09/06/2025
ဒီနေ့ကစပြီး ဒီအီဒီယမ်လေး ၅ လုံးကို တနေ့တလုံးနှုန်းနဲ့မိတ်ဆက်ပေးမယ်ရှင်။
1️⃣足を引っ張る
2️⃣馬が合う
3️⃣上の空
4️⃣水の泡
5️⃣図に載る
1️⃣足を引っ張る(あしをひっぱる) -အနှောင့်အယှက်ပေးသည်(တိုက်ရိုက်ပြန်ရရင်(သူတပါး)ခြေထောက်ကိုဆွဲထားသည်။သူတပါးရဲ့လုပ်ငန်းဆောင်တာကိုအနှောင့်အယှက်ပေးသည်။
ဆိုတော့ ကိုယ့်ကြောင့် သူတပါးအနှောင့်အယှက်ဖြစ်အောင်မလုပ်ပါနဲ့။ “သူတပါးခြေထောက်ကိုဆွဲမထားပါနဲ့”ဆိုတဲ့အဓိပ္ပါယ်အနေနဲ့သုံးချင်ရင် 足を引っ張らないでလို့သုံးရင်ရပြီပေါ့နော်။ ဥပမာစာကြောင်းလေးနဲ့ကြည့်ကြမယ်နော်ပိုမှတ်မိအောင်။
🤌🏻🤌🏻🤌🏻🤌🏻🤌🏻🤌🏻🤌🏻
例文を見てみましょう!
私の足を引っ張らないでよね!
ငါ့ကိုမနှောက်ယှက်နဲ့။
ဆိုတော့…ကိုယ့်ရဲ့မကျွမ်းကျင်မှုက သူတပါးရဲ့အလုပ်/လုပ်ငန်းဆောင်တာမှာအနှောင့်အယှက်ဖြစ်စေတဲ့အခါမှာ ပြောခံရတတ်ပါတယ်။
နောက်ထပ်တခုထပ်ကြည့်မယ်။
အလုပ်သစ်စဝင်တဲ့အခါမှာလည်းအထာကျကျမိတ်ဆက်လို့ရတယ်။
初めまして!〇〇と申します。
皆さんの足を引っ張らないように、頑張ります。
ကဲ နှစ်ထပ်ရှိမှမှတ်မိသမို့ ဥပမာစာကြောင်းဆယ်ခုထပ်ကြည့်ကြစို့။
😒😒😒😒😒😒
1️⃣チームのために頑張っているから、足を引っ張らないでください。�We're working hard for the team, so please don't hold us back.
အဖွဲ့လိုက်/အဖွဲ့အတွက်ကြိုးစားနေတာမို့ ကျေးဇူးပြုပြီး (မင်းမလုပ်တတ်ရင်ဘေးဖယ်နေလိုက်ပါကွာပေါ့) မနှောက်ယှက်ပါနဲ့
2️⃣大事な会議なんだから、変なことを言って足を引っ張らないでくださいね。�This is an important meeting, so please don't say anything weird that could hold us back.
အရေးကြီးမီတင်လုပ်နေတာမို့ မလိုတာတွေပြောပြီး အနှောင့်အယှက်မပေးပါနဲ့။(မင်းမသိအသာနေ မဆိုင်တာတွေဝင်မပြောနဲ့ပေါ့ကွယ်..ကြမ်းထာ)
三他の人が努力しているのに、あなたの態度は足を引っ張っていますよ。やめてください。�Everyone else is trying, but your attitude is dragging us down. Please stop.
တစ်ခြားသူတွေ(ဒလောက်)ကြိုးစားအားထုတ်နေတာကို မင်းရဲ့အပြုအမူ၊သဘောထားနဲ့လုပ်ဆောင်မှုက (ကြည့်ရမြင်ရတာ)အဆင်ပြေမနေဘူး။ရပ်တန်းကရပ်လိုက်။( ဘေးထိုင်ဘုပြောတွေနဲ့တွေ့ရင်သုံးချလိုက်👻👻)
4️⃣私たちは同じ目標に向かっているんです。足を引っ張らないでください。�We’re aiming for the same goal. Don’t get in the way.
ငါတို့က တလှေတည်းစီးတခရီးတည်းသွားနေကြတာ။ ခြေကန့်လန့်မထိုးနဲ့ပေါ့ကွယ်။
5️⃣成功したいなら、お互いに足を引っ張るようなことはしないでください。�If we want to succeed, let’s not bring each other down.
ငါတို့အောင်မြင်ချင်တယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက်က ကူညီပေးမှရမယ်( ဆွဲချသလိုခြေကန့်လန့်ထိုးသလိုတွေလုပ်လို့မဖြစ်ဘူးပေါ့။ ဟိုပုံလေးပြေးမြင်တယ်။ Teamလေးတစ်ခုကိုတဖက်ကရှေ့တွန်း၊နောက်တဖက်ကနောက်ဆွဲနဲ့🤣🤣)
6️⃣これ以上足を引っ張られると、納期に間に合いません。協力してください。�If you keep holding us back like this, we won’t make the deadline. Please cooperate.
ဒီထက်ပိုပြီး နောက်ဆွဲလုပ်နေဦးမယ်ဆို အချိန်မီ(အပ်နိုင်)ဖို့မဖြစ်နိုင်ဘူး။ ပူးပေါင်းဆောင်ရွက်ပေးပါ။
7️⃣みんな必死にやってるんだし、足を引っ張らないで真面目にやって。�Everyone's working their hardest, so stop dragging us down and take it seriously.
အားလုံးအသေအကြေလုပ်နေကြတာ။ မနှောင့်ယှက်ဘဲသေချာလုပ်။
8️⃣チームワークが大事なんだから、自分勝手な行動で足を引っ張らないでください。�Teamwork is important, so don’t act selfishly and hurt the team.
အဖွဲ့လိုက်လုပ်ဆောင်မှုကအရေးကြီးတာမို့ ကိုယ့်သဘောနဲ့ကိုလုပ်ဆောင်ပြီး တခြားသူတွေကိုမနှောင့်ယှက်ပါနဲ့။
9️⃣あなたのミスで足を引っ張られたくないので、事前にしっかり確認してください。�I don’t want your mistakes to hold us back, so please double-check everything in advance.
မင်း(တချက်လေး)မှားတာနဲ့အားလုံးအတွက်အနှောင့်အယှက်ဖြစ်သွားမှာ(ဒါကိုမဖြစ်စေချင်လို့) ပွဲမစခင်သေချာစစ်ဆေး၊ဂရုစိုက်ပါ။
🔟プロとして仕事をしているんですから、足を引っ張るようなことはしないでください。�We’re professionals, so don’t do anything that would hinder others.
ငါတို့ကပရိုတွေ(ပညာရှင်တွေ)မို့ တပါးသူကိုနှောက်ယှက်မိတဲ့အရာမျိူး(လုံးဝ)လုပ်လို့မဖြစ်ဘူး။
ငါတို့ကဘာတွေလဲ ဟီးရိုးတွေဟေ့ပေါ့နော်။
ကဲကဲကဲ ဒလောက်ဆိုမှတ်မိလောက်ကြပြီထင်ပါတယ်လို့😝😝😝။