Hoshi The Class

Hoshi The Class TikTok ( .the.class )

📞 09942612825 📞

Zoom Class 🪞

အိမ်ဒီဇိုင်းဆွဲမယ်ဆို南向きကိုဘာလို့意識ထားကြတာလဲ不動産မှာဆိုလဲ ဒီအခန်းက南向きဆိုပြီး အသားပေးကြပါတယ်ဘာကြောင့်ပါလိမ့်????なぜなぜという疑問は響...
31/05/2026

အိမ်ဒီဇိုင်းဆွဲမယ်ဆို南向きကိုဘာလို့意識ထားကြတာလဲ
不動産မှာဆိုလဲ ဒီအခန်းက南向きဆိုပြီး အသားပေးကြပါတယ်

ဘာကြောင့်ပါလိမ့်????

なぜなぜという疑問は響いている。

南向きကိုအဓိက設計လုပ်တဲ့ရယ်ရွယ်ချက်များစွာတဲ့က ၂ချက်ကိုပြောပြပါမယ်

၁)အခန်းကအလင်းရောင်ရလွယ်တယ်။
၂)တစ်ရက်တာလုံး အလင်းရောင်ရရှိမှုနှုန်းတူညီတယ်
၃)မီတာခချွေတာလို့ရတယ်

မကောင်းတဲ့ဘက်ကပြန်ကြည့်မယ်ဆို
不動産တွေက အဲ့လိုအခန်းတွေအတွက် アピールလုပ်စရာဖြစ်သွားတော့စျေးကြီးသွားတာပေါ့

ဒီအကြောင်းအရာကိုတော့建築・不動産မှာအလုပ်လုပ်နေတဲ့ လူတွေက ပိုသိကြမှာပါ

ဘာကြောင့်南向きကိုအသားပေးလဲဆိုတာအောက်က ပုံကိုကြည့်ရင် သိနိုင်ပါတယ်
ဒီgraphကလွန်ခဲ့သောနှစ်ပေါင်း၁၀၀က 気象庁က ထုတ်ပြန်ထားတဲ့ dataပါ
နားလည်လွယ်အောင်ပြောရမယ်ဆို
(short to the point ရှင်းပြနိုင်တာ။မှတ်နိုင်တာက ကျမရဲ့ အားသာချက်ပေါ့)
Graphမှာပါတဲ့ အနီရောင်မျဉ်းက “ပ”ပုံစံဖြစ်နေပါတယ်
X-axisကိုကြည့်ပါ
ဘယ်ညာက ဆောင်းရာသီ
အလယ်တည့်တည့်က နွေရာသီ

Y-axisကတော့
နေရောင်ခြည်ရရှိနိုင်တဲ့ပမာဏ

XY-axisရဲ့ဆက်စပ်မှုကို ပြန်ပြောပါမယ်
အနီရောင်မျဉ်းလေးပဲ注目လုပ်ပါ
ဆောင်းရာသီကို 日射ကောင်းတယ်(12MJ/m2)နေရောင်ကြောင့် အခန်းလေးက နွေးနေမှာပါ

နွေရာသီဆို 日射ကသိပ်မရှိ(3MJ/m2)
နေရောင်းမပြင်းတော့ အပူလျော့တယ် အဲ့တော့ မီတာခသိပ်မစားဘူး(省エネပေါ့)

ဂျပန်ရဲ့ရာသီဥတုက ဆောင်းဆိုအရမ်းအေး
နွေဆိုအရမ်းပူတဲ့အခါကျတော့ နေရောင်ခြည်(日当たり)ကိုထည့်သွင်းစဉ်းစားကြပါတယ်

ဒီdataပေါ်မူတည်ပြီးဒီလိုဒီဇိုင်းဆွဲတာဂျပန်နိုင်ငံပဲလားဆိုတာတော့ မပြောတတ်ပေ

ဒီပို့စ်တင်ရတဲ့အကြောင်းရင်က
ဂျပန်ရောက်တော့
ဂျပန်တွေပြောတဲ့စကား
ကျမရဲ့ အခန်းတည်ဆောက်ပုံ
ဖတ်မိတဲ့ စာတိုလေးနဲ့
မြင်ခဲ့တဲ့graph လေး
အကုန်linkချိတ်အပြီးမှာတော့ ရရှိခဲ့တဲ့ အတွေးလေးတစ်ခုကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်
ဘာကြောင့်ဂျပန်တွေက南向きの部屋ဆိုပြီးပြောတာလဲဆိုတာ နှစ်အနည်းငယ်ကြာပြီးရှာဖွေတွေ့ရှိလိုက်ရသော ကျမရဲ့達成感
ဒါက general knowledge ပါဆိုပြီး ပြောမဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်
これに対しても返事
素人だからこそ大目で見ていただきたいとです。

#技術

技術士補 Lecture Note FREE Download ☘️☘️စာလေ့လာနေသူများအတွက် အထောက်အကူဖြစ်စေမယ့် lecture note ကို တင်ပေးထားပါတယ်။ အောက်က dri...
30/05/2026

技術士補 Lecture Note FREE Download ☘️☘️

စာလေ့လာနေသူများအတွက် အထောက်အကူဖြစ်စေမယ့် lecture note ကို တင်ပေးထားပါတယ်။

အောက်က drive link ထဲမှာ Browser ကနေ စာဖတ်ချင်သူများအတွက် HTML fileရယ် printထုတ်ပြီး အိမ်မှာစာဖတ်ချင်သူများအတွက် pdf file ရယ် ဆိုပြီး ထည့်ပေးထားပါတယ်။

https://drive.google.com/drive/folders/1H6pSo8jUlf-Wb1Ecx0MStXC9p-Pd8LPm?usp=drive_link

Admin ကြည့်ဖြစ်တဲ့ Netflix Series 地獄に堕ちるわよStraight to Hell အကြောင်းပြောပြချင်ပါတယ်။ဒီစီးရီးက ဂျပန်မှာ နာမည်ကြီးဗေဒင်ဆရာမ...
30/05/2026

Admin ကြည့်ဖြစ်တဲ့ Netflix Series 地獄に堕ちるわよStraight to Hell အကြောင်းပြောပြချင်ပါတယ်။

ဒီစီးရီးက ဂျပန်မှာ နာမည်ကြီးဗေဒင်ဆရာမ Hosoki Kazuko ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်လမ်းအကြောင်းရိုက်ပြထားတဲ့ Documentary Series ဖြစ်ပါတယ်။ ဘဝရဲ့ ထိပ်ဆုံးရောက်နေတဲ့ အချိန် (တီဗီဖန်သားပြင်ပေါ်မှာ ဘုရင်တစ်ပါးလို စိုးမိုးနေတဲ့ အချိန်) ကနေ စတင်ပြသပြီး၊ တစ်ဖက်မှာလည်း သူမရဲ့ ငယ်ဘဝ ဖြတ်သန်းမှု၊ ရှုံးနိမ့်မှုတွေနဲ့ အကွက်ကျကျ ယှက်ခတ်ပြီး ပြသွားတာပါ။ ပြောရရင် အတိတ်ကိုတူးဆွပြီးနောက်ကြောင်းပြန်လှန်ထားတဲ့ ဇာတ်ပေါ့။ အထူးသဖြင့် ဘဝအလှည့်အပြောင်းတွေဖြစ်တဲ့ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေ ဖော်ထုတ်ခံရတဲ့ အခန်းတွေမှာ ဇာတ်ရှိန်ကို ခပ်မြန်မြန် ဆွဲတင်သွားတာက ကြည့်ရတဲ့သူကို အတော်လေးဆွဲခေါ်သွားနိုင်ပါတယ်။

ဒီSeriesရဲ့ main castက Toda Erikaပါ။ Death Note Season2 မှာပါတဲ့ ကျစ်ဆံမြီး၂ချောင်း နဲ့ကောင်မလေးဆို လူတွေပိုသိကြမယ်ထင်ပါတယ်။ Nagao Meiနဲ့ အတူတွဲရိုက်ကူးထားတဲ့ ハコヅメဆိုတဲ့ police comedy series ကလည်း လူကြိုက်များပါတယ်။

ဒီSeries မှာ Admin အတော်လေးသဘောကျမိတာက Makeup Artပါ။ စစချင်းအခန်းမှာပါတဲ့ Erikaရဲ့ မိတ်ကပ်က 金持ちママပုံစံ တကယ့်ကို အသက်ဝင်ပါတယ်။ အယ် ငါသိတဲ့ Erika က အဲ့လောက်တောင် အသက်ကြီးသွားတာလားဆိုပြီး တွေးမိတဲ့အထိပါ။

နောက်တခုသဘောကျမိတာက Settingပိုင်းပါ။
၁၉၇၀၊ ၈၀ ကနေ ၂၀၀၀ ပြည့်နှစ်ဦးပိုင်းအထိ ဂျပန်နိုင်ငံရဲ့ ခေတ်ကာလပြောင်းလဲပုံကို အဝတ်အစား (Costume)၊ အသုံးအဆောင်နဲ့ Studio Setting တွေမှာ အသေးစိတ် ဂရုစိုက်ထားတာ တွေ့ရပါတယ်။ အထူးသဖြင့် အဲ့ဒီခေတ်က သုံးခဲ့တဲ့ ကင်မရာပုံစံတွေ၊ တီဗီစခရင်တွေကို သုံးပြီး ခေတ်ဟောင်းခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပါတယ်။fashionတွေဆိုတာလည်း ခေတ်ကာလတခုစီအလိုက် အသက်အရွယ်အပိုင်းအခြားအလိုက် ပေါ်လွင်အောင်ဝတ်ပြသွားပါတယ်။

Background Musicကတော့ ဇာတ်လမ်းကို အရှိန်မြှင့်ပေးတဲ့ အဓိက အစိတ်အပိုင်းပါပဲ။ သာမန် Documentary တွေလို သတင်းနောက်ခံစကားပြောမျိုး မဟုတ်ဘဲ တယောသံ ပြင်းပြင်းတွေရယ် နားထဲမှာ မတင်မကျနဲ့ စိုးရိမ်စိတ်ဖြစ်စေမယ့် အသံတွဲတွေရယ်ကို သုံးထားတာတွေ့ရပါတယ်။ဗေဒင်ဆရာမက တစ်ဖက်လူကို "地獄に堕ちるわよ" လို့ ပြတ်ပြတ်သားသား မဟောပြောခင် စက္ကန့်ပိုင်းအလိုမှာ Background Music ကို ရုတ်တရက် တိတ်သွားစေတာမျိုးက ကြည့်နေတဲ့သူကိုပါ အသက်ရှူရပ်မတတ် ရင်ခုန်အောင် ဖန်တီးထားနိုင်ပါတယ်။

ဒီစီးရီးရဲ့ အလင်းအမှောင် ကစားသွားပုံကလည်း အတော်လေးကောင်းပါတယ်လို့ ထင်ပါတယ်။ သူမ တီဗီရှိုးတွေ ရိုက်ကူးတဲ့ အခန်းတွေမှာဆိုရင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ဂျပန် Showbiz ရဲ့ လျှမ်းလျှမ်းတောက် တောက်ပမှုကို ပြချင်တဲ့အတွက် colorful, overweighting ကို သုံးထားတာမြင်ရပါတယ်။အတိတ်ရဲ့ ငယ်ဘဝ အခန်းတွေမှာတော့ ဇာတ်လမ်းရဲ့ lighting က အမှောင်ထုထဲက အလင်းတောက်တောက်ဘက်ကို ကူးသွားပါတယ်။ အခန်းကျဉ်းထဲက လျှို့ဝှက်ဆွေးနွေးမှုတွေ၊ ဖိအားတွေကို ပြတဲ့အခါ Low-key lighting ကို သုံးပြီး သူမရဲ့ စိတ်ပူပန်မှုနဲ့ လောဘဇောတွေကို ပိုပြီး ပေါ်လွင်စေတာကို တွေ့ရမှာဖြစ်ပါတယ်။

Ginza Night club မှာ ကတဲ့အခန်းတွေမှာပါတဲ့ danceနဲ့music တွေရယ် キャバクラママ ဘဝမှာ ဝတ်တဲ့fashionတွေရယ် လောဘစိတ်ကိုအတိုင်းသားပေါ်စေတဲ့ dialogueတွေကတော့ Admin အကြိုက်ဆုံးတွေပါပဲ။

စိတ်ဝင်စားလို့ အပြင်ကတကယ့်ဗေဒင်ဆရာမအကြောင်းနည်းနည်းစပ်စုကြည့်မိတော့ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။တချို့အရာလေးတွေက ဇာတ်လမ်းပါ အကြောင်းအရာနဲ့ မတူတာလေးတွေလည်းရှိပါတယ်။အပြင်မှာဘယ်လိုလဲသေချာမသိပေမယ့် ဇာတ်လမ်းထဲမှာ nightclub mamaဘဝကနေ ဗေဒင်ဆရာမဘဝကိုရောက်သွားတဲ့အကြောင်းရင်းက တကယ့်plot twistလို့ထင်ပါတယ်။ Admin ကိုယ်တိုင်လည်း ကြည့်နေရင်းကို 「ဟဟား တကယ့်ဘွားတော်」ဆိုပြီးရေရွတ်မိတဲ့အထိပါပဲ။
ကဲ ဇာတ်လမ်းReviewကတော့ ဒီလောက်ပါပဲ။ Spoilerလည်း မပါဘူးလို့ထင်ပါတယ်။

コンクリート技士တိုက်ပွဲအလုပ်မှာက အလုပ်နဲ့သက်ဆိုင်တဲ့certificate listထုတ်ထားတယ်။ level upလုပ်ဖို့ ကြည့်လိုက်တော့ အသင့်တော်ဆုံးတစ...
20/05/2026

コンクリート技士တိုက်ပွဲ

အလုပ်မှာက အလုပ်နဲ့သက်ဆိုင်တဲ့certificate listထုတ်ထားတယ်။ level upလုပ်ဖို့ ကြည့်လိုက်တော့ အသင့်တော်ဆုံးတစ်ခုဖြစ်တဲ့ コンクリート技士ကိုရွေးချယ်လိုက်တယ်

ဖြေမယ်ဆိုပြီးရုံးကိုပြောတော့ ဖြေဖူးသားလူတွေက ခက်တယ်နော်။ ၂ခါတောင်ဖြေလိုက်ရတယ်။ ဂျပန်စာနဲ့ရေးထားတဲ့စာမေးပွဲကိုသူတို့ဂျပန်တွေက ၂ခါ၃ခါဖြေလိုက်ရတာဆိုတော့ ကျွန်မကိုလဲ မမျှော်လင့်ကြဘူးပေါ့နော်။
short to the point ကျွန်မက စာအုပ်ဆိုင်မှာold questionတစ်အုပ်ဝယ်ပြီး self-studyလုပ်တာ တခါတည်းအောင်သွားပါလေရော။ သူတို့ဖျားသွားတာပေါ့လေ။
ကျွန်မက
နိုင်ငံခြားသား /မိန်းကလေး/၁ကြိမ်တည်းအောင်/専門နဲ့ပတ်သက်တဲ့စာမေးပွဲ/သင်ပေးမဲ့သူလဲမရှိ

ဒီစာမေးပွဲဖြေတာနဲ့ဆက်စပ်ပြီးသိလိုက်ရတာအများကြီးဆိုပေမဲ့ ၂ချက်ပြောစရာရှိပါတယ်
1。မျိုးချစ်ဂျပန်
1နှစ်ငယ်တဲ့ဂျပန်လူမျိုးjunior ကောင်လေးက ကျွန်မနဲ့ တစ်နှစ်တည်းဖြေတာ သူကကျသွားပါလေရော။ဘာပြောတယ်ထင်တုန်း 森さんは試験で緊張気味だからဆိုပြီး မဆိုင်တာကိုcoverပြောပေးသွားတာ။ စိတ်ထဲမှာတော့ ကျွန်မကျိန်ဆဲမိ

2。certificateနဲ့အလုပ်လုပ်နိုင်မှု
ကျွန်မ အမြဲအတုယူအားကျရတဲ့ ဂျပန်seniorအကိုတစ်ယောက်ရှိပါတယ်။သူက concrete စာမေးပွဲကို ၂ခါဖြေလိုက်ရတယ်။
ဆိုလိုတာက certificate ရှိတိုင်းတော်တယ်လို့ပြောမရပါဘူ။ my opinion ဆိုရင် certificate ထက်အလုပ်လုပ်နိုင်သူက ပိုတော်တယ်လို့ယူဆတယ်။ အိုကေ ဘာလို့ 資格ယူသင့်လဲဆိုတော့ 自己研鑽してレベルアップに繋げる。
(Seniorရဲ့ အလုပ်လုပ်တော်မှုကို စာတစ်ပုဒ်လောက်ရေးချင်သေး🤔)

コンクリート技士နဲ့ပတ်သက်တာရေးပါရစေ
🌸အောင်နိုင်ခြေ
အယောက်၁၀၀ဖြေရင် ၃၀ပဲအောင်တာပါ
2025မှာ အယောက် 8600ဖြေတာ 2700လာက်ပဲအောင်ပါတယ်

🌸စာမေးပွဲအကြောင်းအရာ
Concrete ထဲဘာပါလဲ။အပူချိန်ပေါ်မူတည်ပြီး ဘာထည့်မလဲ။ဘယ်လိုmanage လုပ်မလဲ။testဘယ်လိုလုပ်လဲ စသဖြင့်ပေါ့
* レディーミクストコンクリートやコンクリート製品の製造
* コンクリートの品質管理・施工管理
* コンクリートの設計
* コンクリートの試験・研究

🌸ဘယ်လိုလူတွေဖြေသင့်လဲ
土木・建築・プラント 

🌸အားသာချက်
1。就職
2。転職(ဒါက ကျွန်ကကိုယ်တွေ့)
မျက်နှာပန်းအရမ်းလှ
3。収入(လစာတိုးမယ်)
4。昇格(ရာထူးတိုးမယ်)
5。スキルアップ
6。仕事の信頼性(ယုံကြည်မှုရရှိစေတယ်)
7。自信に繋がる/胸を張れる
(ခေါင်းမော့ရင်မော့ နေလို့ရပြီ)

🌸သင်တန်းတက်ချင်တဲ့သူများရှိရင် care reactလေးလုပ်ပေးသွားပါ။ဖွင့်ရင်ကောင်းမလားစဉ်းစားနေပါတယ်

ちなみにコンクリート技士受かると30万円報酬いただけるので、自分にとっては一石二鳥。一石五鳥といっても過言ではないねぇ。


#コンクリート技士

Update:တကယ်လို့ ကိုယ့်ရဲ့ 会社မှာ ကိုယ်နဲ့ 専門တူ 技術士လက်မှတ်ရပြီးသားသူ မရှိရင် JABEE ကို ဖုန်းဆက်ပြီးကိုယ့််ရဲ့ 同意書မှာ ဖြည့်...
17/05/2026

Update:တကယ်လို့ ကိုယ့်ရဲ့ 会社မှာ ကိုယ်နဲ့ 専門တူ 技術士လက်မှတ်ရပြီးသားသူ မရှိရင် JABEE ကို ဖုန်းဆက်ပြီးကိုယ့််ရဲ့ 同意書မှာ ဖြည့်ပေးမယ့် သူရှိမရှိ တိုင်ပင်ဆွေးနွေးအကူညီတောင်းရမှာဖြစ်ပါတယ်။
အဲ့လိုလုပ်ဖို့ဆိုရင် JABEEမှာ အရင်ဆုံး 会員登録လုပ်ရမှာဖြစ်ပါတယ်။

技術士補 or 技術士ニ次試験စာမေးပွဲ အောင်မြင်သွားသူများ 新規登録လုပ်ရမှာ လိုအပ်တဲ့ 登録手続きတွေကိုပြောပြပေးသွားမှာဖြစ်ပါမယ်။

☘️လိုအပ်သော စာရွက်စာတမ်းများ
1)技術士補登録申請書(様式第六又は様式第六の二)
2)証明書
3)同意書

☘️စာရွက်စာတမ်း ပြင်ဆင်ခြင်း
1)技術士補登録申請書(様式第六又は様式第六の二)

Application Form က 様式第六နဲ့ 様式第六の二ဆိုပြီး ၂မျိုး ရှိပါတယ်။ Admin တို့က 様式第六မှာ အကျုံးဝင်ပါတယ်။ Application form ကို အောက်ကlink မှာ down ပါ။
https://www.engineer.or.jp/c_topics/003/attached/attach_3820_2.pdf

စာရွက်၃ရွက်ပါပါလိမ့်မယ်။ တရွက်ချင်းမှာ ဖြည့်ရမှာတွေကို ပြောပြပါ့မယ်။

Page1 က 技術士補登録申請書ပါ။
အပေါ်တဝက်လောက်ရဲ့ 項目တွေက個人情報personal information တွေကို ဖြည့်ရမှာဖြစ်ပြီး အောက်တဝက်
လောက်က 補助しようとする技術士 ကိုယ်က assistance
လုပ်ပေးမယ့် ကိုယ့်ရဲ့အထက်လူကြီးကို ဖြည့်ခိုင်းရမှာ ဖြစ်ပါတယ်။
အောက်ဘက်ဆုံးအကွက် その他ကိုတော့ တချက်ချင်းသေချာဖတ်ပြီး 該当する、該当しないကို အမှန်ခြစ်ခြစ်ပေးပါ။基本は「該当しない 」です。

Page2 တံဆိပ်ခေါင်းကပ်ရန်(ဘယ်ဘက်) နဲ့ 登録手数料の領収書ကပ်ရန် (ညာဘက်)ဆိုပြီး ပါပါတယ်။

တံဆိပ်ခေါင်းကပ်ရန်(ဘယ်ဘက်)

収入印紙欄ဆိုတဲ့ တံဆိပ်ခေါင်း ကို 15000¥ဖိုး ပြည့်အောင် ဝယ်ပါ။ 郵便局、コンビニ、法務局、金券ショップတွေမှာ ဝယ်လို့ရပါတယ်။ နေရာပေါ်မူတည်ပြီး 15000¥ဖိုး တရွက်တည်းဝယ်လို့ရသလို 5000¥တန် 3ရွက် ဝယ်ရတာမျိုးလည်း ရှိပါတယ်။ ပေးရတဲ့စျေးကလည်း နေရာပေါ်မူတည်ပြီး အနည်းငယ်ကွာပါတယ်။Adminတုန်းကတော့ နီးစပ်ရာ စာတိုက်ကပဲ ဝယ်လိုက်ပါတယ်။ イメージしやすくためにတံဆိပ်ခေါင်းနမူနာပုံစံကို အောက်မှာထည့်ပေးထားပါတယ်။
ဝယ်ပြီးသွားရင် Page2ရဲ့ ဘယ်ဘက်အကွက် 収入印紙欄
15,000円 ဆိုတဲ့နေရာမှာ တံဆိပ်ခေါင်းကပ်လိုက်ပါ။
တံဆိပ်ခေါင်းသည် ရေစိုစုတ်ပြဲခြင်းမရှိရပါ။

登録手数料の領収書ကပ်ရန် (ညာဘက်)

登録手数料 က 8100¥ ဖြစ်ပါတယ်။
(Adminတုန်းက 6500¥ပဲ ပေးခဲ့ရပါတယ်🤫)
သတ်မှတ်ထားတဲ့ စာတိုက်ဘဏ်account ဒါမှမဟုတ် ဘဏ်account ကို လွှဲပေးရမှာဖြစ်ပါတယ်။

郵便局 စာတိုက်ကနေလွှဲမယ်ဆိုရင်

加入者名: 公益社団法人日本技術士会
郵便振替払込口座番号 : 00160-1-148761

銀行ဘဏ်ကနေ လွှဲမယ်ဆိုရင်
1)銀行名: 三菱UFJ銀行・本店
 口座番号:普通預金 No. 7645088

2) 銀行名: 三井住友銀行・本店営業部
 口座番号: 普通預金 No. 5362427

ATMကနေလည်း လွှဲလို့ရပါတယ်။
လွှဲသူအမည်၊ ငွေလွှဲပမာဏ၊ လွှဲသည့်အချိန်နေ့ရက်စတဲ့ データတွေကို သေချာ記載လုပ်ထားတဲ့ ငွေလွှဲပြေစာ領収書ရှိရမှာဖြစ်ပါတယ်။

Adminတုန်းက စာတိုက်ကနေပဲ လွှဲလိုက်ပါတယ်။
အောက်မှာလည်း ငွေလွှဲရမယ့်information ပါတဲ့ နေရာကို ပုံထည့်ပေးထားမှာမို့ 複数確認してから振込みお願いいたします。

Page3က 記入例ဖြစ်ပါတယ်။
Page1မှာdataဖြည့်တာနဲ့ပတ်သက်ပြီး Admin ရှင်းပြတာ သိပ်နားမလည်ရင် official website က ရှင်းပြပေးထားတဲ့ နမူနာပုံစံကို ကြည့်ပြီး ဖြည့်လည်းရပါတယ်။

2)証明書
အောက်ပါlinkကနေ downပါ။
https://www.engineer.or.jp/c_topics/003/attached/attach_3820_4.pdf

ကိုယ့်ရဲ့ dataကို ဖြည့်ရမှာပါ။ 記入例လည်း ပါပါတယ်။ Admin တုန်းက ဖြည့်ထားတဲ့စာရွက်ကိုလည်း နမူနာ ထည့်ပေးထားပါတယ်။

3)同意書
အောက်ပါlinkကနေ downပါ။
https://www.engineer.or.jp/c_topics/003/attached/attach_3820_5.pdf

ကိုယ့်ရဲ့ အထက်လူကြီးကို ဖြည့်ခိုင်းရမှာပါ။ 記入例လည်း ပါပါတယ်။

👉ဒီနေရာမှာ အရေးကြီးတာတချက်က ကိုယ့်ရဲ့ အထက်လူကြီးက ကိုယ်နဲ့ 専門တူ 技術士လက်မှတ်ရပြီးသားသူ ဖြစ်ရပါမယ်။ ကိုယ့်ရဲ့ အထက်လူကြီးက 専門တူ 技術士လက်မှတ်ရပြီးသားသူမဟုတ်ရင် 会社ထဲ တခြားဌာနက 部長တွေထဲမှာ ကိုယ်နဲ့ 専門တူ 技術士လက်မှတ်ရထားသူရှိမရှိ စုံစမ်းပါ။ ပြီးရင် ကိုယ့်ရဲ့ 同意書မှာ データဖြည့်ပေးဖို့ 相談လုပ်ပြီး အကူအညီတောင်းပါ။
တကယ်လို့ ကိုယ့်ရဲ့ 会社မှာ ကိုယ်နဲ့ 専門တူ 技術士လက်မှတ်ရပြီးသားသူ မရှိရင် JABEE ကို ဖုန်းဆက်ပြီးကိုယ့််ရဲ့ 同意書မှာ ဖြည့်ပေးမယ့် သူရှိမရှိ တိုင်ပင်ဆွေးနွေးအကူညီတောင်းရမှာဖြစ်ပါတယ်။

ပြင်ဆင်ရမယ့်စာရွက်တွေ ပြီးသွားရင် တရွက်ချင်းမှာ ဖြည့်ထားတဲ့ data မှန်မမှန်၊ 印鑑သေချာ နှိပ်မနှိပ် သေချာ စစ်ပါ။ ပြီးရင် A4 စာအိတ်ထဲမှာ သေချာထည့်ပြီး စာတိုက်ကနေတဆင့် ပို့ပါ။

補足ဖြည့်စွက်
ဒီစာရွက်တွေကိုပါ print ထုတ်ပြီး တခါတည်းပို့ပေးရင် ပိုကောင်းပါတယ်။
1)技術士補အောင်လက်မှတ် (လိုအပ်ရင် အမှတ်စာရင်းလေးပါထည့်)
2)在留カード or My Number Card
Admin တုန်းက အပေါ်က ၂ရွက်ကို ပါ တပါတည်း ပို့ပေးခဲ့ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ 登録証発送用宛名ラベル
စာအိတ်မှာ ကပ်ရမယ့် label စာရွက်ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Registered Certificate ကို ကိုယ့်ဆီ ပြန်ပို့ပေးဖို့ ဖြစ်ပါတယ်။ ဆိုတော့ကား အဲ့ဒီ label စာရွက်မှာ ဖြည့်ရမှာက ကိုယ့်ရဲ့ data ဖြစ်ပါတယ်။
အောက်ကlink မှာ down ပါ။
https://www.engineer.or.jp/c_topics/003/attached/attach_3820_6.pdf

ဒါဆိုရင်တော့ 登録手続きက ဒီမှာပဲ ပြီးပါပြီ။
လျှောက်လွှာတင်ပြီးနောက် 登録済み証明書ရရှိဖို့ အချိန်ကာလ ၂ပတ်ကနေ ၁လလောက် ကြာတတ်ပါတယ်။

လျှောက်လွှာတင်ထားတဲ့အချိန် သူတို့ဘက်က သိချင်တာရှိရင် ဖုန်းဝင်လာတာမျိုးလည်း ရှိတတ်ပါတယ်။

https://www.engineer.or.jp/c_topics/003/003820.html

それでは、登録手続きを行なってください。
よろしくお願いします。☘️

#技術士補

#技術士一次試験
#技術士
#新規登録

အချိန်ပိုင်းအလုပ် ရှာဖွေရာမှာ အသုံးဝင်မယ့် App နဲ့ Website link များ၁။ အလုပ်မရှာခင် သိထားသင့်သည့် အခြေခံအချက်များအလုပ်လု...
16/05/2026

အချိန်ပိုင်းအလုပ် ရှာဖွေရာမှာ အသုံးဝင်မယ့်
App နဲ့ Website link များ

၁။ အလုပ်မရှာခင် သိထားသင့်သည့် အခြေခံအချက်များ

အလုပ်လုပ်ခွင့် (Permission):
နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် နေထိုင်ခွင့်ကတ် (Residence Card) ရဲ့ အနောက်ဘက်မှာ"資格外活動許可" (သတ်မှတ်ထားသော ဗီဇာအပြင် အခြားလုပ်ငန်းလုပ်ကိုင်ခွင့်) တံဆိပ် ပါရှိရပါမယ်။

အချိန်ကန့်သတ်ချက်:
တစ်ပတ်ကို၂၈ နာရီထက် ပိုမလုပ်ရပါ။
(ကျောင်းပိတ်ရက်ရှည်များတွင် တစ်ရက် ၈ နာရီ၊ တစ်ပတ် နာရီ ၄၀ အထိ လုပ်ကိုင်ခွင့်ရှိတတ်ပါတယ်။)

တားမြစ်ချက်:
လောင်းကစားရုံ (Pachinko)၊ ဘား (Bar) နှင့် ညဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခွင့် မရှိပါ။

၂။ အလုပ်ရှာဖွေရန် လူသုံးအများဆုံး App နှင့် Websiteများ

ဂျပန်မှာ အလုပ်ရှာဖို့အတွက် အောက်ပါ App တွေကို ဖုန်းထဲမှာ Install လုပ်ထားသင့်ပါတယ်။
(က) နိုင်ငံခြားသားများအတွက် အထူးပြုထားသော websiteများ

YOLO JAPAN:
နိုင်ငံခြားသားများအတွက် အထူးပြုထားပြီး ဘာသာစကား အခက်အခဲရှိသူတွေအတွက်ပါ အလုပ်အမျိုးအစား စုံလင်ပါတယ်။
Link: YOLO JAPAN

Guidable Jobs:
ဂျပန်စကား သိပ်မကျွမ်းကျင်သေးသူများ အတွက်ပါ အလုပ်ရှာဖွေရ လွယ်ကူအောင် ပြုလုပ်ထားပါတယ်။
Link: Guidable Jobs

(ခ) ဂျပန်ပြည်တွင်း လူသုံးအများဆုံး အလုပ်ရှာ App များ

TownWork (タウンワーク):
ဂျပန်မှာ အကျော်ကြားဆုံး အလုပ်ရှာဖွေရေး App ဖြစ်ပါတယ်။ မြို့အလိုက်၊ ဘူတာအလိုက် ရှာဖွေနိုင်ပါတယ်
Link: TownWork

Baitoru (バイトル):အလုပ်ခွင်ရဲ့ ဗီဒီယိုတွေကို ကြည့်ရှုနိုင်လို့ အလုပ်ပတ်ဝန်းကျင်ကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်
Link: Baitoru

MyNavi Baito (マイナビバイト):
ကျောင်းသားများအတွက် သင့်တော်တဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။
Link: MyNavi Baito

Indeed (インディード):
အလုပ်ရှာဖွေရေး အင်ဂျင်ဖြစ်ပြီး ဆိုဒ်အသီးသီးက အလုပ်တွေကို တစ်နေရာတည်းမှာ စုစည်းပြသပေးပါတယ်။
Link: Indeed Japan

၃။ အခြားရှာဖွေနိုင်သည့် နည်းလမ်းများ

ကျောင်းရှိ Notice Board:
ဘာသာစကားသင်ကျောင်းတွေရဲ့ ကြော်ငြာသင်ပုန်းမှာ ကျောင်းသားတွေကို ခေါ်ချင်တဲ့ အလုပ်ရှင်တွေရဲ့ ကြော်ငြာတွေ ကပ်ထားလေ့ရှိပါတယ်။

Hello Work (ハローワーク):
အစိုးရ အလုပ်အကိုင် ရှာဖွေရေးဌာန ဖြစ်ပါတယ်။ နိုင်ငံခြားသားများအတွက် သီးသန့် ကောင်တာရှိတဲ့ ရုံးခွဲတွေလည်း ရှိပါတယ်။

TownWork မဂ္ဂဇင်း (အခမဲ့):
ဘူတာရုံတွေနဲ့ Supermarket တွေရှေ့မှာ အဝါရောင် "TownWork" စာအုပ်လေးတွေကို အခမဲ့ ယူဆောင်နိုင်ပါတယ်။

ဒါ့အပြင် မိတ်ဆွေများမှတစ်ဆင့် ခင်မင်ရသူတွေ အလုပ်လုပ်နေတဲ့ နေရာမှာ လူလိုပါက မိတ်ဆက်ပေးခိုင်းခြင်းက အလုပ်ရဖို့ အမြန်ဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

၄။ အလုပ်ရှာဖွေရာတွင် အောင်မြင်စေရန် အကြံပြုချက်များ

1.ဂျပန်စာအဆင့် (JLPT):
အလုပ်အများစုက အနည်းဆုံးN4သို့မဟုတ်N3အဆင့်ရှိရင် ရွေးချယ်စရာ ပိုများလာပါတယ်။

2.ကိုယ်ရေးရာဇဝင် (Rirekisho):
ဂျပန်စံနှုန်းနဲ့အညီ လက်ရေးနဲ့ဖြစ်စေ၊ App နဲ့ဖြစ်စေ သေသေချာချာ ရေးသားထားပါ။

3.ဖုန်းဆက်၍ ချိန်းဆိုခြင်း:
အလုပ်လျှောက်တဲ့အခါ ဖုန်းဆက်ရပါက ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ဖို့ လိုအပ်ပါတယ်။

4.နိုင်ငံခြားသား လက်ခံသည့် အလုပ်များကို ရှာပါ:
Websiteတွေမှာ အလုပ်ရှာဖွေတဲ့အခါ Keyword အနေနဲ့ "留学生歓迎" (Ryugakusei Kangei) သို့မဟုတ် "外国人歓迎" (Gaikokujin Kangei)ဆိုတာကို ရွေးချယ်ပြီး ရှာဖွေပါ။

မှတ်ချက်:
အလုပ်အင်တာဗျူးသွားတဲ့အခါ အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားဖို့နဲ့ အချိန်တိကျဖို့က အလွန်အရေးကြီးပါတယ်။

Admin ဒီတပတ်လုံး Business Seminar တက်နေရပါတယ်။ဝန်ထမ်းအားလုံး မဖြစ်မနေတက်ရောက်ရတာဖြစ်ပြီး စစချင်းရက်တည်းက တနေ့ချင်းစီ သက်...
15/05/2026

Admin ဒီတပတ်လုံး Business Seminar တက်နေရပါတယ်။ဝန်ထမ်းအားလုံး မဖြစ်မနေတက်ရောက်ရတာဖြစ်ပြီး စစချင်းရက်တည်းက တနေ့ချင်းစီ သက်ဆိုင်ရာဌာနတခုချင်းစီအလိုက် 専門的な内容တွေပဲ တောက်လျှောက်ဆွေးနွေးကြတာမို့ တက်ရောက်နားထောင်သူတွေဟာ ကိုယ့်ဌာနရဲ့ ကိုယ်သိတဲ့အပိုင်းဆို အားရပါးရဝင်ဆွေးနွေးလိုက်ကြ တခြားဌာနရဲ့ ကိုယ်မသိတဲ့အပိုင်းဆို ခန ငြိမ်နေလိုက်ကြနဲ့ ရှေ့၃ရက်ကို ဖြတ်ကျော်ခဲ့ကြပါတယ်။

ဒီနေ့ ၄ရက်မြောက်နေ့Seminarမှာတော့ ဆွေးနွေးသွားတဲ့အကြောင်းအရာ slide တွေထဲမှာ 「誰一人取り残さない(leave no one behind)」 ဆိုတဲ့ စာကြောင်းလေးတကြောင်းပါလာပါတယ်။ 発表者က အဲ့ဒီ့စာကြောင်းကို သိတဲ့သူလက်ထောင်ပါ ဆိုတော့ Admin အပါအဝင် နားထောင်နေသူ အားလုံးနီးပါး လက်ထောင်ကြပါတယ်။

အခု ဒီစာကိုဖတ်မိတဲ့သူတွေထဲလည်း သိတဲ့သူတွေပါမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ 「leave no one behind」 ဆိုတာက SDGs (Sustainable development Goals :継続可能な開発目標) ဆိုတဲ့ အကြောင်းအရာထဲမှာပါတဲ့ ဆောင်ပုဒ် တခု ဖြစ်ပါတယ်။ SDGsဟာ技術士補စာမေးပွဲရဲ့ 適性ဘာသာရပ်မှာ နှစ်တိုင်းပါနေကျ အကြောင်းအရာတခုဖြစ်ပါတယ်။နှစ်စဉ် မေးခွန်း၁ပုဒ်ကနေ၃ပုဒ်ထိ ပါတတ်တာမို့ နည်းနည်းလေး ကြားဖူးနားဝ ရှိထားရုံနဲ့တင် အမှတ်ရနိုင်ပါတယ်။

ကဲ ဒါဆိုရင် SDGsနဲ့ ပတ်သက်တဲ့ general knowledge လေးကို sharing လုပ်ပေးချင်ပါတယ်။

☘️SDGs (Sustainable Development Goals) ဆိုတာ ဘာလဲ?
Sustainable Development Goals (SDGs) ဆိုတာ Adminတို့ နေထိုင်တဲ့ကမ္ဘာကြီးကို ပိုမိုကောင်းမွန်၊ သာယာပြီး တရားမျှတတဲ့ နေရာတစ်ခုဖြစ်လာစေဖို့ 2015ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ 国際セミットက ချမှတ်ထားတဲ့ "2030 Agenda" ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 2015ခုနှစ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ စုပေါင်းပြီး 2030ပြည့်နှစ်အရောက်မှာ ကမ္ဘာကြီးမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာတွေကို ဖြေရှင်းဖို့ Goals 17ခုနဲ့ Targets 169ခုကို သတ်မှတ်ခဲ့ကြတာပါ။ဒီGoalsတွေရဲ့ အဓိကဆောင်ပုဒ်ကတော့ "Leave No One Behind" (ဘယ်သူ့ကိုမှ ချန်မထားခဲ့ဖို့) ပဲ ဖြစ်ပါတယ်။

☘️Goals17ခု
ဒီGoals တွေကို လူမှုရေး၊ စီးပွားရေးနဲ့ သဘာပတ်ဝန်းကျင် ဆိုပြီး အခန်းကဏ္ဍကြီး (3) ခုအနေနဲ့ ခွဲခြားကြည့်နိုင်ပါတယ်။

1)လူမှုရေးဆိုင်ရာ လုံခြုံမှု (Social Equity)

Goal1 : 貧困をなくそう
(ဆင်းရဲနွမ်းပါးမှု ကင်းစင်ရေး)

Goal2 : 飢餓をゼロに
(ငတ်မွတ်ခေါင်းပါးမှု ကင်းစင်ရေး)

Goal3 : すべての人に健康と福祉を
(ကျန်းမာရေးနှင့် သာယာဝပြောရေး)

Goal4 : 質の高い教育をみんなに
(အရည်အသွေးရှိသော ပညာရေး)

Goal5 : ジェンダー平等を実現しよう
(ကျား၊ မ တန်းတူညီမျှရေး)

Goal6 : 安全な水とトイレを世界中に
(သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး)

2)စီးပွားရေးနှင့် အခြေခံအဆောက်အအုံ (Economic Growth & Infrastructure)

Goal7 : エネルギーをみんなに。そしてクリーンに(သန့်ရှင်းပြီး ဈေးနှုန်းသက်သာသော စွမ်းအင်)

Goal8 : 働きがいも経済成長も
(သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု)

Goal9 : 産業と技術革新の基盤を作ろう
(လုပ်ငန်းကဏ္ဍ၊ ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောက်အအုံ)

Goal10: 人や国の不平等をなくそう
(မညီမျှမှုများ လျှော့ချရေး)

Goal11 : 住み続けられるまちづくりを
(ရေရှည်တည်တံ့သော မြို့ပြနှင့် လူနေမှုအသိုက်အဝန်းများ)

3)သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (Environmental Protection)

Goal12 : つくる責任、つかう責任
(တာဝန်ယူမှုရှိသော ထုတ်လုပ်မှုနှင့် စားသုံးမှု)

Goal13 : 気候変動に具体的な対策を
(ရာသီဥတု ပြောင်းလဲမှုကို ကာကွယ်ခြင်း)

Goal14: 海の豊かさを守ろう
(ရေအောက်သက်ရှိများ ထိန်းသိမ်းရေး)

Goal15 : 陸の豊かさも守ろう
(ကုန်းပေါ်သက်ရှိများ ထိန်းသိမ်းရေး)

Goal16 : 平和と公正をすべての人に
(ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ခိုင်မာသော အဖွဲ့အစည်းများ)

Goal17 : パートナーシップで目標を達成しよう (ပန်းတိုင်များအတွက် ပူးပေါင်းဆောင်ရွက်မှု)

☘️ဘာကြောင့် SDGs က အရေးကြီးတာလဲ?

အခုခေတ်မှာ လူသားတွေဟာ ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်နဲ့ လူမှုရေးမညီမျှမှုတွေကို အရင်ကထက် ပိုခံစားနေရပါတယ်။ SDGs ဟာ ဒီပြဿနာတွေကို တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း မဟုတ်ဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖြေရှင်းဖို့ လမ်းပြမြေပုံ (Roadmap) တစ်ခု ဖြစ်ပါတယ်။
ဥပမာအားဖြင့် - အင်ဂျင်နီယာပိုင်းဆိုင်ရာ မှာဆိုရင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ နည်းပညာတွေ သုံးတာ၊ ပညာရေး မှာဆိုရင် လူတိုင်း လက်လှမ်းမီတဲ့ သင်ကြားမှုတွေ ဖန်တီးတာတွေဟာ SDGs ကို လက်တွေ့အကောင်အထည်ဖော်နေတာပဲ ဖြစ်ပါတယ်။

SDGs ဆိုတာ အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေတင် လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ လူသားတစ်ဦးချင်းစီရဲ့ နေ့စဉ်လူနေမှုဘဝ (ဥပမာ - အစားအစာ မဖြုန်းတီးခြင်း၊ စွမ်းအင် ချွေတာခြင်း၊ ဗဟုသုတများ ပြန်လည်မျှဝေခြင်း) ကနေတဆင့်လည်း ဒီပန်းတိုင်တွေကို ရောက်အောင် ကူညီပေးနိုင်ပါတယ်။

☘️ဒီနေ့ Seminar မှာ ဆွေးနွေးခဲ့တာက 13ခုမြောက်Goalဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ရလာတဲ့ impact တွေရယ် အဲ့ဒါတွေကို ဘယ်လို counterplanတွေချမှတ်ကြမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ အကြောင်းအရာအသေးစိတ်ကိုတော့ 機密情報 မို့ ချန်လှပ်ထားခဲ့ပါမယ်။

ဒီနေ့Seminarရဲ့ SDGsအကြောင်းအရာဟာ ပွဲတက်သူ လူသားအားလုံး ワクワク感အပြည့်နဲ့ အားပါးတရ 議論လုပ်ကြတဲ့ Sectionတခုဖြစ်ခဲ့ပါတယ်။ SDGs ဟာ အကြောင်းအရာအားဖြင့်လည်းစိတ်ဝင်စားဖို့လည်းကောင်းသလို လူတိုင်းလည်း အနည်းအကျဉ်းသိထားသင့်တဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်။ ဒါ့အပြင် Admin ကိုယ်တိုင်လည်း 技術士補ဖြေတုန်းက လေ့လာထားဖူးတာကြောင့် အဲ့ဒီတုန်းက ကျက်မှတ်ထားတဲ့ 専門単語လေးတွေသုံးပြီး 質疑応答(Q&A Section)မှာ အရင်ရက်တွေထက်ပိုပြီး ဟန်ကျပန်ကျနဲ့ အားတတ်သရောပါဝင်ခဲ့ပါတယ်။💪😎

☘️適性အတွက် စာဖတ်ခဲ့တုန်းက ပင်ပန်းခဲ့ပေမယ့် အခုလို့ ပြန်အသုံးချလို့ရတဲ့ အခြေအနေကြုံလာတဲ့အခါမှာလည်း အတော်လေးကို စိတ်ကျေနပ်မိပါတယ်။😊

စာဖတ်သူအားလုံးလည်း ကိုယ်အပင်ပန်းခံလေ့လာခဲ့ရတာတွေကို လက်တွေ့မှာပြန်အသုံးချရင်း stressတွေများလှတဲ့ ဂျပန်လုပ်ငန်းခွင်မှာ စိတ်ကျေနပ်ရတဲ့moment လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

#技術士補

#技術士一次

#資格



#土木

ဂျပန်လူမျိုးတွေရဲ့ "အစွန်းရောက်စွဲလမ်းခြင်းအနုပညာ" 🇯🇵✨ဂျပန်ရောက်မြန်မာများ ကိုယ့်ရဲ့ နေထိုင်ရာဝန်းကျင် တဝိုက်မှာပဲဖြစ်ဖြ...
06/05/2026

ဂျပန်လူမျိုးတွေရဲ့ "အစွန်းရောက်စွဲလမ်းခြင်းအနုပညာ" 🇯🇵✨

ဂျပန်ရောက်မြန်မာများ ကိုယ့်ရဲ့ နေထိုင်ရာဝန်းကျင် တဝိုက်မှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ TVအစီအစဉ် တွေကို ကြည့်ရင်ပဲဖြစ်ဖြစ် ထူးဆန်းတာတစ်ခု သတိထားမိကြမှာပါ။

အဲ့ဒါကတော့ ဂျပန်လူမျိုးတွေဟာ တစ်ခုခုကို ကြိုက်ပြီဆိုရင် "ရိုးရိုး" မဟုတ်ဘဲ "အရူးအမူး" ဖြစ်သွားတတ်တာပါ။

ဥပမာ - Ramenကို တစ်နှစ်ပတ်လုံး နေ့စဉ် ဆိုင်တကာလပတ်စားတဲ့သူ၊ ပေါင်မုန့်ကင်စက် (Toaster) တွေကို showroomဖွင့်လို့ရလောက်တဲ့ထိ အမျိုးပေါင်းစုံအောင် ဝယ်စုတဲ့သူ၊ ဒါမှမဟုတ် အိမ်သာသုံးတသျှူးကိုတွေ့တိုင်းဝယ်မိလို့ အိမ်မှာတောင်လိုပုံနေတဲ့သူ စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

ဒီလို "အစွန်းရောက်စွဲလမ်းမှု" တွေရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ၃ ချက် ရှိနေပါတယ်။

☘️၁။ "Kodawari" (こだわり) - အကောင်းဆုံးဖြစ်ချင်တဲ့ အာသီသ🛠️

ဂျပန်မှာ "こだわり" ဆိုတဲ့ စကားလုံးအသုံးတခုရှိပါတယ်။ "တစ်ခုခုကို လုပ်ရင် အသေးစိတ်ကအစ စေ့စပ်သေချာရမယ်၊ အကောင်းဆုံး ဖြစ်ရမယ်" ဆိုတဲ့ အဓိပ္ပါယ်ပါ။

သူတို့တွေကRamenကြိုက်လို့စားတယ်ဆိုရင်တောင် ဒီတိုင်းသာမန်ကာလျှံကာရိုးရိုးစားတာမျိုးမဟုတ်ပဲ ဂျုံသားအမျိုးအစား၊ ဟင်းရည်ချက်ပုံ၊ ရာသီအလိုက်အရသာ၊ topping အတွဲအစပ် စသည်ဖြင့် အသေးစိတ်လေ့လာပြီး တစ်နှစ်ပတ်လုံး ဆိုင်တကာပတ်လိုက်စားတာမျိုး လုပ်ကြတာပါ။

☘️၂။ "Otaku" ယဉ်ကျေးမှု (Deep Diving) 🤓

Adminတို့က Otaku ဆိုရင် Anime ကြည့်တာပဲ ပြေးမြင်တတ်ပေမဲ့ ဂျပန်မှာတော့ Otaku ဆိုတာ "တစ်ခုခုကို အရူးအမူး စွဲလမ်းသူ" လို့ အဓိပ္ပာယ်ရပါတယ်။

ဂျပန်လူမျိုးတွေဟာ အများအားဖြင့် ကိုယ်ဝါသနာပါတဲ့ နယ်ပယ်ငယ်လေးတစ်ခုကို အဆုံးထိ လေ့လာပြီး Expert ဖြစ်သွားတာကို ဂုဏ်ယူလေ့ရှိကြပါတယ်။ သာမန်လူတွေ ဂရုမစိုက်တဲ့ အရာလေးတွေကို တန်ဖိုးထား or စူးစမ်းလေ့လားရင်း အဆုံးမှာသူတို့ရဲ့ကိုယ်ပိုင် Identity တစ်ခုဖြစ်အောင် လုပ်တတ်ကြပါတယ်။

☘️၃။ စိတ်ဖိစီးမှုတွေကြားက "Healing" (癒やし)

စည်းကမ်းကြီးပြီး အလုပ်များတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ရတဲ့အခါ ကိုယ်ကြိုက်တဲ့ အရာလေးတစ်ခုကိုအာရုံစိုက်စိတ်နှစ်ပြီး လုပ်နေရတာက သူတို့အတွက် စိတ်ထွက်ပေါက်တစ်ခုပါ။

ကိုယ်နှစ်သက်တဲ့ အရာကို ထပ်ခါတလဲလဲ လုပ်တာ၊ ကိုယ်ကြိုက်တဲ့ပစ္စည်းတွေ collectionအဖြစ် စုဆောင်းတာက သူတို့ကို စိတ်လုံခြုံမှုနဲ့ စိတ်အေးချမ်းမှုကို ရစေတယ်လို့ ထင်မြင်တတ်ကြပါတယ်။

ဒီအချက်တွေအားလုံးဟာ ဂျပန်လူမျိုးတွေရဲ့ အလုပ်အပေါ်မှာ ထားတဲ့ "သေချာစေ့စပ်မှု" ကနေ ဝါသနာအပေါ် ထားတဲ့ "အစွန်းရောက်စွဲလမ်းမှု" အဖြစ် ကူးစက်လာတာလို့ ပြောလို့ရပါတယ်။ တစ်ခုခုကို အရေအတွက်ထက် အရည်အသွေး သာမက အသေးစိတ် အချက်အလက်တွေအထိ ထဲထဲဝင်ဝင် သိချင်ကြတာက သူတို့ရဲ့စရိုက်လက္ခဏာတစ်ခုဖြစ်ပါတယ်။

သူငယ်ချင်းတို့ရော...
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုမျိုးတခုခုကို အရူးအမူးစွဲလမ်းတဲ့ဂျပန်တွေ ရှိလား?
သူတို့ထဲကမှ ဘယ်လို စွဲလမ်းမှုမျိုးကို အဆန်းဆုံးလို့ မြင်မိလဲ? comment မှာ ဆွေးနွေးခဲ့ကြဦးနော်။ 👇💬



#ဂျပန်
#အစွဲအလမ်း

N1 လား? BJT လား? (ဘယ်ဟာက သင့်အတွက် ပိုတန်ဖိုးရှိသလဲ?) 🇯🇵💼ဂျပန်စာလေ့လာနေသူတွေကြားထဲမှာ အမြဲတမ်း Hot Topic ဖြစ်နေတဲ့ ဒီမေး...
05/05/2026

N1 လား? BJT လား?
(ဘယ်ဟာက သင့်အတွက် ပိုတန်ဖိုးရှိသလဲ?) 🇯🇵💼

ဂျပန်စာလေ့လာနေသူတွေကြားထဲမှာ အမြဲတမ်း Hot Topic ဖြစ်နေတဲ့ ဒီမေးခွန်းကို "ကိုယ့်ရဲ့ ရည်မှန်းချက်" ပေါ်မူတည်ပြီး သေချာခွဲခြားကြည့်ရအောင်။

🌺1. JLPT N1 (The Foundation) 📚
ဦးတည်ချက်:
စာပေ၊ သတင်း၊ အထွေထွေဗဟုသုတ နှင့် ဂျပန်စာ အခြေခံခိုင်မာမှု။

အားသာချက်:
ဗီဇာလျှောက်ရာမှာ အမှတ်ပေးစနစ် (Points System) အတွက် ၁၅ မှတ် အပြည့်ရခြင်း။

HR အမြင်:
"ဒီလူက ဂျပန်စာ အခြေခံကောင်းပြီး ဇွဲရှိတယ်" လို့ မှတ်ချက်ပေးခံရတတ်ပါတယ်။

အကြံပြုချက်:
ဂျပန်မှာ ရေရှည်နေထိုင်ဖို့ certificate တစ်ခုအနေနဲ့ ယူထားသင့်ပါတယ်။

🌺2. BJT (The Professional Polish) ✨
ဦးတည်ချက်:
စီးပွားရေးဆက်ဆံရေး၊ လုပ်ငန်းခွင်သုံး Keigo နှင့် Business Manner။

အားသာချက်:
သင်ယူထားတာတွေကို လုပ်ငန်းခွင်ထဲမှာ ချက်ချင်း (Direct) အသုံးချနိုင်ခြင်း။

HR အမြင်:
"ဒီလူက ငါတို့နဲ့ အလုပ်လုပ်ဖို့ အသင့်ဖြစ်နေပြီ (Work-Ready)" လို့ ယုံကြည်မှု ရစေပါတယ်။

အကြံပြုချက်:
ရာထူးတက်ဖို့၊ လစာတိုးဖို့နဲ့ Professional ဆန်ဖို့အတွက် အားကိုးရပါတယ်။

🌺ဒါဆိုN2 အောင်ထားပြီး BJT တန်းဖြေမယ်ဆိုရင်ရော?
(The Strategic Shortcut)

အများစုက N1 အောင်ပြီးမှ BJT ဖြေရမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ N2 ကနေ BJT ကို တိုက်ရိုက်ကူးပြောင်းတာဟာ အလွန်တော်တဲ့ Shortcut တစ်ခုပါပဲ။

ဘာကြောင့်လဲဆိုရင်...
✅ အချိန်ကုန်သက်သာခြင်း:
N1 မှာပါတဲ့ လက်တွေ့သုံးနည်းတဲ့ ရှေးဟောင်းစကားလုံးတွေကို ကျက်နေမယ့်အစား၊ လုပ်ငန်းခွင်မှာ တကယ်သုံးရမယ့် Keigo နဲ့ Manner တွေကို BJT ကနေတစ်ဆင့် လေ့လာတာက ပိုလက်တွေ့ကျပါတယ်။

✅ Score စနစ်၏ အားသာချက်:
N1 က "အောင်/ရှုံး" ဖြစ်လို့ မအောင်ရင် လက်မှတ်မရပါဘူး။ BJT ကတော့ သင့်ရဲ့ လက်ရှိအဆင့်ကို Score (0-800) နဲ့ ပြပေးတာဖြစ်လို့ "ငါ့ရဲ့ Business Japanese က ဒီအဆင့်မှာရှိတယ်" ဆိုတာကို အလုပ်ရှင်ကို ဂုဏ်ယူစွာ ပြသနိုင်ပါတယ်။

✅ ဗီဇာအမှတ် တူညီမှု:
BJT မှာ ၄၈၀ မှတ်ကျော်ရင် (J1 Level) N1 အောင်တာနဲ့ တန်းတူ ဗီဇာအမှတ် (၁၅ မှတ်) ရရှိမှာ ဖြစ်ပါတယ်။

🔑 အနှစ်ချုပ် အကြံပြုချက်
"N2 အခြေခံရှိသူတစ်ယောက်အတွက် BJT ကို လေ့လာတာဟာ အမှောင်ထဲမှာ လမ်းလျှောက်နေတာထက်၊ မီးမောင်းထိုးထားတဲ့ လမ်းပေါ်မှာ ပြေးနေရတာနဲ့ တူပါတယ်။"

ရှေ့လျှောက် ဂျပန်မှာ အောင်မြင်ချင်တယ်ဆိုရင် "စာတတ်ရုံ" နဲ့ မလုံလောက်တော့ပါဘူး။ မိမိရဲ့Professional Skill (ဥပမာ- အင်ဂျင်နီယာအတတ်ပညာ)ကို BJT အဆင့်မြင့်မြင့်နဲ့ ပေါင်းစပ်ပြီး "အစားထိုးမရတဲ့ ပညာရှင်တစ်ယောက်" ဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။

BJT က JLPT လို တစ်နှစ်မှ ၂ ကြိမ်တည်း မဟုတ်ဘဲ CBT (Computer Based Testing)စနစ်ဖြစ်လို့ မိမိအဆင်ပြေတဲ့ အချိန်မှာ ဖြေဆိုလို့ရပါတယ်။

သင်ကော... လက်ရှိမှာ N2လား? N1လား?
သင့်ရဲ့ နောက်ထပ် Target က "စာမေးပွဲအောင်ဖို့" လား? ဒါမှမဟုတ် "လုပ်ငန်းခွင်မှာ ပိုမိုတောက်ပဖို့" လား?



ဂျပန်မှာ အချိန်ပိုင်းအလုပ် (Arubaito) ရှာနေတဲ့ ကျောင်းသားများအတွက် "Email" နဲ့ ပတ်သက်ပြီး မပေါ့သင့်တဲ့အချက်များ 📧🇯🇵မြန်မ...
04/05/2026

ဂျပန်မှာ အချိန်ပိုင်းအလုပ် (Arubaito) ရှာနေတဲ့ ကျောင်းသားများအတွက် "Email" နဲ့ ပတ်သက်ပြီး မပေါ့သင့်တဲ့အချက်များ 📧🇯🇵

မြန်မာမှာ လုပ်ငန်းခွင်ကိစ္စတွေကို ဖုန်းနဲ့အဓိက ဆက်သွယ်လေ့ရှိပေမဲ့ ဂျပန်နိုင်ငံမှာတော့ Business Communication အတွက် Emailကို အဓိကအသုံးပြုပါတယ်။ ဒါကြောင့် ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လက်လွတ်မသွားစေဖို့ ဒီအချက်လေးတွေကို သတိထားကြရအောင်။

☘️1.Professional ကျတဲ့ Email လိပ်စာရှိပါစေ 📛

Email ဖွင့်တဲ့အခါ cutiebabillay123 တို့၊ ladyprincess456 တို့လို အမည်ပြောင်တွေထက် မိမိရဲ့ နာမည်ရင်းကို သေချာသုံးထားတဲ့ Email Account မျိုးက ပိုပြီး ယုံကြည်မှုရရှိစေပါတယ်။
(ဥပမာ - [email protected])

ကိုယ့်ရဲ့ Email address က ကလေးဆန်နေရင် Professional မကျသလို ခံစားရစေတာမို့ ကိုယ့်နာမည်ရင်းကို သုံးပြီး သေသေသပ်သပ် ဖွင့်ထားစေချင်ပါတယ်။

☘️2.Email ကို နေ့စဉ်စစ်ဆေးပါ 🗓️

အလုပ်လျှောက်ထားပြီးတဲ့အခါမှာ ကုမ္ပဏီက ပြန်စာတွေကို အချိန်မီသိရှိနိုင်ဖို့ Email ကို နေ့တိုင်း (သို့) တစ်နေ့ နှစ်ကြိမ် ပုံမှန်စစ်ဆေးပေးပါ။ ဒါဟာ ဂျပန်လုပ်ငန်းခွင်ဝင်မယ့်သူတွေအတွက် အခြေခံအကျဆုံး အလေ့အကျင့်ကောင်းတစ်ခုပါ။
အလုပ်ကနေ အကြောင်းပြန်တာကို မမြင်လိုက်ဘဲ အခွင့်အရေးဆုံးရှုံးသွားတာမျိုး မဖြစ်ပါစေနဲ့။

☘️3.Spam Mail ကိုလည်း မမေ့ပါနဲ့ 📂

တစ်ခါတလေ အရေးကြီးတဲ့ Reply တွေက Spam folder ထဲ ရောက်နေတတ်ပါတယ်။ အလုပ်လျှောက်ထားချိန်မှာ Inbox တင်မက Spam ထဲကိုပါ သေချာစစ်ဆေးဖို့ လိုပါတယ်။ ဒါကြောင့်မို့ "Reply မလာဘူး" ဆိုပြီး စိတ်မပျက်ခင် Spam Box လေးကိုပါ ဖွင့်ကြည့်ဖို့ မမေ့နဲ့ဦးနော်။

☘️4.သေချာဖတ်ပြီး Reply ပြန်ပါ ✍️

Email ရောက်လာရင် အကြောင်းအရာကို အစဆုံး သေချာနားလည်အောင် ဖတ်ပါ။ လိုအပ်ရင် အချိန်မီ Reply ပြန်ဖို့လည်း မမေ့ပါနဲ့နော်။

ဂျပန်နိုင်ငံရဲ့ Business Manner တွေထဲမှာ Email communication က အခြေခံအကျဆုံးမို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်! 💪

အားလုံးပဲ အလုပ်အကိုင်အဆင်ပြေကြပါစေ။ ✨

ပုံလေးကတော့ Admin အရမ်းကြိုက်တဲ့ coffeeပုံလေးပါ 😊☕️




#အချိန်ပိုင်းအလုပ်

住所

Minato, Tokyo

電話番号

+959420746360

ウェブサイト

アラート

Hoshi The Classがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

Hoshi The Classにメッセージを送信:

ショートカット

共有する

カテゴリー