02/03/2019
စိတ်ညှို့အိပ်မွေ့ချခြင်းမှ ဖြစ်ရပ်ဆန်းများ
******* ****** ****** ****
အိပ်မွေ့ချဆရာတို့ပြုလုပ်ပြသသော အံ့ဖွယ်သရဲအမှုများမှာ များပြားလှ၏။ အိပ်မွေ့ချဆရာတို့အဆိုအရ လူအတော်များများကို အိပ်မွေ့ချရာ၌ စက္ကန့်ပိုင်းသာကြာတတ်ကြောင်းသိရ၏။ အိပ်မွေ့မချနိုင်သော သူများမှာ ၁၅ ရာခိုင်နှုန်းသာရှိသည်ဆို၏။
လူစင်စစ်မှ ခွေးဘ၀သို့
******* *******
အိပ်မွေ့ချထားသောအချိန်၌အိပ်မွေ့ချဆရာဖြစ်သူသည် အိပ်မွေ့ချခံရသူအား အာရုံထင်မှားမှုအမျိုးမျိုးလည်းပြုလုပ်နိုင်၏။ ဥပမာ “မင်းဟာအခုခွေးဖြစ်သွားပြီ “ဟုအိပ်မွေ့ဆရာက ပြောလိုက်လျှင် အိပ်မွေ့ကျနေသူသည် ခွေးကဲ့သို့လေးဖက်ထောက်၍ ဟောင်ပြ၏။ ဆက်ပြီး ဆရာဖြစ်သူက “ဟိုမှာကျားကြီးလာနေပြီ” ဟုပြောလိုက်သောအခါ ခွေးကဲ့သို့တအီအီအော်၍ လေးဖက်ထောက်ကာ တန်းနေအောင် ပြေးလေ၏။
တစ်ခါကလည်း အိပ်မွေ့ဆရာဖြစ်သူက အိပ်မွေ့ချခံထားရသူအား "မင်းလက်ကို ငါ သံပူပြားနဲ့ကပ်လိုက်ပြီ။ မင်း လက်မှာ အပူလောင်လိမ့်မယ် "ဟုဆိုကာ အိပ်မွေ့ချခံထားရသူ၏ လက်မောင်းပေါ် သစ်သားပြားလေးတစ်ပြား နှင့် ကပ်လိုက်လေသည်။ ထို့နောက် ထူးဆန်းစွာပင် သစ်သား ပြားနှင့်အကပ်ခံရသောနေရာတွင် အပူလောင်ကွက် ဖြစ်လာသည်ကိုမြင်ကြရလေသည်။ဤသည်မှာ ထိုသူသည် သူ့အား အမှန်တကယ်ပင်သံပူပြားနှင့် ကပ်သည်ဟု အာရုံထင်မှားသွားသောကြောင့်ဖြစ်သည်။
ရှက်ရကောင်းမှန်းမသိတော့ပြီ
******** ****** ***
အိပ်မွေ့ချခံရသူသည် ဟန်ဆောင်၍ ပြုလုပ်ခြင်းဟုမေးလာလျှင်မဟုတ်ကြောင်းပြနိုင်သော အခြားသာဓကအထောက်အထားများစွာရှိ၏။ တခါက အိပ်မွေ့ချဆရာတစ်ဦးသည် ပရိတ်သတ်ထဲမှ လူငယ်တစ်ဦးကို စင်မြင့်ပေါ်ခေါ်လိုက်ပြီး လူငယ်အားအိပ်မွေ့ချကာ ပရိယာယ်သုံး၍ ဘောင်းဘီချွတ်စေ၏။ ထို့နောက် တံမြက်စည်းအား “မြင်း”ဟု ထင်မှတ်စေကာ မြင်းကဲ့သို့ စီးစေ၏။ ပရိတ်သတ်များက တဝါးဝါးရယ်မောနေစဉ် အိပ်မွေ့ဆရာက ထိုလူငယ်ကို နှိုးလိုက်၏။ ထိုအခါ လူငယ်သည် မိမိ၏အဖြစ်ကိုသိသွား၍ အိပ်မွေ့ဆရာအား ဒေါသတကြီးဖြင့် တံမြက်စည်းနှင့် တအားရိုက်ချလိုက်လေ၏။
အမိန့်ကို မလွန်ဆန်နိုင်ခြင်း
***** ******* ****
နောက်ထပ်တွေ့ရှိချက်မှာ အိပ်မွေ့ကျနေသူသည် အိပ်မွေ့ချဆရာ၏စကားကို အိပ်မွေ့ကျနေစဉ်အတွင်း၌သာ နာခံသည်သာမဟုတ်၊ အိပ်မွေ့ကျရာ မှနိုးလာပြီးနောက် ၌လည်း အိပ်မွေ့ကျစဉ်က ဆရာပြောခဲ့သောအမိန့်အတိုင်းကို လိုက်နာပြုလုပ်တတ်၏။
အခြားအကြောင်းပြချက်နှင့် ပြုလုပ်ခြင်း
******** ***** ******* **
ဥပမာအားဖြင့် အိပ်ယာမှနိုးပြီး နောက်တစ်နာရီခန့်ကြာသောအခါ မိမိ၀တ်ထားသော အပေါ်အင်္ကျီကို ချွတ်ပစ်ရမည်ဟုအိပ်မွေ့ဆရာက အမိန့်ပေးထားလျှင် အိပ်မွေ့ချခံရသူသည် အိပ်ယာမှ နိုး၍ တနာရီကြာသော် အိပ်မွေ့ပညာရှင် ညွှန်ကြားသည့်အတိုင်း တသွေမတိမ်းအင်္ကျီချွှတ်ပစ်လေသည်။ အဘယ်ကြောင့်ထိုသို့လုပ်သနည်းဟုမေးသော် သူသည် အိပ်မွေ့ဆရာ၏အမိန့်ပေးထားချက်ကို ဘာမှမသိဘဲ စိတ်ထဲရှိသော အခြားအကြောင်းပြချက်တစ်ခုကိုပြောဆိုခဲ့၏။
နောက်တစ်လအတွက် အမိန့်ပေးချက်
****** ***** ******* ****
နောက်ထပ် သာဓကမှာ အိပ်မွေ့ချခံထားရသောလူတစ်ဦးအား နောက်တစ်လတွင်ပြုလုပ်မည့် သင်၏ ဟောပြောပွဲ ၌ မိန့်ခွန်းပြောပြီး၍ ပြန်အဆင်းတွင် လှေကားတွင် သူ့အားခြေချော်လှဲကျရန်အမိန့်ပေးထား၏။ နောက်တစ်လအကြာတွင် ထိုသူသည် သူ၏ ဟောပြောပွဲအပြီးပြန်အဆင်းတွင် ပရိတ်သတ်များစွာရှေ့၌ ခြေချော်လှဲကျလေ၏။ သူ့အား အဘယ်ကြောင့်နည်းဟုမေးသော် ရှက်စိတ်မွန်ထူလျက် လှေကားနှင့် သူ၏ဖိနပ်ကို အပြစ်ပြောဆိုခဲ့၏။
စွဲနေသောအကျင့် စရိုက်ကို မသိစိတ်၌မတိုက်ဖျက်နိုင်
***** ***** ****** ****** *-***-***-
အရက်သို့မဟုတ်ဆေးလိပ်စွဲနေသူတို့ အားအိပ်မွေ့ချ၍ အရက်နှင့်ဆေးလိပ်သောက်လျှင်ကိုယ်လက်မအီမသာဖြစ်လာမည်၊ အနံ့ဆိုးများကို မခံရပ်နိုင်အောင် ဖြစ်လာမည်ဟု ဆရာက ပြောထားလျှင် အရက်၊ဆေးလိပ်စွဲနေသူတို့သည် ၂ ရက်၃ ရက်ခန့်သာ ထိုကဲ့သို့ခံစားရပြီး နောက်ပိုင်းတွင် အကျင့်ဟောင်းများ အတိုင်းပြန်လည်သုံးစွဲကြကြာင်းသိရ၏။ ထို့ကြောင့်စွဲမြဲနေသောအကျင့်စရိုက်များကို တိုက်ဖျက်လိုပါက အသိစိတ်နှင့်ထိန်းသိမ်းမှသာ လျှင်ဖြစ်နိုင်ပေသည်။
အရှက်နှင့်အသက် ကြောင့်နိုးလာခြင်း
****** ****** *********
အိပ်မွေ့ချပညာရှင်တစ်ဦးသည် ဆေးကျောင်းသားများအလယ်၌ အိပ်မွေ့ချထားသော အမျိုးသမီးငယ်တစ်ဦးအား အ၀တ်အစား အားလုံးချွတ်ပစ်ရန် စေခိုင်းရာ အမျိုးသမီးသည် အိပ်မွေ့ကျရာမှ ချက်ချင်းနိုးလာပြီး အမိန့်ပေးသူကို ပါးရိုက်၍ အခန်းထဲမှ ထွက်သွားလေ၏။
လူတစ်ဦးအား ဓားကိုင်စေပြီးမိမိကိုယ်ကို ထိုးခိုင်းရာ မထိုးဘဲ အိပ်မွေ့ကျရာမှ နိုးလာ၏။
ပရိယာယ်သုံး၍ အ၀တ်အစားချွတ်စေခြင်း
******* ******* ******* ****
အထက်ပါဖြစ်ရပ်နှစ်ခုကိုကြည့်လျှင် အိပ်မွေ့ကျနေသောသူတို့သည်မိမိ၏ အရှက်နှင့် အသက်ကို ထိပါးစေနိုင်သောအမှုများကို မသိစိတ်၌ပင် လက်မခံနိုင်ကြောင်း တွေ့ရ၏။ သို့ရာတွင် ဆရာဖြစ်သူသည် စေခိုင်းရာ၌ ပရိယာယ်သုံးလျှင်တော့ ဖြစ်နိုင်ပေသည်။ ဥပမာ အိပ်မွေ့ကျနေသူအား ကိုယ်လုံးတီးချွတ်စေလိုပါက “အခုရေချိုးခန်းထဲရောက်နေပြီ။ ရေချိုးဖို့ အ၀တ်အစားအားလုံးချွတ်ချလိုက်တော့”ဟု ပရိယာယ်သုံးသောအခါ အ၀တ်အစားများ ချွတ်ပစ်ကြောင်းသိရ၏။
ရုပ်တရားကိုလည်း စီရင်နိုင်ခြင်း
******* ****** ******
စင်စစ် အိပ်မွေ့ချ၍ အိပ်မောကျနေသောအချိန်၌ ဆရာသည် အိပ်မွေ့ကျနေသူ၏ စိတ်ကိုသာ အစိုးရသည်မဟုတ်၊ ရုပ်တရားကို လည်း စီရင်ပြုပြင်နိုင်၏။
စမ်းသပ်မှုတစ်ခု၌ အိပ်မွေ့ကျနေသူအား လက်ကိုအပ်နှင့်ထိုးမည်။ သို့ရာတွင် လုံး၀နာကျင်မည်မဟုတ်၊ သွေးထွက်မည် လည်းမဟုတ်ဟုပြော၍ အပ်နှင့်ထိုးသောအခါ အိပ်မွေ့ကျနေသူ သည် နာကျင်သောလက္ခဏာ မပြသည့်အပြင် သွေးထွက်သည်ကိုလည်းမတွေ့ရချေ။
မေ့ဆေးမပေါ်မှီက ဗြိတိသျှဆရာ၀န်နှစ်ဦးသည် လူနာများကို အိပ်မွေ့ချ၍ အောင်မြင်စွာခွဲစိတ်ကုသခဲ့ဖူးကြသည်ဆို၏။
သက်ကြီးဘ၀မှ သက်ငယ်ဘ၀သို့
******** ***** ********
စိတ်ပညာရှင်များသည် စိတ်ညှို့ပြီး အသက်နောက်ပြန်ဆုတ်ထားသော လူအသီးသီးတို့ဧ။် အသိဥာဏ် နှင့် စွမ်းဆောင်နိုင်မှု တို့ကို စမ်းသပ်ကြည့်ရာ စိတ်ညှို့ထားသောအသက်အရွယ်အလိုက် အသိဥာဏ် နှင့် စွမ်းဆောင်နိုင်မှုရှိ ကြကြောင်းကိုအံ့ သြဖွယ်တွေ့ကြရဧ။် ။
စမ်းသပ်မှုတစ်ခု၌ အသက်၄၀ကျော် လူတစ်ဦးအား အိပ်မွေ့ချပြီးနောက်အသက်၅ နှစ်အရွယ်သို့ပို့ဆောင်လိုက်သောအခါ သူသည် ထိုအရွယ်က ကလေးစကားအသုံးအနှုန်းနှင့် အသံနေအသံထားတို့ဖြင့်တီတီတာတာ ၅နှစ်သားကဲ့သို့ ပြောဆိုပြုမူ၏။ အရုပ်နှင့် ကစားစရာများကို ကစားစေ၍ သူကစာနေသောအရုပ်များကိုအခြားလူတစ်ဦးက ယူသောအခါ ကလေးကဲ့သို့အော်ဟစ်ငိုယိုလေတော့၏။ အိပ်မွေ့ကျနေစဉ် သူရေးသောစာနှင့် ရုပ်ပုံတို့မှာလည်း သူကလေးဘ၀က ရေးခဲ့သောလက်ရေးနှင့် ရုပ်ပုံများဖြစ်ကြောင်းတွေ့ကြရ၏။
ထိုအိပ်မွေ့ချနည်းဖြင့် အမေရိကန်နိုင်ငံ၌ တချိန်က ရဲအရာရှိများသည် တရားခံများကို အမှုစစ်ရာတွင်အသုံးပြုခဲ့ကြကြောင်းသိရ၏။ တရားရုံးမှ တားမြစ်ခဲ့သောကြောင့် ဆက်လက်အသုံးမပြုနိုင်တော့ပေ။
မျက်စိမွဲရာမှ မျက်စိအားကောင်းလာခြင်း
******* ******* *********
အသက်၁၂နှစ်အရွယ်ကတည်းက မျက်စိမှုန်နေသဖြင့်မျက်မှန်တပ်နေရသော လူတစ်ဦးအား အိပ်မွေ့ချပြီးနောက် အသက်၇နှစ် အရွယ်ဘ၀ကို ဖော်ထုတ်ကြည့်ရာ အိပ်မွေ့ကျနေစဉ်အတွင်း အသက်၇ နှစ်ကအတိုင်း မျက်စိအားကောင်းပြီးမျက်မှန်တပ်ဖို့ပင်မလိုတော့ကြောင်းတွေ့ကြရ၏။
ထိုစမ်းသပ်မှုများ၌ စိတ်ညှို့ခံရသူတို့ဧ။် ခန္ဓာကိုယ်ရှိ ဇီ၀ကမ္မအခြေ အနေများသည် သက်ဆိုင်ရာ အသက်အပိုင်းအခြား၌ ရှိခဲ့ဖူးသည့်အတိုင်း ပြန်လည် တည်ရှိနိုင်ခြင်းပင်ဖြစ်ဧ။်။
အကောင်းမှအကန်းဘ၀သို့
******** *********
ဒေါက်တာ အိုင်ဆင်း(Dr. H.J. Eysenck)၏တွေ့ရှိမှုများစွာထဲက သာဓကတစ်ခုမှာ ညာဖက်မျက်စိခွဲစိတ်ပြီးနောက်ပြန်ကောင်းလာသော လူတစ်ဦးအား အိပ်မွေ့ချ၍ မခွဲစိတ်ခင်မှီက အချိန်ကာလတစ်ခုအား ပြန်ရောက်စေသောအခါ သူ့ညာဖက်မျက်လုံးသည် မခွဲစိတ်ခင် အချိန်က အတိုင်း ကန်းနေသည် ကို အံ့သြဖွယ်ကောင်းအောင် တွေ့ရှိခဲ့၏။
အတိတ်ဘ၀ကို ဖော်ထုတ်ကြခြင်း
********* *********** ***
စိတ်ညှို့၍ အသက်နောက်ပြန်ဆုတ်သောနည်းဖြင့် လုံးဝမေ့ပျောက်နေပြီဖြစ်သည့် ကလေးဘ၀အတွေ့ အကြုံများကိုပါ ထင်ပေါ်လာအောင် ဖော်ထုတ်နိုင်ပြီးသောအခါ စိတ်ပညာရှင်များသည် လူများစွာအား စိတ်ညှို့ကာပဋ္ဋိသန္ဓေမတည်မှီက ၎င်းတို့၏ အတိတ်ဘဝြဖစ်ရပ်များကို အိပ်မွေ့ချခြင်းဖြင့် ပြန်လည်မြင်သိလာကြသည်ကို အံ့သြဖွှယ်ရာ တွေ့ရှိကြရပြန်၏ ။
မစ္စတိုက်ဂီရဲ့ အတိတ်ဘ၀ (ဝါ) ဘရိုက်ဒီမာဖီ
******* ******** **** ********
အမေရိကန်ပြည်ထောင်စုမှ မစ္စဗာဂျီးနီယာတိုက်ဂီ(Mrs. Virginia Tighe) ကို စိတ်ပညာရှင်များက ခြောက်ကြိမ်တိုင် စိတ်ညှို့ခဲ့ကြ၏။ အိပ်မွေ့ကျနေစဉ်အတွင်း မစ္စတိုက်ဂီသည် လွန်ခဲ့သော နှစ်တစ်ရာကျော်က အိုင်ယာလန်ကျွန်း၌ ဘရိုက်ဒီမာဖီ ဖြစ်ခဲ့ကြောင်းကိုထုတ်ဖော်ပြောဆို၏။ မစ္စတိုက်ဂီ၏ အတိတ်ဘဝြဖစ်သော ဘရိုက်ဒီမာဖီဇာတ်လမ်းကို အကြောင်းပြု၍ အတိတ်ဘ၀နှင့် နောက်ဘ၀ရှိနိုင်ပါသည် ဟူသောယူဆချက်များ ထိုခေတ်ထိုအချိန်မှ စတင်ကာ အမေရိကန်နိုင်ငံအနှံံ့ဟိုလေးတကြော်ပျံ့နှံ့ သွာခဲ့သည်။
ကမ္ဘာတစ်လွှားမှ အတိတ်ဘ၀ခရီးဆန့်သူများ
****** ***** ***** ****** *****
အတိတ်ဘ၀သို့ စိတ်ညှို့ခံခရီးဆန့်ကြသောလူဦးရေ မှာ လေးငါးဆယ်မျှမဟုတ် ၊ လေးငါးရာမျှလည်းမက၊ လေးငါးထောင်ကျော်၍ သောင်းဂဏန်းထိပင်ရောက်ရှိလေပြီ။ ဆက်လက်၍ စိတ်ပညာရှင်များနှင့်သုတေသီများ လေ့လာဖော်ထုတ်ပါက သိန်းဂဏန်းကျော်ကာ သန်းဂဏန်းလူဦးရေသို့ ရောက်လာပေတော့မည်။
ပါမောက္ခဝီလျှံဂျိမ်းပြောခဲ့သလို ကျီးဖြူတစ်ကောင် တွေ့လျှင်ပင် ကျီးအားလုံးအမည်း ဖြစ်ပါသည်ဟူသော ယူဆချက်ပျက်ပြယ်သကဲ့သို့ ခိုင်လုံသော လူ၀င်စားဖြစ်ရပ် တစ်ခုတွေ့လျှင်ပင် အတိတ်ဘ၀မရှိဟူသော ယူဆချက်မှာ ပျက်ပြယ်သွားပြီဖြစ်၏။ ယခုအခါ မှန်ကန်ခိုင်လုံသောသက်သေ အထောက်အထားများရှိသော လူ၀င်စားဖြစ်ရပ်ဖော်ထုတ်နိုင်မှုများမှာ ထောင်ဂဏန်းပင်မက သောင်းဂဏန်းပင်ကျော်လာသည့် အတွက် ယုံမှားသံသယဖြစ်သူများလည်း ကမ္ဘာနေရာအနှံ့ လျော့နည်းလာခဲ့သည်။
သုတေသီတို့၏ စာအုပ်များ
******* *********
နယ်ပယ်အသီးသီးမှ သုတေသီပညာရှင်တို့သည် လူများစွာတို့၏ အတိတ်ဘ၀ဆိုင်ရာ လေ့လာတွေ့ရှိခဲ့ချက်များ ကိုမှတ်တမ်းတင်၍ စာအုပ်များမကြာမကြာထွက်ပေါ်လာလေ့ရှိရာ ၎င်းတို့ရေးသားထုတ်ဝေခဲ့သော စာအုပ်အချို့မှာ…..
၁။ ဘုန်းတော်ကြီးမာတင် (Rev. A.R. Martin)၏ “Researches in Reincarnation and Beyond” (ပြန်လည်၀င်စားခြင်းနှင့် ၎င်းထက်ကျော်လွန်သောသုတေသနများ)
၂။ ဒေါက်တာအလက်ဇန္ဒာကင်နွန်း (Dr. Alexander Cannon) ၏ “ The Power Within, Rider and Co,6th impression” (အတွင်းစွမ်းအား)။
၃။ ဒေါက်တာဟယ်လင်၀မ်ဘတ် (Dr. Helen Wambach) ၏ “Recalling Past Lives, The Evidence From Hypnosis”(အတိတ်ဘ၀များကိုပြန်လည် အမှတ်ရခြင်း၊ စိတ်ညှို့ ခြင်းမှ သက်သေအထောက်အထား) စာအုပ်နှင့် “Life Before Life, Bantam Books”(အတိတ်ဘ၀) စာအုပ်။
ဗုဒ္ဓဟောကြားခဲ့သော ဘ၀သံသရာ
***** ****** ******* ***
ဗုဒ္ဓသည် သဗ္ဗညုတဥာဏ်ကိုရတော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ အခုလိုဥဒါန်းစကားကျူးရင့်တော်မူလေ၏…. “အဖန်ဖန်ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှပေစွ ၊ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာ လက်သမားကို ငါရှာဖွေ၍မတွေ့မြင်ခဲ့သည့်အတွက် သံသရာတွင် ဘဝပေါင်းများစွာ ငါကျင်လည်ခဲ့ရ ပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာလက်သမား ၊ ငါသည်ပညာ မျက်စိဖြင့် သင့်ကိုယခုမြင်ပြီ။ ခန္ဓာအိမ်ကို နောက်တစ်ဖန် သင် ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာ တည်းဟူသော အခြင်ရနယ်အားလုံးကို ငါဖျက်ဆီးခဲ့ပြီ၊ ငါ၏စိတ် သည်ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ခဲ့ပြီ၊ တဏှာ ကုန်ရာ ကုန်ကြောင်းဖြစ်သည့် အရဟတ္တဖိုလ်စိတ် ကိုငါရလေပြီ”
ဗုဒ္ဓမြတ်စွာသည် အဝိဇ္ဇာ (ရုပ်နှင့် နာမ်(စိတ်) သဘောကို မသိမှု)နှင့် တဏှာ(လိုချင်တပ်မက်မှု) တို့ကြောင့် သံသရာတွင် ဘဝပေါင်းများစွာ ငြီးငြွေ့ဖွယ်ကောင်းအောင် ကျင်လည်နေရကြောင်း အကြိမ်ကြိမ်ဟောခဲ့ပေသည်။
ကိုးကား။ ။ (၁)ဘ၀အတွေ့အကြုံမှ သိမှတ်ဖွယ်ရာနှင့်အခြားဆောင်းပါးစာစုများ(ဦးအေးမောင်)
(၂) စိတ်ပညာနှင့်စိတ်ငြိမ်းချမ်းမှု(ဦးအေးမောင်)
(၃)ရှေးဘဝနောက်ဘ၀ သိပံ္ပနည်းကျ အထောက်အထားများ (ဒေါက်တာမင်းတင်မွန်
and Supernatural-Myanmar
Transferred by Nay Thu AungNay Thu Aung