23/07/2026
အားလုံးပဲ မဂ်လာပါရှင့်
ဒီနေ့ကတော့ Tokyo မှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ Marchအဖွဲ့ထဲက 立教大学အကြောင်းလေးအနည်းငယ် ရှင်းပြပေးချင်ပါတယ်
立教大学ဟာဆိုရင် 池袋駅ကနေလမ်းလျှောက် ၁၀မိနစ်သာကြာချိန်ရှိပါတယ်ရှင့် မြို့အလယ်မှာရှိတဲ့အတွက် တက္ကသိုလ်အပြီး သူငယ်ချင်းတွေနဲ့ Date ဖို့နေရာတွေအများကြီးရှိပါတယ်ရှင့်
ဘွဲ့ရပြီးလို့ 就職အတွက်လည်း ပူစရာမလိုတဲ့ကျောင်းတစ်ကျောင်းပါနော် ဂျပန်မှာ 就活လုပ်ရတဲ့အချိန်ဆို ကိုယ်တက်တဲ့ကျောင်းပေါ်အများကြီးမူတည်ပါတယ်နော်
March လို့ တက္ကသိုလ်တွေက Company အကြီးစားတွေကနေ ခေါ်ယူတာ များတာဖြစ်တဲ့အတွက် ကိုယ်ဘက်ကသာ ပြီးပြည့်စုံနေမယ်ဆိုရင် company ကောင်းကောင်းမှာ အလုပ်လုပ်ခွင့်ရမှာ အသေချာပါပဲနော် 年収1000万円ကတော့ ပြေးမလွှတ်ပါဘူးနော်
အရေးကြီးတာက လေးနှစ်တာ တက်ရမှာဖြစ်တဲ့အတွက် အရွေးမမှားစေဖို့ပါပဲ စာကြီးပဲ လုပ်မယ်ဆို တိုကျိုလိုနေရာမှာ မွန်းကြပ်မှာ အသေအချာပါပဲ 大学ကပါ အဆင်မပြေနေဘူးဆိုရင် ပိုဆိုးသွားပါလိမ့်မယ် ကိုယ်တက်မဲ့ 学部မှာ ဘယ်လိုမျိုးသင်ကြားနေလည်းဆိုတာတွေကိုလည်း တက္ကသိုလ်ရဲ့ website မှာ ရှာကြည့်လို့ရတာမို့လို့ ကိုယ်အတွက် အဆင်ပြေမယ်ဆိုရင် လုပ်ကြည့်သင့်ပါတယ်နော် တခြား大学တွေလည်းတူတူပါပဲနော်☺️
ကိုယ်လည်း ကျောင်းကို အလည်သွားကြည့်လိုက်မှ 立教大学ကို တက်နိုင်ရမယ်ဆိုပြီး အားတက်ခဲ့ရတာပါ။ ကျောင်းသူလေးတွေဆိုလည်း အချောလေးတွေကြီးပါပဲ။😅
ပြီးတော့ ကျောင်းဝင်းထဲရောက်သွားရင် ကိုရီးယားဇာတ်ကားထဲရောက်သွားသလို ခံစားချက်ကြီးက တကယ်မိုက်တာပါ🥹
2027年4月入学အတွက် 重要募集要項ကထွက်နေပါပြီမို့ စိတ်ဝင်စားတဲ့ကျောင်းသားတွေ ဝင်ကြည့်လို့ရအောင် comments မှာ link 🔗 လေးချပေးထားပါမယ်ရှင့်