SUPER NIHONGO Channel

SUPER NIHONGO Channel Japanese Blog & Knowledge Sharing

ဒီနေ့ဂျပန်သတင်းမှာ မြန်မာလူမျိုးဆိုတဲ့ခေါင်းစဉ်နဲ့ခါးပိုက်နှိုက်တဲ့အမှုနဲ့ သတင်းတင်ထားပါတယ်။လက်ရှိဂျပန်မှာ ခစုဒိုးဗီဇာကိ...
08/11/2024

ဒီနေ့ဂျပန်သတင်းမှာ မြန်မာလူမျိုးဆိုတဲ့ခေါင်းစဉ်နဲ့
ခါးပိုက်နှိုက်တဲ့အမှုနဲ့ သတင်းတင်ထားပါတယ်။
လက်ရှိဂျပန်မှာ ခစုဒိုးဗီဇာကိုင်ဆောင်ထားပြီး
မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလို့လည်းသတင်းမှာဖော်ပြထားပါတယ်။

Akihabara ဘူတာမှာ ခေတ္တရပ်ထားတဲ့ JR Yamanote လိုင်းရထားပေါ်မှာ အိပ်ပျော်နေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့Laptop ပါရှိတဲ့ ကျောပိုးအိတ်ကို ခိုးယူခဲ့တဲ့အမှုနဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို တိုကျိုမြို့တော်ရဲဌာနက ဖမ်းဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံမှ နည်းပညာဆိုင်ရာအလုပ်သင် သင်တန်းသား - Training Visa ဖြင့်လာခဲ့သူ အောင်အောင် (၂၅) နှစ်သည် ၆ရက်နေ့ ညသန်းခေါင်အချိန်ခန့်က Akihabara ဘူတာရုံရှိ Yamanote လိုင်းရထားပေါ်တွင် ဘေးတွင်ထိုင်ကာအိပ်ပျော်နေသော အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးခြေထောက်ကြားက Laptop တစ်လုံးပါသည့်ကျောပိုးအိတ်ကို ခိုးယူကာ ရထားပေါ်မှဆင်းချိန်
ရဲများက လက်ရဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဆိုပါမြန်မာနိုင်ငံသားက မြန်မာနိုင်ငံမှာရဲဝန်ထမ်းလုပ်ခဲ့ကြောင်းပြောကြားခဲ့ပြီး အိတ်က သူ့ သူငယ်ချင်းအိတ်နဲ့မှားယူခဲ့တာလို့ ငြင်းဆိုကြောင်းမြို့တော်ရဲဌာနက ဆိုပါတယ်။


7 Eleven မှာ ဒံပေါက်ရပြီဆိုလို့ အလုပ်ဆင်းဆင်းချင်း ၂ ဘူး သွားဆွဲမြန်မာငွေနဲ့ဆို ၁သောင်း ၉ထောင်လောက်ရှိပေမယ့် လက်ရာက မြန်...
18/07/2024

7 Eleven မှာ ဒံပေါက်ရပြီဆိုလို့
အလုပ်ဆင်းဆင်းချင်း ၂ ဘူး သွားဆွဲ
မြန်မာငွေနဲ့ဆို ၁သောင်း ၉ထောင်လောက်ရှိပေမယ့် လက်ရာက မြန်မာက ဒံပေါက်ကို ခြေဖျားတောင် မမှီဘူး။


#ဒံပေါက်

ဒီနေ့ဖြေခဲ့တဲ့အဖြေတွေပြန်တိုက်လို့ရပြီနော်Reference answer JLPT N1 07 2024 https://bit.ly/answer-n1-7-2024Reference answ...
07/07/2024

ဒီနေ့ဖြေခဲ့တဲ့အဖြေတွေပြန်တိုက်လို့ရပြီနော်

Reference answer JLPT N1 07 2024 https://bit.ly/answer-n1-7-2024
Reference answer JLPT N2 07 2024 https://bit.ly/answer-jlpt-n2-7-2024
Reference answer JLPT N3 07 2024 https://bit.ly/answer-jlpt-n3-7-2024
Reference answer JLPT N4 07 2024 https://bit.ly/answer-jlpt-n4-7-2024
Reference answer JLPT N5 07 2024 https://bit.ly/answer-jlpt-n5-7-2024



học tiếng nhật online miễn phí, luyen thi tieng nhat, jlpt n5, n4, n3, n2, n1, thi thu tieng nhat luyen thi nat test, tọp, j test

13/06/2024

ပြောတတ်ဖို့တော့ လိုတယ်နော် 😊

🇻🇳  ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် အလှဆုံးအမျိုးသမီးများ နှင့် အာရှတွင် အဆင့် ၃ နေရာတွင် ရပ်တည်ခဲ့သည်။ “အာရှရှိ အလှဆုံးအ...
13/06/2024

🇻🇳 ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် အလှဆုံးအမျိုးသမီးများ နှင့် အာရှတွင် အဆင့် ၃ နေရာတွင် ရပ်တည်ခဲ့သည်။

“အာရှရှိ အလှဆုံးအမျိုးသမီး ၂၀” အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည့် Insider Monkey ၏အဆိုအရ တောင်ကိုရီးယားသည် ထိပ်ဆုံးနေရာ၌ ရပ်တည်နေပြီး ဒုတိယနေရာတွင် ဂျပန်နှင့် တတိယနေရာတွင် ဗီယက်နမ်က ရပ်တည်နေကြောင်း သိရသည်။ ထိပ်သီး 20 တွင် အခြား အရှေ့တောင်အာရှနိုင်ငံများမှာ ဖိလစ်ပိုင်က အဆင့် 4 ၊ စင်ကာပူက 9 ၊ ထိုင်းက 10 ၊ အင်ဒိုနီးရှားက 11 ၊ မြန်မာက 19 နဲ့ လာအို က 20 ဖြစ်ပါတယ်။

နည်းစနစ်နှင့်ပတ်သက်၍၊ Insider Monkey သည် အာရှရှိ အမျိုးသမီးများ၏ အလှအပဆိုင်ရာ သဘောတူညီမှုကို အခြေခံ၍ နိုင်ငံများကို အဆင့်သတ်မှတ်ခဲ့သည်။ ၎င်းတို့သည် အမျိုးမျိုးသော အရင်းအမြစ်များကို ခြေရာခံပြီး ရွေးချယ်ထားသော နိုင်ငံများအတွက် ရမှတ်များ သတ်မှတ်ပေးသည်။ အလှဆုံးအမျိုးသမီးက ရမှတ် 1 (12/12 = 1) ရရှိပြီး ဒုတိယနိုင်ငံကတော့ ရမှတ် 0.08 (1/12 = 0.08) ဖြစ်သွားပြီ။ ရလဒ်များကို အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ အဆင့်သတ်မှတ်ထားသည်။

အာရှတိုက်တွင် အလှဆုံးအမျိုးသမီးများစာရင်းတွင် တောင်ကိုရီးယားက ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုဟာ ဒီနိုင်ငံမှာ အလွန်အဖြစ်များပြီး အမျိုးသမီးငါးဦးမှာ တစ်ဦးဟာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုခံယူဖူးတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယား အလှကုန်ကဏ္ဍသည် 2024 ခုနှစ်တွင် ၀င်ငွေ $1.76 ဘီလီယံ ရရှိရန် မျှော်မှန်းထားသည်။



07/06/2024

သူတို့လောက်တော့ ပြောတတ်အောင် လုပ်ခဲ့ကြနော် 😁

ဂျပန်အကြောင်း သင်မသိသေးတဲ့ အချက် ၁၈ ချက်။ 1. ဂျပန်နိုင်ငံတွင် ကျွန်းပေါင်း 6,800 ကျော် ရှိပြီး အကြီးဆုံး(၄)ခုမှာ ဟွန်ရှူ...
28/05/2024

ဂျပန်အကြောင်း သင်မသိသေးတဲ့ အချက် ၁၈ ချက်။

1. ဂျပန်နိုင်ငံတွင် ကျွန်းပေါင်း 6,800 ကျော် ရှိပြီး အကြီးဆုံး(၄)ခုမှာ ဟွန်ရှူး၊ ဟော့ကိုင်းဒိုး၊ ကျူရှူး နှင့် ရှီကိုကူ တို့ဖြစ်သည်။

2. ဂျပန်စကားလုံး "ကာရာအိုကေ" သည် "ကာရာ" မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ "ဗလာ" ဖြစ်ပြီး "အိုကေ" အဓိပ္ပါယ်မှာ သံစုံတီးဝိုင်း၊ အခြေခံအားဖြင့် "ဗလာသံစုံတီးဝိုင်း" ဟု အဓိပ္ပါယ်ရသည်။

3. ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပျမ်းမျှသက်တမ်း 85 နှစ်ဝန်းကျင်ဖြင့် သက်တမ်းအမြင့်ဆုံးဖြစ်သည်။

4. ဂျပန်မီးရထားစနစ်သည် ကမ္ဘာပေါ်တွင် အချိန်အတိကျဆုံးတစ်ခုဖြစ်ပြီး ရထားများသည် ပုံမှန်အားဖြင့် အချိန်မှန်ပြေးကြသည်။

5. ဂျပန်နိုင်ငံသည် ပစိဖိတ်ပျက်ရွေ့ကြောပေါ်ရှိ ၎င်း၏တည်နေရာကြောင့် နှစ်စဉ် ငလျင်ပေါင်း 1,500 ကျော် ဖြစ်ပွားလေ့ရှိသည်။

6. ikebana(အိခဲဘန)ဟုခေါ်သော ဂျပန်ပန်းအလှဆင်ခြင်း အနုပညာသည် သဘာဝတရားနဲ့ သဟဇာတဖြစ်မှု၊ ဟန်ချက်ညီမှုနှင့် ရိုးရှင်းမှုကို အဓိကထားသည်။

7. ဂျပန်နိုင်ငံတွင် အသက် 100 ကျော် အရွယ်ရှိသူ လူပေါင်း 50,000 ကျော်ရှိသည်။

၈။ ဂျပန်လူမျိုးများသည် တစ်နှစ်လျှင် အသင့်စားခေါက်ဆွဲထုပ် ၂၄ ဘီလီယံခန့် စားသုံးကြသည်။

9. Sumo(ဆူမို)နပန်းသည် ဂျပန်နိုင်ငံ၏ အမျိုးသားအားကစားဖြစ်ပြီး နှစ်ပေါင်း 1,500 ကျော် သမိုင်းကြောင်းရှိသည်။

10. ဂျပန်နိုင်ငံတွင် လူနေထိုင်ခြင်းမရှိသော ကျွန်းပေါင်း 6,000 ကျော်ရှိသည်။

11. ဂျပန်နိုင်ငံ တိုကျိုမြို့တွင် Tokyo Metro's Ginza Line သည် အာရှ၏ပထမဆုံး မြေအောက်ရထားစနစ် ဖြစ်သည်။

12. ဂျပန်နိုင်ငံတွင်၊ ပေးကမ်းခြင်းအား ရိုင်းစိုင်းသည်ဟု ယူဆကြပြီး စားသောက်ဆိုင်များ သို့မဟုတ် အခြားဝန်ဆောင်မှုလုပ်ငန်းများတွင် ထုံးစံမရှိပေ။

13. ဂျပန်ကျွန်းစုသည် မြောက်မှတောင်သို့ ကီလိုမီတာ 3,000 ကျော် ရှည်လျားသည်။

14. ကမ္ဘာ့အသက်အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်သည့် 'Nishiyama Onsen Keiunkan" သည် အေဒီ 705 ကတည်းက စတင်လည်ပတ်ခဲ့ပြီး ဂျပန်နိုင်ငံ၊ Yamanashi စီရင်စုတွင် တည်ရှိသည်။

15. ဂျပန်နိုင်ငံသည် အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး တေးဂီတစျေးကွက်ရှိသည်။

16. Rabbit Island ဟု အများအားဖြင့် လူသိများသော Ōkunoshima ဟုခေါ်သော ဂျပန်ကျွန်းတစ်ကျွန်းတွင် ထောင်နှင့်ချီသော ယုန်များ လွတ်လပ်စွာ ကျင်လည်ကျက်စားရာနေရာဖြစ်သည်။

17. ဂျပန်နိုင်ငံတွင် McDonald's စားသောက်ဆိုင်ပေါင်း 3,000 ကျော်ရှိပြီး အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် McDonald's ဆိုင်ခွဲများ ဒုတိယအများဆုံးဖြစ်သည်။

18. ဂျပန်နိုင်ငံတွင် မီးတောင်ပေါင်း 200 ကျော်ရှိပြီး 108 လုံး လှုပ်ရှားနေသည်ဟု ယူဆရသည်။

မူရင်းရေးသားသူအား Credit ပေး၍ မျှဝေလိုက်ပါသည်။


Osaka Castle 🏯 - Japan
17/03/2024

Osaka Castle 🏯 - Japan


02/03/2024

ဟုတ်တယ်မလား မိနစံတို့ 😓

バレンタインデー  ( Valentine's day) ဂျပန်မှာ ချစ်သူများနေ့ကို バレンタインデー  လို့ခေါ်ပါတယ်။ များသောအားဖြင့်  女性が男性に愛を伝える日 じょせいがだんせいに...
14/02/2024

バレンタインデー ( Valentine's day)

 ဂျပန်မှာ ချစ်သူများနေ့ကို バレンタインデー လို့ခေါ်ပါတယ်။ များသောအားဖြင့်
 女性が男性に愛を伝える日
 じょせいがだんせいにあいをつたえるひ
(မိန်းခလေးက ယောင်္ကျားလေးကို ဖွင့်ပြောတဲ့နေ့ လို့လူသိများတယ်။) ဒါပေမယ့် အဲ့လိုကြီးပဲသတ်မှတ်ထားတာမဟုတ်ပဲ တခြားသဘောနဲ့ ပေးတာတွေလဲရှိပါတယ်။ ပေးတဲ့သဘောထားအပေါ်မူတည်ပြီး ပေးတဲ့ ချောကလက်တွေကို ခေါ်ဝေါ်ပုံတွေ ကွဲပြားပါတယ်။ လေ့လာသူတွေ သိရှိရအောင် ‌မျှဝေပေးလိုက်ပါတယ်။

 チョコ ဆိုတာ チョコレート🍫ရဲ့အတိုကောက်ပါ။

🍫 本命チョコ(ほんめいちょこ)

 ဒီချောကလက်ကတော့ ကိုယ့်ရဲ့အသက်တမျှချစ်ရတဲ့သူကိုပေးတဲ့ ချောကလက်ပေါ့နော်။ မိန်းခလေးက ယောကျာင်္းလေးကို ပေးတာများပါတယ်။ (RS တွေအတွက်မပေးမဖြစ်ပေါ့နော် 😁)

🍫🍫 友チョコ (ともちょこ)

 ဒီချောကလက်ကတော့ ရင်းနှီးတဲ့သူငယ်ချင်းတွေကိုပေးတဲ့ ချောကလက်ပေါ့နော်။ ( FA တွေ အချင်းချင်း ဝယ်ပြီး ပေးသင့် စားသင့်တဲ့ချောကလက်ပေါ့ 😁)

🍫🍫🍫自分チョコ(じぶんちょこ)

 အချေသမား ပိုက်ဆံတတ်နိုင်သူတွေ စားလေ့ရှိတဲ့ ချောကလက်ပေါ့‌ေနာ်။ ဘယ်သူ့ဆီကမှ မမျှော်ပဲ ကိုယ်စားချင်တဲ့ချောကလက်ကို ကိုယ်ကြိုက်သလောက် ဝယ်စားတဲ့ ချောကလက်ပါ။ 😁😁

🍫🍫🍫 義理チョコ(ぎりチョコ)

 ဒီချောကလက်ကတော့ အလုပ်က စီနီယာ၊ ဂျူနီယာ မိဘ၊ ဆရာသမားတွေကိုပေးတဲ့ ချောကလက်ပါ။ ကိုယ့်အပေါ်‌ေကျးဇူးရှိသူတွေကို ပေးရတာပေါ့ ( မမေ့သင့်ပါ 😁😬)

🍫🍫🍫🍫 逆チョコ(ぎゃくちょこ)

 ဒါကတော့ ဂျပန်မှာ အလွန်ရှားတဲ့ ချောကလက်ပေါ့။ ယောကျာင်္းလေးကနေပြီး မိန်းခလေးကိုပေးတဲ့ ချောကလက် / တစ်နည်းအားဖြင့် (ပြောင်းပြန်ချောကလက်ပေါ့) အမှန်က Girl က Boy ကိုပေးရတာပါ။ အရင်ခေတ်ကဆိုမရှိသလောက်ပါပဲ။ အခုခေတ်မှာမှ နည်းနည်းရှိလာတာပါ။

 ဂျပန်ရဲ့ Valentine's day အကြောင်းပြောပြီးရင် ချန်ထားလို့ မရတာကတော့ White day အကြောင်းပါပဲ။
 ホワイトデー (White day) ၃လပိုင်း ၁၄ ရက်နေ့မှာ ကျရောက်ပါတယ်။ ဂျပန်မှာ Valentine day မှာ Girlက Boy ကို ချောကလက်ပေးပြီးနောက် White day နေ့ကို ရင်ခုန်စွာ စောင့်မျှော်ကြရပါတယ်။ ဘာလို့လဲဆို အဲ့နေ့မှာ Boy ကနေပြီး ချောကလက်ပြန်ပေးမှာမို့လို့ပါ။ အဲ့ယောက်ကျာင်္းလေးရဲ့ အလေးအထားမခံရဘူးဆိုရင်တော့ မေ့ဟန်ဆောင်ပြီး ပြန်မပေးတော့ဘူး‌ေပါ့‌ေနာ်။ 😢😢

 အားလုံးပဲ ပျော်ရွှင်သော バレンタインデー ( Valentine's day) ဖြစ်ပါစေလို့ ဆုတောင်းရင်း မူရင်းရေးသားသူကို Credit ပေးပြီး မျှဝေလိုက်ပါတယ်။

 ပုံကတော့ မင်မင်တို့အလုပ်ကကျွေးတဲ့ Valentine's Day Chocolate & Dinner လေးပါ။ 🥰😋


13/01/2024

ဂျပန်တွင် ဈေးသွားဝယ်သောအခါ ... 😣😣

Vd - Crd

ဂျပန်ရိုးရာနှစ်ကုန်နှစ်ကူး ဗဟုသုတများ 🎍🍜🪢🔴 နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက် 12/31 ကို ဂျပန်လို 大晦日(おおみそか) လို့ခေါ်ပါတယ်။ 🔴 12...
01/01/2024

ဂျပန်ရိုးရာနှစ်ကုန်နှစ်ကူး ဗဟုသုတများ 🎍🍜🪢

🔴 နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက် 12/31 ကို
ဂျပန်လို 大晦日(おおみそか) လို့ခေါ်ပါတယ်။

🔴 12/29 ရက်နေ့ထိ အိမ်တွေ၊ရုံးတွေမှာ 大掃除(おおそうじ)🧹🧼🧽သန့်ရှင်းရေးအကြီးစားတွေလုပ်ကြပါတယ်။

🔴 12/31 နှစ်သစ်ကူးညမှာ お年越しそば(おとしこしそば) နှစ်သစ်ကူးခေါက်ဆွဲကို အသက်ရှည်ကံကောင်းဖို့စားကြပါတယ်။ ပုစွန်တန်ပူရာကြော်ထည့်စားတာများပါတယ်။ ည၁၂နာရီမကျော်ခင်စားရတာပါ။

🔴 1/1 〜1/3 ရက်နေ့မှာတော့ おせち料理(おせちりょうり) လို့ခေါ်တဲ့ဟင်းမျိုးစုံပါဝင်တဲ့ နှစ်ကူးဆုတောင်းဟင်းလျာတွေကိုမိသားစုစုံလင်စွာစားကြပါတယ်။

🔴 နှစ်ကူးည၁၂နာရီမှာဘုရားကျောင်းတွေမှာဆုတောင်းသူတွေနဲ့ပြည့်နေတတ်ပြီး1/1 နှစ်ဆန်းတစ်ရက်နေ့ 元日(がんじ) မှာ ⛩じんじゃဘုရားကျောင်းသွားပြီးဆုတောင်းခြင်းကို 初詣⛩(はつもうで)လို့ခေါ်ပါတယ်။

🔴 年賀状(ねんがじょう) New Year Post Card နှစ်သစ်ပို့စကတ်တွေ ကို လည်း 1ရက်နေ့အမှီပို့ကျတယ်။
🔴 မြန်မာလူမျိုးတွေနှစ်သစ်ကူးမှာအတာအိုးထားသလို ဂျပန်အိမ်တံခါးတွေမှာလည်း しめ縄(しめなわ)/ しめ飾り(しめかざり)ကိုချိတ်ဆွဲကြပါတယ်။

🔴 အိမ်ရှေ့ဝင်ပေါက်မှာ နတ်ဘုရားတွေမြင်တွေ့စောင့်ရှောက်ရန်ရည်ရွယ်ပြီး 🎍門松(かどまつ)ကို
1/7 ရက်နေ့ထိထားကြပါတယ်။

🔴 နှစ်သစ်မှာနတ်ဘုရားကအိမ်တွေကိုကြွလာတယ်လို့အယူရှိပြီးနတ်ဘုရားအတွက်鏡餅(かがみもち)ကောက်ညှင်းလုံးကို အိမ်ထဲမှာဆင်ယင်ထားရှိပါတယ်။ကောက်ညှင်းလုံးပေါ်မှာတင်ထားတဲ့လိမ္မော်သီးကို 🍊みかんလို့မခေါ်ပါဘူး 橙(だいだい) လိမ္မော်သီးမျိုးလိုပဲအသီးကိုတင်ရတာပါ။ 代々(だいだい) ဆိုတာ အစဉ်အဆက် ပြည့်စုံကောင်းမွန်ခြင်းဖြစ်အောင်ပါ။ 1/11 နေ့ရောက်ရက်တော့ ကောက်ညှင်းလုံးကိုစွန့်ပြီးစားကြပါတယ်။ 😋

😃 年末年始挨拶 ねんまつねんしあいさつ🇯🇵
နှစ်ကုန်နှစ်သစ်နှုတ်ခွန်းဆက်စကားလေးများ

🔴 良いお年をお迎えください。
(よいおとしをおむかえください)
ကောင်းမြတ်သောနှစ်သစ်ကိုကြိုဆိုနိုင်ပါစေ။
   အတိုကောက်အနေနဲ့
🔴 良いお年を(よいおとしを)
ကောင်းမွန်တဲ့နှစ်သစ်လေးဖြစ်ပါစေလို့ပြောကြပါတယ်။(12လ20 ရက်~ 30 ရက်နေ့ကြားနောက်ဆုံးတွေ့တဲ့အခါမှာနှုတ်ဆက်ကြပါတယ်။)နှစ်သစ်မှာမပြောရပါ။တချို့လည်း31ရက်နေ့ထိပြောကြပါတယ်။

  大晦日 おおみそか နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက် 12လ31 ရက် မှာတော့
🔴 また来年もよろしくお願いします
(またらいねんもよろしくおねがいします)လို့
နှုတ်ဆက်ပြောဆိုကြပါတယ်။

元日 がんじつ 1လ1ရက်နေ့
1လ1ရက်နေ့မှစပြီး ~
Happy New Year ကို
🔴 新年明けましておめでとうございます
  (しんねんあけましておめでとうございます)
🔴 明けましておめでとうございます
  (あけましておめでとうごさいます)
သူငယ်ချင်းလူငယ်တွေအချင်းချင်းကတော့အတိုကောက်အနေနဲ့
🔴 あけおめ🎍လို့နှုတ်ဆက်ကြပါတယ်
今年もよろしくおねがいします
( ことしもよろしくおねがいします)
ယခုနှစ်မှာလည်းကူညီစောင့်ရှောက်ပါ။🤲
ကိုလည်းလူငယ်တွေကことよろ ဆိုပြီးအတိုကောက်ပြောကြပါတယ်။
あけおめ ことよろ ဆိုပြီးအတိုပြောကြပေမယ့်လူကြီးတွေကိုတော့သွားမသုံးနဲ့နော်။
🔴 Nwe Year မှာ ကလေးတွေကိုမုန့်ဖိုးပေးလေ့ရှိပြီး
နှစ်ကူးမုန့်ဖိုးお年玉🧧(おとしだま) လို့ခေါ်ပါတယ်။

အားလုံးပျော်ရွှင်ဖွယ်နှစ်သစ် 2024 ဖြစ်ပါစေ။

ဂျပန်စာလေ့လာနေသူများသိရှိနိုင်ရန် မူရင်းရေးသားသူကို Credit ပေးပြီးမျှဝေပေးလိုက်ပါတယ်။

ပုံကတော့ မင်မင်တို့အလုပ်ထဲမှာ နေ့လယ်စာ‌စားရတဲ့အပြင် အလုပ်ကအပြန် သူဌေးကပေးလိုက်တဲ့ おせちりょうりလို့ခေါ်တဲ့ နှစ်ကူးဆုတောင်းဟင်းလျာလေးပါ။ 🥰

#お正月

住所

Okayama-shi, Okayama

営業時間

月曜日 08:00 - 17:00
火曜日 08:00 - 17:00
木曜日 08:00 - 17:00
金曜日 08:00 - 17:00
土曜日 08:00 - 17:00
日曜日 08:00 - 17:00

ウェブサイト

アラート

SUPER NIHONGO Channelがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

SUPER NIHONGO Channelにメッセージを送信:

ショートカット

共有する

カテゴリー