ဂျပန်အတွက် နိုင်ငံခြားကျောင်းသားတွေက "ရွှေ" ဖြစ်နေရက်နဲ့... လဝက က ဘာလို့ COE တွေ ပယ်ချနေတာလဲ? 🤔
ဂျပန်ကို ကျောင်းနဲ့ လာကြတဲ့ ကျောင်းသားတွေဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးနဲ့ လုပ်ငန်းခွင်တွေအတွက် တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ "ရွှေ" တွေလို့တောင် ပြောလို့ရပါတယ်။
ဘာကြောင့်လဲဆိုရင်...
စီးပွားရေး ထောက်ပံ့မှု: ကျောင်းလခတွေ သွင်းလိုက်တာနဲ့ နိုင်ငံခြားက ငွေတွေ ဂျပန်ဆီကို တိုက်ရိုက် စီးဝင်ပါတယ်။ ဒီငွေတွေကနေတစ်ဆင့် ကျောင်းဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေ စားဝတ်နေရေး ဖူလုံအောင် အလုပ်အကိုင်တွေ ဖန်တီးပေးနေတာပါ။
အသင့်သုံး လုပ်သားအင်အား: သန်မာတဲ့ ကျောင်းသားလူငယ်တွေကို ဂျပန်ရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ 'Baito' စနစ်နဲ့ လိုသလို ခိုင်းစေနိုင်ပါတယ်။
ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်း: ဂျပန်စာသင်တန်းကျောင်း ပြီးတာနဲ့ အများစုက ဂျပန်အမူအကျင့်တွေကို နားလည်ပြီးသား၊ လိမ္မာရေးခြားရှိပြီးသား အလုပ်လုပ်နိုင်စွမ်း အကောင်းဆုံး အရွယ်တွေ ဖြစ်နေပါပြီ။
တက္ကသိုလ်ပဲတက်တက်၊ ကောလိပ်ပဲတက်တက်၊ အလုပ်ပဲဝင်လုပ်လုပ်၊ ဂျပန်တွေအတွက် လုံးဝ နစ်နာစရာမရှိတဲ့ အကောင်းဆုံး လူသားအရင်းအမြစ်တွေပါ။
ဒါကိုတောင် ကြီးကြီးကျယ်ကျယ် စည်းကမ်းတွေထုတ်ပြီး COE Reject လုပ်နေတဲ့ လဝက ရဲ့ လုပ်ရပ်တွေက တကယ်ကို နားမလည်နိုင်စရာပါပဲ။ ကျောင်းသားတွေဘက်က ကြည့်ရင် အချိန်တွေ၊ ငွေတွေ ရင်းနှီးထားရလို့ COE ချမပေးတဲ့အပေါ် အရမ်းကို ခံပြင်းဖို့ ကောင်းပါတယ်။
crd
BurmeseInfo
#ဂျပန်ရောက်မြန်မာ
Yuki Japanese
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yuki Japanese, Yagon.
23/05/2026
ကျောင်းသွားတက်မည့်ကျောင်းသားများသို့
—————————————————————
ဂျပန်လေဆိပ်ဆင်းဆင်းချင်း ဒီ (၁) ချက်ကို မေ့ခဲ့ရင် ဂျပန်မှာ အချိန်ပိုင်းအလုပ် လုပ်ခွင့်ရမှာ မဟုတ်ပါဘူး 🚨
ဂျပန်ကို ပထမဆုံးအကြိမ် ခြေချလိုက်ပြီဆိုတာနဲ့ ပျော်လည်းပျော်၊ ဘာဆက်လုပ်ရမလဲဆိုပြီး နည်းနည်းလည်း ကြောက်နေတတ်ကြတယ်မလား? လေဆိပ်ထဲမှာတင် မဖြစ်မနေ လုပ်ခဲ့ရမယ့် အရေးကြီးဆုံး အချက် (၅) ချက်ကို လိုရင်းတိုရှင်း စုစည်းပေးလိုက်ပါတယ်။ အခုပဲ Save ထားလိုက်တော့နော်။ 👇
၁။ 🪪 Zairyu Card (နေထိုင်ခွင့်ကတ်) ထုတ်ယူပါ
Immigration (လူဝင်မှုကြီးကြပ်ရေး) ဖြတ်တဲ့နေရာမှာ ကိုယ့်ရဲ့ Passport ကိုပြပြီး Zairyu Card ကို တစ်ခါတည်း ထုတ်ယူရပါမယ်။ ဒါက ဂျပန်မှာနေထိုင်စဉ် ကိုယ့်ရဲ့ မှတ်ပုံတင်ဖြစ်လို့ ရတာနဲ့ နာမည်နဲ့ အချက်အလက်တွေ မှန်/မမှန် ချက်ချင်းစစ်ဆေးပါ။
၂။ ⚠️ အလုပ်လုပ်ခွင့်တုံး (Shikakugai Kadoshoka) ထုဖို့ လုံးဝမမေ့ပါနဲ့!
ကျောင်းသားဗီဇာ၊ မှီခိုဗီဇာနဲ့ လာသူတွေအတွက် ဒါက အသက်ပါပဲ။ Immigration မှာ Zairyu Card ထုတ်တဲ့အချိန် 'အပတ်စဉ် ၂၈ နာရီ အလုပ်လုပ်ခွင့်' လျှောက်လွှာကို တစ်ခါတည်းပေးပြီး ကတ်ရဲ့အနောက်ဘက်မှာ အလုပ်လုပ်ခွင့်တုံး မဖြစ်မနေ ထုခိုင်းခဲ့ရပါမယ်။ လေဆိပ်မှာ မလုပ်ခဲ့ရင် နောက်မှ Immigration ရုံးကို သွားလုပ်ရတာ အရမ်းအလုပ်ရှုပ်ပါတယ်။
၃။ 🧳 အထုပ်တွေ ပြန်ယူပါ (Baggage Claim)
Immigration ပြီးတာနဲ့ ကိုယ့်လေယာဉ်အမှတ်ပြထားတဲ့ Conveyor Belt မှာ အထုပ်တွေကို သွားယူပါ။ သူများအထုပ်နဲ့ မမှားအောင် သေချာစစ်ပါ။
၄။ 🚫 အကောက်ခွန်စစ်ဆေးခြင်း (Customs)
အပြင်မထွက်ခင် Customs ဖြတ်ရပါတယ်။ မြန်မာပြည်ကနေ အသားပြုတ်တွေ၊ အသားခြောက်တွေ၊ ဝက်အူချောင်းတွေ သယ်လာခဲ့ရင် ဒီနေရာမှာ ဖမ်းဆီးခံရပြီး ဒဏ်ရိုက်ခံရတတ်လို့ လုံးဝ မသယ်လာဖို့ သတိထားပါ။
crd
Japan Transit Planner - Tech Blog by NextWorm Japan Transit Planner-Norikae Annai is a multilingual version of the navigation application “Norikae Annai”, the most downloaded in Japan.It will show you the route or how to transfer by railways or airplanes in Japan.It can check the route, the fare, and the required time easily as long as you ...
23/05/2026
ဂျပန်တာဝန်ခံအစ်မကသဘောကောင်းလို့ ကိုယ်တာအဲ့မှာရှိရင်မလွယ်ဘူး မင်းတို့အချိုးမြန်မာပြည်မှာထားခဲ့လိုပိတ်ပြောလိုက်မှာကျောင်းမှန်အောင်မတက်ပေါက်တက်ကရတွေလုပ်ကြတာ အေဂျင်စီတူပေမဲ့ကိုယ်တပည့်ဟုတ်မနေတော့ လှမ်းဆူမရလို့
ဂျပန်လဝကမှာမွှေနေတာ ဂျပန်မျိုးမစစ်တဲ့ အမေရီကန်သွေးနှော ၄၃ နှစ်အရွယ်သူပေါ့ မျိုးတာစစ်ရင်ဘယ်လောက်တောင်ဆိုးမလဲမသိ ခုတခါ ခစုဒိုးဘက်လှည့်လာပီ
ကျောင်းသားတွေကလည်းကျောင်းသားတွေပါပဲ စာတက်ချင်လို့သွားတာမဟုတ်အမြန်သွားချင်လို့ကျောင်းနဲ့ထွက်ကြတော့ ဟိုရောက် ခစုဒိုးပြောင်းကြ ကျောင်းဆက်မတက် ကျောင်းသားတွေအဲ့လိုလုပ်တော့ ကျောင်းကငွေမဝင်တော့ စည်းကမ်းကတင်းကြပ်လာရော
နာဂိုယာကိုပို့တုန်းက ကျောင်းသူတယောက်ရောက်တာနဲ့ ယောကျာ်းနောက်လိုက် အဲ့ကျောင်းကနောက်မြန်မာဆိုလက်မခံတော့ဘူး
ဟိုတလောကလဲကြားမိတာ အတန်းထဲဆေးလိပ်သောက်နေတာဆေးလိပ်ခွက်ပါယူလာပီးကျောင်းအုပ်ကမြင်ပီးကျောင်းထုတ်မယ်မြန်မာပြန်ပို့မယ်ဆိုတော့ မြန်မာကကျောင်းပိုင်ရှင်ဆရာက ဂျပန်ကို တောင်းပန်ရရော ဆရာကတောင်းပန်နေတာကိုသူက ဘောင်းဘီအိတ်ထဲလက်ထည့်ပီးမထီမဲ့မြင်နဲ့တဲ့ အဲ့လိုတွေလုပ်ကြတော့ ဟိုကနိုင်ငံခြားသားတင်းကြပ်တာနဲ့ နောက်ကလေးတွေအတွက် ခက်လာရော
ကလေးတွေနဲ့အတူတူကိုယ်ပါလိုက်ပီးရင်တွေတုန်
အားလုံးအောင်ပါစေ
17/05/2026
ထင်တော့ထင်သား သိပ်မကြာလောက်ပါဘူးလို့ သူလုပ်လို့ ဒီတခေါက် ကလေးတွေ COE တော်တော်အကျပ်ရိုက်သွားတာ
14/05/2026
#雨で寒いから布団に包まってる。
13/05/2026
#良心
10/05/2026
#お母さん
#これからずっと元気でいて下さい。
10/05/2026
✅စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေကို ဂျပန်စာနဲ့ အလှဆင်ကြစို့။
အခြေခံ (Basic) မှစ၍ JLPT အောင်ချက်ကောင်းစေရန် မေးခွန်းဟောင်းများ ဖြင့် အသေအချာ လေ့ကျင့်ပေးမည့် N5 Class သစ်။
✅ ဘာတွေသင်ကြားပေးမှာလဲ?
• ကျွမ်းကျင်မှု (Reading, Writing, Listening)
• JLPT Exam Tips & Tricks များ
• မေးခွန်းဟောင်း များစွာကို ကိုယ်တိုင်ဖြေဆိုလေ့ကျင့်ပေးခြင်း
📖ဂျပန်ကိုကျောင်းဖြင့်သွားချင်သူများအတွက် October,July,April intake စသည့်intake 3ခုဖြင့်ပို့ဆောင်ပေးပါသည်။
📲09986307405
လိပ်စာ- မြို့သစ်ရပ်ကွက်၊ကော့မှူးမြို့
30/04/2026
ဂျပန်မသွားခင် ထမင်းချက်တာလေးအမေဆီကသင်သွားကြ🙁😕
Click here to claim your Sponsored Listing.
Location
Contact the school
Website
Address
Yagon