Sì, Grazie

Sì, Grazie Informazioni di contatto, mappa e indicazioni stradali, modulo di contatto, orari di apertura, servizi, valutazioni, foto, video e annunci di Sì, Grazie, Istruzione, Venice.

ပထမ August လမှာဖွင့်လိုက်တဲ့အတန်းလေးမမှီလိုက်တဲ့လူတွေအတွက် September classလေးပါရှင့် ဒီအတန်းလေးကလဲ first macro period မှ...
28/08/2026

ပထမ August လမှာဖွင့်လိုက်တဲ့အတန်းလေးမမှီလိုက်တဲ့လူတွေအတွက် September classလေးပါရှင့် ဒီအတန်းလေးကလဲ first macro period မှာအမှီဖြေချင်တဲ့ကျောင်းသားတွေအတွက်ပါ အတန်းကြာချိန်ကတော့၂လကြာမှာဖြစ်ပြီး Mathematics, Reasoning on Text and Data,Physics,Biology နဲ့ Chemistry ဆိုပြီး၅ဘာသာပါပါတယ် ကိုယ်ယူချင်တဲ့မေဂျာနဲ့ကျောင်းအပေါ်ကိုလိုက်ပြီး ၅ဘာသာလုံးလိုတာလဲဖြစ်နိုင်သလို ၃ဘာသာ၊၂ဘာသာပဲလိုတာလဲဖြစ်နိုင်တာမို့ကျောင်းသားအဆင်ပြေသလိုရွေးတက်လို့ရပါတယ် အကယ်၍ဘယ်ဘာသာတွေလိုလဲမသိရင်လဲ page messenger မှာလာပြီးမေးမြန်းနိုင်ပါတယ်ရှင့် Tuition Feesကတော့တစ်လကို၅ဘာသာလုံးဆိုရင် euro 70 (၃သိိန်းခွဲ)ဖြစ်ပြီး Maths,Logic and Physics သုံးဘာသာဆိုရင်တော့ euro 50 (2သိန်းခွဲ)ပါရှင့် လူအရမ်းများရင်တစ်ယောက်ချင်းဆီအာရုံမစိုက်ပေးနိုင်မှာစိုးတာမို့လို့အရင်လိုပဲအတန်းတွေကလူအကန့်အသတ်လေးရှိပါတယ်ရှင့် classအကြောင်းတခြားမေးခွန်းလေးတွေရှိရင်လဲ page messengerမှာလာမေးနိုင်ပါတယ်နော်Thank you for trusting us and See you in the class💞

Edit-အတန်းလူပြည့်သွားပါပြီရှင့်Edit- only one seat left2027အတွက်Bachelor degree apply လုပ်မဲ့လူတွေအတွက် CEnT-S အတန်းအသစ်...
30/07/2026

Edit-အတန်းလူပြည့်သွားပါပြီရှင့်
Edit- only one seat left
2027အတွက်Bachelor degree apply လုပ်မဲ့လူတွေအတွက် CEnT-S အတန်းအသစ်ပြန်စပါပြီ Novemberဆိုရင် first macro period ဖြေမဲ့လူတွေအတွက်အခုအတန်းလေးကိုဖွင့်ဖြစ်ပါတယ် အတန်းကြာချိန်ကတော့၂လကြာမှာဖြစ်ပြီး Mathematics, Reasoning on Text and Data,Physics,Biology နဲ့ Chemistry ဆိုပြီး၅ဘာသာပါပါတယ် ကိုယ်ယူချင်တဲ့မေဂျာနဲ့ကျောင်းအပေါ်ကိုလိုက်ပြီး ၅ဘာသာလုံးလိုတာလဲဖြစ်နိုင်သလို ၃ဘာသာ၊၂ဘာသာပဲလိုတာလဲဖြစ်နိုင်တာမို့ကျောင်းသားအဆင်ပြေသလိုရွေးတက်လို့ရပါတယ် အကယ်၍ဘယ်ဘာသာတွေလိုလဲမသိရင်လဲ page messenger မှာလာပြီးမေးမြန်းနိုင်ပါတယ်ရှင့် Tuition Feesကတော့တစ်လကို၅ဘာသာလုံးဆိုရင် euro 70 (၃သိိန်းခွဲ)ဖြစ်ပြီး Maths,Logic and Physics သုံးဘာသာဆိုရင်တော့ euro 50 (2သိန်းခွဲ)ပါရှင့် လူအရမ်းများရင်တစ်ယောက်ချင်းဆီအာရုံမစိုက်ပေးနိုင်မှာစိုးတာမို့လို့အရင်လိုပဲအတန်းတွေကလူအကန့်အသတ်လေးရှိပါတယ်ရှင့် classအကြောင်းတခြားမေးခွန်းလေးတွေရှိရင်လဲ page messengerမှာလာမေးနိုင်ပါတယ်နော်Thank you for trusting us and See you in the class💞

29/07/2026

How to apply Permesso di soggiorno (Residence permit)
အီတလီကိုရောက်ပြီဆိုရင်ပထမဆုံးလုပ်ရမှာကဒီမှာနေဖို့အတွက်stay permitလျှောက်ရမှာပါ သူ့ကိုတော့အီတလီကိုရောက်ပြီး၈ရက်အတွင်းလျှောက်ပေးရမှာပါ အဲ့တော့ဒီနှစ်ရောက်တဲ့လူတွေresidence permit လျှောက်တဲ့အခါအကူအညီဖြစ်အောင်လို့adminသွားလျှောက်ထားတဲ့ဟာလေးကိုstep by step videoလေးလုပ်ပေးထားပါတယ်
စာရွက်တွေကို printထုပ်ဖို့ကတော့ Stampaလုပ်တဲ့ဆိုင်ဆိုပြီး Google mapမှာရှာလိုက်လို့ရပါတယ် ပြီးရင် residence permit kitအဝါလေးတွေကကျောင်းသားများတဲ့ရာသီဆိုကုန်နေတာများတာမို့လို့post officeအကြီးအစား အသေးတွေကသွားယူပါ ပြီးရင်post officeကို ပြန်ပြီးသွားပေးတဲ့အခါကျရင်ရုံးဖွင့်တဲ့အချိန်ကွက်တိ or အစောသွားဖို့လိုပါမယ် ဘာလို့လဲဆိုတော့သူတို့ကအခု residence permit ကိုအရေအတွက်အကန့်အသတ်နဲ့ပဲလုပ်ပေးတော့တယ်ပြောပြီးနေ့လည်ပိုင်းတွေဆိုလုပ်မရတော့တာမို့ adminဆိုသုံးခါတောင်ပြန်သွားလိုက်ရပါတယ် ကျန်တဲ့လိုတာတွေအကုန်ကတော့videoထဲမှာအကုန်ပါတာမို့အဆင်ပြေဖို့မျှော်လင့်ပါတယ် Hope this is helpful and see you all in the next one💕💕💕

Pageမှာနားထားတာကြာပြီဖြစ်တဲ့ CEnT-Sအတန်းအသစ်လေးတွေပြန်လာပါပြီနောက်နှစ်စာသင်နှစ်အတွက် first macro periodမှာအပြီးအစီးလျှော...
02/06/2026

Pageမှာနားထားတာကြာပြီဖြစ်တဲ့ CEnT-Sအတန်းအသစ်လေးတွေပြန်လာပါပြီ
နောက်နှစ်စာသင်နှစ်အတွက် first macro periodမှာအပြီးအစီးလျှောက်ချင်တယ်ဆိုတဲ့လူတွေအတွက်ဒီအတန်းလေးကသီးသန့်ကြိုဖွင့်ထားတာပါ မနှစ်ကSeptember မှအတန်းစလိုက်တော့စာမေးပွဲကလဲ၃လတစ်ခါပဲဖြေလို့ရတော့တာဖြစ်တဲ့အတွက်အရမ်းအချိန်ကပ်သွားလို့ပါ အတန်းလေးကိုတော့ 13th June မှာစမှာဖြစ်ပြီးပုံမှန်လိုပဲ ၅ဘာသာပါပါမယ်
ကိုယ်လျှောက်မဲ့မေဂျာနဲ့ကျောင်းအပေါ်လိုက်ပြီး Maths,Logicနဲ့ Physics or 5ဘာသာလုံးယူရတာကွာပါလိမ့်မယ် အသေးစိတ်ကိုလဲpage messengerမှာစုံစမ်းမေးမြန်းနိုင်ပါတယ် အတန်းကြာချိန်ကာလကတော့၂လဖြစ်ပြီး တစ်လအတွက်Tuition Feesကတော့ Maths,Logic and Physics ဆိုရင် euro 50(၂သိန်းခွဲ) နှင့် ၅ဘာသာလုံးဆိုရင် euro 70 (၃သိန်းခွဲ)ပါ အတန်းကအရင်လိုပဲလူအကန့်အသတ်ရှိတာမို့လို့ လူအရေအတွက်လေးပြည့်ရင်တော့စာရင်းလေးပိတ်ပါမယ်ရှင့် လူအရမ်းများရင်ကျောင်းသားအကုန်လုံးကိုသေချာအာရုံမစိုက်ပေးနိုင်မှာစိုးလို့ပါ လိုအပ်တဲ့materialတွေအကုန်ကိုteacherတွေကပေးမှာဖြစ်တဲ့အပြင် Exam simulation နဲ့ old questions practice တွေလဲပါပါမယ် ပုံထဲမှာပါတဲ့အတန်းအချိန်လေးတွေကItalian အချိန်ပါမြန်မာနိုင်ငံနဲ့ဆို ၄နာရီခွဲကွာပါမယ်ရှင့်
Thank you everyone for trusting us and see you in the class💕💕💕

25/05/2026

University tourရဲ့အပိုင်း 3လေးအတွက်ဒီနေ့တော့ Napoliမြို့ကိုသွားခဲ့ပါတယ် Napoliကအီတလီတောင်ပိုင်းမှာဆိုရင်တော်တော်လေးကြီးတဲ့မြို့ဖြစ်တဲ့အပြင် Metro Busစတဲ့ transportation အစုံလဲရှိတယ်ပေါ့နော် မြို့ကလဲတော်တော်ကြီးပါတယ် university တွေလဲ၃ ၄ခုလောက်ရှိပါတယ် အဲ့ထဲကတစ်ချို့ကျောင်းတွေရဲ့campusတွေလဲvlogထဲမှာပါပါတယ် အဲ့တာအပြင်အဲ့ကျောင်းတွေမှာတက်လို့ရမဲ့English taught programs လေးတွေကို commentမှာကျောင်းနာမည်နဲ့course နာမည်လေးတွေထည့်ပေးထားပါမယ်နော် ဒီvlogကတော့သီးသန့်ကြီး မြို့ကိုသွားပြီး ကျောင်းအတွက်ရိုက်တာထပ် adminခရီးသွားရင်း ကျောင်းတက်ဖို့အဲ့မြို့ကိုရွေးသင့်မရွေးသင့် ကြည့်ချင်တဲ့လူတွေအတွက်ရိုက်ခဲ့တာမို့လို့ လိုအပ်ချက်လေးတွေရှိသွားရင်လဲနားလည်ပေးဖို့မျှော်လင့်ပါတယ် adminဒီထဲမှာထည့်မပြောခဲ့တာရှိတာNapoliမှာpart timeအခြေအနေဘယ်လိုရှိမယ် လစာကဘယ်လောက်ရတတ်တယ်ဆိုတာတွေတော့မပါပါဘူး(ဘာလို့လဲဆိုတော့ အီတလီမှာbasic salary အနည်းဆုံးဘယ်လောက်ပေးရမယ်ဆိုပြီးသက်မှတ်ထားတာမရှိလို့ပါ) ဒါကတော့အဲ့မှာနေပြီးကျောင်းတက်နေတဲ့လူအစစ်မှပေးနိုင်တဲ့infoမို့လို့ adminအမြင်ကိုထည့်မပြောထားပါဘူးနော် နေစရိတ်စားစရိတ်ကတော့ မြို့ကြီးဖြစ်ပေမယ့်လဲအပေါ်ကမြို့တွေထပ်တော်တော်လေးသက်သာပါတယ် သူ့မြို့မှာလဲသူ့အားသာချက်အားနည်းချက်လေးတွေရှိတဲ့အတွက် videoလေးကြည့်ပြီးသေချာလေးဆုံးဖြတ်နိုင်ဖို့မျှော်လင့်ပါတယ်
Hope you enjoy this video and see you in the next video

22/05/2026

ဒီနေ့ကတော့ Romeမှာ အိမ်ငှါးရင်စျေးဘယ်လောက်ကျမလဲတို့ adminတို့အိမ်ငှါးရင်ရောဘယ်လိုလေးတွေကြည့်ငှါးလဲတို့အဲ့တာလေးတွေကိုကြည့်လို့ရမဲ့vlogလေးပါ adminအိမ်ပြောင်းမှာက July August ဖြစ်တာမို့လို့ September October မှာလာမဲ့လူတွေကတော့ ကျောင်းသားရာသီဖြစ်တာကြောင့်ဒီ့ထက်ပိုစျေးများပါလိမ့်မယ် နောက်ပြီး Milan တို့ Venice Isolaတို့ပေါ်မှာဆိုရင်တော့ဒီထဲကပြထားတဲ့အိမ်စျေးတွေထက်စျေးပိုများပါမယ် တခြားမြို့တွေဆိုရင်တော့စျေးနည်းနည်းပိုပြီးvideoထဲကထပ်သက်သာပါလိမ့်မယ် တစ်ခုရှိတာကတော့admin ပြထားတဲ့videoထဲမှာစျေးအရမ်းနည်းတဲ့အိမ်တစ်အိမ်ပါပါတယ် ဒီမှာ၃နှစ်နေပြီးမှတစ်ခါပဲတွေ့ဖူးသေးတာမို့လို့ အဲ့စျေးရမှနေမယ်ဆိုပြီးလဲမတွေးပါနဲ့နော် တခြားမြို့တွေမှာလဲဒီစျေးနဲ့အိမ်မတွေ့ဖူးလို့ပါ
🚩နောက်ဆုံးပြောချင်တာလေးကတော့ adminအိမ်ရှာပေးတဲ့serviceမလုပ်ပါဘူးနော်
အိမ်တွေကလဲအကြိုက်တွေ့ဖို့တစ်ခါဆို၅, ၆အိမ်လောက်သွားကြည့်ဖို့လိုပြီး ဒါတောင်အိမ်၁၅အိမ်လောက်ကိုစာပို့ထားတဲ့ထဲက၅အိမ်လောက်ပဲစာပြန်ကြတာပါ အခုvideoထဲကပြထားတဲ့အိမ်တွေအကုန်လုံးကို Facebook အိမ်ငှါးgroupတွေထဲကရှာထားတာပါ Spotahomeတို့ အိမ်ရှာagentတို့နဲ့ရှာရင်လဲရပါတယ် serviceခတွေကတော့ euro 200ကနေ အိမ်လခတစ်လခစာထိပေးရပါတယ်ပုံမှန်ဆိုရင်ပေါ့နော် အိမ်ငှါးခအပြင်အိမ်ကြည့်ရင်ရေဖိုးမီးဖိုးဘာတွေထပ်ပေးရဦးမလဲ။ depositခကဘယ်နှလစာပေးရမလဲ။ အိမ်မှာအခန်းဘယ်နှခန်းနဲ့ အိမ်နေဖော်ဘယ်နှယောက်ရှိလဲ။ အိမ်ရှင်ကရောအိမ်မှာနေသလား စတာတွေကိုမေးဖို့မမေ့ပါနဲ့ ပြီးရင်အလိမ်မခံရအောင်ဆောင်ရန်ရှောင်ရန်တွေကတော့အခုလိုadminလိုသွားကြည့်လိုက်ရင်လဲရပေမယ့်သွားမကြည့်နိုင်တဲ့လူတွေအတွက်လဲအရင်ကအိမ်ဘယ်လိုငှါးရမလဲဆောင်ရန်ရှောင်ရန်videoလေးတင်ပေးထားဖူးပါတယ်နော် အဓိကကတော့အိမ်စျေးလေးတွေမှန်းကြည့်လို့ရပြီး ဒီမှာအိမ်ငှါးရင်ဘာလေးတွေသတိထားကြည့်ရမလဲဆိုတာလေးတွေကိုပြချင်တာမို့ပါ
Hope you enjoy this video and see you all in the next one 💞💞💞

အီတလီရောက်ရင် ကိုယ့်အိမ်ကိုယ့်ရာလိုခံစားရဖို့အတွက်အရေးအကြီးဆုံးကတော့မြန်မာစာလေးတွေစားရဖို့ပါ ဒီမှာတော့Asianစာတွေကတရုတ်ဆိ...
30/04/2026

အီတလီရောက်ရင် ကိုယ့်အိမ်ကိုယ့်ရာလိုခံစားရဖို့အတွက်အရေးအကြီးဆုံးကတော့မြန်မာစာလေးတွေစားရဖို့ပါ ဒီမှာတော့Asianစာတွေကတရုတ်ဆိုင်လောက်ပဲနေရာတစ်ကာမှာပေါတာမို့လို့ တစ်ခါတစ်လေစားချင်တာလေးတွေစားရဖို့ကိုယ်တိုင်ပဲချက်စားရတာများပါတယ် ဒီpostမှာကတော့ဒီမှာမြန်မာစာနဲ့အနီးစပ်ဆုံးတူတာချက်စားနိုင်ဖို့အတွက် အရသာကောင်းတဲ့မြန်မာအရသာနဲ့တူအောင်ချက်ဖို့အထောက်အကူပေးနိုင်တဲ့ဟာလေးတွေကိုadminက sharingလုပ်ပေးထားပါတယ် ကိုယ်လုပ်စားနေကြမှာထည့်သုံးနေကြမို့လို့ ဒီရောက်ရင်ပစ္စည်းရှာဝယ်ရတာလွယ်ကူအောင်အထောက်အကူဖြစ်စေဖို့ရည်ရွယ်ပါတယ် ပုံတစ်ခုချင်းစီအောက်မှာဘယ်မှာဝယ်လို့ရတယ်နဲ့ဘာအတွက်သုံးရတာကောင်းတယ်ဆိုတာလေးကိုပြောပြပေးထားပါတယ် Admin recommend ပေးထားတာလေးတွေအပြင် ကိုယ်ရှာဖွေတွေ့ရှိထားတာလေးတွေပြန်recommend ပေးချင်ရင်လဲcommentထဲဝင်ဖြည့်ပေးခဲ့လို့ရပါတယ်နော် တခြားလူတွေလဲအကူအညီဖြစ်တဲ့အပြင် တို့လဲသိချင်လို့ပါ🥰
Thank you and see you all in the next post💞💞

28/04/2026

ဒီvlogလေးကတော့Romeမှာရှိတဲ့ထိုင်းဘုန်းကြီးကျောင်းမှာ နှစ်သစ်ကူးသကြ်န်ဆင်နွှဲခဲ့တဲ့ပုံရိပ်လေးတွေပါ ထိုင်းဘုန်းကြီးကျောင်းမှာကဒီလိုသကြ်န်ပွဲအပြင်ကထိန်ပွဲတွေလဲကျင်းပသေးတဲ့အတွက်adminတို့တော့ပွဲရှိတိုင်းအမြဲသွားဖြစ်ပါတယ် ဘုန်းဘုန်းတို့ကိုလာကပ်တဲ့ထိုင်းအန်တီကြီးတွေကျွေးတဲ့မုန့်တွေလဲအများကြီးစားရပြီး ဘုန်းကြီးကျောင်းကလဲတော်တော်လေးအေးအေးချမ်းချမ်းရှိတဲ့အတွက်တခြားသွားကြည့်ချင်တဲ့လူတွေရှိလဲrecommend ပေးပါတယ်
Thank you for watching this video and see you all in the next one 💞💞💞

Ciao! ဒီနေ့တော့adminက အီတလီကိုရောက်ရင်အရမ်းလိုအပ်ပြီး အသုံးတည့်မဲ့applications လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီကိုရ...
25/04/2026

Ciao! ဒီနေ့တော့adminက အီတလီကိုရောက်ရင်အရမ်းလိုအပ်ပြီး အသုံးတည့်မဲ့applications လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီကိုရောက်ပြီးကြာနေတဲ့လူဆိုရင်တော့ဒါလေးတွေကသိပြီးသားလဲဖြစ်မှာပေမယ့် အခုမှမြန်မာနိုင်ငံကစလာမဲ့လူတွေအတွက်အထောက်အကူဖြစ်ဖို့ရည်ရွယ်ပါတယ် adminတို့လဲစရောက်ခါစကပေါ့နော်တစ်ခုခုလိုပြီးဆိုဘယ်ကသွားဝယ်ရဘယ်appသုံးရမလဲသေချာမသိတော့နည်းနည်းဒုက္ခရောက်တယ်ပေါ့နော် အဲ့တော့ဒီလာရင်အသုံးတည့်မဲ့appလေးတွေရော adminသုံးခဲ့တဲ့အတွေ့အကြုံလေးတွေရော တစ်ပုံချင်းစီအောက်မှာရေးပေးထားပါတယ်
Hope you all enjoy this post and see you in the next one💞

22/04/2026

ဒီနေ့က​တော့University of bolognaရဲ့campusတွေရှိတဲ့မြို့ရဲ့tour part 2လေးဖြစ်တဲ့ Bologna မြို့ရဲ့အလှည့်ကျဖြစ်ပါတယ် ဒီvlogလေးမှာ မြို့ကိုကိုယ်တိုင်သွားလည်ရင်မြင်ရမဲ့ မြို့ရဲ့vibeလေးတွေကိုလဲမြင်ရမဲ့အပြင် အီတလီfood and culture လေးတွေလဲထည့်ပြထားပါတယ်
Hope you all enjoy this and see you all in the next video💞💞💞

Indirizzo

Venice

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando Sì, Grazie pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Scelte rapide

Condividi

Digitare