Helen Helen, 教育, 伏尾町697, Ikeda-shiの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

10/06/2026

Osaka မှာ Ajisai ကြည့်ဖို့ အကောင်းဆုံးနေရာ Flower temple(သို့)Kyuanji temple 🩵ဝင်ကြေး Yen 300 သာကျသင့်တာမို့ Ajisai ကြည်...
10/06/2026

Osaka မှာ Ajisai ကြည့်ဖို့ အကောင်းဆုံးနေရာ
Flower temple(သို့)Kyuanji temple 🩵

ဝင်ကြေး Yen 300 သာကျသင့်တာမို့ Ajisai ကြည့်ဖို့ စျေးအသက်သာဆုံးလို့ ဆိုလို့ရပါတယ်။

Kyuanji Temple က နှစ်ပေါင်း (၁၃၀၀)ကျော်သမိုင်းကြာမြင့်တဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပြီး သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။

အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်နဲ့ အဖြူရောင် Ajisai ပန်းတွေကို နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။
အထူးသဖြင့် ရေကန်ထဲမှာ Ajisai ပန်းတွေကို မျောထားတဲ့ မြင်ကွင်းက Kyuanji Temple ရဲ့ နာမည်ကြီး attraction တစ်ခု ဖြစ်ပါတယ်။

Ajisai ပန်းတွေထက် သဘောကျမိတာကတော့ ဘုရားကျောင်းဝန်းပါ။
Templeက အရမ်းကျယ်တဲ့အတွက် အေးအေးဆေးဆေး လမ်းလျှောက်ရင်း သဘာဝအလှကို ခံစားနိုင်ပါတယ်။ သစ်ပင်ကြီးတွေ၊ ရေကန်တွေ၊ ရိုးရာဂျပန်ဗိသုကာလက်ရာတွေနဲ့ ပေါင်းစပ်ထားတဲ့ ပတ်ဝန်းကျင်က စိတ်ကို အေးချမ်းစေပါတယ်။ မြို့ထဲက ဆူညံသံတွေနဲ့ ဝေးကွာတဲ့အတွက် ခဏလောက်ပဲ ဖြစ်ဖြစ် စိတ်အနားယူချင်တဲ့သူတွေအတွက် အရမ်းသင့်တော်တဲ့ နေရာတစ်ခုလို့ ထင်ပါတယ်။

Ps: ပန်းကြည့်ဖို့ အကောင်းဆုံးအချိန်ကတော့ ဇွန်လလယ်မှ ဇူလိုင်အစောပိုင်းပါ။

Umeda ကနေ Hankyu Takarazuka Line စီးပြီး
Ikdea station မှာဆင်းပါ။

West exit ကနေထွက်ရင် Bus stop တန်းရောက်ပါတယ်။
Hankyu Bus 134 နဲ့ /26 စီးရင် templeရှေ့တန်းရောက်ပါတယ်။
Bus အချိန် မစောင့်ချင်ရင် 131 စီးပါ။ လမ်း ၁၃မိနစ်လျှောက်ရပေမဲ့ ရောက်တာပိုမြန်ပါတယ်။

Place - Hokkaido, Japan ❤きれいですね😍Yuki (雪) -နှင်း大雪 (oo yuki) – နှင်းထူထပ်ခြင်း初雪 (hatsu yuki) – ပထမဦးဆုံးနှင်းကျခြင်း雪遊び...
25/11/2021

Place - Hokkaido, Japan ❤
きれいですね😍

Yuki (雪) -နှင်း
大雪 (oo yuki) – နှင်းထူထပ်ခြင်း
初雪 (hatsu yuki) – ပထမဦးဆုံးနှင်းကျခြင်း
雪遊び(yuki asobi) – နှင်းထဲမှာကစားခြင်း
雪合戦 (yuki gassen) – snow ball fight.
雪祭り (yuki matsuri) – နှင်းပွဲတော်

住所

伏尾町697
Ikeda-shi, Osaka
563-0011

アラート

Helenがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー