I know what I got

I know what I got Language & Knowledge

01/02/2026

ဆာပိုလိုရဲ့ ဆောင်းရာသီနေ့ရက်များ

အမိမြေကို အလွမ်းပြေ ပလာတာနဲ့ လက်ဖက်ရည် 🍳☕ပလာတာက ဂရောမုစူပါ (Gayoumu super)၅ချပ်ပါတာ ယန်း၂၀၀ ဝန်းကျင်လက်ဖက်ရည်အထုပ်က ချစ်...
01/02/2026

အမိမြေကို အလွမ်းပြေ ပလာတာနဲ့
လက်ဖက်ရည် 🍳☕

ပလာတာက ဂရောမုစူပါ (Gayoumu super)
၅ချပ်ပါတာ ယန်း၂၀၀ ဝန်းကျင်
လက်ဖက်ရည်အထုပ်က ချစ်သူက မြန်မာနိုင်ငံကနေ
ယူလာတာပါ





#ပလာတာ
#ဂရောမုစူပါ

ယန်း၁၀၀ (မြန်မာငွေ ၂၅၀၀ကျပ်)ဝန်းကျင်နဲ့ ဒိုးနပ်စားကြမယ် 🤭 (ကျတော် မရောင်းပါဘူး) ပုံမှာပြထားသလို ဒိုးနပ်လေးတွေ ၉ခုပါ ၁ထုပ...
27/01/2026

ယန်း၁၀၀ (မြန်မာငွေ ၂၅၀၀ကျပ်)ဝန်းကျင်နဲ့ ဒိုးနပ်စားကြမယ် 🤭 (ကျတော် မရောင်းပါဘူး)

ပုံမှာပြထားသလို ဒိုးနပ်လေးတွေ ၉ခုပါ ၁ထုပ်မှ
ယန်း၁၀၀ ပါ

အိမ်က ကလေးကတော့ တော်တော်ကြိုက်တာပါ
အချိုလည်း မကဲဘူး နူးနူးညံ့ညံ့လေးနဲ့ တော်တော်စားလို့ကောင်းတာပါ
ပုံထဲမှာ ကင်မရာကြောင့် အရောင်အရမ်းတောက်နေတယ် 😆
အပြင်မှာ အရောင် အရမ်းမတောက်ပါဘူး
ပေးရတဲ့ဈေးနဲ့ တန်တဲ့ အရသာရလို့ စားကြည့်စေချင်ပါတယ်
ယန်း ၁၀၀တန်ဆိုင်တွေမှာလည်း ဝယ်လို့ရပြီး
ဂရောမု စူပါမှာလည်း ဝယ်လို့ရပါတယ်





တအားတန်တဲ့ ရေခဲမုန့် (ရောင်းတာ မဟုတ်ပါ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားပြီး honest review)ဆောင်းရာသီမှာ ရေခဲမုန့်စားရတာ ကြို...
18/01/2026

တအားတန်တဲ့ ရေခဲမုန့် (ရောင်းတာ မဟုတ်ပါ
ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်စားပြီး honest review)

ဆောင်းရာသီမှာ ရေခဲမုန့်စားရတာ ကြိုက်တဲ့သူတွေအတွက် 2 liters (၂လီတာ) ပါတဲ့ ရေခဲမုန့်ဘူးကြီး

၂လီတာပါတာကို ယန်း၆၀၀ ဝန်းကျင်😱

ဆောင်းရာသီမှာ စားရတာ မကြိုက်လည်း
နွေရာသီမှာစားဖို့ ဂျပန်နိုင်ငံတွင်း ဝယ်လို့ရတဲ့နေရာတွေ မှတ်ထားလိုက်ဦးနော်
Trial Mega Center
Commentမှာ ဝယ်လို့ရမယ့်နေရာ ပြထားမယ်နော်





15/08/2024

မီးပန်းပွဲတွေကတော့ နွေရာသီရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။
မီးပန်းပွဲတွေကို ဂျပန်နိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပပြီး အများအားဖြင့် မြစ်ဘေးမှာ ကျင်းပလေ့ရှိပါတယ်။
မီးပန်းပွဲတွေကို အဲဒို ခေတ်မှာ စတင်ကျင်းပခဲ့ပြီး ကျင်းပခဲ့တဲ့နေရာကတော့ တိုကျိုမြို့ Sumida မြစ်ဘေးမှာ ဖြစ်ပါတယ်။
မီးပန်းပွဲတွေရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲ နွမ်းပါးပြီး ဆုံးပါးသွားရတဲ့ သူတွေကို အောက်မေ့တဲ့ အနေနဲ့ ကျင်းပတယ်လို့သိရပါတယ်။
နောက်ပြီး မကောင်းတဲ့ အရာတွေကိုနှင်လွှတ်ဖို့ ကျင်းပတယ်လို့လဲ ဆိုကြပါတယ်။
မီးပန်းပွဲကိုများသောအားဖြင့် Yukata လို့ခေါ်တဲ့ဂျပန်ရိုးရာဝတ်စုံနဲ့လာရောက်ကြပါတယ်။
မိသားစုများအနေနဲ့မိမိရဲ့သား၊သမီးကိုရိုးရာဝတ်စုံဝတ်ဆင်စေပြီး၊ချစ်သူစုံတွဲများဟာလည်းဆင်တူရိုးရာဝတ်စုံများကိုဝတ်ဆင်ကြပါတယ်။
ပုံမှန်အချိန်မှာဂျပန်လူမျိုးများဟာရိုးရာဝတ်စုံဝတ်လေ့ဝတ်ထသိပ်မရှိဘဲဒီလိုပွဲတော်များမှာဝတ်ဆင်ကြပါတယ်။

日本語の仲間

ဂျပန်မှာတော့ အပူချိန် 0°C အောက်ရောက်နေပီမြန်မာမှာရော အပူချိန် ဘယ်လောက်ရှိလဲ
26/12/2023

ဂျပန်မှာတော့ အပူချိန် 0°C အောက်ရောက်နေပီ
မြန်မာမှာရော အပူချိန် ဘယ်လောက်ရှိလဲ

七夕(たなばた) ပွဲတော်ဒီနေ့က ဂျပန်နိုင်ငံမှာ 7လပိုင်း 7ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့  Tanabata ပွဲတော်နေ့ ဖြစ်ပါတယ်။ဂျပန်လူမျိူးတွ...
07/07/2023

七夕(たなばた) ပွဲတော်

ဒီနေ့က ဂျပန်နိုင်ငံမှာ 7လပိုင်း 7ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ Tanabata ပွဲတော်နေ့ ဖြစ်ပါတယ်။

ဂျပန်လူမျိူးတွေက သူတို့ရဲ့ဆုတောင်းစကားတွေကို ရောင်စုံစာရွက်ရှည်လေးတွေမှာရေးပီး ဝါးပင်မှာ ချိတ်ဆွဲကြပါတယ်။
အဲ့လို ချိတ်ဆွဲခြင်းအားဖြင့် ဆုတောင်း ပြည့်တယ် ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။

Tanabataပွဲရက်ရောက်ပီဆိုရင် Japan မှာရှိတဲ့ ကုန်တိုက်၊ဘူတာ ၊ ကျောင်းတွေရဲ့နေရာတစ်ချို့မှာ ဆုတောင်းစာလေးတွေချိတ်ဆွဲဖို့ဝါးပင်လေးတွေကို ထားပေးကြပါတယ်။

ပွဲတော် ဖြစ်လာပုံကတော့
Qixiလို့ခေါ်တဲ့ တရုတ်ဒဏ္ဏာရီ အချစ်ဇာတ်လမ်းကနေ စပြောရပါမယ်။

あまの川(amanogawa)Eng:(the mix way)လို့ ခေါ်တဲ့ ကြယ်မြစ်ကြီးရဲ့ အနောက်ဖက်မှာ Orihimeလို့ခါ်တဲ့ အလွန်ချောမောလှပတဲ့ နတ်သမီးတစ်ပါးဟာ နေ့စဉ် 着物(kimono)တွေကိုမနားတမ်းချုပ်လုပ်နေခဲ့တယ်။

နေ့စဉ်အလုပ်ကြိုးစားနေတဲ့ နတ်သမီးလေးကိုကြည့်ပီး “ သမီးတော်လေးသနားစရာကောင်းတယ်၊တစ်ယောက်ထဲအထီးကျန်နေမှာပဲလို့ ” တွေးမိပီးကောင်းကင်နတ်မင်းကြီးဟာ မြစ်ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့
hikooboshiလို့ခေါ်တဲ့ နွားကျောင်းတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်နေတဲ့လူငယ်လေးနဲ့ လက်ထပ်ပေးခဲ့တယ်။

Orihime နဲ့ hikooboshiတို့က အရမ်းကိုလိုက်ဖက်တဲ့ဇနီးမောင်နှံဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ သူတို့နှစ်ဥိးက အပျော်လွန်ပီး အလုပ်တွေကိုမေ့လျော့ လာခဲ့တယ်။

Orihime နတ်သမီးလေး ချုပ်ပေးနေကြဖစ်တဲ့kimonoတွေကအရင်ကလိုသေသပ်လှပခြင်းမရှိတော့ပါဘူးတဲ့။hikooboshiကျောင်းတဲ့နွားတွေကလည်း ပိန်လှီပီး ကျန်းမာရေးချို့တဲ့လာသတဲ့။အဲ့တာကိုသိတော့ ကောင်းကင်နတ်မင်းကြီးက သူတို့၂ဦးကို အမြတ်တော်ထွက်ပီး မြစ်ရဲ့တစ်ဖက်ခြမ်းစီးမှာ ခွဲထားလိုက်ဖို့ အပစ်ဒဏ်ပေးခဲ့ပါတယ်။

Orihime နတ်သမီးလေးဟာ ချစ်သူတဲ့ခွဲခွာနေရတဲ့အတွက်နေ့စဉ်ငိုကြွေးနေခဲ့ပါတယ်။
အရင်လို အလုပ်ကြိုးစားပါ့မယ် သူတို့နှစ်ယောက်ကို ပြန်လည်တွေ့ဆုံခွင့် ပေးပါလို့
ကောင်းကင်နတ်မင်းကြီးကို အသနားခံခဲ့ပါတယ်။

ကောင်းကင်နတ်မင်းကြီးကလဲ သူတို့နှစ်ဦးကို တစ်နှစ်မှာတစ်ရက်ပဲသူတိူ့နှစ်ဦးကိုတွေ့ခွင့်ပြုပေးလိုက်ပါတယ်။

အဲ့နေ့ကတော့ 7လပိုင်း7ရက်နေ့
ဒီနေ့ပဲဖြစ်ပါတယ်။

တကယ်လို့ ဒီနေ့မှာ မိုးရွာခဲ့ရင် သူတို့ချစ်သူနှစ်ဦးဟာ တွေ့ဆုံရဖို့နောက်ထပ် တစ်နှစ်ထပ်စောင့်ရမှာဖြစ်ပါတယ်။

ဒီနေ့ ဂျပန်မှာတော့ ရာသီဥတု သာယာပါတယ်။

日本語の仲間(Nihongo no Nakama)

အနောက်က ဆင်ထိန်း သခင် က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်။ တကယ်တော့ သူတွန်းတင်ဖို့ကြိုးစားနေတာလည်းမဟုတ်ဘူး။လက်ကလေးတ...
10/04/2023

အနောက်က ဆင်ထိန်း သခင် က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်။
တကယ်တော့ သူတွန်းတင်ဖို့ကြိုးစားနေတာလည်းမဟုတ်ဘူး။

လက်ကလေးတင်ပြီး "မင်းဘာမှအားမငယ်နဲ့,
မင်းနောက်မှာငါရှိတယ်" ဆိုပြီး အားပေးနေတာ။

လူတယောက်ကိုအားပေးဖို့၊
သူ့နဲ့အတူရပ်တည်ဖို့က သူရင်ဆိုင်နေရတဲ့ပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိမှရယ် မဟုတ်ဘူး

"မင်းနဲ့အတူ ငါရှိတယ်"

ဆိုတဲ့ခံစားချက်လေးဖန်တီးပေးနိုင်ရင်ပဲ
လုံလောက်ပါပြီ။
Crd

🚫ရာသက်ပန်ပိတ်သိမ်းထားသည့်အေဂျင်စီ ( ၂၂ ) ခု🚫ယာယီရုပ်သိမ်း အေဂျင်စီ ( ၄ ) ခု🚫လုပ်ငန်းမဆောင်ရွက်နိုင်၍ လိုင်စင်ပြန်လည်အပ်န...
20/12/2022

🚫ရာသက်ပန်ပိတ်သိမ်းထားသည့်
အေဂျင်စီ ( ၂၂ ) ခု

🚫ယာယီရုပ်သိမ်း အေဂျင်စီ ( ၄ ) ခု

🚫လုပ်ငန်းမဆောင်ရွက်နိုင်၍ လိုင်စင်ပြန်လည်အပ်နှံသည့် အေဂျင်စီ ( ၅၁ ) ခု

🚫လိုင်စင်အာမခံကြေး သိန်း ၂၀၀ ပေးသွင်းခြင်းမရှိ၍ လိုင်စင်ရုပ်သိမ်းလိုက်သည့် အေဂျင်စီ( ၂၆ ) ခု

နိုင်ငံရပ်ခြားသွားရောက်လုပ်ကိုင်လိုသူများ
အလိမ်အညာမခံရအောင်/ သိရအောင် တင်ပေးခြင်းသာ ဖြစ်ပါတယ်။
ကူးယူဖော်ပြအပ်ပါသည်။

ဒီလောက် ဖွံ့ဖြိုးတိုးတက်နေတဲ့ဂျပန်နိုင်ငံကို သွားချင်တာအပြစ်လားအမေပုံတိုးအောင်
28/10/2022

ဒီလောက် ဖွံ့ဖြိုးတိုးတက်နေတဲ့
ဂျပန်နိုင်ငံကို သွားချင်တာအပြစ်လားအမေ

ပုံ
တိုးအောင်

မြောက်ဒဂုံ 😂
05/10/2022

မြောက်ဒဂုံ 😂

住所

Maebashi-shi, Gunma

ウェブサイト

アラート

I know what I gotがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

I know what I gotにメッセージを送信:

ショートカット

共有する