myandemy

myandemy myandemy, 教育, Chuo-kuの連絡先情報、マップ、方向、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。

မဟာဘွဲ့မတိုင်ခင် ဘာလို့ Research Student (研究生) အဖြစ် အရင်တက်သင့်တာလဲ? 🤔🎓🇯🇵အားလုံးပဲ မင်္ဂလာပါရှင်။ 🌸 ပြီးခဲ့တဲ့အပတ်က ဂျပ...
17/08/2026

မဟာဘွဲ့မတိုင်ခင် ဘာလို့ Research Student (研究生) အဖြစ် အရင်တက်သင့်တာလဲ? 🤔🎓🇯🇵

အားလုံးပဲ မင်္ဂလာပါရှင်။ 🌸 ပြီးခဲ့တဲ့အပတ်က ဂျပန်မှာ ဘွဲ့လွန်တက်ဖို့ တက္ကသိုလ်နဲ့ Supervisor ကို ဘယ်လိုရွေးချယ်ခဲ့လဲဆိုတာ မျှဝေပေးခဲ့ပြီးဖြစ်လို့၊ ဒီအပတ်မှာတော့ "သုတေသနကျောင်းသား (Research Student / 研究生) ဆိုတာ ဘာလဲ? ကျောင်းမှာ ဘာတွေလုပ်ရလဲ?" ဆိုတာကို ဆက်ပြီး မျှဝေပေးသွားပါမယ်။ ✨

🔍 Research Student (研究生) ဆိုတာ ဘာလဲ?
ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်အများစုမှာ နိုင်ငံတကာကျောင်းသား (International Students) တွေအနေနဲ့ မဟာဘွဲ့ (Master's Degree) ကို တန်းပြီးမတက်ကြဘဲ၊ မဟာဘွဲ့ ဝင်ခွင့်စာမေးပွဲအတွက် သေချာပြင်ဆင်နိုင်ဖို့ သုတေသနကျောင်းသားအဖြစ် အနည်းဆုံး (၁) နှစ်ကနေ (၂) နှစ်အထိ အရင်ဆုံး တက်ရောက်လေ့ရှိကြပါတယ်။ 📚 ဒါဟာ နိုင်ငံခြားသားကျောင်းသားတွေအတွက် ပုံမှန်ဖြတ်သန်းရတဲ့ လမ်းကြောင်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ 🛤️

✨ ဘာဖြစ်လို့ Research Student အရင်လုပ်ဖို့ လိုအပ်တာလဲ? (ရရှိမယ့် အကျိုးကျေးဇူးများ)
၁။ ဂျပန်ပညာရေးစနစ်နဲ့ အကျွမ်းတဝင်ရှိစေဖို့ 🏫
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ ပညာရေးသင်ကြားမှုစနစ်က တော်တော်လေး ကွာခြားပါတယ်။ Research Student အဖြစ် တက်ရောက်နေတဲ့ ကာလဟာ ဂျပန်တက္ကသိုလ်တွေရဲ့ သင်ကြားရေးစနစ်၊ စာတမ်းပြုစုပုံအဆင့်ဆင့်နဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကို အသားကျသွားအောင် လေ့ကျင့်ယူဖို့ အကောင်းဆုံး အချိန်တစ်ခု ဖြစ်ပါတယ်။ ⏱️

၂။ သုတေသနကို ပိုပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားနိုင်ဖို့ 💡
ဒီကာလမှာ ကိုယ်တကယ် လုပ်ချင်တဲ့ သုတေသနခေါင်းစဉ်နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချိန်ပေးကာ စဉ်းစားခွင့်ရပါတယ်။ 🧠 အလျင်စလို မဟုတ်ဘဲ၊ လိုအပ်တဲ့ စာတမ်းတွေဖတ်ရင်း ကိုယ့်ရဲ့ Research Proposal (သုတေသနအဆိုပြုလွှာ) ကို ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ 📝

၃။ Supervisor နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ 🤝
အရေးအကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ Supervisor နဲ့ မကြာခဏ တွေ့ဆုံဆွေးနွေး (Discuss) ခွင့်ရတာပါပဲ။ 🗣️ ဒီလို ဆွေးနွေးရင်းနဲ့ ဆရာက ကိုယ်တကယ် ဘာကို Research လုပ်ချင်တာလဲ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုက ဘယ်လောက်ရှိလဲ ဆိုတာကို သေချာနားလည်သွားပါတယ်။ 📈

၄။ ဝင်ခွင့်အင်တာဗျူးအတွက် ကြီးမားတဲ့ အားသာချက် 🎯
Supervisor က ကိုယ့်ရဲ့ သုတေသနအကြောင်းကို ကြိုတင်သိရှိနားလည်ထားတဲ့အတွက်၊ တကယ့် မဟာဘွဲ့ ဝင်ခွင့်စာမေးပွဲနဲ့ အင်တာဗျူး (Entrance Exam Interview) ဖြေဆိုတဲ့အခါမှာ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဆရာ့ရဲ့ သင်ကြားမှုစတိုင်လ်ကို သိထားပြီးဖြစ်လို့ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုနိုင်မှာ အသေချာပါပဲ။ ✅

💡 Research Student တစ်ယောက်အနေနဲ့ ကျောင်းမှာ ဘာတွေလုပ်ရလဲ?
လူတော်တော်များများက Research Student ဆိုရင် အေးအေးဆေးဆေးပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ မဟာဝင်ခွင့်အတွက် အောက်ပါအရာတွေကို တက်တက်ကြွကြွ လုပ်ဆောင်ရပါတယ်-

Seminar (ゼミ - Zemi) များ တက်ရောက်ခြင်း: ကိုယ့် Supervisor သင်ကြားတဲ့ အတန်းတွေ၊ Seminar တွေကို ဝင်ရောက်နားထောင်ပြီး တခြားကျောင်းသားတွေ ဘယ်လို Research လုပ်နေလဲဆိုတာ လေ့လာလို့ရပါတယ်။ 👩‍🏫

Literature Review (စာတမ်းများဖတ်ရှုခြင်း): တက္ကသိုလ်စာကြည့်တိုက်ကနေ ကိုယ့် Research နဲ့ပတ်သက်တဲ့ ဂျပန်/အင်္ဂလိပ် စာတမ်းတွေကို ရှာဖွေဖတ်ရှုရပါတယ်။ 📖

Consultation (ဆရာနဲ့ တိုင်ပင်ခြင်း): ကိုယ့်ရဲ့ သုတေသန တိုးတက်မှုအခြေအနေကို ဆရာ့ထံ ပုံမှန် တင်ပြဆွေးနွေးလို့ရပါတယ်။ 💬

အချုပ်ပြောရရင်တော့ Research Student ကာလဆိုတာ အချိန်ဖြုန်းနေတာမဟုတ်ဘဲ၊ မဟာဘွဲ့မှာ ကိုယ်ပိုင်သုတေသနကို အခက်အခဲမရှိ အောင်မြင်စွာ ပြုစုနိုင်ဖို့အတွက် "ပြင်ဆင်နေတဲ့အချိန်" လို့ ဆိုချင်ပါတယ်။ ⏳🎓

ဒီပိုစ့်လေးက Master တက်ဖို့ စဉ်းစားနေတဲ့ သူငယ်ချင်းတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ 🙌

🔜 နောက်အပတ်မှာတော့...
Master ဝင်ခွင့်အတွက် စာမေးပွဲပုံစံ ဘယ်နှစ်မျိုးရှိလဲ၊ လျှောက်ထားမှု လုပ်ငန်းစဉ် (Procedures) တွေနဲ့ လိုအပ်ချက် (Requirements) တွေက ဘာတွေလဲဆိုတာကို အသေးစိတ် ဆက်လက်မျှဝေပေးသွားပါမယ်။ စောင့်မျှော်ဖတ်ရှုပေးကြပါဦးရှင်။ 🥰

🇯🇵 Visa သက်တမ်းတိုးရင် Immigration က စစ်ဆေးတဲ့ 課税・納税証明書 ဆိုတာ ဘာလဲ❓課税証明書 (အခွန်စည်းကြပ်မှုထောက်ခံစာ) နဲ့ 納税証明書 (အခွန်ထမ်...
16/08/2026

🇯🇵 Visa သက်တမ်းတိုးရင် Immigration က စစ်ဆေးတဲ့ 課税・納税証明書 ဆိုတာ ဘာလဲ❓

課税証明書 (အခွန်စည်းကြပ်မှုထောက်ခံစာ) နဲ့ 納税証明書 (အခွန်ထမ်းဆောင်မှုထောက်ခံစာ) ဆိုတာ ဂျပန်မှာ သင် “ဝင်ငွေ (Income) ဘယ်လောက်ရှိခဲ့ပြီး၊ အခွန်ကို စနစ်တကျ ပေးဆောင်ထားသလဲ (သို့မဟုတ် ကင်းလွတ်ခွင့်ရထားသလဲ)” ဆိုတာကို မြို့နယ်ရုံးက တရားဝင် ထုတ်ပေးတဲ့ သက်သေခံစာရွက်စာတမ်းတွေ ဖြစ်ပါတယ်။

📄 課税証明書 (Kazei Shomeisho): လွန်ခဲ့တဲ့ ၁ နှစ်တာ (ဇန်နဝါရီ ၁ ရက် ~ ဒီဇင်ဘာ ၃၁ ရက်) အတွင်း ရရှိခဲ့တဲ့ ဝင်ငွေပမာဏနဲ့ အဲဒီပေါ်မှာ တွက်ချက်ထားတဲ့ နေထိုင်သူအခွန် (住民税 - Juminzei) ပမာဏကို ဖော်ပြထားပါတယ်။
📄 納税証明書 (Nozei Shomeisho): စည်းကြပ်ထားတဲ့ အဲဒီအခွန်ကို ပုံမှန်အတိုင်း ပေးဆောင်ထားခြင်း ရှိ/မရှိ (ကြွေးကျန် မရှိတာကို) ဖော်ပြထားတာ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Immigration - Nyukan) က သင်ဟာ ဂျပန်မှာ တရားဝင် ဝင်ငွေရရှိပြီး အသက်မွေးဝမ်းကျောင်း ပြုနေသလား၊ အခွန်မပေးဘဲ ပျက်ကွက်ထားတာမျိုး ရှိ/မရှိ စစ်ဆေးဖို့အတွက် ဒီစာရွက် (၂) ရွက်ကို အဓိကထား စစ်ဆေးတာ ဖြစ်ပါတယ်။

🚨 ဗီဇာသက်တမ်းတိုးရာတွင် လိုအပ်သော 「課税証明書・納税証明書」 ၏ သတိပြုရန်အချက်များ 🚨
ဗီဇာ (在留資格) သက်တမ်းတိုးခါနီးရင် ကြိုတင်ပြင်ဆင်ထားဖို့ အရမ်းအရေးကြီးပါတယ်! လျှောက်ထားတဲ့အခါ အခက်အခဲမရှိရအောင် အထူးသတိပြုရမယ့် အချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် 💡👇

✨ ၁။ ထုတ်ယူရမယ့် ရုံးနေရာကို သတိပြုပါ! 🏢
ဒီစာရွက်တွေကို လျှောက်ထားတဲ့နှစ်ရဲ့ 「ဇန်နဝါရီလ ၁ ရက်နေ့」 မှာ သင်နေထိုင်ခဲ့တဲ့ မြို့နယ်ရုံး (市役所 / 区役所) မှာပဲ ထုတ်ယူလို့ရပါတယ်။ မကြာသေးမီကမှ မြို့ပြောင်းပြီး အိမ်ပြောင်းထားသူတွေအနေနဲ့ လက်ရှိနေထိုင်နေတဲ့ မြို့နယ်ရုံးမှာ ထုတ်ယူလို့မရနိုင်တာမို့ အထူးသတိပြုပါ။

✨ ၂။ နောက်ဆုံး 「၁ နှစ်စာ」 သက်သေခံစာရွက်ကို ပြင်ဆင်ပါ 🗓️
ပုံမှန်အားဖြင့် "နောက်ဆုံး ၁ နှစ်စာ" လိုအပ်ပေမယ့်၊ ဗီဇာအမျိုးအစား သို့မဟုတ် Immigration ရဲ့ ညွှန်ကြားချက်ပေါ် မူတည်ပြီး ၂ နှစ် ~ ၃ နှစ်စာ တောင်းဆိုတာမျိုးလည်း ရှိပါတယ်။ လိုအပ်တဲ့ နှစ်အရေအတွက်နဲ့ နှစ်အလိုက် သတ်မှတ်ချက် (年度) တွေကို မမှားရအောင် သေချာ ကြိုတင်စစ်ဆေးပါ!

✨ ၃။ အခွန်ပေးဆောင်ရန် 「ပျက်ကွက်ခြင်း / ကြွေးကျန်ရှိခြင်း」 လုံးဝမဖြစ်စေရ! ⚠️
ဒါက အရေးကြီးဆုံးအချက်ပါပဲ! ဝင်ငွေ ဘယ်လောက်ပဲရှိရှိ၊ နေထိုင်သူအခွန် (住民税) ကို မပေးဆောင်ထားရင် သို့မဟုတ် ပေးေချဖို့ နောက်ကျနေရင် ဗီဇာသက်တမ်းတိုး စိစစ်မှုကျရှုံးခြင်း (Visa Reject ဖြစ်ခြင်း) ရဲ့ အဓိကအကြောင်းအရင်း ဖြစ်သွားနိုင်ပါတယ်။ မပေးရသေးတဲ့ အခွန်ကြွေးကျန် ရှိပါက မြို့နယ်ရုံးမှာ အပြည့်အဝ ပေးဆောင်ပြီးမှသာ 納税証明書 ကို ထုတ်ယူပါ။

✨ ၄။ အချိန်ပိုအလုပ်လုပ်ခြင်း (資格外活動違反) ကို သတိပြုပါ! 😨
ကျောင်းသားနဲ့ မှီခိုဗီဇာသမားများအနေနဲ့ 課税証明書 ထဲမှာ ဖော်ပြထားတဲ့ ဝင်ငွေပမာဏမှတစ်ဆင့် "တစ်ပတ်လျှင် ၂၈ နာရီ" ထက် ပိုပြီး အလုပ်လုပ်ထားကြောင်း အလွယ်တကူ ပေါ်လွင်သွားတတ်ပါတယ်။ ဝင်ငွေ အလွန်အမင်း များနေပါကလည်း သံသယဝင်စရာ ဖြစ်လာနိုင်တာမို့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ စနစ်တကျ နေထိုင်လုပ်ကိုင်ကြဖို့ အကြံပြုပါရစေ!
သေချာ ကြိုတင်ပြင်ဆင်ပြီး စိတ်အေးချမ်းသာစွာနဲ့ ဗီဇာလျှောက်ထားနိုင်ကြပါစေ... ✨
Myandemy မှ အမြဲတမ်း အားပေးလျက်ပါ! 🌸

📣 Myandemy မှ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ!
ဂျပန်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ အနာဂတ် အလုပ်အကိုင် (Career) နဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေရင်ပဲဖြစ်ဖြစ်... Myandemy ရဲ့ Messenger (CB) မှာ အခုပဲ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗

#ဂျပန်ပညာတော်သင် #ဂျပန်အခွန်

ဂျပန်မှာ Master တက်ဖို့ ဘယ်ကနေ စတင်ပြင်ဆင်ရမလဲ? 🤔✈️မင်္ဂလာပါ 🙏 ကျွန်မကတော့ ယခုလက်ရှိ တိုကျိုနိုင်ငံခြားဘာသာစကားတက္ကသိုလ်...
15/08/2026

ဂျပန်မှာ Master တက်ဖို့ ဘယ်ကနေ စတင်ပြင်ဆင်ရမလဲ? 🤔✈️
မင်္ဂလာပါ 🙏 ကျွန်မကတော့ ယခုလက်ရှိ တိုကျိုနိုင်ငံခြားဘာသာစကားတက္ကသိုလ် (TUFS) ဘွဲ့လွန်ကျောင်း၊ Global Studies (国際社会コース) မှာ မဟာဘွဲ့ ပထမနှစ် တက်ရောက်နေတဲ့ ကျောင်းသူ Yu ဖြစ်ပါတယ်။ 🌸

ဒီနေ့မှာတော့ ဂျပန်မှာ ဘွဲ့လွန်တက်ရောက်ဖို့ ပြင်ဆင်နေသူတွေအတွက် ရည်ရွယ်ပြီး ကျွန်မ တက္ကသိုလ်ကို ဘယ်လိုရှာခဲ့လဲ ဆိုတဲ့အကြောင်းနဲ့ ကိုယ်နဲ့ကိုက်ညီမယ့် သုတေသနနယ်ပယ်နဲ့ ပါမောက္ခတွေကို ဘယ်လိုစနစ်တကျ ရွေးချယ်ခဲ့လဲဆိုတဲ့ကျွန်မရဲ့အတွေ့အကြုံတွေကိုအသေးစိတ် ပြောပြပေးသွားပါမယ်။ ✨

🏫 Language School ပြီးတော့ ဘာလို့ဘွဲ့လွန်ဆက်တက်ဖို့ ရွေးဖြစ်ခဲ့တာလဲ?
ကျွန်မက ဂျပန်မှာ ဘွဲ့လွန်မလျှောက်ခင် Language School မှာ ၂ နှစ်တက်ခဲ့ပါတယ်။ ⏳ ပုံမှန်ဆိုရင် Language School ပြီးတာနဲ့ အများစုက 専門学校 (College) တွေ၊ ဒါမှမဟုတ် တက္ကသိုလ် (ဘွဲ့ကြို) တွေကို ဆက်တက်ကြတာ များပါတယ်။ ဒါပေမယ့် ကျွန်မကတော့ မြန်မာမှာတုန်းက ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရရှိထားပြီးသား ဖြစ်တဲ့အပြင်၊ အစကတည်းက ဂျပန်မှာ မဟာဘွဲ့ (Master’s Degree) တက်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ 🎓 ဒါကြောင့် Language School ရဲ့ ဒုတိယနှစ်ရောက်တာနဲ့ တက္ကသိုလ်ဘွဲ့လွန်ဝင်ခွင့်အတွက် သေချာစပြီး ပြင်ဆင်ခဲ့ပါတယ်။ 📚

ဂျပန်မှာက နိုင်ငံတကာကျောင်းသားတွေအနေနဲ့ မဟာဘွဲ့ကို တန်းတက်ဖို့ထက်၊ ဝင်ခွင့်စာမေးပွဲ သေချာပြင်ဆင်နိုင်အောင် သုတေသနကျောင်းသား (Research Student / 研究生) အနေနဲ့ အနည်းဆုံး (၁) နှစ်ကနေ (၂) နှစ်အထိ အရင်တက်ရောက်လေ့ရှိပါတယ်။ 📖 ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း မဟာဘွဲ့မတိုင်ခင် Research Student အဖြစ် (၁)နှစ်အရင်ဆုံး စတင်တက်ရောက်ခဲ့ပါတယ်။ 👩‍💻

🧑‍🏫 တက္ကသိုလ်နဲ့ Supervisor (指導教員) ကို ဘယ်လိုရွေးချယ်ခဲ့လဲ?
ဘွဲ့လွန်ကျောင်းနဲ့ ကိုယ့်ကို လမ်းညွှန်ပေးမယ့် ဆရာ (Supervisor) ကို ရှာတဲ့အခါမှာ လူတစ်ယောက်နဲ့တစ်ယောက် ရှာပုံရှာနည်း မတူကြပါဘူး။ 🔍 တချို့က ကိုယ်တက်ချင်တဲ့ မေဂျာနဲ့ နာမည်ကြီးတဲ့ ကျောင်းကို အရင်ရွေးပြီးမှ ဆရာရှာကြသလို၊ တချို့ကျတော့လည်း ကိုယ်နဲ့ကိုက်ညီမယ့် ဆရာကို အရင်ရှာပြီးမှ အဲ့ဒီဆရာရှိတဲ့ ကျောင်းကို လျှောက်ကြပါတယ်။ 🏫 ကျွန်မကတော့ အရင်က Exchange အနေနဲ့လာဖူးတဲ့ Tokyo University of Foreign Studies (TUFS) ကို အရင်ဆုံး ရွေးချယ်ဖြစ်ခဲ့တဲ့အထဲမှာ ပါပါတယ်။ ❤️

ကျွန်မ လေ့လာချင်တဲ့ သုတေသနနယ်ပယ် (Research Field) ကတော့ ယဥ်ကျေးမှု မနုဿဗေဒ (Cultural Anthropology / 文化人類学) ပါ။ အထူးသဖြင့် ဂျပန်ရိုးရာပွဲတော်တွေ (Japanese Traditional Festivals) အကြောင်းကို သုတေသန လုပ်ချင်တာပါ။ ကျွန်မအနေနဲ့ကတော့ Exchange ကျောင်းသူဘဝမှာကတည်းက Cultural Anthropology နယ်ပယ်က ဆရာတချို့နဲ့ ရင်းနှီးပြီးသားဖြစ်နေတာက အားသာချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ✨
အဲ့ဒီဆရာတွေကနေတစ်ဆင့် ကျွန်မရဲ့ သုတေသနနဲ့ အကိုက်ညီဆုံးဖြစ်မယ့် လက်ရှိ Supervisor ကို Recommend ပေးခဲ့တာပါ။ ဒါကြောင့် ကိုယ့်အတွက် လမ်းညွှန်ပေးမယ့် ဆရာရှာရတာ ပိုပြီး လွယ်ကူသွားခဲ့ပါတယ်။ ✅

ဆရာတွေက Recommend ပေးတယ်ဆိုပေမယ့် ကိုယ်တိုင်လည်း သေချာလေ့လာဆုံးဖြတ်ဖို့ လိုတာကြောင့် TUFS ရဲ့ Website ကနေ ထပ်ပြီး လေ့လာရှာကြည့်ခဲ့ပါတယ်။ 💻
ပထမဆုံးအနေနဲ့ TUFS ရဲ့ Website ထဲက ဘွဲ့လွန်သင်တန်း (大学院総合国際学研究科) ရဲ့ 教員紹介 (ဆရာ၊ ဆရာမတွေရဲ့ မိတ်ဆက်) Page ကို သွားလိုက်ပါတယ်။ 🌐
အဲ့ဒီကနေမှ ကိုယ့်ရဲ့ မေဂျာ အောက်မှာရှိတဲ့ ဆရာတွေရဲ့ စာရင်းကို အရင်ဆုံး ဝင်ကြည့်ခဲ့တာပါ။ 📋
ဆရာတစ်ယောက်ချင်းစီရဲ့ Profile ကို ဝင်ကြည့်ပြီး သူတို့ ဘယ်လိုနယ်ပယ်တွေမှာ ကျွမ်းကျင်လဲ၊ ဘယ်လိုစာတမ်းတွေ (論文 - Papers) ရေးဖူးလဲဆိုတာရယ်၊ 業績リスト (Research Achievements) လေးတွေကို အသေးစိတ် ဖတ်ကြည့်ပါတယ်။ 📄
ပြီးတော့မှ ကိုယ်လုပ်ချင်တဲ့ Research အတွက် အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ့် ဆရာကို ဆုံးဖြတ်ခဲ့တာပါ။ 🎯

🗓️ ဘယ်လောက်ကြိုပြီး ပြင်ဆင်ခဲ့လဲ? ဆက်သွယ်မှုနဲ့ လိုအပ်ချက်များ
ဒီလိုမျိုး ကျောင်းနဲ့ ဆရာရှာတာ၊ လိုအပ်ချက်တွေ ပြင်ဆင်တာတွေကို ကျွန်မက ကျောင်းဝင်ခွင့်မလျှောက်ခင် (၁) နှစ်လောက်ကြိုပြီး စတင်ပြင်ဆင်ခဲ့ပါတယ်။ ⏳

ဆရာကို သေချာရွေးချယ်ပြီးသွားတဲ့အခါမှာတော့ ပထမဆုံးအနေနဲ့ ဆရာ့ဆီကို Email ပို့ပြီး ကျွန်မလုပ်ချင်တဲ့ သုတေသနအကြောင်း ဆွေးနွေးခဲ့ပါတယ်။ 📧 ပြီးတော့ ကျွန်မကြိုရေးထားတဲ့ သုတေသနစာတမ်းမူကြမ်း (Draft Research Plan) ကိုပါ တစ်ခါတည်း ပို့ပေးခဲ့ပါတယ်။ 📝 ဆရာ့ဆီကနေ လက်ခံပါတယ်ဆိုတဲ့ အကြောင်းပြန်စာ (Acceptance) ရပြီးတဲ့နောက်မှာတော့ ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဆက်ပြီး ပြင်ဆင်ခဲ့ပါတယ်။ 📑

⚠️ သတိထားရမည့်အချက်: ဆရာ (Supervisor) က တောင်းတဲ့ သတ်မှတ်ချက်နဲ့ ကျောင်းဝင်ခွင့်အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေက မတူပါဘူး။ ဒါကြောင့် နှစ်ခုလုံးနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ လိုပါတယ်။ Supervisor ကတောင်းတဲ့သတ်မှတ်ချက်ကလည်း Supervisor ပေါ်မူတည်ပြီးကွဲပြားပါတယ်။ ⚖️

⏰ လျှောက်လွှာတင်ရမယ့် ကာလ (Deadline)
Research Student အတွက် လျှောက်လွှာပိတ်ရက် (Deadline) တွေက များသောအားဖြင့်...
🌸 ဧပြီလကျောင်းဝင်ခွင့် (Spring Entry): ယခင်နှစ်ရဲ့ အောက်တိုဘာ/နိုဝင်ဘာလ ဝန်းကျင်
🍁 အောက်တိုဘာလကျောင်းဝင်ခွင့် (Fall Entry): အဲ့ဒီနှစ်ရဲ့ ဧပြီ/မေလ ဝန်းကျင် မှာ ပိတ်လေ့ရှိပါတယ်။

နှစ်အလိုက် ရက်အပြောင်းအလဲလေးတွေ ရှိနိုင်တာမို့ ကိုယ်လျှောက်မယ့်ကျောင်းနဲ့ အချိန်ရဲ့ တိကျတဲ့ Deadline ကိုတော့ ကျောင်းရဲ့ Official Website မှာ အမြဲဝင်ရောက်စစ်ဆေးဖို့ အကြံပေးချင်ပါတယ်။ 🌐✅

💡 Tips for those preparing:
ဒီလိုမျိုး ဆရာရှာတာ၊ Paper တွေဖတ်တာက အချိန်တော်တော်ပေးရတဲ့အတွက် ကျောင်းမလျှောက်ခင် ၆ လ (သို့မဟုတ်) ၁ နှစ်လောက်ကြိုပြီး ပြင်ဆင်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။ ⏱️ ဘယ်ကနေစလုပ်ရမလဲမသိတဲ့သူတွေအတွက် ကိုယ်စိတ်ဝင်စားတဲ့ ကျောင်းတွေကလုပ်တဲ့ Open Campus တွေကို တက်ရောက်တာဖြစ်ဖြစ်၊ ကိုယ်လေ့လာချင်တဲ့ ဆရာ့ဆီကို Email ကနေတစ်ဆင့် ကြိုတင်ဆက်သွယ်ကြည့်တာမျိုးတွေ လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 🤝

ဒီပိုစ့်လေးက ဂျပန်မှာ ဘွဲ့လွန်တက်ဖို့ ပြင်ဆင်နေတဲ့ သူငယ်ချင်းတွေအတွက် အနည်းငယ်ပဲဖြစ်ဖြစ် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ ကိုယ်နဲ့ကိုက်ညီမယ့် ကျောင်းနဲ့ ဆရာကို ရှာတွေ့နိုင်ကြပါစေရှင်။ 🌟🙌

🔜 နောက်အပတ်မှာတော့...
သုတေသနကျောင်းသား (Research Student / 研究生) ဆိုတာ ဘာလဲ၊ Research Student တစ်ယောက်အနေနဲ့ ကျောင်းမှာ ဘာတွေလုပ်ရလဲ ဆိုတဲ့အကြောင်းတွေကို ပိုပြီး အသေးစိတ် ဆက်လက် မျှဝေပေးသွားပါမယ်။ စောင့်မျှော်ဖတ်ရှုပေးကြပါဦးရှင်။ 🥰📖

💡 အလုပ်လုပ်ရင်း N2 ဖြေမယ့်သူတွေအတွက် စာမရမှာ၊ အတန်းချိန်မမီမှာ စိတ်ပူစရာမလိုတဲ့ N2 Online Class 💡Myandemy ရဲ့ N2 အတန်းက ...
14/08/2026

💡 အလုပ်လုပ်ရင်း N2 ဖြေမယ့်သူတွေအတွက် စာမရမှာ၊ အတန်းချိန်မမီမှာ စိတ်ပူစရာမလိုတဲ့ N2 Online Class 💡

Myandemy ရဲ့ N2 အတန်းက အလုပ်ရှုပ်တဲ့သူတွေအတွက် အထူးရည်ရွယ်ပြီး ဖွင့်လှစ်ထားတာပါ။
အတန်းချိန် (၉၀) မိနစ်အတွင်းမှာတင် ဝေါဟာရနဲ့ ခန်ဂျီးတွေကို App အသုံးပြုပြီး သေချာပေါက် မှတ်မိသွားအောင် အတူတူ လေ့ကျင့်ပေးသွားမယ့် သင်တန်းဖြစ်ပါတယ်။
"အတန်းချိန် ပုံမှန်မတက်နိုင်ရင်ရော?" 😥
စိတ်မပူပါနဲ့! အလုပ်ရှုပ်လို့ လွတ်သွားတဲ့ရက်တွေဆိုရင် Video Class (Recordings) တွေကနေ ပြန်ကြည့်ပြီး အလွယ်တကူ Catch up လုပ်နိုင်ပါတယ်။ Video Class သီးသန့်ပဲ ဈေးသက်သာစွာနဲ့ တက်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

✨ သင်တန်းမှာ ဘာတွေပါလဲ? ✨
✅ N1 အောင်မြင်ထားသော မြန်မာဆရာမ နှင့် ဂျပန်လူမျိုးဆရာ ပူးပေါင်းသင်ကြားခြင်း 🇲🇲🇯🇵
Grammar, Kanji နဲ့ Vocab အပိုင်းတွေကို JLPT Level (N1) အောင်မြင်ထားတဲ့ မြန်မာဆရာမက သေချာ ရှင်းပြသင်ကြားပေးမှာပါ။ မြန်မာကျောင်းသားတွေ အမှားများတဲ့အချက်တွေ၊ မှတ်ရခက်တဲ့ နေရာတွေကို နားလည်ပြီး အလွယ်ဆုံးနည်းနဲ့ ထိထိရောက်ရောက် သင်ပေးနိုင်ပါတယ်။ အခက်ဆုံး Reading အပိုင်းကိုတော့ ဂျပန်ဆရာ Satoshi ကိုယ်တိုင် သင်ကြားပေးမှာမို့ အဖြေရှာနည်းတွေကို သေချာပေါက် တတ်မြောက်မှာပါ။
✅ အပြည့်စုံဆုံး Database မှတ်စု: Shinkanzen နဲ့ Soumatome တို့လို စာအုပ်တွေပေါင်းထားတဲ့ Myandemy ရဲ့ မှတ်စုနဲ့ပဲ သင်ပေးမှာပါ။
✅ မေးခွန်းဟောင်းအတန်း အခမဲ့: ၁၁ လပိုင်း "မေးခွန်းဟောင်း ဖြေဆိုနည်းအတန်း" ကိုပါ အခမဲ့ (Free) သင်ကြားပေးသွားပါမယ်။
⏰ သင်တန်းချိန် - တစ်ပတ် (၃) ရက်၊ ည 20:00 ~ 21:30
📆သင်တန်းကာလ - ဩဂုတ်လ(၂၄)ရက်မှ နိုဝင်ဘာလကုန်ထိ
💰 သင်တန်းကြေး -
🔸 Zoom Class: ယန်း ၂၀,၀၀၀ (လူဦးရေကန့်သတ်ထား)
🔸 Video Class (သီးသန့်): ယန်း ၈,၀၀၀ဝန်းကျင်
လူဦးရေ ကန့်သတ်ထားလို့ မပြည့်ခင် အခုပဲ messengerကနေဆက်သွယ်ပြီး စာရင်းသွင်းလိုက်ပါ 👇

language

💡 အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း N2 ကို ထိထိရောက်ရောက် ဘယ်လိုလေ့လာကြမလဲ?ဂျပန်မှာ နေထိုင်သူတွေအတွက် အကြီးမားဆုံး ပြဿနာက "အ...
13/08/2026

💡 အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း N2 ကို ထိထိရောက်ရောက် ဘယ်လိုလေ့လာကြမလဲ?
ဂျပန်မှာ နေထိုင်သူတွေအတွက် အကြီးမားဆုံး ပြဿနာက "အချိန်မရှိတာ" နဲ့ "အလုပ်ပင်ပန်းလို့ စာမလုပ်နိုင်တာ" ပါပဲ။
ဒါဆို N2 လို ခက်ခဲတဲ့ စာမေးပွဲကို တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် ဘယ်လို ပြင်ဆင်သင့်လဲ? အောက်ပါ အချက် (၃) ချက်ကို စမ်းကြည့်ပါ -

၁။ စာအုပ်တွေ အများကြီးမဖတ်ဘဲ လိုရင်းကိုပဲ ကျက်ပါ 📚
N2 မှာ ဝေါဟာရ (Vocabulary) တွေက အရမ်းများပါတယ်။ စာအုပ်အမမ ဝယ်ပြီး ဟိုလှန်ဒီလှန် လုပ်နေမယ့်အစား၊ စာမေးပွဲမှာ တကယ်ထွက်လေ့ရှိတဲ့ စကားလုံးတွေ စုစည်းထားတဲ့ မှတ်စု (သို့) စာအုပ် တစ်အုပ်တည်းကိုပဲ အထပ်ထပ် လေ့လာတာက အချိန်ကုန်သက်သာပြီး ပိုထိရောက်ပါတယ်။

၂။ စာကျက်ဖို့ အချိန်မရရင်တောင် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပါ ✍️
အလွတ်ကျက်ရုံနဲ့ မရဘဲ မေးခွန်းပုံစံကို ရင်းနှီးနေဖို့ လိုပါတယ်။ စာကြည့်စားပွဲမှာ ထိုင်ဖို့ အချိန်မရရင်တောင် ဖုန်းထဲကနေဖြစ်ဖြစ် လေ့ကျင့်ခန်း (Exercises) တွေကို နေ့စဉ် အနည်းဆုံး နည်းနည်းစီ လုပ်ဖြစ်အောင် လုပ်ပါ။

၃။ Reading အတွက် Key Point ကို ရှာဖွေဖြေဆိုနည်း လေ့လာပါ 🧠
Reading အပိုင်းမှာ စာကြောင်းတွေကို အစအဆုံး လိုက်ဖတ်ပြီး ဘာသာပြန်နေတာထက်၊ မေးခွန်းရဲ့ Key Point ကို ဘယ်လိုရှာပြီး အချိန်တိုအတွင်းမှာ အဖြေမှန်ကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ရှာနိုင်မလဲဆိုတဲ့ နည်းလမ်း (Technique) တွေကို သိထားဖို့ လိုပါတယ်။

🎯 ဒီအချက်တွေအတိုင်း သေချာလေ့လာချင်ပေမယ့် ကိုယ့်ဘာသာ စီစဉ်ဖို့ အချိန်မရဘူး ဖြစ်နေလား?
ဒါဆိုရင်တော့ ဒီအချက် (၃) ချက်စလုံးနဲ့ ကိုက်ညီအောင် အထူးစီစဉ်ထားတဲ့ Myandemy ရဲ့ N2 Online Class ကို တက်ရောက်ဖို့ အကြံပေးချင်ပါတယ်။

✨ Myandemy မှာဆိုရင်...
Tip 1 အတိုင်း: ဝေါဟာရအတွက် Shinkanzen နဲ့ Soumatome တို့လို နာမည်ကြီးစာအုပ်တွေပေါင်းထားတဲ့ အပြည့်စုံဆုံး Vocabulary Database မှတ်စု တစ်ခုတည်းနဲ့ပဲ သင်ပေးမှာမို့ အခြားစာအုပ်တွေ ထပ်ဝယ်စရာ မလိုတော့ပါဘူး။
Tip 2 အတိုင်း: အတန်းချိန် ၉၀ မိနစ်အတွင်းမှာတင် App ကို အသုံးပြုပြီး လေ့ကျင့်ခန်းတွေ အတူတူလုပ်မှာမို့ သီးသန့် အချိန်ထပ်ပေးစရာ မလိုဘဲ ပုံမှန် လေ့ကျင့်ဖြစ်သွားပါမယ်။
Tip 3 အတိုင်း: အချိန်အများဆုံးပေးရတဲ့ Reading အပိုင်းကို ဂျပန်လူမဆရာ Satoshi ကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပြီး၊ စာပိုဒ်တွေထဲက Key Point တွေကို ဘယ်လိုရှာပြီး အချိန်တိုအတွင်း အဖြေမှန်ကို ဘယ်လိုရွေးချယ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို အသေအချာ လေ့ကျင့်သင်ကြားပေးသွားမှာပါ။
Bonus: ၁၁ လပိုင်းမှာ ဖွင့်မယ့် "မေးခွန်းဟောင်း ဖြေဆိုနည်းအတန်း" ကိုပါ Free သင်ပေးသွားမှာပါ။

⏰ သင်တန်းချိန် - တစ်ပတ် (၃) ရက်၊ ည 20:00 ~ 21:30
💰 သင်တန်းကြေး -
🔸 Zoom Class: ယန်း ၂၀,၀၀၀ (လူဦးရေကန့်သတ်ထား)
🔸 Video Class (Record သီးသန့်): ယန်း ၈,၀၀၀ (အချိန်မရလို့ အေးဆေးပြန်ကြည့်ချင်သူများအတွက်)

N2 ကို ထိထိရောက်ရောက်နဲ့ သေချာပေါက် အောင်ချင်တယ်ဆိုရင် အခုပဲ စာရင်းသွင်းလိုက်ပါနော်!!

🇯🇵 "လက်ငင်း (Cash) ရတဲ့အလုပ်ဆိုရင် အခွန်စာရင်းထဲ မဝင်ဘူး၊ ဘာမှမဖြစ်ဘူး" ဆိုတာ တကယ့်အယူအမှားကြီးပါ! 💸❌ဂျပန်မှာ လက်ပေး လုပ...
12/08/2026

🇯🇵 "လက်ငင်း (Cash) ရတဲ့အလုပ်ဆိုရင် အခွန်စာရင်းထဲ မဝင်ဘူး၊ ဘာမှမဖြစ်ဘူး" ဆိုတာ တကယ့်အယူအမှားကြီးပါ! 💸❌
ဂျပန်မှာ လက်ပေး လုပ်တဲ့ အချိန်ပိုင်းအလုပ်တွေဟာလည်း အခွန်ရုံး (税務署) နဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (入管 - Nyukan) ဆီကို ကျိန်းသေ ပေါ်သွားနိုင်တဲ့ အကြောင်းအရင်း (၅) ချက် ကို သတိပေး မျှဝေလိုက်ပါတယ်။

၁။ ကုမ္ပဏီ/ဆိုင်ဘက်က စာရင်းပြရလို့ (経費計上) 🏢
ဆိုင်ရှင် ဒါမှမဟုတ် အလုပ်ရှင်က သင့်ကို လုပ်အားခပေးလိုက်ရင် သူတို့ဘက်ကလည်း "အလုပ်သမားခ စရိတ် (人件費)" ဆိုပြီး စာရင်းပြမှ အခွန်သက်သာမှာပါ။ အလုပ်ရှင်က အဲဒီလို စာရင်းပြလိုက်တာနဲ့ သင့်နာမည်၊ လိပ်စာနဲ့ ရရှိခဲ့တဲ့ ဝင်ငွေပမာဏဟာ အခွန်ရုံးဆီကို တိုက်ရိုက်ရောက်သွားပါတယ်။

၂။ ဘဏ်အကောင့်ထဲ ပိုက်ဆံသွင်းလိုက်တဲ့အခါ (銀行口座の履歴) 🏦
လက်ထဲ ရလာတဲ့ Cash ကို ဘဏ်အကောင့်ထဲ ခဏခဏ သွားထည့်တာ၊ ဒါမှမဟုတ် အိမ်ကို ပိုက်ဆံပြန်ပို့ဖို့ ငွေလွှဲ App တွေကနေတစ်ဆင့် လွှဲလိုက်တဲ့အခါ စာရင်း (Record) ကျန်ရစ်ခဲ့ပါတယ်။ အခွန်ရုံးဟာ သံသယရှိရင် ဘဏ်အကောင့် စာရင်းတွေကို တရားဝင် စစ်ဆေးပိုင်ခွင့် ရှိပါတယ်။

၃။ မြို့နယ်ရုံး စာရင်းစစ်ဆေးခြင်း (住民税・課税証明書) 📄
ဗီဇာသက်တမ်းတိုးတဲ့အခါဖြစ်ဖြစ်၊ ကျန်းမာရေးအာမခံ (Hoken) လျှောက်တဲ့အခါဖြစ်ဖြစ် မြို့နယ်ရုံးကထုတ်ပေးတဲ့ Tax Certificate (課税証明書) လိုအပ်ပါတယ်။ ဆိုင်ဘက်က စာရင်းပို့ထားရင် ဒီစာရင်းမှာ ဝင်ငွေတွေ အကုန်ပေါ်နေမှာဖြစ်ပြီး၊ မပို့ထားရင်လည်း "ဝင်ငွေမရှိဘဲ ဂျပန်မှာ ဘယ်လိုရပ်တည် နေထိုင်နေတာလဲ" ဆိုပြီး မသင်္ကာမှုနဲ့ စစ်ဆေးခံရနိုင်ပါတယ်။

၄။ ဆိုင်ကို အခွန်ရုံးက ဝင်ရောက်စစ်ဆေးခြင်း (税務調査) 🕵️‍♂️
အခွန်ရုံးက သင်လုပ်နေတဲ့ ဆိုင်/ကုမ္ပဏီကို ရုတ်တရက် ဝင်စစ်တဲ့အခါ (Tax Audit) ဘယ်သူ့ကို Cash ဘယ်လောက်ပေးထားလဲဆိုတဲ့ ပြေစာနဲ့ စာအုပ်တွေကို စစ်ဆေးပါတယ်။ အဲဒီအခါမှာ သင်ရယူထားတဲ့ ဝင်ငွေတွေ အကုန်ပေါ်ထွက်သွားပါတယ်။

၅။ အချင်းချင်း သတင်းပေးတိုင်ကြားခံရခြင်း (Internal Reports) 📞
ဝမ်းနည်းစရာကောင်းပေမဲ့ အတူတူလုပ်တဲ့သူတွေ၊ ဒါမှမဟုတ် သိတဲ့သူတွေက အခွန်ရုံး သို့မဟုတ် ညူးကန်း (Nyukan) ဆီကို သတင်းပေးတိုင်ကြားရာမှတစ်ဆင့် တရားဝင် လာရောက်စစ်ဆေးခံရပြီး မိသွားတာမျိုးလည်း ခဏခဏ ရှိပါတယ်။

⚠️ အနှစ်ချုပ် သတိပေးချက်
Cash နဲ့ရလို့ အခွန်မမိဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် လှည့်စားထားရုံပဲ ရှိပါတယ်။ အထူးသဖြင့် ကျောင်းသား/မှီခို ဗီဇာသမားတွေအနေနဲ့ တစ်ပတ် ၂၈ နာရီထက် ပိုလုပ်မိရင် (Overwork) ဒါမှမဟုတ် ဝင်ငွေလိမ်လည်ထားရင် ဗီဇာသက်တမ်းတိုးလို့ မရတော့ဘဲ ပြည်နှင်ဒဏ် (Deport) အထိ ဖြစ်သွားနိုင်တာမို့ တရားဝင် စာရင်းဇယားမှန်မှန်နဲ့ လုပ်ကိုင်တာ အစိတ်ချရဆုံးပါပဲဗျာ။

📣 Myandemy မှ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ!
ဂျပန်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ အနာဂတ် အလုပ်အကိုင် (Career) နဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေရင်ပဲဖြစ်ဖြစ်... Myandemy ရဲ့ Messenger (CB) မှာ အခုပဲ လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗

#ဂျပန်ပညာတော်သင် #ဂျပန်အခွန် #အချိန်ပိုင်းအလုပ်

ဂျပန်မှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ကျောင်းဆက်တက်ဖို့ပဲဖြစ်ဖြစ် အခုနောက်ပိုင်း N2 ရဲ့ လိုအပ်ချက်က ပိုပိုပြီး မြင့်တက်လာနေတ...
11/08/2026

ဂျပန်မှာ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ကျောင်းဆက်တက်ဖို့ပဲဖြစ်ဖြစ် အခုနောက်ပိုင်း N2 ရဲ့ လိုအပ်ချက်က ပိုပိုပြီး မြင့်တက်လာနေတာကို သတိထားမိပါသလား? 🤔

အရင်က N3 လောက်နဲ့ အလုပ်ရှာလို့ ရခဲ့ပေမယ့်၊ အခုဆိုရင် Work Visa နဲ့ အလုပ်လုပ်မယ်ဆိုရင်တောင် "အနည်းဆုံး N2 ရှိထားမှ" ဆိုပြီး သတ်မှတ်လာတဲ့ ကုမ္ပဏီတွေ အရမ်းများလာပါပြီ။ ဒါ့အပြင် တက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းကျောင်း (Senmon) တွေ ဆက်တက်ဖို့အတွက်လည်း N2 က မရှိမဖြစ် လိုအပ်ပါတယ်။

ပြောရမယ်ဆိုရင် ဂျပန်မှာ ကိုယ့်ရဲ့ အခွင့်အလမ်းတွေကို ပိုကျယ်ပြန့်လာစေဖို့နဲ့ ပိုကောင်းတဲ့ ဘဝကို တည်ဆောက်ဖို့အတွက် N2 ဆိုတာ မဖြစ်မနေ လိုအပ်တဲ့ "Master Key 🔑" တစ်ခု ဖြစ်လာနေပါပြီ။
လိုအပ်ချက်တွေ ဒီလောက်တောင် မြင့်တက်လာနေတဲ့ အခုလိုအချိန်မှာ N2 ကို သေချာပေါက် အောင်မြင်အောင် အတူတူ ကြိုးစားကြပါစို့! 💪

ဒီလို အရေးကြီးတဲ့ N2 ကို ဂျပန်ရောက် မြန်မာလူမျိုးတိုင်း သေချာပေါက် အောင်မြင်ဖို့အတွက် Myandemy ကနေ အထူးပြင်ဆင်ထားတဲ့ N2 Online Class ကို ဖွင့်လှစ်လိုက်ပါပြီ! 🎉 ပုံမှန် ၃-၄ သောင်းယန်း ကျသင့်မယ့်သင်တန်းကို အထူးဈေးနှုန်းနဲ့ တက်ရောက်နိုင်မှာပါ။

🌟 Myandemy သင်တန်းရဲ့ အဓိက အားသာချက်များ 🌟
1️⃣ N1 အောင်မြင်ထားသော မြန်မာဆရာမ နှင့် ဂျပန်လူမျိုးဆရာ ပူးပေါင်းသင်ကြားခြင်း 🇲🇲🇯🇵
Grammar, Kanji နဲ့ Vocab အပိုင်းတွေကို JLPT Level (N1) အောင်မြင်ထားတဲ့ မြန်မာဆရာမက သေချာ ရှင်းပြသင်ကြားပေးမှာပါ။ မြန်မာကျောင်းသားတွေ အမှားများတဲ့အချက်တွေ၊ မှတ်ရခက်တဲ့ နေရာတွေကို နားလည်ပြီး အလွယ်ဆုံးနည်းနဲ့ ထိထိရောက်ရောက် သင်ပေးနိုင်ပါတယ်။ အခက်ဆုံး Reading အပိုင်းကိုတော့ ဂျပန်ဆရာ Satoshi ကိုယ်တိုင် သင်ကြားပေးမှာမို့ အဖြေရှာနည်းတွေကို သေချာပေါက် တတ်မြောက်မှာပါ။

2️⃣ အပြည့်စုံဆုံး ဝေါဟာရ (Vocabulary) Database မှတ်စု 📖
"Shinkansen", "Soumatome" စတဲ့ နာမည်ကြီး N2 စာအုပ်တွေထဲက ဝေါဟာရ (Vocabulary) တွေကို သီးသန့်ပေါင်းထားတဲ့ Database မှတ်စုနဲ့ သင်ကြားပေးမှာပါ။ ဝေါဟာရအတွက်ဆိုရင် အခြားစာအုပ် ထပ်ဝယ်စရာမလိုဘဲ ဒီတစ်အုပ်တည်းနဲ့တင် လုံးဝ ပြည့်စုံပါတယ်။

3️⃣ အတန်းထဲမှာတင် App သုံးပြီး လေ့ကျင့်မယ် 📱
စာတွေကို အိမ်စာချည်းသက်သက် မထားဘဲ၊ အတန်းချိန်အတွင်းမှာတင် App ကို အသုံးပြုပြီး ဝေါဟာရနဲ့ ခန်ဂျီးတွေကို အတူတူ လေ့ကျင့်မှတ်သားကြမှာဖြစ်လို့ ပိုပြီး မှတ်မိလွယ်စေပါတယ်။

4️⃣ မေးခွန်းဟောင်းအတန်း အခမဲ့ 🎁
၁၁ လပိုင်းမှာ ဖွင့်မယ့် "မေးခွန်းဟောင်း လေ့ကျင့်ရေးအတန်း" ကိုပါ Free ထပ်ဆောင်း သင်ပေးသွားမှာပါ။

📅 အချိန် - တစ်ပတ် (၃) ရက်(တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ) ည 20:00 ~ 21:30 (ဂျပန်အချိန်)
💰 သင်တန်းကြေး
🔸 Zoom Class: ယန်း ၂၀,၀၀၀
🔸 Video Class (Record သီးသန့်): ယန်း ၈,၀၀၀ (အတန်းချိန် ပုံမှန်မတက်နိုင်လို့ အေးဆေးအချိန်ရမှ ပြန်ကြည့်ချင်သူများအတွက်)

ကိုယ့်ရဲ့ အနာဂတ်အတွက် N2 ကို သေချာပေါက် အောင်ချင်တယ်ဆိုရင် အခုပဲ CBကဆက်သွယ်ပြီး စာရင်းသွင်းလိုက်ပါ 👇

🇯🇵 ဂျပန်မှာ အလုပ်လုပ်နေသူတိုင်း မဖြစ်မနေ သိမ်းထားရမယ့် 「源泉徴収票」 စာရွက်ဆိုတာ ဘာလဲ? 📄✨ဂျပန်မှာ အလုပ်လုပ်နေသူတိုင်းအတွက် 源泉徴...
09/08/2026

🇯🇵 ဂျပန်မှာ အလုပ်လုပ်နေသူတိုင်း မဖြစ်မနေ သိမ်းထားရမယ့် 「源泉徴収票」 စာရွက်ဆိုတာ ဘာလဲ? 📄✨
ဂျပန်မှာ အလုပ်လုပ်နေသူတိုင်းအတွက် 源泉徴収票 (ဝင်ငွေခွန် ဖြတ်တောက်မှု သက်သေခံလက်မှတ်) ဆိုတာ မရှိမဖြစ် အရမ်းအရေးပါတဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။
"ဒါက ခွန်ရုံးအတွက်ပဲ လိုတာမလား" ဆိုပြီး ပေါ့ပေါ့ဆဆ ပစ်ထားလို့ လုံးဝမရပါဘူးနော်! ဘာလို့ သေချာ သိမ်းဆည်းထားရသလဲဆိုတာကို ပြောပြပေးသွားပါမယ်👇
💡 源泉徴収票 ဆိုတာ ဘာလဲ?
လွယ်လွယ်ပြောရရင် "တစ်နှစ်တာအတွင်း သင်ရရှိခဲ့တဲ့ စုစုပေါင်းဝင်ငွေနဲ့ ပေးဆောင်ခဲ့တဲ့ အခွန်ပမာဏ" ကို ကုမ္ပဏီက တရားဝင် မှတ်တမ်းတင်ပေးထားတဲ့ စာရွက်ဖြစ်ပါတယ်။ 📊 ပုံမှန်အားဖြင့် နှစ်စဉ် ၁၂ လပိုင်း (သို့) ၁ လပိုင်း မှာ ကုမ္ပဏီကနေ ထုတ်ပေးလေ့ရှိပါတယ်။
🔒 ဘာကြောင့် သေချာ သိမ်းထားရတာလဲ?
ဒီစာရွက်က သင့်ရဲ့ "တရားဝင် ဝင်ငွေအထောက်အထား" ဖြစ်တာကြောင့် အောက်ပါအခြေအနေတွေမှာ အဓိက လိုအပ်ပါတယ် -
၁။ ဗီဇာသက်တမ်းတိုးခြင်း သို့မဟုတ် ဗီဇာအမျိုးအစားပြောင်းခြင်း 🛂
ဂျပန် လူဝင်မှုကြီးကြပ်ရေးမှာ ဗီဇာလျှောက်ထားတဲ့အခါ သင်ဟာ ဂျပန်မှာ တရားဝင် ဝင်ငွေရှိပြီး ပုံမှန်နေထိုင်နေသူဖြစ်ကြောင်း သက်သေပြဖို့ ဒီစာရွက်ကို မဖြစ်မနေ တောင်းလေ့ရှိပါတယ်။
၂။ အခွန်ပြန်လျှောက်ခြင်း (確定申告) 💰
တစ်နှစ်အတွင်း အလုပ်ပြောင်းထားရင်
ဆေးဖိုးဝါးခ အများကြီး ကုန်ကျထားရင်
မြန်မာပြည်က မိသားစုထံ ပိုက်ဆံလွှဲထားလို့ အခွန်သက်သာခွင့် (扶養) လျှောက်ချင်ရင်
ဒီစာရွက်ထဲက ကိန်းဂဏန်းတွေကို ကြည့်ပြီး အခွန်ရုံးမှာ အခွန်ပြန်လျှောက်ရတာဖြစ်လို့ မရှိမဖြစ် လိုအပ်ပါတယ်။
၃။ အိမ်ငှားခြင်း၊ ကား/အိမ် ချေးငွေ လျှောက်ခြင်း 🏠🚗
ဂျပန်မှာ အိမ်အသစ်ငှားတာပဲဖြစ်ဖြစ်၊ ဘဏ်ကနေ ချေးငွေလျှောက်တာပဲဖြစ်ဖြစ် သင့်မှာ ပုံမှန်ဝင်ငွေရှိပြီး ပြန်ဆပ်နိုင်စွမ်း ရှိမရှိ စစ်ဆေးဖို့အတွက် 源泉徴収票 ကို အဓိက တောင်းဆိုလေ့ရှိပါတယ်။
✨ အနှစ်ချုပ်
မတော်တဆ ပျောက်သွားခဲ့ရင် ကုမ္ပဏီမှာ ပြန်လည်ထုတ်ပေးဖို့ တောင်းဆိုလို့ရပေမဲ့ အချိန်ကြန့်ကြာနိုင်တာမို့ ရရချင်း သေချာ ဖိုင်တွဲထားတာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပြီး Digital သိမ်းထားတာမျိုး စနစ်တကျ လုပ်ဆောင်ထားဖို့ အကြံပြုချင်ပါတယ်! 📱📸
📣 Myandemy မှ သတင်းကောင်း!
ဂျပန်မှာ အလုပ်တွေလုပ်ရင်း... ရှေ့ဆက်ရမယ့် ပညာရေးနဲ့ အနာဂတ်အလုပ်အကိုင် လမ်းကြောင်းအတွက် ခေါင်းစားနေပြီလား? 🤯🎓
အခုဆိုရင် Myandemy မှာ 進学・キャリア相談 ကို အခမဲ့ လာရောက်ဆွေးနွေးလို့ ရနေပါပြီ! 🎉
ကိုယ်နဲ့ကိုက်ညီမယ့် 専門学校 ဒါမှမဟုတ် တက္ကသိုလ် ရွေးချယ်တာကစလို့၊ ကျောင်းပြီးရင် ဘယ်လိုအလုပ်မျိုးရနိုင်မလဲ ဆိုတဲ့ အနာဂတ်လမ်းကြောင်းအထိ ပေါ့ပေါ့ပါးပါး တိုင်ပင်ဆွေးနွေးချင်ရင်...
💬 အခုပဲ Myandemy ရဲ့ Messenger ကို စာလေးတစ်ကြောင်း လာပို့ထားလိုက်ပါနော်~ 🤗
#進学相談 #キャリア相談 #ဂျပန်ပညာတော်သင် #ဂျပန်အခွန် #源泉徴収票

🇯🇵 အချိန်ပိုင်းအလုပ် (バイト) စလုပ်ပြီဆိုတာနဲ့ မဖြစ်မနေ ဖြည့်ခိုင်းလေ့ရှိတဲ့ 「扶養控除等申告書」 စာရွက်ကို ဘယ်လိုဖြည့်ရမလဲ? 🤔📝ဒီစာရွ...
07/08/2026

🇯🇵 အချိန်ပိုင်းအလုပ် (バイト) စလုပ်ပြီဆိုတာနဲ့ မဖြစ်မနေ ဖြည့်ခိုင်းလေ့ရှိတဲ့ 「扶養控除等申告書」 စာရွက်ကို ဘယ်လိုဖြည့်ရမလဲ? 🤔📝

ဒီစာရွက်က အခွန်မှန်မှန်ဆောင်ဖို့နဲ့ အခွန်လျှော့ပေါ့ခွင့် (控除) ရရှိဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဝေခွဲမရဖြစ်နေတဲ့သူတွေအတွက်ဘယ်လိုဖြည့်ရမလဲဆိုတာ ကြည့်လိုက်ရအောင်👇✨

📝 ၁။ ထိပ်ဆုံးပိုင်း (မိမိရဲ့ ကိုယ်ရေးအချက်အလက်)
* あなたの氏名・印: မိမိနာမည်ကို ကာတာကာနနဲ့ ခန်းဂျိ (ရှိရင်) ရေးပါ။ ဘေးနားမှာ တံဆိပ်တုံး (印) နှိပ်ပါ။
* あなたの生年月日: မိမိမွေးသက္ကရာဇ်ကို ဂျပန်နှစ် (令和 / 平成 / 昭和) ဖြင့် ရေးပါ။
* あなたの住所: လက်ရှိနေထိုင်နေတဲ့ လိပ်စာကို အတိအကျရေးပါ။
* マイナンバー (My Number): မိမိရဲ့ မိုင်နံပါတ် (My Number) ကို ရေးပါ။ (ကုမ္ပဏီက မလိုဘူးပြောရင် ချန်ထားခဲ့လို့ရပါတယ်)။
* 世帯主の氏名・続柄: အိမ်ထောင်စုဦးစီး နာမည်နဲ့ ပတ်သက်မှုကို ရေးပါ။ (တစ်ယောက်တည်းနေရင် မိမိနာမည် ရေးပြီး 続柄 မှာ 「本人」 ဟုရေးပါ)။

👨‍👩‍👧‍👦 ၂။ မှီခိုသူ (扶養親族) ရှိ/မရှိ ဖြည့်စွက်ခြင်း
* မှီခိုသူမရှိလျှင် (ကျောင်းသား/အပျို/လူပျို အများစု): အလယ်က အကွက်တွေ အကုန်လုံးကို ဘာမှရေးစရာမလိုဘဲ ဗလာကျင်း ထားခဲ့ရုံပါပဲ 🙅‍♂️
* ကျောင်းသားများအတွက် (勤労学生控除): သင်ဟာ ကျောင်းသားဖြစ်ပြီး တစ်နှစ်ဝင်ငွေ ယန်း ၁၅၀ သောင်းအောက် ဆိုရင် 「C 障害者、寡婦、ひとり親又は勤労学生」 ဆိုတဲ့ အကွက်ထဲက 「勤労学生」 မှာ အမှန်ခြစ် (✔️) ပေးခဲ့ပါ။ အခွန် သက်သာခွင့်ရပါလိမ့်မယ် 🎓✨

⚠️ သတိထားရမည့် အချက် ၃ ချက်
* အလုပ် ၂ ခု လုပ်နေသူများ: ဒီစာရွက်ကို ဝင်ငွေပိုများတဲ့ (ပင်မ) အလုပ်တစ်ခုတည်းမှာပဲ တင်ရပါမယ်。 အလုပ်နှစ်ခုစလုံးမှာ သွားတင်လို့ မရပါဘူး 🚫
* အခွန်သက်သာခွင့်: ဒီစာရွက်ကို တင်ထားမှ အလုပ်က လစဉ် ဖြတ်တောက်မယ့် အခွန် (源泉徴収) နည်းမှာ ဖြစ်ပါတယ်။ မတင်ရင် အခွန်ပိုထွက်သွားနိုင်ပါတယ်!
* စာလုံးပေါင်း: မှားခဲ့ရင် ဓာတ်ပုံပြင်မင် (Corrector) မသုံးပါနဲ့။ မင်နက် ဘောပင်နဲ့ပဲ သေချာ ရေးပါ။ (မှားရင် မျဉ်းနှစ်ကြောင်းတားပြီး မိမိတံဆိပ်တုံးကို ထပ်နှိပ်ရပါမယ်)။

💡 အနှစ်ချုပ်:
အဓိကကတော့ ထိပ်ဆုံးက နာမည်၊ လိပ်စာ၊ မွေးသက္ကရာဇ်၊ My Number ကို မှန်အောင်ဖြည့်ပြီး၊ မှီခိုသူမရှိရင် ကျန်တဲ့အကွက်တွေကို ဒီအတိုင်း ထားခဲ့ရုံပါပဲ။ ကျောင်းသားဆိုရင်တော့ 勤労学生 မှာ အမှန်ခြစ်ဖို့ မမေ့ပါနဲ့နော် 👍

📣 Myandemy မှ သတင်းကောင်း!
ဂျပန်မှာ အချိန်ပိုင်းအလုပ်တွေလုပ်ရင်း... ရှေ့ဆက်ရမယ့် ပညာရေးနဲ့ အနာဂတ်အတွက် ခေါင်းစားနေပြီလား? 🤯🎓
အခုဆိုရင် Myandemy မှာ 進学・キャリア相談 (School & Career Consultation) ကို အခမဲ့ လာရောက်ဆွေးနွေးလို့ ရနေပါပြီ! 🎉
ကိုယ်နဲ့ကိုက်ညီမယ့် 専門学校 (Senmon) ဒါမှမဟုတ် တက္ကသိုလ် ရွေးချယ်တာကစလို့၊ ကျောင်းပြီးရင် ဘယ်လိုအလုပ်မျိုးရနိုင်မလဲ ဆိုတဲ့ အနာဂတ်လမ်းကြောင်းအထိ ပေါ့ပေါ့ပါးပါး တိုင်ပင်ဆွေးနွေးချင်ရင်...
💬 အခုပဲ Myandemy ရဲ့ Messenger (CB) ကို စာလေးတစ်ကြောင်း လာပို့ထားလိုက်ပါနော်~ 🤗
#扶養控除等申告書 #進学相談 #キャリア相談 #ဂျပန်ပညာတော်သင် #အချိန်ပိုင်းအလုပ်

🇯🇵 ဂျပန်မှာ ကျောင်းပြီးရင် ဘာဆက်လုပ်ရမလဲ... အနာဂတ်အတွက် ခေါင်းစားနေပြီလား? 🤯🎓"ဂျပန်စာကျောင်း ပြီးရင် ဘယ် 専門 (Senmon) ဒါမ...
06/08/2026

🇯🇵 ဂျပန်မှာ ကျောင်းပြီးရင် ဘာဆက်လုပ်ရမလဲ... အနာဂတ်အတွက် ခေါင်းစားနေပြီလား? 🤯🎓

"ဂျပန်စာကျောင်း ပြီးရင် ဘယ် 専門 (Senmon) ဒါမှမဟုတ် တက္ကသိုလ်ကို ဆက်တက်ရမလဲ ဝေခွဲမရဖြစ်နေတယ်..."

"ကျောင်းပြီးတာနဲ့ Working Visa ပြောင်းလို့လွယ်ပြီး အလုပ်သေချာပေါက်ရမယ့် မေဂျာမျိုးကို ရွေးချယ်ချင်တယ်..."

"ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ ကျောင်းနဲ့ အလုပ်အကိုင်လမ်းကြောင်းကို သိချင်တယ်..."

ဒီလိုမျိုး အတွေးတွေနဲ့ ရှေ့ဆက်ရမယ့် ပညာရေးနဲ့ အလုပ်အကိုင်လမ်းကြောင်းအတွက် တစ်ယောက်တည်း လမ်းပျောက်ပြီး စိတ်ညစ်နေပါသလား? 🙅‍♀️

ဒါဆိုရင်တော့ Myandemy မှာ လာရောက်တိုင်ပင်ဖို့ ဖိတ်ခေါ်ပါရစေ!
အခုဆိုရင် ကျွန်တော်တို့ဆီမှာ ကျောင်းဝင်ခွင့်အတွက်သာမကဘဲ အနာဂတ်အလုပ်အကိုင်နဲ့ပါ တွဲဖက်စဉ်းစားပေးမယ့် 進学・キャリア相談 (School & Career Consultation) ကို ဆောင်ရွက်ပေးနေပါပြီ။ 🎉

"ဘယ်ကျောင်းတက်ရမလဲ" ဆိုတာကနေစပြီး "အဲ့ဒီကျောင်းကနေ ဘယ်လိုအလုပ်မျိုး ရနိုင်လဲ" ဆိုတာအထိ အေးအေးဆေးဆေး စကားပြောရင်း အတူတူ အဖြေရှာကြည့်ကြမယ်လေ။

အရမ်းကြီး တရားဝင် (Formal) ဖြစ်စရာမလိုဘဲ၊ ပေါ့ပေါ့ပါးပါး လာရောက်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။ ☕️✨

💬 အခုပဲ Myandemy ရဲ့ Messenger (CB) ကို "ကျောင်းနဲ့ Career ကိစ္စ လာတိုင်ပင်ချင်လို့ပါ" ဆိုပြီး စာလေးတစ်ကြောင်း လာပို့ထားလိုက်ပါနော်~

#進学相談 #キャリア相談 #ဂျပန်ပညာတော်သင် #ဂျပန်မှာကျောင်းတက်မယ် #အလုပ်အကိုင်ဆွေးနွေးရေး

住所

Chuo-ku, Tokyo

ウェブサイト

アラート

myandemyがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

その学校に問い合わせをする

myandemyにメッセージを送信:

ショートカット

共有する

カテゴリー