MOST USEFUL BASIC QUESTION IN JAPANESE 🥰
Tokyo Hikari Japanese Language School
The aim of founding school is to be easy for communication with Japanese business man, and to give a service, able to study japan language in Japan.
06/06/2026
🌸 ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ အိမ်မက်ရှိပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေပါသလား?
ဒီသင်တန်းလေးကတော့ 2027 July & October Intake ကို အချိန်မီ မှီအောင် ရည်ရွယ်ပြီး စနစ်တကျ ပြင်ဆင်ပေးသွားမယ့် JULY တန်းခွဲသစ် သင်တန်းလေးပဲ ဖြစ်ပါတယ်။
💡 ဒီသင်တန်းပြီးရင် ဘာတွေ ရလာမလဲ?
သင်တန်းကာလ ပြီးဆုံးတာနဲ့ ဂျပန်နိုင်ငံရှိ နာမည်ရ Language School တွေမှာ ကျောင်းအပ်ဖို့အတွက် ဗဟုသုတတွေ ရရှိမယ့်အပြင်၊ အင်တာဗျူး (Interview) ဝင်ဖို့အတွက်ပါ အဆင်သင့် ဖြစ်နေစေရပါမယ်။
COE 💯 Result ကောင်းကောင်းနဲ့ Tokyo မှာ ရှိတဲ့ Language School တက်ချင်ရင် Tokyo Hikari မှာ ဂျပန်စာကို အခြေခံမှစ၍ သင်ယူလိုက်ပါ .. 🧑🏫
Basic + N5 + N4 ( Special Class )
📌 July (6) ရက်နေ့စပါမယ်
📌 Day - Mon, Tue, Wed
📌 Time - 10 am ~ 12 pm
📌 Duration - 6 months
📌 Fees - 600,000 (စာအုပ် + Uniform ပါပြီး)
📌 လူဦးရေ (၁၅)ဦးသာ
လူနည်းစုသင်တန်းကျောင်းဖြစ်တဲ့အတွက်
စာကိုသေချာစွာ သင်ယူချင်တဲ့သူသာ လာခဲ့ပါ…
📩 အသေးစိတ်ကို Chat Box ကနေ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။
အသေးစိပ် စုံစမ်းရန် 👇
🇯🇵TOKYO HIKARI 合同会社 🇯🇵
🇲🇲 Myanmar Office 🇲🇲
Tokyo Hikari Japanese Language School
အမှတ် - ၁၅၄၊ ၅လွှာ၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
Mobile - 09450004848 (Viber 👌)
📌 Japan တွင် Language School တက်ရောက်လိုသူများ၊ အသေးစိပ် တိုင်ပင်လိုသူများ လာရောက်ဆွေးနွေးရန်အတွက် Chat box နဲ့ Viber တွင် ကြိုတင်ရက်ချိန်းယူပေးပါရန် 📌
゚viralシfypシ゚
🎉 အရင်ဆုံး ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းကောင်းနှင့်အတူ နေရာအကန့်အသတ်ရှိသော 🇯🇵 2027 April Intake အတွက် Tokyo မြို့မှာ ပညာသင်ကြားဖို့ ကျောင်းသားသစ်များ ထပ်မံခေါ်ယူခြင်း 🎉
Tokyo Hikari Japanese Language School မှ ကျောင်းသားများအားလုံး COE 100% ရရှိခဲ့တဲ့အတွက် ရင်ထဲကနေ ထပ်တူထပ်မျှ ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်… 🤗✨
ဟုတ်ပါတယ်… မနေ့ကပဲ စောင့်မျှော်နေတဲ့ COE တွေ ထွက်ရှိလို့လာပါပြီ! Intake တိုင်းမှာ အောင်ချက် 100% အမြဲရရှိနေတဲ့ ကျောင်းဖြစ်လို့ ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ်နော် 🤗
ကျွန်မတို့ Tokyo Hikari က Class (1) ကျောင်းတွေဖြစ်တဲ့အတွက် COE အတွက် အထွေအထူး ပြောစရာမလိုဘဲ အောင်ချက် 100% အပြည့်အဝ ရှိပါတယ်။
အခုဆိုရင် ကြိုတင်အပ်နှံထားသူများပြားလို့ ကျန်ရှိတဲ့နေရာ အလွန်နည်းနေပြီမို့ လက်မလွှတ်ရအောင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါမယ်နော် 🏃♂️💨
📍 ကျောင်းခွဲအလိုက် ထပ်မံလိုအပ်သော လူဦးရေ
• Tokyo, Shinjuku အနီး - (၁ ဦးသာ)
• Tokyo, Matsudo အနီး - (၃ ဦးသာ)
• Tokyo, Edogawa အနီး - (၂ ဦးသာ)
✅ လျှောက်ထားရန် လိုအပ်ချက်များ:
📌၁၀ တန်းအောင်၊ Grade 12 (သို့မဟုတ်) GED အောင်မြင်ပြီးသူ ဖြစ်ရမည်။
📌အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း
📌တက္ကသိုလ်/ကောလိပ် ကျောင်းသားများ သို့မဟုတ် တက္ကသိုလ်မပြီးသေးသူများလည်း လျှောက်ထားနိုင်ပါသည်။
📌ဂျပန်စာ Level (N5) Nat test (or) JLPT အနည်းဆုံး အောင်မြင်ထားရမည်
📌ကျောင်း၏ စည်းမျဉ်း/စည်းကမ်းများကို သေချာစွာ လိုက်နာနိုင်သူ ဖြစ်ရမည်။
👉 အထူးမေတ္တာရပ်ခံချက်: အရေးကြီးပါတယ်ရှင်
လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အစအဆုံး သေချာရှင်းပြ ညွှန်ကြားပေးမှာဖြစ်လို့ ကျောင်းသား/မိဘများဘက်မှလည်း ယခင်က ကျောင်းလျှောက်ဖူးတာ၊ Reject ထိဖူးတာမျိုးရှိရင် ပွင့်ပွင့်လင်းလင်း ကြိုတင်ပြောပြပေးဖို့ လိုအပ်ပါတယ်ရှင်။
နေရာအလွန်နည်းနေပြီဖြစ်လို့ သတ်မှတ်လူဦးရေပြည့်တာနဲ့ လက်ခံမှုကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။
⚠️ မှတ်ချက် - ၁၀ လပိုင်း (October Intake) အတွက် လူပြည့်သွားပြီဖြစ်လို့ လုံးဝ မရတော့ပါရှင်
ထပ်မံမေးမြန်းနေသူများကို အားနာပါတယ်ရှင် 🙏
အမြန်ဆုံး ဆက်သွယ် အပ်နှံလိုက်ရအောင်နော်... 👇
🇯🇵 TOKYO HIKARI 合同会社
📞 +81-80- 7949-7736 (Viber 👌)
📩 အသေးစိတ်စုံစမ်းရန်နှင့် ရက်ချိန်းယူရန်: 👇
🇲🇲 Myanmar Office
Tokyo Hikari Japanese Language School
📍 အမှတ် - ၁၅၄၊ ၅လွှာ၊ စမ်းချောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
📞 09-450004848 (Viber 👌)
📞 09-942800016
📌 Japan မှာ Language School တက်ရောက်ဖို့ အသေးစိတ်တိုင်ပင်လိုသူများ Chat box သို့မဟုတ် Viber တွင် ကြိုတင် Appointment (ရက်ချိန်း) ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင် 🙏
🤗ပုံတွေကတော့ Tokyo Hikari Japanese Language School ရဲ့ Intake တိုင်းရဲ့ ကျောင်းဆင်းပွဲတွေက ကျောင်းသား/ကျောင်းသူ တချို့တဝက်ရဲ့ ပုံလေးတွေပါ 🥰
#ဂျပန်သွားချင်သူများ
COE ရရှိကြတဲ့
ကလေးအားလုံးအတွက်
👏👏👏🥰
おめでとうございます!
2026 July Intake Tokyo, Edogawa COE 100% passed 🥰
17/05/2026
🚨 [Update] Tochigi ဓားပြတိုက်လူသတ်မှု - တရားခံ အထက်တန်းကျောင်းသား ၄ ဦးလုံးကို ဖမ်းဆီးရမိပြီ!
မေလ ၁၄ ရက်နေ့က Tochigi ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဒါရိုက်တာ အဖွားအိုသေဆုံးပြီး သားဖြစ်သူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဓားပြတိုက်မှုမှာ ပါဝင်တဲ့ ကျူးလွန်သူ အားလုံးကို ဖမ်းဆီးရမိသွားပြီ ဖြစ်ပါတယ်။
📌 အမှုရဲ့ နောက်ဆုံးရ အချက်အလက်
သစ်များ အရ တရားခံ ၄ ဦးလုံး မိထားပြှဍ အရင်က ၃ ဦးဖမ်းမိထားရာကနေ အခုတော့ ကာဝါဆာကီမြို့မှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးကို ထပ်မံဖမ်းဆီးရမိတဲ့အတွက် စုစုပေါင်း ၁၆ နှစ်အရွယ် လူငယ် ၄ ဦး ဖြစ်သွားပါပြီ။
တရားခံ ၄ ဦးလုံးဟာ Kanagawa ပြည်နယ်မှာ နေထိုင်ကြတဲ့ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားတွေ ဖြစ်ကြပါတယ်။ ဒီထဲက ၂ ဦးကတော့ ကျောင်းတူသူငယ်ချင်း (Classmates) တွေဖြစ်ပြီး ကျန်တဲ့ ၂ ဦးကတော့ ကျောင်းအသီးသီးက ဖြစ်ကြပါတယ်။
သူတို့ဟာ ကားတစ်စီးတည်းနဲ့ အတူလာခဲ့ကြပြီး သံတူရွင်း အစရှိတဲ့ လက်နက်တွေကို ကြိုတင်ပြင်ဆင်လာခဲ့ကြပါတယ်။ အိမ်ရဲ့ ပြတင်းပေါက်မှန်ကို ရိုက်ခွဲပြီးမှ အတင်းဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း CCTV မှတ်တမ်းတွေအရ သိရပါတယ်။
ဂျပန်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီကျောင်းသား ၄ ဦးဟာ "ခိုင်းစေခံရတဲ့ လက်ဝေခံ" တွေသာဖြစ်ပြီး၊ သူတို့ကို Social Media ကတစ်ဆင့် စုဆောင်းခဲ့တဲ့ သူ နဲ့ အဝေးကနေ အမိန့်ပေးနေတဲ့ သူ တွေ ရှိနေသေးတဲ့အတွက် ဆက်လက် လိုက်လံစုံစမ်းနေပါတယ်။
ဂျပန်ရောက် မြန်မာလူငယ်လေးတွေအနေနဲ့ Social Media ပေါ်က 'အလုပ်အမြန်ရမယ်၊ ပိုက်ဆံအများကြီးရမယ်' ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုတွေကို အထူးသတိထားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
#栃木県 #上三川町 #強盗殺人 #闇バイト #ニュース #16歳逮捕 #防犯
16/05/2026
📰 ဂျပန်နိုင်ငံ Tochigi တွင် မိသားစုဝင် ၃ ဦး ဓားပြတိုက် ဓားထိုးခံရမှု - အသက် ၁၆ နှစ်အရွယ် ကျောင်းသား ၃ ဦးကို ဖမ်းဆီးရမိ
မေလ ၁၄ ရက်နေ့က ဂျပန်နိုင်ငံ၊ Tochigi ပြည်နယ်၊ Kaminokawa မြို့ရှိ နေအိမ်တစ်လုံးအတွင်းသို့ လူတစ်စု ဓားပြတိုက် ဝင်ရောက်စီးနင်းခဲ့ပြီး မိသားစုဝင် ၃ ဦးကို တိုက်ခိုက်ခဲ့သည့် ဓားပြတိုက်လူသတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
🚨 ဖြစ်စဉ်အကျဉ်း
အိမ်ထဲကို လူမသမာအုပ်စုက အတင်းဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် အိမ်ရှင်ဖြစ်သူ ကုမ္ပဏီဒါရိုက်တာ အသက် ၆၉ နှစ်အရွယ် အဖွားအို Toyama Eiko ဟာ ရင်ဘတ်ကို ဓားနဲ့အထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ သားဖြစ်သူ ၂ ဦးလည်း ဓားဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
👦 တရားခံတွေက အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေးတွေ ဖြစ်နေခြင်းက အတော်လေး စိတ်ဝင်စားစရာပါပဲ။
ဂျပန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက် ကနဦးအနေနဲ့ Kanagawa ပြည်နယ်၊ Sagamihara မြို့မှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးနဲ့ ကျောင်းသားလို့ ကိုယ့်ကိုယ်ကိုယ် ထွက်ဆိုထားသူ နောက်တစ်ဦး (စုစုပေါင်း ၂ ဦး) ကို ဓားပြတိုက်လူသတ်မှု သံသယနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ထို့နောက် မေလ ၁၆ ရက် (ဒီနေ့) မနက်ပိုင်းမှာပဲ အဆိုပါမြို့မှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားနောက်တစ်ဦးကိုပါ တတိယမြောက် တရားခံ အဖြစ် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးရမိထားတဲ့ တရားခံ ၃ ဦးလုံးဟာ အသက် ၁၆ နှစ်အရွယ် လူငယ်လေးတွေ ချည်းပဲ ဖြစ်နေပါတယ်။
👥 "Yami Baito" (အမှောင်လောက အချိန်ပိုင်းအလုပ်) အဖွဲ့အစည်း ဖြစ်နိုင်ခြေ
ရဲတပ်ဖွဲ့ရဲ့ သုံးသပ်ချက်အရ ဒီကလေးတွေဟာ Social Media ပေါ်ကနေ ပိုက်ဆံအမြန်ရမယ့်Yami Baitoတွေကတစ်ဆင့် အချင်းချင်း ချိတ်ဆက်မိပြီး လူသတ်ဓားပြတိုက်ဖို့ စေခိုင်းခံရတဲ့ ဥပဒေပြင်ပ အမည်မသိ ရာဇဝတ်ဂိုဏ်း ရဲ့ လက်ဝေခံတွေ ဖြစ်
နိုင်တယ်လို့ ယူဆထားပါတယ်။
အခုဖမ်းမိတဲ့ ကလေးတွေက စုံစမ်းစစ်ဆေးမှုကို ထိခိုက်မှာစိုးလို့ သူတို့ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခြင်း ရှိ၊ မရှိကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒီအမှုမှာ နောက်ကွယ်က ကြိုးကိုင်သူတွေနဲ့ ထွက်ပြေးလွတ်မြောက်နေသူတွေ ရှိနေသေးတယ်လို့ ယူဆရတဲ့အတွက် ဂျပန်ရဲတပ်ဖွဲ့က ဆက်လက် အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။
#ဂျပန်သတင်း #ဓားပြတိုက်မှု #အမှောင်လောကအလုပ် #ဂျပန်ရောက်မြန်မာများ
07/05/2026
🚢 အပျော်စီးသင်္ဘော ပေါ်က Hantavirus က ကိုဗစ်လို ကူးစက်နိုင်တာလား?
အခုတလော Social Media မှာ ခေတ်စားနေတဲ့ Hantavirus (ဟန်တာဗိုင်းရပ်စ်) သတင်းဟာ သာမန်သတင်းတစ်ခု မဟုတ်တော့ပါဘူး။ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ခရီးနှင်နေတဲ့ MV Hondius ဆိုတဲ့ ဇိမ်ခံအပျော်စီးသင်္ဘောပေါ်မှာ ခရီးသည်တွေ ရုတ်တရက် သေဆုံးမှု ဖြစ်ပွားခဲ့လို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရတဲ့ သတင်းဆိုးကြီး ဖြစ်လာပါတယ်။
🔍 ဘယ်ကနေ စဖြစ်တာလဲ?
ဒီတစ်ကြော့ ပြန်ဖြစ်လာတဲ့ သတင်းကတော့ အာဂျင်တီးနားကနေ ထွက်ခွာလာတဲ့ MV Hondius အပျော်စီးသင်္ဘောပေါ်မှာ စတင်ခဲ့တာပါ။ သင်္ဘောပေါ်မှာ ခရီးသည် ၃ ဦး သေဆုံးခဲ့ပြီး တွေ့ရှိရတဲ့ မျိုးကွဲက "Andes strain" ဖြစ်ပါတယ်။ ပုံမှန်ဟန်တာဗိုင်းရပ်စ်က ကြွက်ကနေ လူကိုပဲ ကူးစက်တာဖြစ်ပေမဲ့၊ အခုမျိုးကွဲက "လူအချင်းချင်း တိုက်ရိုက်ကူးစက်နိုင်ခြေ" (Human-to-human transmission) ရှိနေလို့ WHO က အထူးစိုးရိမ်နေတာ ဖြစ်ပါတယ်။
❓ ဘာကြောင့် ဖြစ်ရတာလဲ?
ဒီဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် ကြွက်နဲ့ ရှူးပျံတွေ ဆီကနေ လာတာပါ။
• ရှူမိရာမှ ကူးစက်ခြင်း: ကြွက်ချေး၊ ဆီးနဲ့ တံထွေးတွေ ခြောက်သွေ့နေတဲ့နေရာကို သန့်ရှင်းရေးလုပ်ရာကနေ ဗိုင်းရပ်စ်ပါတဲ့ ဖုန်မှုန့်တွေကို ရှူမိရာကနေ အဓိက ကူးစက်ပါတယ်။
• ထိတွေ့မှု: ကြွက်ကိုက်ခံရတာ ဒါမှမဟုတ် ကြွက်ညစ်ပတ်ထားတဲ့ အစာတွေကို စားမိရာကနေ ကူးစက်နိုင်ပါတယ်။
🌡️ ဘယ်လို လက္ခဏာပြပြီး ဘယ်အချိန်မှာ ဆေးရုံသွားရမလဲ?
ရောဂါပိုးဝင်ပြီး ၁ ပတ်ကနေ ၈ ပတ်အတွင်း လက္ခဏာပြတတ်ပါတယ်။
• အစောပိုင်း: ပြင်းထန်စွာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားနာကျင်ခြင်း (ပေါင်၊ ခါး၊ ပုခုံး)။
• အရေးပေါ်အခြေအနေ: အကယ်၍ အသက်ရှူရ အရမ်းခက်ခဲလာရင် (အဆုတ်ထဲ ရေဝင်လာသလို ခံစားရရင်) အချိန်မဆွဲဘဲ အရေးပေါ်ဌာနကို ချက်ချင်း သွားရပါမယ်။ ဒါဟာ အသက်အန္တရာယ စိုးရိမ်ရတဲ့ အဆင့်
ပါ။
🛡️ ဘယ်လို ကာကွယ်ရမလဲ?
၁။ အိမ်တွင်း၊ ဂိုဒေါင်တွင်း ကြွက်မဝင်အောင် ပိတ်ဆို့ပါ။ အစာကို လုံအောင်ဖုံးထားပါ။
၂။ ကြွက်ချေးရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်ရင် ဖုန်မထအောင် ပိုးသတ်ဆေး (သို့မဟုတ်) ရေအရင်ဖျန်းပါ။ နှာခေါင်းစည်း (Mask) နဲ့ လက်အိတ် အမြဲဝတ်ပါ။
၃။ အပြင်ကပြန်လာရင် သို့မဟုတ် ညစ်ပတ်တာတွေ ကိုင်ပြီးရင် လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။
🇯🇵 ဂျပန်မှာရော ဘယ်လိုရှိလဲ?
ဂျပန်မှာရှိတဲ့ မြန်မာတွေအတွက် သတင်းကောင်းကတော့ လက်ရှိ ဂျပန်ပြည်တွင်းမှာ "Domestic Outbreak" (ပြည်တွင်းကူးစက်မှု) မရှိသေးပါဘူး။ အခုဖြစ်နေတာက အာဖရိကကမ်းလွန်က သင်္ဘောပေါ်မှာ ဖြစ်တာပါ။ ဒါပေမဲ့ နိုင်ငံတကာ ခရီးသွားတတ်သူတွေအနေနဲ့တော့ ဗဟုသုတအဖြစ် ကြိုတင်သတိထားဖို့ လိုအပ်ပါတယ်ရှင်။
#ဟန်တာဗိုင်းရပ်စ် #အပျော်စီးသင်္ဘော #ကျန်းမာရေးဗဟုသုတ #ဂျပန်ရောက်မြန်မာများ
05/05/2026
📢 JLPT July Exam - N4 Revision Class is Now Open!
ဇူလိုင်လ N4 စာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသားများအတွက် အထူးသီးသန့် မေးခွန်းဟောင်း လေ့ကျင့်ရေးအတန်းကို ဖွင့်လှစ်လိုက်ပါပြီ ….
✨ သင်တန်းအသေးစိတ် 👇
📌• Duration: 1 Month Intensive
📌• Schedule: Mon, Tue, Wed
📌• Time: 1 pm ~ 3pm
📌• Start Date : 11 May 2026
📌• Focus: JLPT N4 မေးခွန်းဟောင်းများကို အဓိကထား လေ့ကျင့်ပေးခြင်း , Listening 🎧
📌• Fees - 200,000 Kyats
စာမေးပွဲဖြေဆိုတဲ့အခါ အမှားနည်းအောင်နဲ့ အချိန်စီမံခန့်ခွဲတတ်အောင် သေချာသင်ကြားပေးမှာ ဖြစ်ပါတယ်….
JLPT July N4 Exam ကို တစ်ခါတည်းနဲ့ အောင်မြင်ချင်တယ်ဆိုရင် အမြန်လေးအပ်ပေးနော်
သင်တန်းများ အားလုံး
ဒီနေ့ ပြန်ဖွင့်ပါပြီ 🤗
場所
カテゴリー
その学校に問い合わせをする
電話番号
ウェブサイト
住所
東京都 江戸川区
Edogawa-ku, Tokyo