English with Passion

English with Passion Learn With Us

26/08/2026

အချစ်က ရိုးရှင်းပါတယ်

ကိုယ်ကသူ့ကို ချစ်မယ်

သူကတစ်ပါးသူကို ချစ်မယ်

နာကျင်ရတာလေးတစ်ခုပဲ...

26/08/2026

အိမ်ထောင်မပြုခင်တုန်းက
မိသားစုတစ်ခုပဲရှိတယ်
အိမ်ထောင်ပြုပြီးနောက်
မိသားစု ၃ ခု ဖြစ်လာတယ်
သူ့မိသားစု ငါ့မိသားစု ငါတို့မိသားစု

ကိုယ်ဟာ အတ္တကြီးသူ တစ်ယောက်ဆို
အိမ်ထောင်မပြုတာ အကောင်းဆုံးပါ

အရာရာ အမြဲတမ်း ငါ့မိသားစုအတွက်ဆိုရင်
တစ်ယောက်တည်းနေပါ

အိမ်ထောင်ပြုရင် မိသားစု ၃ ခုလုံးဖြစ်မယ် အားလုံးအတွက် မျှမျှတတတွေးပေး နားလည်ပေးနိုင်မှ အိမ်ထောင်ပြုပါ ♥


25/08/2026

နိုင်ငံခြား
-----------
နိုင်ငံခြားကို
စရောက်လာပြီ ဆိုကတည်းက
ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေဟာ
ခါးတီးခဲ့ သလောက် ဘဝအတွက်
သင်္ခန်းစာတွေမို့ တန်ဖိုးလည်း ကြီးပါတယ်"

နိုင်ငံခြား”ရောက်တဲ့သူတွေ အများစုက
လူတွေ ကြားမှာနေပြီး အထီးကျန် နေရတဲ့
ရင်ခွင်ဝေး ဘဝနဲ့ တူတယ် လေ "

ဒါပေမယ့်....
သူတို့ရဲ့ အခက်ခဲဆုံး အချိန်တွေ မှာတောင်
ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ရှင်သန်ရင်း
အရာရာကိုလည်း ရင်ဆိုင်ရဲလာတယ်"

မိဘ အိမ်မှာ နေတုန်းကလို စားရ သမျှ
ထမင်းဟင်းက အရသာ မတွေ့ဘူး။
ကြာလာတော့ အစားအသောက်အပေါ် မှာ
ချေးများနေတတ်တဲ့ အကျင့်တွေကတော့
အလိုလိုပဲ ပျောက်သွားတယ်"

နေ့စဥ်ဘဝထဲမှာ ပင်ပန်းလို့ရယ် ဆိုပြီး
အိပ်ချင်တဲ့ ချိန်လည်း မအိပ်ရ သလို
မထချင်သေးဘူး ဆိုပြီးလည်း
အိပ်ယာထဲမှာ ပျင်းရိနေလို့ မရဘူး
စိတ်အေးချမ်းသာစွာ အနားယူဖို့
အခွင့်အရေးက ပိုပို နည်းလာတယ်"

ဒါပေမယ့်
အချိန်ရဲ့ တန်ဖိုးကို ပိုပိုနားလည်လာတယ်"
ကိုယ့်အနာဂတ်တွက်၊ ကိုယ့်ကို မှီခို နေရတဲ့
သူတွေ အတွက် ကြိုးစားပြီး ရပ်တည်တယ်။

အိမ်ရဲ့အဝေးကို ရောက်မှ မိသားစုရဲ့
မေတ္တာတရားကိုလဲ ပိုနားလည်လာတယ်"

တကယ်တော့ နိုင်ငံခြားရောက် ဘဝနဲ့
အဆင်ပြေနေလို့ရယ်တော့ မဟုတ်ဘူး။
တကယ့်လက်တွေ့ ဘဝမှာ လောကကြီးကို
လွယ်လွယ်လေး အရှုံးမပေးချင်လို့ပါ။

နိုင်ငံခြား"ကို ရောက်လာတဲ့ အခါ
ငယ်ရွယ် သူတစ်ယောက်ရဲ့ စိတ်လွတ်လပ်မှု
ပျော်ရွှင်မှုတွေ တစ်စတစ်စနဲ့ နည်းလာတယ်"

ဒါပေမယ့်
အရာရာအပေါ် သည်းခံတတ်လာပြီး
အရောင်စုံတဲ့ တခြားကမ္ဘာ တစ်ခုမှာ
အဖော်မရှိလည်း ကိုယ့်ကိုကိုယ်ပဲ
အားပေးနှစ်သိမ့်ရင်း ကျင်လည်ရဲလာတယ်"

နိုင်ငံခြား" ရောက်တဲ့ သူတွေ အများစုမှာ
အတွေ့ အကြုံတွေ စုံတယ်"

မသိတာတွေ ပိုသိလာသလို ဝမ်းနည်းလွန်းလို့
ရင်ထဲမှာ ငိုနေရင်တောင် အသံတိတ်နဲ့
အပြင်မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ရတဲ့
အခိုက် အတန့်တွေလည်း ရှိတယ် "

တစ်ခါတရံ လူမျိုးခြား ဘာသာခြား တွေရဲ့
မတူသလို မတန်သလို အေးစက်စက်
ဆက်ဆံရေးတွေ ကြားမှာ ဘယ်သူမုန်းမုန်း
အပြုံးနဲ့ ကိုယ့်ခံစား ချက်တွေကို
မျိုသိပ်ထားရတဲ့ နေ့တွေ များကြီး ရှိတယ်"

တကယ်တော့
နိုင်ငံခြား"ဆိုတာ ကောင်းတဲ့ ကံပါမှ
ရောက်တာမျိုး မဟုတ်ဘဲ

ဝဋ်ကြွေး ရှိနေရင်လည်း ရောက်ကို
ရောက်သွားရပါတယ်”

ရောက်ပြီဟေ့ ဆိုရင်လည်း လွယ်လွယ်
အရှုံးမပေးဘဲ ကိုယ်ဖြစ်ချင်တဲ့ အရာရာကို
” ဖြစ်မြောက်အောင် ကြိုးစားယူမယ်"

ဒီလို ဘဝ အခက်အခဲတွေ ကြားက ရတဲ့
အတွေ့အကြုံ တွေဟာ ဘယ်တော့မှ
အလကား မဖြစ်ပါဘူး"လို့ ယုံကြည်ထားရင်း
နိုင်ငံရပ်ခြား"မှာ ကြိုးစားဖို့ သတ္တိမွေးတယ်။

အဲဒီ ခံယူချက်နဲ့ပဲ နိုင်ငံခြားမြေက
ခါးတီးမှု အတွေ့အကြုံ တွေဟာ

တစ်နေ့ကျရင်တော့ ကိုယ့်အတွက်
ချိုမြိန်တဲ့ အသီးအပွင့် ဖြစ်ဖို့ ကြိုးစားရင်း. "

ဆန္ဒတွေကို ဖိနှိပ်ပြီး ချောင်ထိုး ထားရတယ်
နေ့ရက်တိုင်းမှာ ပျော်ရွှင်ဖို့ ထက်
သန်မာ နေဖို့ပဲ ကြိုးစားရတယ်။

ညဘက်တွေဆို အိမ်ကို ပိုလွမ်းတယ်
ခံစားချက် သီချင်းတွေ နားထောင်တဲ့အခါ
ခံနိုင်ရည်ဟာ ထင်ထားတာထက် ပိုပြီး
ခြေကုန်လက်ပမ်း ကျသွားတတ်တယ်။

ဒါကြောင့်
နိုင်ငံရပ်ခြား မှာ ရှင်သန်နိုင်ဖို့ဟာ
ထင်သလောက်တော့ မလွယ်ကူပါဘူး။

ရည်မှန်းချက်တွေ ပြည့်တဲ့ တစ်နေ့ကျရင်တော့
မွေးရပ်မြေကို ပြန်ပြီး မိသားစု ပိုဂရုစိုက်မယ်
ပျော်ရွှင်ခြင်း"တွေ အတူတူ ခံစားမယ်။

အမေ့အိမ်ကို ပြန်ချင်သော်လည်း
အခွင့်မသာတေးတဲ့ အချိန် ကာလမို့
အရာရာကိုသည်းခံပြီး နိုင်ငံခြား မြေမှာပဲ
ကျင်လည်နေထိုင်ရင်းနဲ့ ရှင်သန်နေရအုံးမယ်။

#စာပေ

25/08/2026

ပြန်ယုတ်မာဖို့
နည်းလမ်းပေါင်းစုံရှိရင်တောင်
ခွင့်လွှတ်ပြီး ထပ်မပါတ်သတ်ဖို့ကိုပဲရွေးမိတယ်

ဘယ်သူ့ကျောပြင်ကိုမှ ဓားနဲ့မရွယ်ဖူးဘူး
ကိုယ့်မိဘ အဆုံးအမတွေက
မလိုသူတွေကို သက်သာရာရသွားစေတယ် ..


Sn

25/08/2026

အခုအချိန်ဆို
ဘယ်သူ့ နှုတ်ခမ်းကိုနမ်းနေမလဲ ။
ဘယ်သူ့ ရင်ငွေ့ကိုလှုံနေမလဲ ။
ဘယ်မိန်းမရဲ့ ပေါင်တံတွေအပေါ်
ရှင့် လက်ဖျားလေးတွေအခြေချနေမလဲ ။
ပြီးတော့
ဘယ်မိန်းမရဲ့ အသွေးအသားတွေကို ရှင် ဖောက်သောက်နေမလဲ ။

ပတ်သက်ခဲ့သမျှ ဘာမှမသိချင်တော့ပါဘူး ဆိုတဲ့
ဟောဒီမိန်းမကလဲ အခုအချိန်ထိ ရှင့်အရိပ်ကအစ
ခိုးကြည့်နေမိသေးတာ ခက်တော့ခက်သား ။

ဘာပဲဖြစ်ဖြစ်ပါလေ ။
ပြန်မလာတော့ဘူးဆိုတာ သေချာရင်တော့
ဖွင့်ဟထားတဲ့ တံခါးဟူသမျှကို
အပြီးတိုင် သော့ခတ်ပိတ်ပစ်လိုက်ပါတော့မယ် …

#မယ်ညို

25/08/2026

"တစ်ခါတလေ လူတစ်ယောက်ကို လွမ်းနေတာထက်
သူနဲ့ပတ်သက်ပြီး ကိုယ်မလုပ်ခဲ့သင့်တာတွေ၊
ပြောမိခဲ့သင့်တာတွေ၊ မပြောဖြစ်ခဲ့တဲ့စကားတွေကို
ပြန်တွေးမိတာက ပိုနာကျင်စေတယ်။

အချိန်တွေက ရှေ့ကိုပဲသွားနေပေမယ့်
ကိုယ့်စိတ်ကတော့ အတိတ်ထဲမှာပဲ
တစ်နေရာတည်း ရပ်နေမိသလိုပါပဲ။

“မေ့လိုက်တော့” ဆိုတဲ့စကားက
ပြောရတာလွယ်ပေမယ့်
တကယ်မေ့ဖို့ကျတော့ မလွယ်ဘူး။
အထူးသဖြင့် ကိုယ့်ရင်ထဲမှာ
တစ်ချိန်က အရမ်းအရေးကြီးခဲ့တဲ့သူဆိုရင်ပေါ့။

တစ်နေ့လုံး မပြောဘဲနေနိုင်တယ်၊
မဆက်သွယ်ဘဲနေနိုင်တယ်၊
မတွေ့ဘဲလည်း နေနိုင်တယ်။
ဒါပေမယ့် ညရောက်လာတဲ့အခါ
စိတ်ကိုတော့ လိမ်လို့မရဘူး။

တိတ်ဆိတ်လွန်းတဲ့အခန်းထဲမှာ
ကိုယ့်အသက်ရှူသံနဲ့ ကိုယ့်အတွေးတွေပဲ ကြားနေရတဲ့အခါ
မေ့ထားခဲ့တဲ့အရာတွေက တစ်ခုချင်းပြန်ပေါ်လာတယ်။

နောက်ဆုံးတော့
ကိုယ်ချစ်ခဲ့တာ မမှားဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောရင်း
မပိုင်ဆိုင်နိုင်တော့တဲ့သူတစ်ယောက်ကို
တိတ်တိတ်လေး လွှတ်ပေးဖို့ ကြိုးစားရဦးမယ်။

အိပ်မပျော်တဲ့ ဒီညတွေ ဘယ်လောက်ကြာမလဲတော့ မသိဘူး။
ဒါပေမယ့် တစ်နေ့နေ့မှာတော့
သူ့အကြောင်းတွေးမိရင် ရင်မနာတော့တဲ့အထိ
ကိုယ်လည်း တဖြည်းဖြည်း ကောင်းလာမှာပါ။

ဒီညတော့ မအိပ်နိုင်သေးရင်လည်း ရပါတယ်…
မျက်ရည်ကျရင်လည်း ကျပါစေ။
မနက်ရောက်တဲ့အခါ
ဘာမှမဖြစ်ခဲ့သလို ပြန်ပြုံးနိုင်ဖို့ပဲ
ဒီညကို တိတ်တိတ်လေး ဖြတ်သန်းလိုက်မယ်။

24/08/2026

နာကျင်ချင်ရင် နာကျင်ပါစေ
မနာကျင်ရတော့တဲ့အထိပေါ့

ဒါက အခုတော့
ကိုယ့်ရဲ့ ဆောင်ပုဒ်တစ်ခုပါပဲ

ဖြစ်ပျက်ခဲ့တာတွေကို မေ့ပစ်ဖို့အတွက်
ကိုယ့်ကိုယ်ကို အတင်းအကျပ် မတွန်းပို့တော့ဘူး

အနာကျက်မြန်ဖို့ဆိုပြီး
အဆင်ပြေနေဟန်လည်း မဆောင်တော့ဘူး

နာကျင်ရင် နာကျင်ပါစေ
သတိရရင် သတိရပါစေ
ဝမ်းနည်းရင်လည်း
နားလည်အောင် ကြိုးစားမယ်

ဒီနာကျင်မှုတွေထဲကနေ
တဖြည်းဖြည်း ရင့်ကျက်လာမယ်

တစ်နေ့ကျရင်
ဒီနေ့တွေကို ပြန်တွေးမိတဲ့အခါ
အခုလို ရင်ထဲလှိုက်ပြီး
နာကျင်နေတော့မှာ မဟုတ်ဘူး

အဲဒီနေ့ မရောက်သေးခင်အထိတော့…

နာကျင်ချင်ရင် နာကျင်ပါစေ
မနာကျင်ရတော့တဲ့အထိ
ငါ ခံစားသွားမယ်… 🥀

~20 August 2026 🌧️

24/08/2026

အချစ်မှာ နောင်တရစရာနှစ်မျိုးရှိတယ်
တစ်မျိုးက ကိုယ်အရမ်းချစ်ခဲ့ပေမဲ့ နောက်ဆုံးမှာ
အဲ့ဒီ့လူဟာ ချစ်ရဖို့မထိုက်တန်ဘူးလို့သိလိုက်ရခြင်းနဲ့

အခြားတစ်မျိုးက
ကိုယ့်ဘက်ကကောင်းကောင်းမချစ်ခဲ့ဘဲ
ဆုံးရှုံးသွားမှ အဲဒီလူက တကယ်ချစ်ရဖို့ထိုက်တန်တဲ့သူဖြစ်ကြောင်း သိလိုက်ရခြင်း တို့ဖြစ်တယ် ..

24/08/2026

အရင်လို ရင်ထဲကအရာတိုင်းကို
စကားလုံးတွေအဖြစ် ပြောင်းပြီး
တစ်ယောက်ယောက်ကို ပြောပြချင်စိတ် မရှိတော့ဘူး။

တချို့နေ့တွေမှာ
ပျော်တာကိုလည်း ကိုယ်တိုင်သိမ်းထားတယ်၊
ပင်ပန်းတာကိုလည်း ကိုယ်တိုင်ဖြတ်ကျော်တယ်။

ဘာဖြစ်လို့လဲဆိုတော့…
ဘဝက တဖြည်းဖြည်းနဲ့
တိတ်တိတ်လေး နေတတ်ခြင်းမှာလည်း
အေးချမ်းမှုတစ်မျိုးရှိတယ်ဆိုတာ သင်ပေးလာလို့။ 🖤

24/08/2026

တစ်ယောက်ယောက်ကို
ရူးရူးမူးမူး ချစ်ခဲ့ဖူးပြီမို့
လူတစ်ယောက်ကို ချစ်ရတာ
ဘယ်လောက်ပင်ပန်းလဲဆိုတာ
သိလာခဲ့ပြီ

မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့
နေ့ရက်တွေ၊ ညတွေကို
ပြန်တွေးမိတိုင်း
နောက်ထပ်တစ်ခါ ချစ်ဖို့တောင်
ကြောက်လာမိတယ်

တစ်ခါတလေ
အစကတည်းက ဘယ်သူ့ကိုမှ
မချစ်ခဲ့ရင် ကောင်းသား… ဆိုတဲ့
နောင်တတွေလည်း ဖြစ်မိတယ်

ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့ခဲ့တဲ့နေ့တွေ
မာနတွေ ချခဲ့မိတဲ့အချိန်တွေ
ကိုယ့်တန်ဖိုးကိုတောင်
မေ့လျော့ခဲ့မိတဲ့ အခိုက်အတန့်တွေ…

အဲ့ဒီအရာတွေကို
ပြန်တွေးမိတဲ့အခါ

နောက်ထပ် ဘယ်သူ့ကိုမှ
ထပ်မချစ်တော့ဘဲ နေဖြစ်သွားဖို့ပဲ
တွေးမိတော့တယ်… 🌿🥀

~ 24 August 2026


住所

Chiyoda-ku, Tokyo

ウェブサイト

アラート

English with Passionがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー