Phoo Sensei

Phoo Sensei

共有する

Phoo Sensei, 家庭教師・教師, Kyoto-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

Phoo Ngon Thae
BA(Japanese) University of Foreign Languages Mandalay
MA(Japanese Language Education )
Kyoto University of Foreign Studies,Japan
日本語教師養成講座 Japanese Language Teacher’s Training Course (420 時間)

Photos from Myanmar Association of Japan Alumni (MAJA)'s post 22/04/2026

MEXT Scholar ✨

Photos from Kyoshin Language Academy Yangon's post 03/01/2026

N5 + N4 သင်တန်းသစ် ✨

18/12/2025

for your information 💙

၂၀၂၆ နှစ်သစ် အထူးအစီအစဉ် အနေဖြင့်
ဂျပန်ဘာသာအခမဲ့သင်တန်းလေး 𝗞𝘆𝗼𝘀𝗵𝗶𝗻 မှာ ရှိနေပြီနော် 🎓💫

အခု ဂျပန်ဘာသာအခမဲ့ သင်တန်း
ကတော့ 𝗖𝗮𝗿𝗲𝗴𝗶𝘃𝗲𝗿 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများ အတွက် အထူးအစီအစဥ်ဖြစ်ပါတယ် ✨✈️

📌 ဒီသင်တန်းလေးကိုဘယ်သူတွေလျှောက်လို့ရပါသလဲ?

🔹 𝗜𝗻𝘁𝗲𝗿𝗲𝘀𝘁 𝗶𝗻 𝗘𝗹𝗱𝗲𝗿 𝗖𝗮𝗿𝗲
- ဂျပန်နိုင်ငံတွင် ဘိုးဘွားစောင့်ရှောက်ရေးအလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူများ

🔹 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻
- စနစ်သစ် Grade 12 ​အောင်မြင်ထားသူများ ၊ စနစ်​ဟောင်း အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်ပထမနှစ်‌‌အနည်းဆုံးအောင်မြင်ထားသူများ

🔹 𝗔𝗴𝗲
- အသက် ၂၄ နှစ် ​အောက်

🔹 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗟𝗲𝘃𝗲𝗹
- ဂျပန်စာ လုံးဝမသင်ရသေးသူများမှစ၍ N2 level အထိရှိသူများ

🔹 𝗚𝗲𝗻𝗱𝗲𝗿
⚧️ကျား မ မ​ရွေး လျှောက်ထားနိုင်ပါတယ်။

🔹 𝗟𝗶𝗺𝗶𝘁𝗮𝘁𝗶𝗼𝗻
- တက်တူး မရှိသူဖြစ်ရမည်
- ကျန်းမာရေးကောင်းပြီး နိုင်ငံခြားထွက်ခွာရန်အတွက် အခြေခံဆေးစစ်ချက် အောင်မြင်သူ ဖြစ်ရမည်

📌 သင်တန်းက​နေ ရရှိမယ့် အခွင့်အ​ရေး​တွေကတော့ ✨💯

💸 𝗙𝗿𝗲𝗲 𝗖𝗼𝘂𝗿𝘀𝗲
- သင်တန်းကြေး အခမဲ့ဖြစ်တာကြောင့် သင်တန်း ကုန်ကျစရိတ်များ မိဘ(အိမ်)ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပါ။

🇯🇵 𝗦𝘁𝘂𝗱𝘆 𝗶𝗻 𝗝𝗮𝗽𝗮𝗻
🎖 ဂျပန်နိုင်ငံတွင် ပညာသင်ဆုဖြင့် ကျောင်းတတ် ပညာသင်ကြားနိုင်ပြီး ကျောင်းပြီးလျှင်လည်း ချက်ချင်း လုပ်ငန်းခွင်ဝင်ရောက်နိုင်သဖြင့် ဂျပန်နိုင်ငံတွင်ရေရှည်နေထိုင်ခွင့်ရရှိမည့် ကြီးမားတဲ့ အခွင့်အရေးအတွက် ပထမ​​​ခြေလှမ်း ဖြစ်ပါတယ်။

🎖 Kyoshin ရဲ့ Caregiver Scholarship Program ကို​တော့ ၂၀၁၉ ခုနှစ်မှ စတင်​စေလွှတ်လာခဲ့ပြီး၊ ပညာသင်ဆု ဖြစ်တာကြောင့် COE အတွက် စိတ်ပူရန်မလိုပါ။

🎖 ကျောင်းပြီးလျှင် ဂျပန်နိုင်ငံအသိအမှတ်ပြု ဘိုးဘွားစောင့်ရှောက်ရေးကျွမ်းကျင်အဆင့်စာမေးပွဲအောင်မြင်ပါက မိသားစုကိုပါ မိမိနှင့်အတူခေါ်ယူနေထိုင်ခွင့် ရရှိနိုင်ပါမည်။

🌐လျှောက်ထားလိုသူများအနေဖြင့်အောက်ပါ
Google Formမှတဆင့်စာရင်းပေးသွင်း
လျှောက်ထားနိုင်ပါသည်။

Google form link 📎

https://docs.google.com/forms/d/e/1FAIpQLSd4zbwfZTLPcXDv93UZnR9ts8HlNX2npd52GGMq7LjXq3NFVw/viewform?usp=dialog

⚠️ Google Form လျှောက်ထားသူများမှ သတ််မှတ်အရည်အချင်းပြည့်မှီသူများအား ပြန်လည်ဆက်သွယ်ကာ ပညာသင်ဆုနဲ့ ပတ်သက်သောအကြောင်းအရာများကို အသေးစိတ် Seminarပြုလုပ်၍ရှင်းပြပေးပါမည်။

ဆက်သွယ်စုံစမ်းရန်

Kyoshin Language Academy Yangon

🏫လိပ်စာ
အမှတ် ၁၇၂၊ ရွှေသစ္စာလမ်းသွယ်၊ ၁၃ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ Phone No: 09 - 254922330
09 - 255460044
09 - 254922110

⏰ ရုံးချိန် - တနင်္လာနေ့ မှ သောကြာနေ့အထိ
(9:00 AM ~ 5:00 PM)

ပိတ်ရက် - စနေ/တနင်္ဂနွေ

𝗞𝘆𝗼𝘀𝗵𝗶𝗻 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗔𝗰𝗮𝗱𝗲𝗺𝘆
𝗪𝗲 𝘃𝗮𝗹𝘂𝗲 𝗲𝗮𝗰𝗵 𝗮𝗻𝗱 𝗲𝘃𝗲𝗿𝘆 𝘀𝘁𝘂𝗱𝗲𝗻𝘁!

#ဂျပန်စာသင်တန်း

23/11/2025

စာသင်တဲ့နေ့ 🧡

Photos from Phoo Sensei's post 22/11/2025

paragraph ကိုဖတ်နေတုန်းမသိတဲ့စကားလုံးတွေကိုမျဉ်းသားထား။
မေးခွန်းမှာ Question words ဘယ်နှစ်ခုပါလဲတစ်ခါတည်းကြည့်။
Kanji တွေကို စာကြောင်းထဲမှာထည့်ရေးတဲ့အကျင့်တစ်ခါတည်းလုပ်။
စာသင်နေတုန်းဒူးနန့်မနေနဲ့နော် အေး
စာဖတ်ရင်အသံထွက်ဖတ် ကျယ်ကျယ်ဖတ်
language လေ့လာတယ်ဆိုတာ အသံထွက်ဖတ်ဖို့ကအဓိက အသံထွက်မှန်ဖို့ကလိုသေးတာ။
ပြီးမှစိတ်ထဲကဖတ်
input ပဲရှိနေလို့မရဘူး output လုပ်တတ်ဖို့ အော်ဖတ်ဖို့လက်ကချရေးတတ်ဖို့လည်းလိုသေးတာ
ဟဲ့ပြောနေရင်နားထောင်ဦး ပြီးမှ အဖြေရေး

စသဖြင့်စသဖြင့် နားဝင်ချိုစရာလေးတွေပြောရတာ 🤣

အဲလောက်ပြောတာတောင် စာသေချာလိုက်လုပ်ကြတာမဟုတ် ။ စာမေးပွဲအမှတ်နည်းရင်မျက်နှာကပျက်ကြပြီ။ ၂ နာရီလောက်စာသင်ပြီးရင် ဖက်ဖက်ကိုမောနေရော ငါတကယ်ရင်မော😅😅

Photos from Phoo Sensei's post 06/10/2025

လူငယ်ပွဲတော် Talking session မှ အမှတ်တရပုံရိပ်များ 🩶

KLA yangon ရဲ့Head Teacher ဆရာမတစ်ယောက်အနေနဲ့ရော Skinefits ရဲ့ Founder အနေနဲ့ပါ

The Beauty of Discipline
From Japanese lessons to skincare success

ဆိုတဲ့စိတ်ဝင်စားစရာကောင်းမယ့်ခေါင်းစဉ်နဲ့ Talking session မှာပါဝင်ဖြစ်ခဲ့ပါတယ်

Photos from MM PROJECT's post 03/10/2025

မနက်ဖန် လူငယ်ပွဲတော်ကိုလာမယ့်သူလေးတွေရှိကြလား 😘😘နေ့လည် ၃ နာရီကနေ ၄ နာရီ Talk show မှာပါဝင်ထားပါတယ်။
တွေ့ရင်ခေါ်ပါလို့ ဆုံကြမယ်နော်🩷🩷

docs.google.com 26/09/2025

𝗖𝗮𝗿𝗲𝗴𝗶𝘃𝗲𝗿 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 𝗣𝗿𝗼𝗴𝗿𝗮𝗺 for 2026 April Intake

🎊 ကျန်းမာရေးစောင့်ရှောက်သူ ပညာသင်ဆု ၂၀၂၆ ခုနှစ် ဧပြီလဝင်ခွင့်အတွက် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါပြီ 🎊

⭐️အခွင့်အလမ်းများ ⭐️

ယခု Caregiver Scholarship Program သည်
၁။ Japan နိုင်ငံရှိ ကောလိပ်တွင် ကျန်းမာရေး စောင့်ရှောက်ခြင်းဆိုင်ရာဘာသာရပ်အား (၂) နှစ်တာ အခမဲ့ သင်ယူနိုင်ခြင်း
(ပုံမှန် တက္ကသိုလ်၊ကောလိပ် စာသင်ကြား‌ရေးကုန်ကျစရိတ်မှာ (၂) နှစ်လျှင် ကျပ်သိန်း (၆၀၀) ခန့် ဖြစ်ပါသည်။)

၂။ ထို့‌ေနာက် ဂျပန်နိုင်ငံမှပေးအပ်သော Diploma ရရှိပြီး ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများ၊ဆေးရုံများတွင် (၅) နှစ် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

၃။ သင်ကြားရေးကာလ ကျောင်းတက်နေစဉ်အချိန်အတွင်း ဂျပန်နိုင်ငံမှ ချမှတ်ထားသော ဥပဒေအရ တစ်ပတ်လျှင် (၂၈) နာရီ သတ်မှတ်ချက်ဖြင့် သတ်မှတ်နေရာများတွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်နိုင်ပြီး မိမိရရှိသည့် အချိန်​ပေါ်တွင်​မူတည်ပြီး လစဉ် ယန်း (၁၁၀,၀၀၀) ခန့် အထိ ဝင်ငွေရရှိနိုင်ခြင်း

၄။ ကျောင်းတက်နေစဉ်အတွင်းတွင် နေထိုင်စားသောက်စားရိတ်အဖြစ် လစဉ်ထောက်ပံကြေး ယန်း 50000 ကိုပါရရှိမည်ဖြစ်သည်။ (၂ နှစ်တာအတွင်း ကျပ်သိန်း (၃၅၀) ခန့် ရရှိမည်ဖြစ်ပါသည်။)

၅။ ​ကျောင်းအနီးနားတွင် နေထိုင်နိုင်ရန် အဆောင်စီစဉ်ပေးပါမည်
(အ​ဆောင်လခနှင့် ​နေထိုင်မှုကုန်ကျစရိတ်အား မိမိကိုယ်တိုင် ကျခံရမည်)

၆။ Kaigo Visa ရရှိသည့်အချိန်တွင် မိဘ၊ သားသမီး၊ အိမ်ထောင်ဖက် စသူများအား ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်နေထိုင်ခွင့်ရှိခြင်း

၇။ Kaigo Visa ဖြင့် အလုပ်လုပ်ကိုင်ခြင်း (၅) နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ဂျပန်နိုင်ငံတွင် ဆက်လက်၍ အလုပ်လုပ်ကိုင်နေထိုင်လိုပါက အကန့်အသတ်မဲ့ ဗီဇာသက်တမ်း တိုးပေးခြင်း

စသည့် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

💡လိုအပ်သော အရည်အချင်းနှင့် သတ်မှတ်ချက်များ

၁။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N3 Level နှင့်အထက် အောင်မြင်ပြီးသူဖြစ်ရမည်။

၂။ ပညာအရည်အချင်း အနည်းဆုံးအထက်တန်းအောင်ပြီးသူ မြန်မာနိုင်ငံသား ဖြစ်ရမည်။

၃။ အသက် ၁၈ မှ ၃၀ နှစ်အတွင်း ဖြစ်ရမည်။

၄။ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးချို့တဲ့နေသူများအား ကူညီစောင့်ရှောက်ရာတွင် စိတ်ပါဝင်စား၍ ဂျပန်နိုင်ငံတွင် ကြာရှည်စွာနေထိုင်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
(ဘိုးဘွားစောင့်ရှောက်ရေးနှင့် သူနာပြုလုပ်ငန်းအတွေ့အကြုံရှိသူများအား ဦးစားပေးပါမည်။)

၅။ ကျန်းမာရေးကောင်းပြီး နိုင်ငံခြားထွက်ခွာရန်အတွက် အခြေခံဆေးစစ်ချက် အောင်မြင်သူ ဖြစ်ရမည်။

📝လျှောက်ထားလိုပါက အောက်ပါ Link သို့‌၀င်ရောက်ကာ Google Form အားဖြည့်စွက်ပြီး 25 Sep 2025 ရက်နေ့မှ စတင်ကာ 4 Oct 2025 ရက်နေ့အထိ စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

စာရင်းပေးသွင်းသူများထံသို့ မကြာမှီအချိန်အတွင်း ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

🔗 Google Form Link
https://docs.google.com/forms/d/e/1FAIpQLSecB1sFeaxeJ5Z8S6x6oscwCzcM-hBRVYkJvqrIaXPEobeAVg/viewform?usp=header

☎️ 📝 အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ
------------------------------------------------------------------------------------
Kyoshin Language Academy Yangon

👉 South Okkalapa Campus
No.(315/B), (9) Ward, Thitsar Road, South Okkalapa Township, Yangon.

☎️ Phone No : 09 254 922 110
📱 Viber No : 09 254 922 110

ရုံးချိန် - တနင်္လာနေ့ မှ သောကြာနေ့အထိ
(9:00 AM ~ 5:00 PM)
ပိတ်ရက် - စနေ/တနင်္ဂနွေ




Kyoshin Language Academy
We value each and every student!

docs.google.com

Phoo Sensei 18/08/2025

Teaching video တွေက lesson တစ်ခုတစ်ခုကို အချိန်ကြာလို့ Internet အခက်အခဲ vpn အခက်အခဲကြောင့် upload လုပ်ရတာ အဆင်မပြေလို့ပါ

youtube channel ကို subscribe လုပ်ပေးထားကြပါနော် 🩷

Phoo Sensei Phoo Sensei a.k.a Phoo Ngon Thae born in 1989,Taunggyi Myanmar. BA(Japanese) University of Foreign Languages Mandalay MA(Japanese Language Education ) Kyoto University of Foreign Studies,Japan 日本語教師養成講座 Japanese Language Teacher Training Course (420 時間) Here are some words of P...

Basic Japanese N5 Lesson -13 Episode - 1 17/08/2025

မျှော်နေကြတဲ့သူတွေအတွက် Basic Level N5 Lesson-13 Episode -1 အခန်းဆက်

youtube မှာကြည့်လို့ရပါပြီရှင်

Basic Japanese N5 Lesson -13 Episode - 1 မင်္ဂလာပါရှင်ဒီအပတ်ရဲ့ Saturday with Phoo Channel မှာ Basic Japanese N5 level ရဲ့ Lesson-13 Episode -1 ကို အကျဉ်းချုပ်ကိုသင်ပေးထားပါတယ်။Episode -2 ကိုမကြာမှီ...

あなたの学校を学校のトップリストKyoto-shiにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

住所


Kyoto-shi, Kyoto