Viral Hub Myanmar

Viral Hub Myanmar joking

09/05/2026
📘 N3 Shinkanzen Grammar 📘JLPT N3 ဖြေမည့်သူများအတွက် Grammar Note ကို မျှဝေပေးလိုက်ပါတယ်ရှင့် ✨N3 Grammar များကို နားလည်လ...
09/05/2026

📘 N3 Shinkanzen Grammar 📘
JLPT N3 ဖြေမည့်သူများအတွက် Grammar Note ကို မျှဝေပေးလိုက်ပါတယ်ရှင့် ✨
N3 Grammar များကို နားလည်လွယ်အောင် စုစည်းထားပြီး JLPT စာမေးပွဲအတွက် အထောက်အကူဖြစ်စေမယ့် Note လေးဖြစ်ပါတယ် 📚

📌 Grammar Pattern
📌 Meaning & Usage
📌 Example Sentences
📌 JLPT Preparation အတွက် အထူးသင့်တော်ပါတယ်
လိုအပ်သူများ လေ့လာနိုင်ပါတယ်ရှင့် 🇯🇵✨

JLPT N5 အတွက် မဖြစ်မနေ သိထားသင့်တဲ့ Grammar များ ✍️ဂျပန်စာ စတင်လေ့လာမယ့်သူများအတွက်လည်း အရမ်းသင့်တော်ပါတယ် 🇯🇵✨ Basic Gra...
09/05/2026

JLPT N5 အတွက် မဖြစ်မနေ သိထားသင့်တဲ့ Grammar များ ✍️

ဂျပန်စာ စတင်လေ့လာမယ့်သူများအတွက်လည်း အရမ်းသင့်တော်ပါတယ် 🇯🇵

✨ Basic Grammar ကို သေချာနားလည်မှ
Reading / Listening / Speaking အားလုံး တိုးတက်လာမှာပါ 💯




#ဂျပန်ပညာတော်သင်နှင့်အလုပ်အကိုင်

「〜ています」၏ အသုံးပြုပုံ1. လက်ရှိ လုပ်ဆောင်နေမှု👉 အခုဒီအချိန်မှာ လုပ်နေတဲ့ အရာကို ဖော်ပြတယ်။今、本を読んでいます。→ အခု စာအုပ်ဖတ်နေပါတယ...
09/05/2026

「〜ています」၏ အသုံးပြုပုံ
1. လက်ရှိ လုပ်ဆောင်နေမှု
👉 အခုဒီအချိန်မှာ လုပ်နေတဲ့ အရာကို ဖော်ပြတယ်။

今、本を読んでいます。
→ အခု စာအုပ်ဖတ်နေပါတယ်။

子どもが遊んでいます。
→ ကလေးက ကစားနေပါတယ်။

2. လုပ်ဆောင်မှုရဲ့ ရလဒ်အခြေအနေ
👉 အရင်လုပ်ခဲ့တဲ့ အရာရဲ့ ရလဒ်က အခုထိ ဆက်ရှိနေတဲ့ အခြေအနေကို ဖော်ပြတယ်။

窓が開いています。
→ ပြတင်းပေါက် ဖွင့်ထားပါတယ်။
(တစ်ယောက်ယောက် ဖွင့်ထားပြီး အခုထိ ဖွင့်နေတုန်း)

田中さんは結婚しています。
→ တနကာစံက အိမ်ထောင်ကျပြီးသား ဖြစ်ပါတယ်။

電気が消えています。
→ မီးပိတ်ထားပါတယ်။

3. အလေ့အကျင့် / အလုပ်အကိုင်
👉 နေ့စဉ်ပုံမှန် လုပ်နေကျ အရာတွေကို ဖော်ပြတယ်။

私は銀行で働いています。
→ ကျွန်တော်/ကျွန်မ ဘဏ်မှာ အလုပ်လုပ်ပါတယ်။

毎朝、運動しています。
→ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပါတယ်။

日本語を勉強しています。
→ ဂျပန်စာ လေ့လာပါတယ် / လေ့လာနေပါတယ်။

「〜ていく」၏ အသုံးများ
1. ဆက်လက်ပြောင်းလဲသွားခြင်း (အနာဂတ်ဘက်သို့ ပြောင်းလဲမှု)
အခုအချိန်ကို အခြေခံပြီး နောက်ပိုင်းမှာလည်း တဖြည်းဖြည်း ပြောင်းလဲနေမယ့် အခြေအနေကို ဖော်ပြပါတယ်။

ဥပမာ

日本語がもっと上手になっていく。
→ ဂျပန်စာက နောက်ပိုင်း ပိုပိုကောင်းလာမယ်။

来年、日本へ旅行する外国人は増えていくと思う。
→ နောက်နှစ်မှာ ဂျပန်ကိုလာတဲ့ နိုင်ငံခြားသားတွေ တဖြည်းဖြည်း ပိုများလာမယ်လို့ ထင်တယ်။

👉 “တဖြည်းဖြည်း ဆက်ပြီး ဖြစ်လာတယ်” ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

2. အဝေးသို့ ရွေ့လျားသွားခြင်း
ပြောနေသူရှိတဲ့ နေရာကနေ ဝေးသွားတဲ့ လှုပ်ရှားမှုကို ဖော်ပြပါတယ်။

ဥပမာ

鳥が飛んでいった。
→ ငှက်က ပျံသွားတယ်။

👉 “သွားသွားပြီး ဝေးသွားတယ်” ဆိုတဲ့ ခံစားချက်ရှိပါတယ်။

3. တစ်ခုခုလုပ်ပြီး ထွက်သွားခြင်း
တစ်နေရာမှာ အရင် လုပ်ဆောင်မှုတစ်ခုလုပ်ပြီးနောက် အခြားနေရာကို သွားတာကို ဖော်ပြပါတယ်။

ဥပမာ

友達の家にケーキを買っていく。
→ သူငယ်ချင်းအိမ်ကို ကိတ်မုန့်ဝယ်ပြီး သွားမယ်။

👉 “တစ်ခုခုလုပ်ပြီး သွားတယ်” ဆိုတဲ့ အဓိပ္ပါယ်ပါ။

မှတ်ရန်
「〜ていく」မှာ အဓိပ္ပါယ်ကြီး ၂ မျိုးရှိတတ်ပါတယ်။

ဆက်လက်ပြောင်းလဲသွားခြင်း

လုပ်ပြီး သွားခြင်း / အဝေးသို့ သွားခြင်း

~ておく (te oku) ၏ အသုံးပြုပုံ
「~ておく」မှာ အဓိက အဓိပ္ပါယ် ၂ မျိုးရှိပါတယ်။
① ကြိုတင်လုပ်ထားခြင်း
နောက်ပိုင်းမှာ လိုအပ်မယ့်အတွက် အခုကတည်းက ကြိုလုပ်ထားတာကို ဆိုပါတယ်။
ပုံစံ
Verb て form + おく
ဥပမာ
明日の試験のために、今日勉強しておく。
→ မနက်ဖြန် စာမေးပွဲအတွက် ဒီနေ့ ကြိုစာကျက်ထားမယ်။
ホテルを予約しておく。
→ ဟိုတယ်ကို ကြိုဘိုကင်လုပ်ထားမယ်။
ドアを開けておく。
→ တံခါးကို ကြိုဖွင့်ထားမယ်။
② အဲဒီအခြေအနေအတိုင်းထားခြင်း
တစ်ခုခုကို မပြောင်းဘဲ ဒီအတိုင်းထားတာကို ဆိုပါတယ်။
ဥပမာ
窓を開けておいてください。
→ ပြတင်းပေါက်ကို ဖွင့်ထားပေးပါ။
電気をつけておく。
→ မီးကို ဖွင့်ထားမယ်။
この本はここに置いておいて。
→ ဒီစာအုပ်ကို ဒီမှာပဲထားထားပါ။
စကားပြောမှာ အတိုကောက်အသုံး
「ておく」ကို စကားပြောရင် 「とく」 လို့ အတိုကောက်ပြောကြပါတယ်။
書いておく → 書いとく
見ておく → 見とく
やっておく → やっとく
ဥပမာ
メモしとく。
→ မှတ်ထားမယ်။
မှတ်ထားရန်
「ကြိုတင်ပြင်ဆင်ထားခြင်း」
「အဲဒီအတိုင်းထားခြင်း」
ဆိုတဲ့ အဓိပ္ပါယ် ၂ မျိုးကို အများဆုံးသုံးပါတယ် 😊





#ဂျပန်ပညာတော်သင်နှင့်အလုပ်အကိုင်

ဒီနေ့ ရေချိုးခန်းနှင့် အိမ်သာသုံးပစ္စည်းများ လေ့လာကြရအောင်おふろ、トイレのことば( N5 level)1.かがみ=မှန်2.せっけん=ဆပ်ပြာ3.おふろ=ရေချိုးကန်4...
01/05/2026

ဒီနေ့ ရေချိုးခန်းနှင့် အိမ်သာသုံးပစ္စည်းများ လေ့လာကြရအောင်
おふろ、トイレのことば( N5 level)
1.かがみ=မှန်
2.せっけん=ဆပ်ပြာ
3.おふろ=ရေချိုးကန်
4.シャワー=ရေပန်း
5.シャンプー=ခေါင်းလျှော်ရည်
6.ボディソープ=ကိုယ်တိုက်ဆပ်ပြာ
7.トイレ=အိမ်သာ
8.トイレブラシ=အိမ်သာသုံးပွတ်တံ(brush)
9.トイレットペーパー=အိမ်သာသုံးစက္ကူ
10.タオル=မျက်နှာသုတ်ပဝါ
11.バケツ=ရေပုံး
12.はブラシ=သွားတိုက်တံ
13.はみがきこ=သွားတိုက်ဆေး
14.ハンドソープ=လက်ဆေးဆပ်ပြာ
15.バスマット=ခြေသုတ်ခင်း(ရေချိုးခန်းရှေ့)
level
myeik
အောက်ရေပုန်း၊ကုန်းမြင့်သာယာအိမ်ယာ
👉N5~N2 အထိအတန်းများဖွင့်လှစ်ထားပါတယ်ရှင့်

👉 comment မှာ စာမပါတဲ့ပုံထည့်ပေးထားမယ်နော်
👉N5 လေ့လာနေသူများ၀င်ဖြေလို့ရတယ်နော်

❗❗N4တန်းခွဲသစ်❗❗"မနက်ပိုင်းN4တန်း" နဲ့ "ရုံးချိန်လွတ်N4တန်း"လကုန်4.5.2026မှာဖွင့်မယ်နော်👉သင်တန်းပြီးရင်JLPT,Nat Test ဖော...
29/04/2026

❗❗N4တန်းခွဲသစ်❗❗

"မနက်ပိုင်းN4တန်း" နဲ့ "ရုံးချိန်လွတ်N4တန်း"
လကုန်4.5.2026မှာဖွင့်မယ်နော်
👉သင်တန်းပြီးရင်JLPT,Nat Test ဖောင်များလည်းတင်ပေးပါတယ်ရှင့်
👉မေးခွန်းဟောင်းများလည်းလေ့ကျင့်ပေးပါတယ်
Start date 4.5.2026
# SJLC language center

09768212406

🚨🖤 N5 / N4 / N3 / Kaiwa ဂျပန်ဘာသာ တန်းခွဲသစ် — ယခု ဖွင့်နေပြီ! 🖤🚨❗ အခွင့်အရေးကို လွတ်မသွားပါနဲ့ဂျပန်ဘာသာကို အခုစမလား… ဒါ...
29/04/2026

🚨🖤 N5 / N4 / N3 / Kaiwa ဂျပန်ဘာသာ တန်းခွဲသစ် — ယခု ဖွင့်နေပြီ! 🖤🚨

❗ အခွင့်အရေးကို လွတ်မသွားပါနဲ့
ဂျပန်ဘာသာကို အခုစမလား… ဒါမှမဟုတ် နောက်ထပ်တစ်နှစ် ထပ်စောင့်မလား?

သင့်အနာဂတ်ကို ပြောင်းလဲနိုင်မယ့် ဆုံးဖြတ်ချက်တစ်ခု
ဒီနေ့မှာပဲ စတင်နိုင်ပါတယ်။

📅 N5 / N4/ N3 – Start Date – ၄.၅.၂၀၂၆

🕙 N5 – 10:00 AM to 12:00 PM (Mon – Fri)
🕐 N3 – 1:00 PM to 3:00 PM (Mon – Fri)
🕝 N4 – 2:30 PM to 4:30 PM (Mon – Fri)

🗣 Kaiwa Class
📅 Sat – Sun | 🕔 5:00 PM

🔥 ဘာကြောင့် ဒီတန်းကို ရွေးသင့်လဲ?

✔️ အခြေခံမှ စပြီး မြန်မြန်တိုးတက်နိုင်မယ့် သင်ကြားမှုစနစ်
✔️ အတွေ့အကြုံရှိဆရာများမှ အနီးကပ် လမ်းညွှန်ပေးမည်
✔️ သင်တန်းပြီးတာနဲ့ အလုပ်/ကျောင်း ချိတ်ဆက်မှု
✔️ Japan Opportunity လမ်းကြောင်းကို တိုက်ရိုက်ဝင်နိုင်မည့် အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်

2027 April Intake. အတွက် စာရင်းပေးသွင်းနိုင်ပါပြီ
#
japan

#အလုပ်အကိုင်
📍 အမှတ် ၇၆၊ ဧရာဝတီလမ်း၊ အလုံ
📞 ၀၉၄၀၄၄၀၅၀၀၅

ဂျပန်မှာ ကျောင်းတက်ဖို့ ပညာတော်သင်ကျောင်းသားအနေနဲ့ ထွက်ခွာ သွားတဲ့ တပည့်လေးပါ ....October Intake အတွက် COE အောင်ချက်ကောင...
18/04/2026

ဂျပန်မှာ ကျောင်းတက်ဖို့ ပညာတော်သင်ကျောင်းသားအနေနဲ့ ထွက်ခွာ သွားတဲ့ တပည့်လေးပါ ....

October Intake အတွက် COE အောင်ချက်ကောင်းတဲ့ ကျောင်း ကျန်သေးလို့ လာလျှောက်လို့ရပါသေးတယ်ရှင့်

09404405005

အရှက်မရှိတာလား။အရှက်တွေ ကုန်နေတာလား မပြောတတ်ဘူး။အခုထိ ငွေ မလွှဲလာသေးဘူး....သားသမီးကို ချစ်ရင် သားသမီး ဂုဏ်မငယ်အောင် မိဘက...
17/04/2026

အရှက်မရှိတာလား။
အရှက်တွေ ကုန်နေတာလား မပြောတတ်ဘူး။
အခုထိ ငွေ မလွှဲလာသေးဘူး....
သားသမီးကို ချစ်ရင် သားသမီး ဂုဏ်မငယ်အောင် မိဘက ကိုယ့် ဂုဏ်သိက္ခာကို ထိန်းပေးရတယ် …
သူများပိုက်ဆံတွေနဲ့ ကိုယ့်သား အနာဂတ်ကို တောက်ပစေချင်တာ အံ့ဩပါတယ် အမရေ....
အမ သားသမီး ဂုဏ်ငယ်အောင် အမပဲ လုပ်နေတာ ...
သူများပိုက်ဆံ ယူပြီးရင် ဆပ်တတ်ရတယ်…
အမသားလိုပဲ တခြားကျောင်းသားတွေကို ကူညီထားတာ
မိဘရော သားသမီးပါ အကုန်ဆပ်တယ်…
Khant Oak Soe ရေ .မိန်းကလေးတွေတောင် ပိုက်ဆံပြန်ဆပ်တယ် …နင်ပဲ မဆပ်တာနော်…
နင် စာမေးပွဲကြေးတွေ ပြန်မဆပ်ကတည်းက အကျင့်မကောင်းတဲ့ ကျောင်းသားမှန်း သိတယ် …
နင့်အမေကို ကျောင်းလခ ငါမစိုက်ပေးချင်ဘူး အမ အမသားက ပိုက်ဆံနည်းနည်းတောင် ကျွန်မကို ပြန်မဆပ်ဘူး လို့ ပြောတော့
နင့်အမေက တောင်းပန်လို့ မိဘချင်းကိုယ်ချင်းစာပြီး လုပ်ပေးလိုက်မိတာ ..
မအေရော သားရော အကျင့်ဆိုးတွေ တူတူပဲဆိုတာ ခုမှ သိတယ်....
ပိုက်ဆံ ပြန်မပေးတဲ့ အပြင် ငါ့သားသမီးရဲ့ အသက်ကိုပါ ခြိမ်းခြောက်သေးတယ်နော် .....
ပိုက်ဆံ ပြန်မပေးသရွေ့ post မဖြုတ်ပေးဘူး....
(အမ လေဆိပ်မှာ ပြောတော့ နှစ်ပတ်နဲ့ တလ အတွင်း ပြန်ဆပ်မယ် ပြောသေးတာနော် ...ပေးမယ်ပြောပြီး မပေးဘဲ နေတာလည်း လိမ်တာပဲ )

ငွေပေးမယ် ဘိတ်မှာ လာယူဆိုတော့ လမ်းစားရိတ်နဲ့ ကျွန်မရဲ့ အန္တရာယ်က အမတို့ တာဝန်ယူမှာလား ....
ကလေးတွေရဲ့ အ....သ....က်နဲ့တောင် ခြိမ်းခြောက်ထားတာ .....ရိုင်းစိုင်းတာက ကမ်းကုန်ပဲ

အရင်တခါ ဘိတ်ဆင်းပြီး အိမ်မှာ သွားတောင်းတုန်းက ပြောတော့ ငွေ လွှဲပေးမယ်ဆို ....
အခုက ဘိတ်မှာ လာယူဖြစ်သွားပြန်ပြီနော် ...
တတ်လည်း တတ်နိုင်တယ် ....

အမ ယောကျာ်းလည်း ကျွန်တော်တာဝန်ယူတယ် လို့ကတိတွေပေးပြီး ခုထိကို ငွေမလွှဲတာနော် .....

日本はどう???おいしい😋😋😋  #ဂျပန်ပညာတော်သင်နှင့်အလုပ်အကိုင်
14/04/2026

日本はどう???
おいしい😋😋😋


#ဂျပန်ပညာတော်သင်နှင့်အလုပ်အကိုင်

住所

Nishi 1 Chome 3-7
Chiryu-shi, Aichi
4720057

ウェブサイト

アラート

Viral Hub Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する