Future Plan - Japanese Language Center

Future Plan - Japanese Language Center Japanese Language Center

N5 Online Class (ပညာဒါနသင်တန်း)

10/12/2022

🇯🇵ဂျပန်စာ N5,N4🇯🇵

⏰သင်တန်းချိန်(N5) - 4PM~ 6PM
Saturday & Sunday

⏰သင်တန်းချိန်(N4) - 6PM~ 8PM
Saturday & Sunday

📖စသင်မည့်ရက် - January 14

🗓သင်တန်းကာလ - 6လ

💰သင်တန်းကြေး - တစ်လ (15000) ကျပ်🤩

👩‍🏫သင်ကြားမည့်ပုံစံ - Online Class
(Face to Face)သင်ကြားမှာဖြစ်သည့်အတွက် သင်ခန်းစာတွေကို နားမလည်ပါက ချက်ချင်းတိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်

သင်တန်းဘယ်လို အပ်ရမလဲ⁉️
🔸Page Messengerမှာ စာရင်းပေးသွင်းနိုင်ပါသည်

28/08/2022

🇯🇵ဂျပန်စာ အခြေခံသင်တန်း🇯🇵
📣 ၂လ အပြတ် 📣

⏰သင်တန်းချိန် - 5PM ~ 7PM
Saturday & Sunday

📖စသင်မည့်ရက် - September 3rd

🗓သင်တန်းကာလ - 2 လ (September & October)

💰သင်တန်းကြေး - 30000 ကျပ်

👩‍🏫သင်ကြားမည့်ပုံစံ - Face to Face Online Class

ဘာသင်ခန်းစာတွေ သင်ကြားမှာလဲ⁉️
🔸Hiragana
🔸Katakana
🔸ကိန်းဂဏန်းရေတွက်ပုံ ရေတွက်နည်းများ
🔸အခြေခံ နှုတ်ဆက်စကားများ

ဘယ်လိုလူတွေ တက်သင့်လဲ⁉️
🔸ဂျပန်စာကို စိတ်ဝင်စားသူများ
🔸အခြေခံမှစ၍ တက်လိုသူများ

သင်တန်းကြေးပေးသွင်းရန်⁉️
🔸Mobile Banking (KBZPay,CBPay,WavePay)

02/08/2022

🇯🇵ဂျပန်စာ ပညာဒါန🇯🇵
📣N5 12လပိုင်း JLPT အမှီသင်တန်း📣
လေးက ဒီအပတ် စနေနေ့ (ဩဂုတ်လ ၆ရက်နေ့) ညနေ ၆နာရီဆို စသင်မယ့် ရောက်ပြီနော်
(နောက်ဆုံး လက်ခံမယ့်ရက် ဒီအပတ် သောကြာနေ့ (ဩဂုတ်လ ၅ရက်နေ့) )

သင်တန်းဘယ်လို အပ်ရမလဲ⁉️ သိချင်ရင်တော့
အောက်က Link မှာ အသေးစိတ်ဖတ်ပါနော်

https://www.facebook.com/107987718651932/posts/109721698478534/?d=n&mibextid=wxGVb6

သင်တန်းအပ်ထားတဲ့သူတွေကတော့ အတန်း Group လေးတွေခွဲပြီးတာကြောင့် chatbox 💬 ကနေ ပို့ထားတဲ့ Group link လေးတွေကို join ပေးပါနော်

四季(လေး ရာသီ) ဂျပန်မှာက မြန်မာမှာလိုမဟုတ်ပဲ ရာသီဥတု(၄)ခု ရှိပါတယ်အဲ့ဒီ လေးရာသီ ကတော့…..* 春→ နွေဦး(March 〜 May)🌸* 夏→ နွေ(J...
29/07/2022

四季(လေး ရာသီ)

ဂျပန်မှာက
မြန်မာမှာလိုမဟုတ်ပဲ ရာသီဥတု(၄)ခု ရှိပါတယ်
အဲ့ဒီ လေးရာသီ ကတော့…..

* 春→ နွေဦး(March 〜 May)🌸
* 夏→ နွေ(June〜 August ) 🥵
* 秋→ ဆောင်းဦး(September 〜November)🍁
* 冬→ ဆောင်း(December 〜February ) ☃️

ခုချိန်ကတော့ အရမ်းကိုပူပြင်းလှတဲ့ နွေရာသီပေါ့🥵

နေ့တွေကိုမေးတဲ့အခါなんよびですかဘာနေ့လဲげつようび  တနလ်ာနေ့ (လ) かようび      အဂ်ါနေ့ (မီး)すいようび   ဗုဒ္ဓဟူးနေ့ (ရေ)もくようび   ကြာသပတေးနေ့ (...
22/07/2022

နေ့တွေကိုမေးတဲ့အခါ

なんよびですか
ဘာနေ့လဲ

げつようび တနလ်ာနေ့ (လ)
かようび အဂ်ါနေ့ (မီး)
すいようび ဗုဒ္ဓဟူးနေ့ (ရေ)
もくようび ကြာသပတေးနေ့ (သစ်ပင်)
きんようび သောကြာနေ့ (ရွှေ )
どようび ‌စနေနေ့ (မြေ )
にちようび တနဂ်နွေနေ့ (နေ)

きょうはなんようびですか。
ဒီနေ့ ဘာနေ့လဲ

きんようびです
သောကြာနေ့ဖြစ်ပါတယ်


ဂျပန်စာကို အခြေခံမှလေ့လာလိုသူများအတွက်  ပညာဒါနသင်တန်းတက်ရောက်နိုင်ပါပြီ။
21/07/2022

ဂျပန်စာကို အခြေခံမှလေ့လာလိုသူများအတွက် ပညာဒါနသင်တန်းတက်ရောက်နိုင်ပါပြီ။

📚 ဂျပန်ဘာသာစကားစတင်ပေါ်ပေါက်လာပုံ📚      ဂျပန်အခေါ် (နိဟွန်း)ဟာဆိုရင် ဂျပန်နိုင်ငံလို့ အဓိပ္ပာယ်ရပြီးတော့ ဂျပန်ဘာသာစကားကိ...
20/07/2022

📚 ဂျပန်ဘာသာစကားစတင်ပေါ်ပေါက်လာပုံ📚

ဂျပန်အခေါ် (နိဟွန်း)ဟာဆိုရင် ဂျပန်နိုင်ငံလို့ အဓိပ္ပာယ်ရပြီးတော့ ဂျပန်ဘာသာစကားကို Nihongo (日本語)(နိဟွန်ဂေါ့) လို့ ခေါ်ကြပါတယ်။ ဂျပန်ဘာသာစကား(နိဟွန်း-ဂေါ့ Nihon-go (သို့) နစ်ပွန်ဂေါ့ Nippon-go )သည် အရှေ့အာရှရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ရေးသားပြောဆို အသုံးပြုသောဘာသာစကားတစ်ခုပဲ ဖြစ်ပါတယ်။ (go) ဂေါ့ ၏ အဓိပ္ပာယ်မှာဘာသာစကားဖြစ်ပါတယ်။ တစ်ခါတရံမှာတော့ (နိဟွန်း)အစား(နိပွန်) ဆိုသည့် စကားလုံးနှင့် (နိပွန်ဂေါ့)ဆိုသည့် စကားလုံးတို့ကို အသုံးပြုကြပြီးတော့
(နိပွန်)လို့သုံးတာက မျိုးချစ်စိတ်ပိုရှိတယ်လို့ မှတ်ယူထားကြပါတယ်။

ဂျပန်ဘာသာစကားဟာ ဘာသာဗေဒပညာရှင်များအကြား အငြင်းပွားဖွယ်ရာတစ်ခုဖြစ်ခဲ့ပါတယ်။ တူညီသော ဘာသာစကားမိသားစုမှ ဆင်းသက်လာတဲ့ Turkish, Mongolian, Manchu, Korean နှင့် Japan ဘာသာစကားတို့၏ မူလရင်းမြစ်ပါ (Ural-Altaic) အော်တာအစ်ဘာသာစကားဖြစ်သည်ဟု သီအိုရီအရ သိရှိရပါတယ်။ ဒီထဲမှာမှ ကိုရီးယားနဲ့ဂျပန်ကို အများဆုံးနှိုင်းယှဉ်လေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ဘာသာစကားနှစ်ခုလုံးပါ စာကြောင်းတည်ဆောက်ပုံတွေ၊ ဂုဏ်သိက္ခာရှိစွာ ပြောဆိုမှုကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းသည့်
အရေးပါသော အဓိကလက္ခဏာများကို ဘာသာစကားနှစ်ခုလုံးမှာ ဖော်ပြသောကြောင့် ကိုရီးယားကို ဂျပန်နှင့် နှိုင်းယှဉ်လေ့ရှိပါတယ်။ သို့သော် ဂျပန် အသံထွက်ဟာ ကိုရီးယားနှင့် သိသိသာသာ ကွဲပြားပါတယ်။

ဂျပန်ဘာသာစကားရဲ့ အရေးအသားစနစ်က အနည်းငယ်ရှုပ်တွေးပြီးတော့ သူ့မှာဆိုရင် Hiragana, Katakana နဲ့တရုတ်စာလုံးပေါင်း Kanji ဆိုပြီးတော့ (၃)မျိုးရှိပါတယ်။

အေဒီ ၆ ရာစုကနေ ၉ ရာစုလောက် အဓိကတရုတ်စာလုံးပေါင်းတွေဖြစ်တဲ့ Kanji Character တွေဟာဘာသာစကားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးအပါဆုံးဖြစ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ဂျပန်ဘာသာစကားဟာလည်း တရုတ်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ၁၂ ရာစုလောက်ရောက်တဲ့အခါမှာ Hiragana နဲ့ Katakana ဆိုတဲ့ သင်ရိုးညွှန်းတမ်းအရေးအသား (၂)မျိုးကို Kanji ကနေ ခွဲထွက်ပြီး ဖန်တီးလာနိုင်ခဲ့ပြီးတော့ ဂျပန်မိခင်ဘာသာ စကားရေးတဲ့အခါမှာ ဒီ(၂)မျိုးကိုပဲ သုံးပြီးရေးလာကြပါတယ်။ ဒီနေ့ခေတ်မှာတော့ Hiragana, Katakana, Kanji (၃)မျိုးလုံးကို အသုံးပြုပြီးရေးလာကြပါပြီ။

၁၈ ရာစု အလယ်နားလောက်မှာ ဂျပန်လူမျိုးတွေဟာ Garaigo (နိုင်ငံခြားဘာသာ မွေးစားစကား)ကို အမြောက်အမြား လက်ခံလာကြပြီး သုံးလာကြပြီဖြစ်ပါတယ်။ ဥပမာအားဖြင့် teburu (Table, စားပွဲ)၊ biru (Beer, ဘီယာ)၊
gurasu (Glass, ဖန်)၊ aisu (Ice, ရေခဲ)၊takushi (taxi) နှင့် hoteru (hotel)စသည် တို့ပဲဖြစ်ပါတယ်။

ဂျပန်ဘာသာစကားတွင် သရအက္ခရာ (၅)မျိုး (a,i,u,e,o ) ရှိပြီး တစ်မျိုးစီတွင် အတိုအရှည်မတူသည့် အသံနှစ်မျိုးရှိသည်။ သရအက္ခရာ၏ အသံအတို၊ အရှည်ကို ပြောင်းလဲခြင်းဖြင့် စကားလုံး၏ အဓိပ္ပာယ်အားပြောင်းလဲစေနိုင်ပါတယ်။ ဥပမာ-ojisan (おじさん, ဦးလေး) နဲ့ ojiisan (おじいさん, အဘိုး)။ ထို့အပြင် အင်္ဂလိပ်ဘာသာရှိ L နှင့်တူသည့် အသံထွက်တစ်မျိုးရှိသည့်အပြင် ယင်းသည် အင်္ဂလိပ်အက္ခရာ R အသံထွက်နှင့် တူနေပြန်သည်။ ထို့ကြောင့် ယင်းစကားလုံးအသံထွက်သည် ဂျပန်လူမျိုးအများစုအား အင်္ဂလိပ်ဘာသာစကားလေ့လာရာတွင် L နဲ့ R အသံထွက်ခက်ခဲစေသည့်အကြောင်းအချက်တစ်ခုဖြစ်သည်။ ထို့ပြင် ပုံမှန်အားဖြင့် အင်္ဂလိပ်ဘာသာတွင် မရှိသော အသံထွက်တစ်ခုဖြစ်သည့် Tsu (つ) ဆိုသည့် စကားသည် ဂျပန်ဘာသာတွင်သာရှိသည်။

ဂျပန်ဘာသာစကားတွင် ကြိယာသည် ဝါကျတစ်ခု၏နောက်ဆုံးတွင်သာရှိပြီး ကတ္တား (ပြုလုပ်သူ) သည် အစတွင်ရှိသည်ကို တွေ့ ရပါတယ်။ မြန်မာစာလိုပင် ပြုလုပ်သူ - ပြုလုပ်ခံရသူ - ကြိယာ (S-O-V) ပုံစံသွားတာဖြစ်ပါတယ်။ များစွာသော ဝါကျများတွင် ကတ္တားမရှိချေ။ နားထောင်သူသည် ဝါကျတွင် ပါဝင်သည့် ကြိယာပုံစံနှင့် စကားအရှေ့အနောက် အစီအစဉ်ကို စဉ်းစားသုံးသပ်ကာ မည့်သည်အရာသည် ကတ္တား(ပြုလုပ်သူ) ဖြစ်တယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

🗾 ဂျပန်ဘာသာစကားအပေါ် နိုင်ငံတကာလူမျိုးတို့၏စိတ်ဝင်စားမှု👬👭

ဂျပန်ဘာသာစကားကို နိုင်ငံတကာမှ အခြားလူမျိုးများစိတ်ဝင်စားလာမှုမှာ ၁၉ ရာစုမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်၏စီးပွားရေးအရှိန်အဟုန်နှင့် ရေပန်းစားလာခဲ့တဲ့ (Anime နှင့်ဗီဒီယိုဂိမ်း) တွေဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။

၂၀၁၅ ခုနှစ်တွင် ကမ္ဘာအနှံ့လူပေါင်း ၃ ဒဿမ ၆ သန်းကျော်သည် ဂျပန်ဘာသာ စကားကို စတင်လေ့လာခဲ့ကြပြီးအဓိကအားဖြင့် အရှေ့နှင့်အရှေ့တောင်အာရှတို့တွင် လေ့လာသူပိုမိုများပြားခဲ့ပါတယ်။

တရုတ်လူမျိုး တစ်သန်းနီးပါး၊ အင်ဒိုနီးရှား ၇၄၅ဝဝဝ၊ တောင်ကိုရီးယား ၅၅၆,၀၀၀နှင့် ဩစတြေးလျ ၃၅၇,ဝဝဝခန့်တို့ပါ ဂျပန်ဘာသာကို စတင်လေ့လာမှုတွေ ပြုလုပ်လာခဲ့
ကြပါတယ်။

၂ဝ၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြားတွင် လေ့လာသူတွေ သိသိသာသာ များပြားလာခဲ့ပါတယ်။ ဂျပန်အစိုးရဟာ နိုင်ငံတကာမှာ ဂျပန်ဘာသာကို ဒုတိယဘာသာစကားအနေနဲ့ သင်ယူသူများအတွက် ဂျပန်စကားပြောနှင့် နားလည်မှုကို နားလည်ရန်၊ တိုင်းတာရန် စံချိန်စံညွန်းမီစမ်းသပ်မှုများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ အထင်ရှားဆုံးမှာ စာမေးပွဲ (၅)ဆင့် (N1, N2, N3, N4, N5) ပါဝင်သည့် ဂျပန်စာကျွမ်းကျင်မှုစာမေးပွဲ (JLPT) ဖြစ်သည်။ JLPT ကို တစ်နှစ်လျှင် နှစ်ကြိမ် နိုင်ငံတကာမှာ ကျင်းပပေးလေ့ရှိပါတယ်။

crd👉 #ဂျပန် #ဂျပန်ဘာသာစကား

(၇၅)နှစ်မြောက် အာဇာနည်နေ့ 🇲🇲၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော ဗိုလ်ချုပ...
19/07/2022

(၇၅)နှစ်မြောက် အာဇာနည်နေ့ 🇲🇲

၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဂါရဝပြုအပ်ပါသည်

#အာဇာနည်နေ့
#ဇူလိုင်၁၉

18/07/2022

🇯🇵ဂျပန်စာ ပညာဒါန🇯🇵
📣N5 12လပိုင်း JLPT အမှီသင်တန်း📣

⏰သင်တန်းချိန် - 6PM ~ 8PM
Saturday & Sunday

📖စသင်မည့်ရက် - August 6th

🗓သင်တန်းကာလ - 4 လ

💰သင်တန်းကြေး - ပထမဆုံးလ (1) လတိတိ ပညာဒါနအဖြစ် 💯🆓 🤩 တက်ရောက်ပြီး
ဆက်လက်သင်ယူလိုပါက
ကျန် (3)လကို သင်တန်းကြေး တစ်လ (15000)
စုစုပေါင်း (45000)ကျပ် (JLPT N5အပြတ်)😎

👩‍🏫သင်ကြားမည့်ပုံစံ - Zoom Online Class
(Face to Face)သင်ကြားမှာဖြစ်သည့်အတွက် သင်ခန်းစာတွေကို နားမလည်ပါက ချက်ချင်းတိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပါတယ်

သင်တန်းဆရာက ဘယ်လိုလူတွေလဲ⁉️
🔸လက်ရှိဂျပန်နိုင်ငံမှာ IT Engineer အဖြစ် အလုပ်လုပ်ကိုင်နေသူ

ဘာသင်ခန်းစာတွေ သင်ကြားမှာလဲ⁉️
🔸ဂျပန်စာအခြေခံ (ရေး၊ဖတ်၊ပြော)
🔸Minano Nihongo N5 အခန်း(၁)မှအခန်း(၂၅) စ/ဆုံး
🔸 にほんごチャレンジ ခန်းဂျီး စ/ဆုံး
📚pdf file စာအုပ်များကို share ပေးမှာဖြစ်ပါတယ်
🛒🛍စာအုပ်ဝယ်ချင်သူများကတော့ ကိုယ်တိုင်နီးစပ်ရာစာအုပ်ဆိုင်များမှာ ဝယ်ယူနိုင်သလို
🚚စာအုပ်ပို့ပေးရမည်ဆိုပါက စာအုပ်ဖိုးနဲ့ ပို့ခကို သင်တန်းသားဘက်မှ ပေးဆောင်ရပါမည်

ဘယ်လိုလူတွေ တက်သင့်လဲ⁉️
🔸ဂျပန်စာကို စိတ်ဝင်စားသူများ
🔸ဂျပန်မှာ အလုပ်လုပ်ကိုင်ချင်သူများ
🔸 Self-Study လုပ်ရင်းလမ်းပျောက်နေသူများ
🔸အချိန်ကို အကျိုးရှိရှိအသုံးချလိုသူများ

ဒီသင်တန်းကို ဘာကြောင့် တက်သင့်တာလဲ⁉️
🔸ဂျပန်စာအခြေခံမှစပြီး သင်ကြားပေးခြင်း
🔸ဂျပန်စာ N5 အတတ်သင်ကြားပေးခြင်း
🔸 အလုပ်အကိုင်အခွင့်အလမ်းဗဟုသုတများကို share ပေးနိုင်ခြင်း

သင်တန်းဘယ်လို အပ်ရမလဲ⁉️
🔸Page ကို Like & Follow
🔸Post ကို Like & public share ပြီး
screenshot နှင့်တကွ page messengerမှာ စာရင်းပေးသွင်းနိုင်ပါသည်

海の日(Marine Day) ဒီနေ့ကတော့ ဂျပန်နိုင်ငံရဲ့ National public holiday ပင်လယ်နေ့လေးပေါ့🥰ဘယ်လိုနေ့တွေကို marine day အဖြစ်သတ်မ...
18/07/2022

海の日(Marine Day)

ဒီနေ့ကတော့ ဂျပန်နိုင်ငံရဲ့ National public holiday ပင်လယ်နေ့လေးပေါ့🥰
ဘယ်လိုနေ့တွေကို marine day အဖြစ်သတ်မှတ်ကြတာလဲဆိုတော့ 🤔
နှစ်တိုင်းနှစ်တိုင်းရဲ့ July လရဲ့ တတိယအပတ်(တနင်္လာနေ့)ဟာ ဂျပန်နိုင်ငံရဲ့ marine dayလေးပါ။
အဲ့ဒါကြောင့် Marine Day က တသတ်မှတ်တည်းနေ့မဟုတ်ဘဲ နှစ်အလိုက် နေ့စွဲလေးတွေပြောင်းလဲနေတာပါ🤩

တနင်္လာနေ့မရောက်ချင်သူများအဖွဲ့လဲ🤭
ဂျပန်နိုင်ငံမှာ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ Monday ပိတ်ရက်လေးလဲရှိနေမယ်ဆိုတာ မမေ့ကြနဲ့နော်😊☺️☺️

17/07/2022

မင်္ဂလာပါ ...
ဂျပန်စာ အခြေခံအတွက် Online Class သင်တန်းလေးတွေပြုလုပ်ပေးသွားဖို့ FUTURE PLAN အမည်ဖြင့် Pageလေး စတင်ပြုလုပ်ရခြင်းဖြစ်ပါတယ်။
အခုလိုခက်ခဲနေတဲ့ ကာလကြီးမှာ မိမိဘဝတိုးတက်ရေးအတွက် အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့လိုအပ်ပါတယ်။
ဂျပန်စာကို သင်ယူလေ့လာခြင်းသည် ဘဝတိုးတက်ရာလမ်းကြောင်းတစ်ခုအဖြစ် ရွေးချယ်နိုင်တာကြောင့် အားလပ်ချိန်လေးတွေမှာ ဂျပန်စာကို လေ့လာသင်ယူကြဖို့ တိုက်တွန်းအကြံပြုလိုပါတယ်။
FUTURE PLAN - Japanese Language Center အနေဖြင့် ဂျပန်စာအခြေခံသင်တန်းလေးတွေ ပြုလုပ်ပေးသွားမှာဖြစ်တာကြောင့်
Like & Followလေးတွေ လုပ်ထားပေးကြပါအုံးနော် ...

住所

Innai-dori Avenue
Ichikawa-shi, Chiba

ウェブサイト

アラート

Future Plan - Japanese Language Centerがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー