22/02/2026
頑張る時は本気で頑張る。
休む時はしっかり休む。✨
(がんばるときはほんきでがんばる。やすむときはしっかりやすむ。)
နိုင်ငံခြားသား တယောက်အနေနဲ့ ဂျပန်မှာ နေထိုင်ရတာ သေချာကြိုးစားဖို့လိုသလို စိတ်အေးချမ်းအောင်နေထိုင်နိုင်ဖို့ကလည်းအရေးကြီးပါတယ်
မိမိရဲ့ Career ကိုလည်း developmentဖြစ်အောင်ကြိုးစားနေဖို့လိုတယ်၊ အမြဲတမ်းပြောနေကြအတိုင်း ကြိုးစားမှုက ချက်ခြင်းအသုံးမဝင်သလို ခံစားချင်ခံစားနေရလိမ့်မယ်၊ တချိန်မှာတော့ သေချာပေါက် ကြိုးစားထားတာတွေက အသုံးဝင်ပါလိမ့်မယ်
အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်တွေဆိုရင် သေချာလေး me time ပေးဖို့ကလည်း သိပ်အရေးကြီးပါတယ်၊ တနေကုန်ဖုန်းသုံးရင်းအချိန်ကုန်သွားတာ၊ နားရက်တွေဆိုအိမ်မှာ ရေရေရာရာလုပ်မနေပဲ ကုန်ဆုံးသွားတာ တွေက အချိန်တွေနှမြောစရာသိပ်ကောင်းပါတယ်
ကိုယ်လက်လှုပ်ရှားမှုတခုခုလုပ်တာ၊ Yoga လေ့ကျင့်တာ၊
စာဖတ်တာ၊ အနီးအနားပတ်ဝန်းကျင်လမ်းလျှောက်ထွက်တာ၊ ထမင်းဟင်းသေချာချက်စားတာ၊ ခင်မင်ရတဲ့သူတွေနဲ့တွေ့ဆုံတာ၊ အကျိုးရှိတဲ့ဝါသနာပါတာလေးတွေလုပ်တာ စတာတွေနဲ့ ကုန်ဆုံးသင့်တယ်
ဂျပန်ရောက်ရှိနေတဲ့သူတွေအားလုံး အလုပ်အကိုင်တွေလည်းအဆင်ပြေပါစေ၊ စိတ်အေးချမ်းပါစေ၊ ကျန်းမာပါစေ🩵
YUKI and The 81 Life