29/04/2026
ဂျပန်ရဲ့countryside နယ်မြို့လေးတွေမှာ
ဘာမှမရှိပေမဲ့နေပျော်ရတဲ့အကြောင်းအရင်း
မနက်ဆိုရထားလုစီးစရာမလိုဘူး
ပြေးလွှားနေတဲ့လူအုပ်ကြီးကြားအသက်ရှူကြပ်စရာမလိုဘူး
ဘေးပတ်ပတ်လည်မှာအထပ်မြင့်အဆောက်အဦးတွေ ဘယ်နေရာကြည့်ကြည့်ပိတ်လှောင်မနေဘူး
မနက်နိုးရင် မြစ်ရေစီးသံလေးတွေကြားရမယ်
မနက်ခင်းရဲ့ နေခြည်နွေးနွေးနဲ့အတူ လတ်ဆတ်တဲ့လေနုအေးအေးလေးတွေကိုရှူရှိုက်ခွင့်ရမယ်
ပင်ပမ်းလာရင် ဘေးပတ်ပတ်လည်မှာရှိတဲ့ တောင်တန်းတွေကိုငေးရင်း
တောအုပ်စိမ်းစိမ်းလေးဆီသွားထိုင်နေလို့ရမယ်
ညနေခင်းဆည်းဆာကိုထိုင်ကြည့်ပြီး သဘာဝရဲ့သံစဉ်လေးတွေဖြစ်တဲ့ မြစ်ရေစီးသံနဲ့ ကျေးငှက်အသံလေးတွေကို နားထောင်လို့ရမယ် ဒါလေးတွေက
စိတ်ကိုတကယ်အေးချမ်းစေတယ်
ဒီလိုသာ နေ့တိုင်းနေရရင် ဘဝက
ဘယ်လောက်အေးချမ်းလိုက်မလဲ🍃
Japan