19/08/2026
🇯🇵🇯🇵 အလုပ်ဝင်ပြီး ဒါလေးလုပ်ပေးမိတာ အားလုံးက လူရင်းတွေလိုခံစားချက်မျိုးဖြစ်စေသွားတာ🎁🎁🎁
အချိန်ပိုင်း အလုပ်စဝင်တော့ ဆိုင်ရဲ့ မီးဖိုချောင်ထဲက ရေခဲသေတ္တာ ပေါ်မှာ မုန့်ထုပ်လေးတွေ တွေ့တွေ့နေတာ အစက အလုပ်ကအဖွဲ့တွေ စားဖို့ သူဌေးက ဝယ်ပေးထားတယ်ထင်တာ။ အဲလိုမဟုတ်ပဲ အချိန်ပိုင်းသမားအဖွဲ့တွေထဲက တစ်ယောက်ယောက်က အခြားမြို့တစ်မြို့အလည်သွားရင် လက်ဆောင်အနေနဲ့ ဝယ်လာတဲ့မုန့်လေးတွေ ချပေးထားပြီး။ အခြားအချိန်ပိုင်းဝင်တဲ့သူတွေလည်း စားရအောင် တင်ပေးထားတာတဲ့။ အဲကြောင့် သူဌေးက မုန့်အသစ်ပြောင်းရင် ဒါက ဘယ်သူဝယ်လာပေးတာ ပြီးဘယ်မြို့မှာရတာနဲ့ပြောပြောနေတာ။
ပိတ်ရက်ရှည် တစ်ရက်ကျ သူဌေးဆီ ပြောပြီး Hakone ဘက် ကောင်မလေးဆီ အလည်သွားဦးမယ်လို့ပြောတော့ ဘယ်လောက်ကြာမှာလဲ နဲ့မေးပြီး အလုပ်ပြန်ခါနီးကျ မကြားတကြားလေး လက်ဆောင်တွေဘာတွေဝယ်မနေနဲ့နော်နဲ့ လှမ်းနောက်လိုက်တာ။ကြားတော့ကြားတယ် ပြန်ရင်း လှမ်းပြောတာဆိုတော့ ဘာမှတော့ပြန်မပြောလိုက်ပါဘူး။နောက်ရက် Hakone သွားပြီး ဟိုရောက်တော့ သူဌေးက လက်ဆောင်တွေဘာတွေဝယ်မနေနဲ့ နောက်နေတာလို့ပြောတာ။ ကောင်မလေးကလည်း Hakone က မုန့် လက်ဆောင်ဝယ်သွားလိုက်လေတဲ့။ အစက ဝယ်မနေပါနဲ့ပြောနေတာ သူက ဝယ်သွားပါ ဆိုပြီး ပြောတာနဲ့ အပြန်ကျ ဝယ်သွားလိုက်တာ။
ပြန်ရောက်ပြီး နောက်ရက်အလုပ်ဝင်တော့ သူဌေးဆီ မုန့်လက်ဆောင်လေးပေးတော့ သူဌေးမျက်နှာက အံ့သြတဲ့ပုံရော သဘောကျတဲ့ပုံရော ဖြစ်နေတာသတိထားမိတယ်။ အဲတစ်နေ့လုံးလက်ဆောင်ဝယ်လာတဲ့အကြောင်းပဲပြောပြောနေတာ။ ပြီး အချိန်ပိုင်း နောက်တစ်ယောက်နဲ့ချိန်းပြီဆို သူက ဝယ်လာတဲ့လက်ဆောင်ကို အခြားအချိန်ပိုင်းသမားကို ကိုယ်တိုင်ပြောပြီး ပေးခိုင်းတာ ဘယ်သွားဖြစ်လို့ အပြန်ဝယ်လာတာလို့ပြောခိုင်းတာ။
အဲဒီနောက်ပိုင်းတွေ သူဌေးပုံစံကလည်း ကိုယ့်ကို သူ့လူရင်း ပုံစံမျိုးဆက်ဆံလာတာလေးတွေသတိထားမိလာတယ်။ ကိုယ်က တစ်နေရာရာသွားလို့ လက်ဆောင်ဝယ်တယ်ဆို အဲလူတွေကို ကိုယ်က စိတ်ထဲရှိလို့တာ ဒါမျိုးစဥ်းစားပြီး ဝယ်ခဲ့မှာလေ။ ကိုယ်က ဝယ်ပြီးပေးရင်ပဲ ဖြစ်ဖြစ် သူများကဝယ်ပြီးပေးရင်ပဲဖြစ်ဖြစ် ပေါ့။ သူဌေးလည်း သြော် သူကတော့ ငါတို့ စိတ်ထဲမှာ ရှိသားပဲလို့မြင်သွားပြီး ပိုပြီးတော့ ရင်နှီးသွားတာမျိုးလည်း ဖြစ်လောက်မယ်။