောင် sharing လုပ်ပေးလိုက်ပါတယ်❤️
ဒီကားကဂျပန်သက်ကြီးရွယ်အို/အပြာမယ်/ယာကူဇာတွေ/ဂျပန်နိုင်ငံဉပဒေတွေကို တကားလုံးသဘာဝဆန်ဆန်ရိုက်ထားတာ။
👯♀️အပြစ်ကင်းတဲ့ မိန်းကလေးငယ်လေးတွေ၊ ချောမောတဲ့ ယောကျာ်းလေးတွေရဲ့ ဖြားယောင်းသွေးဆောင်မှုနောက်ပါပြီး AV အပြာအလုပ်ထဲကို မသိနားမလည်ဘဲ ရောက်သွားကြတဲ့ အပိုင်းတွေက ဇာတ်လမ်းထဲမှာတင် မဟုတ်ဘဲ အပြင်လောကမှာလည်း တကယ်ရှိနေတဲ့ အမှောင်ခြမ်းတစ်ခု ဖြစ်တယ်ဆိုပြီး ဂျပန်ကြည့်ရှုသူတွေကြားဂယက်ထသွားစေတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
👴👵နောက်ပြီး လူအိုရုံ/ဂေဟာတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ သက်ကြီးရွယ်အိုတွေကို အသုံးချပြီး ဂေဟာမှုူးတွေကိုယ်ကျိုးရှာပုံတွေကို ရိုက်ထားတာအရမ်းသဘာဝဆန်တယ်။
ဒီဇာတ်လမ်းက တရားဥပဒေဆိုတာ အမြဲတမ်း "အမှန်တရား" ဘက်မှာ ရှိနေတာ မဟုတ်ဘဲ "ဥပဒေကို ကျွမ်းကျင်တဲ့သူ" ဘက်မှာ ရှိနေတတ်တယ်ဆိုတာကို ပြောင်ပြောင်တင်းတင်းကြီး ပြသွားတာပါ။
#ဂျပန်ဇာတ်လမ်းတွဲ #ဂျပန်ဇာတ်ကား #ဂျပန်စကားပြော