Naw.J Daily Life

20/08/2026

17/08/2026

အုတ်ဂူသတင်းချည်း တွေ့နေရလို့
တခုတော့ သိချင်တယ်

တို့ မြန်မာပြည်က အပင်တွေ အုပ်ဆိုင်း ရှုပ်ထွေးပြီး
အုတ်ဂူတွေလည်း အရောင်တွေပြယ် ချောက်ချားနေတဲ့ သင်္ချိုင်းတွေ အများကြီးတွေ့ဖူးမှာပါနော်

အဲ့လိုနေရာမှာရော တရားမထိုင်ချင်ဘူးလား လို့

ခစ်ခစ်

ဂျပန်က အုတ်ဂူတွေက လူနေအိမ်ကြားတွေမှာလည်း ရှိရင် ရှိနေတာ
ကျောက်ဆောင်က ပြောင်လဲ့လို့ …

အဲဒါကြောင့်လည်း ပါမှာပေါ့နော်

😬

ごほうび(ご褒美・ごほうび) ဆိုတာ ဆုလာဘ်၊ ချီးမြှင့်ခြင်း၊ ကိုယ့်ကိုယ်ကို ဆုချခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ဥပမာ -* 頑張った自分へのごほうびです。    →...
12/08/2026

ごほうび(ご褒美・ごほうび) ဆိုတာ ဆုလာဘ်၊ ချီးမြှင့်ခြင်း၊ ကိုယ့်ကိုယ်ကို ဆုချခြင်း လို့ အဓိပ္ပာယ်ရပါတယ်။

ဥပမာ -

* 頑張った自分へのごほうびです。
→ ကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို ဆုချတာပါ။
* 今日はごほうびにiPhone を買いました。
→ ဒီနေ့ ကိုယ့်ကိုယ်ကို ဆုချဖို့ iPhone ဝယ်ခဲ့တယ်။

ဂျပန်မှာ “自分へのごほうび” (ကိုယ့်ကိုယ်ကို ဆုချခြင်း) ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏ သုံးကြပါတယ်။ 🎁😊

စာမေးပွဲအောင်တဲ့အခါ
လစာထုတ်တဲ့အခါ
ကိုယ်ကြိုးစားတဲ့အရာ တခုခု အောင်မြင်သွားတဲ့အခါ
ကိုယ့်ကိုကိုယ် ご褒美 ဆုချဖို့ မမေ့ပါနဲ့ … 😍😍

#ပုံကတော့ မဆိုင်ပါ 😬😁

12/08/2026

N5,N4 သမားတွေ နားလည်ရလွယ်တဲ့ ပုံပြင်လေးပါ
နားထောင်ပြီး နားမလည်တဲ့ kotoba ပါရင် comment မှာ မေးလို့ရပါတယ် ...
စာလည်းရ အပျင်းလည်း ပြေ


#むかしばなし
Original YouTube -しのせんせい ကနေ နားထောင်လို့ရပါတယ်

https://youtube.com/channel/UC7LVTjJJuDB_Qo0BAOQ8NFg?si=oTc_yE-yE0xVGr9T

08/08/2026

ဒီနေ့ မီးပူတိုက်ဖြစ်တယ်
ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်
ဒီအသေးလေးကအစ
ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ် …

လူတစ်ချို့ရဲ့  FB  profile ကို အကြမ်းဖျင်းကြည့်လိုက်ရင် လှတယ် ချောတယ် အေးချမ်းနေတယ် အရမ်း ဂုဏ်သိက္ခာကြီးတယ် ကြင်နာတတ်တယ်...
02/08/2026

လူတစ်ချို့ရဲ့ FB profile ကို အကြမ်းဖျင်းကြည့်လိုက်ရင်
လှတယ် ချောတယ် အေးချမ်းနေတယ် အရမ်း ဂုဏ်သိက္ခာကြီးတယ် ကြင်နာတတ်တယ် ရိုးသားတယ် စိတ်ရင်း စိတ်ထားကောင်းတယ်
အဲ့လိုပုံပေါ်တယ်ပေါ့လေ ....

ဒါပေမဲ့ သူတို့ရဲ့ အပြင်လက်တွေ့ဘဝမှာ လူတွေ မသိတဲ့ အမှောင်ခြမ်းက ရှိတယ်
ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံအရ
ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရုပ်လေးနဲ့မလိုက် အသက်အရွယ်နဲ့မလိုက်
ပိုင်ရှင်ရှိတဲ့ လူတစ်ယောက်ကို တမောင်ထဲ မောင် ပြီး ကိုကို ကိုကြီး ခေါ်နေတဲ့သူတွေ
သစ္စာအကြောင်းပြောရင်း သစ္စာမရှိတဲ့လူဆို အရမ်းမုန်းတာလို့ပြောပြီး
ကိုယ်တိုင်က ရည်းစား သုံးယောက် တပြိုင်တည်းတွဲနေတာမျိုး
မယုံရင် သူ့ကိုမေးကြည့်လိုက်ဆိုပြီး တခါတလေ ကိုယ့်ကို သက်သေခေါ်တာမျိုးတောင် ရှိသေးတယ်

တော်တော်များများ ဖောက်ပြန်တာ ယေက်ျားလေးအများစုပေါ့
ဒါပေမဲ့ ကျွန်မ အတွေ့အကြုံမှာ မိန်းကလေးတွေချည်းပဲ
ယောက်ျားရှိရက်နဲ့ မတင်းတိမ်နိုင်တဲ့ မိန်းမတွေ
ကောင်မလေးအသစ်ရနေပြီးသား ရည်းစားဟောင်းကို နှစ်ရှည်လများ စာတွေလိုက်ပို့နေတာတွေ
သူ့ဘေးပတ်ဝန်းကျင်တော့ သူတို့ကို အရမ်းကျင့်ဝတ်ကောင်းတဲ့လူလို့ ထင်နေမလားပဲ

ပြောမယုံကြုံဖူးမှ သိ ... တဲ့

လူတွေကို သိပ်မယုံနဲ့နော် ....

အခုချိန်ဟာဆိုရင်ဖြင့် တို့အဖွားတွေ အေးတဲ့ ရာသီရောက်ပါပြီ さむい、さむい🥶 😅😅သူတို့ကဆောင်းရာသီဆို မအေးဘူး နွေကျမှအေးကြတာ 🤭🤭🤭
22/07/2026

အခုချိန်ဟာဆိုရင်ဖြင့် တို့အဖွားတွေ အေးတဲ့ ရာသီရောက်ပါပြီ
さむい、さむい🥶 
😅😅
သူတို့ကဆောင်းရာသီဆို မအေးဘူး
နွေကျမှအေးကြတာ 🤭🤭🤭

20/07/2026

သေးပေါက်ပြိုင်ပွဲကျင်းပပေးနေသလား မှတ်ရတယ်
၁၂ခွဲပြီ တချက်မှ မထိုင်ရသေးဘူး
အိမ်သာမှာပဲ အိပ်လိုက်ကြပါတော့လား 🫥🫥🫥🫥

အရင်တုန်းက ကိုယ်သိထားတာ ပလတ်စတစ်ခွက်နဲ့ ရေနွေးကြမ်းဘာညာ အပူကြီး ထည့်သောက်ရင် ကင်ဆာ ဖြစ်တတ်တယ် မသောက်သင့်ဘူးပေါ့လေ ဂျပန်ရ...
06/07/2026

အရင်တုန်းက ကိုယ်သိထားတာ
ပလတ်စတစ်ခွက်နဲ့ ရေနွေးကြမ်းဘာညာ
အပူကြီး ထည့်သောက်ရင် ကင်ဆာ
ဖြစ်တတ်တယ်
မသောက်သင့်ဘူးပေါ့လေ
ဂျပန်ရောက်လာ အလုပ်ဝင်တော့
အဘိုးအဘွားတွေကို ပလတ်စတစ်/ကော်ခွက်နဲ့ပဲ
ရေနွေးကြမ်းတွေ ထည့်တိုက်တာပဲ
ဘာလို့လဲ ????
အသက်ကြီးပြီမို့ ကင်ဆာဖြစ်လည်း ဖြစ်ပါစေလား
ကင်ဆာမဖြစ်နိုင်လို့လား
လား လား လား????

住所

Odawara-shi, Kanagawa

ウェブサイト

アラート

Naw.Jがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー