27/05/2025
Knowledge sharing🌻
ဂျပန်နိုင်ငံ🇯🇵တွင်အလုပ်သွားလုပ်မည့်သူများမသိမဖြစ်သိသင့်သောအခြေခံအချက်(၅)ချက်
(၁)အချိန်တိကျမူ့
ဂျပန်နိုင်ငံမှာအလုပ်လုပ်မယ်ဆိုအချိန်တိကျမူ့ကတကယ့်ကိုအရေးပါပါတယ်။
ဂျပန်လူမျိူးတွေဟာအချိန်တိကျတယ်ဆိုတာကြားဖူးတဲ့လူတွေလည်းကြားဖူးကြမှာပါ
အလုပ်အချိန်မတိုင်မီcompany(会社)သို့၅မိနစ်စောရောက်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။
အလုပ်အကြောင်းကိစအမျိူးမျိူးကြောင့်နောက်ကျမည်ဆိုပါက မိမိရဲ့အထက်လူကြီးကိုကြိုတင်အကြောင်းကြားထားသင့်ပါတယ်
(၂)နူတ်ဆက်ခြင်း
မနက်အလုပ်မှာcompany ကလူတွေနဲ့တွေ့လျှင်(おはようございます)ဆိုပီးအားပြည့်နေသောအသံဖြင့်နူတ်ဆက်သင့်ပါတယ်
ညနေပိုင်းကိုကအခြားသူတွေထက်စောစွာပြန်လျှင်(おさきにしつれいします)ဆိုပြီးနူတ်ဆက်သင့်ပါတယ်
နူတ်ဆက်ခြင်းကနေတယောက်နှင့်တယောက်ရင်းနှီးမူ့၊ယုံကြည်မူ့ရနိုင်တဲ့အတွက်မပျက်မကွက်လုပ်ဆောင်သင့်ပါတယ်
(၃)ယဉ်ကျေးသောစကားအသုံအနူန်း
ကိုယ်ရဲ့အထက်လူကြီး၊စီနီယာ၊တခြားcompany ကလူတွေနှင့်စကားပြောသောအခါယဉ်ကျေးစွာစကားပြောသင့်ပါတယ်။ကိုယ်က ယဉ်ကျေးတဲ့အသုံးအနူန်းများ(けいご)တွေနဲ့မပြောနိုင်ရင်တောင်です/ますစသည်ဖြင့်ပြောသင့်ပါတယ်
(၄)တကိုယ်ရေသန့်ရှင်းမူ့
တကိုယ်ရေသန့်ရှင်းမူဆိုတဲ့နေရာမှာအဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ခြင်း၊မျက်နှာ၊ခေါင်းတွင်ရှိသောအမွှေးအမျှင်များကိုဖယ်ရှားထားခြင်းမိန်းကလေးဆိုလျှင်ဆံပင်ကိုသေချာစည်းထားဖို့လိုအပ်ပါတယ်
ယောကျာ်းလေးဆိုလျှင်တတ်နိုင်သလောက်နူတ်ခမ်းမွှေးနှာခေါင်းမွှေးစသည်တို့မရှိတာအကောင်းဆုံးဖြစ်ပါတယ်
(၅)အစီအရင်ခံခြင်း၊ဆက်သွယ်ခြင်း၊တိုင်ပင်ခြင်း
နောက်ဆုံးအချက်ကတော့ဂျပန်မှာအလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်မြန်မာနိုင်ငံရှိဂျပန်company မှာအလုပ်ဝင်တာဘဲမသိမဖြစ်လိုအပ်သော(အသုံး၀င်သော)စကားလုံး3️⃣လုံး
ဖြစ်ပါတယ်
報連相(ほうれんそう)
報連相ဆိုတာ စားလို့ရတဲ့ဟင်းနုနွယ်ရွက်(ほうれん草)မဟုတ်ပါဘူး😂
အဓိပါယ်တွေကတော့
⭐️報(ほう)ရဲ့အရှည်ကတော့ 報告(ほうこく)
အစီရင်ခံခြင်း ဖြစ်ပါတယ်
မိမိရဲ့အထက်လူကြီးကပေးအပ်တဲ့လုပ်ငန်းတာ၀န်တွေကို ဘယ်လောက်ပမာဏထိပီးပါပြီဆိုတာကို report တင်တာဘဲဖြစ်ပါတယ်🧑🏻💻👩💻
⭐️⭐️連(れん)ရဲ့အရှည်ကတော့連絡(れんらく)ဆက်သွယ်ခြင်း ဖြစ်ပါတယ်
ရထားနောက်ကျတာတို့ နေမကောင်းတာတို့ ကြိုတင်အကြောင်းကြားခြင်းဖြစ်ပါတယ်
⭐️⭐️⭐️相(そう)ရဲ့အရှည်ကောက်ကတော့相談(そうだん)တိုင်ပင်ခြင်း၊ဆွေးနွေးခြင်းဖြစ်ပါတယ်
အလုပ်ကိစ(သို့)မိမိ၏ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်၍ သင်ဘာလုပ်ရမည်ကို ဆုံးဖြတ်ရခက်နေသောအခါ မိမိ၏အထက်အရာရှိများ၊ လုပ်ဖော်ကိုင်ဖက်များထံမှ အကြံဥာဏ်များ ရယူခြင်း တိုင်ပင်ခြင်းစသည်ဖြင့်ဖြစ်ပါတယ်
အဲ့ဒီစကားလုံး၃လုံးကိုသေသေချာချာအသုံးချနိုင်ရင် အထက်လူကြီးများ၏အားကိုးယုံကြည်မူ့တစိတ်တပိုင်းကိုရရှိနိုင်မှာဖြစ်ပါတယ်။👨💼👩🏻💼
ミン🧑🏻💻
Myanmar >>>>thai>>>>>>japan
#ミャンマー人
#ထိုင်းရောက်ရွှေမြန်မာများ
#ဂျပန်
အပါတ်စဉ်ဂျပန်နှင့်ပတ်သတ်သောအကြောင်းအရာများကိုsharing လုပ်ပေးမည်ဖြစ်ပါသဖြင့်follow လုပ်ထားဖို့မမေ့နဲ့နော်🤗