Myo Med in Italy

Myo Med in Italy It's Myo here — sharing my medical journey and helping Burmese students with the career pathways in Italy 🇮🇹

IMAT • Scholarship • Medicine • University

24/08/2026

"IMAT Registration Interface အသစ်နဲ့ လျှောက်နည်းအဆင့်ဆင့် Step-by-Step Video Guide" (Episode 2) 🇮🇹

မနေ့က Episode 1 မှာ ပြင်ဆင်ရမယ့် အချက်အလက်တွေနဲ့ Backup Strategy တွေကို အသေးစိတ် ဖတ်ပြီးကြပြီဆိုတော့ ဒီနေ့ Episode 2 မှာတော့ မနှစ် 2025 ကမှ ပြောင်းသွားတဲ့ Universitaly ရဲ့ Interface အသစ်ပေါ်မှာ ဘယ်လိုလျှောက်ရမလဲဆိုတာကို Screen Record လေးနဲ့တကွ လက်တွေ့ပြပေးသွားပါမယ်! 🎬👇

📺လျှောက်တဲ့ရက်မတိုင်မီ ဒီ Video လေးကို အစအဆုံး သေချာကြည့်ပြီး User Familiarity ရအောင် ကြိုတင်ကြည့်ထားကြနော်!

Episode 1:
https://www.facebook.com/share/1B3EdFCBMD/

နောက်ပိုင်းမှာလည်း အီတလီဆေးကျောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ‌ထပ်မံတင်ဆက်ဖို့ရှိသေးလို့ Like, follow and share လေး လုပ်ပေးသွားပါနော်။ See you 👋🏻






Hey Future Medicos! 🇮🇹🩺✨"IMAT Registration ကို အဆင်ပြေပြေနဲ့ အမှားအယွင်းမရှိ စာရင်းသွင်းနိုင်ဖို့ Essential Guide" (Epis...
23/08/2026

Hey Future Medicos! 🇮🇹🩺✨

"IMAT Registration ကို အဆင်ပြေပြေနဲ့ အမှားအယွင်းမရှိ စာရင်းသွင်းနိုင်ဖို့ Essential Guide" (Episode 1)

အီတလီမှာ ဆေးကျောင်းတက်ဖို့ ပြင်ဆင်နေကြတဲ့ ညီလေး၊ ညီမလေးတို့နဲ့ မိဘအုပ်ထိန်းသူအားလုံးရှေ့ကို Myo Med in Italy ပြန်လည်ရောက်ရှိလာပြီဆိုတာလေး နှုတ်ခွန်းဆက်ချင်ပါတယ်ဗျ။

ဒီနှစ် Aug 26 (Wednesday) မှာ အားလုံးစောင့်မျှော်နေကြတဲ့ IMAT 2026 Registration စတင်ဖွင့်လှစ်တော့မှာပါ။ Universitaly ရဲ့ Web Interface က ပြီးခဲ့တဲ့နှစ်ကစပြီး ပြောင်းသွားတာမို့ ပုံစံသစ်လေးမှာ အမှားအယွင်းမရှိ အေးဆေး စာရင်းသွင်းနိုင်အောင် Episode 2 Video လေးလည်း တင်ပေးဦးမှာဖြစ်သလို ပြင်ဆင်ထားဖို့ လိုအပ်‌တာတွေကိုလည်း ဒီ Episode 1 မှာ အပြည့်အစုံ ရေးသားပေးလိုက်ပါတယ်။ ✨

(Episode 2:
https://www.facebook.com/share/v/1Dc5MbdNJP/)

⏰ Opening Time

Universitaly က Registration ပွင့်မယ့်အချိန်ကို အတိအကျ ကြိုမပြောတတ်လို့ Website ကို Refresh ထိုင်လုပ်ရင်း တစ်နေ့လုံး စောင့်ကြည့်ပေးရမှာပါ။
လွန်ခဲ့တဲ့နှစ်တွေက ပွင့်ခဲ့တဲ့ အချိန်တွေကတော့
2025: 4:10 PM MMT (CET 11:40 AM)
2024: 4:35 PM MMT (CET 12:05 PM)
2023 & 2022: 1:30 PM MMT (CET 09:00 AM) တို့ပဲ ဖြစ်ပါတယ်။

🤔 System ပွင့်မပွင့် ဘယ်လိုသိနိုင်မလဲ?

နည်းလမ်းနှစ်မျိုးနဲ့ စောင့်ကြည့်လို့ ရပါတယ်။
1) Universitaly Home Page မှာ "IMAT 2026 opens" ဆိုတဲ့ Headline ကြီး တက်လာမယ်။
2) မိမိရဲ့ Universitaly Student Account ထဲ Log in ဝင်ပြီး IMAT 2026 ကို ခဏခဏ နှိပ်ကြည့်လို့ရပါတယ်။

💳 Registration မလုပ်ခင် အဆင်သင့်ပြင်ထားရမယ့် အချက်များ

1) Universitaly Account: အရင်ဆုံး အကောင့်ကြိုဖွင့်ထားပြီးသား ဖြစ်ရပါမယ်။
2) International Transaction ရတဲ့ Card: Euro 130 (THB 5,000 ဝန်းကျင် / မြန်မာငွေ ၆ သိန်းခွဲထက် ပိုတဲ့ ပမာဏ) ထက် ပိုများတဲ့ ပမာဏကို ထည့်ထားပါ။ Card ရဲ့ Daily Transaction Limit ကိုလည်း သေချာ စစ်ထားပါ။

⚡ Speed မြန်နိုင်အောင် အကြံပေးချင်တာကတော့….

အစ်ကိုကတော့ ရိုက်သွင်းဖို့ လိုအပ်မယ့် အချက်အလက်အားလုံးကို တန်းပြီး Copy Paste လို့ရအောင် Notepad မှာ ကြိုထည့်ထားပါတယ်။
- Card Number
- Card Holder Name (Card ပေါ်က အတိုင်း)
-Expiry Date
- Security Code (CVV)
(မနှစ်က Interface အသစ်မှာတော့ မလိုခဲ့ပေမယ့် အရင်နှစ်တွေတုန်းက Card details မှာ လိုအပ်ခဲ့တဲ့ အချက်တွေဖြစ်တဲ့ Card Holder Address, City, Country, Email, Phone Number ကိုလည်း ကြိုရိုက်ထည့်ထားတာ အကောင်းဆုံးပါ။)

💡Registration လုပ်တဲ့အခါ မဖြစ်မနေ ဖြည့်ရမယ့် အကွက်တွေကိုပဲ ဖြည့်ပါ။ မဖြည့်လည်းရတဲ့ အကွက်တွေ လိုက်ဖြည့်နေရင် အချိန်ကြာပါတယ်။

⚠️ Registration ပြုလုပ်စဉ် တွေ့ကြုံရနိုင်တဲ့ အခက်အခဲများ

Registration စဖွင့်တာနဲ့ တစ်ကမ္ဘာလုံးက ဝင်လျှောက်ကြတာမို့ Web Server နှစ်တိုင်းကျသွားတတ်ပါတယ်။
- Exam Center ရွေးပြီး Payment အဆင့်ကို ဆက်မသွားဘဲ ကျပ်နေတာမျိုး ကြုံရနိုင်ပါတယ်။
- Payment Confirm နှိပ်အပြီး Card ထဲက Euro 130 နှုတ်သွားပေမယ့် System က အောင်မြင်ကြောင်း မပြတာမျိုး ဖြစ်တတ်ပါတယ်။
အဲဒီအချိန်မှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါဟာ အားလုံးနီးပါး ကြုံနေရတာမို့ ပျာယာမခတ်ပါနဲ့။ နာရီပိုင်းကနေ (မနှစ်တုန်းက တစ်ရက်နီးပါးအထိ) ကြာတတ်တာမို့ စိတ်ကို အေးအေးထားပြီး Web ပြန်ကောင်းတာကို စောင့်ပေးပါ။

📍Exam Centers and Backup Plan Strategy

Asian ကျောင်းသားအများစု လျှောက်လေ့ရှိတဲ့ India နဲ့ Dubai Centers တွေက စဖွင့်ပြီး ၃ မိနစ်မှ ၅ မိနစ်အတွင်း ပြည့်သွားလေ့ရှိပါတယ်။ မြန်မာကျောင်းသားတွေ လျှောက်လေ့ရှိတဲ့ Hong Kong Center နဲ့ China Center နှစ်ခုကတော့ သိပ်ကျပ်လေ့မရှိပေမယ့် မနှစ်တုန်းကထိတော့ Hong Kong Center ကတော့ ပိုအပြည့်မြန်တတ်ပါတယ်။ ဒီနှစ်မှာ China Exam Center (Beijing) က မြန်မာကျောင်းသားတွေကြားမှာလည်း ရေပန်းစားလာသလို အများစု သွားကြမှာဖြစ်တဲ့အတွက် မနှစ်ကထက်တော့ များလာလောက်ပါတယ်။ ဒါပေမယ့် China Center က Seats အရေအတွက်ပိုတတ်လို့ Seat ရဖို့ သိပ်ခက်မယ်တော့ မမြင်ပါဘူး။
‼️ဒါမို့ India နဲ့ Dubai Centers တို့ကို ‌ရွေးမယ့်သူတွေကိုတော့ Backup Plan ကြိုပြင်ထားစေချင်ပါတယ်။ Hong Kong visa က မနှစ်ကစပြီး 2လလောက် ကြာတတ်တဲ့အတွက် Hong Kong visa မလျှောက်ရသေးဘူးဆိုရင် Backup Plan က Hong Kong တော့ မဖြစ်သင့်ပါဘူးလို့ အစ်ကိုအမြဲအကြံပေးပါတယ်။

💁🏻‍♂️ အစ်ကို့ရဲ့ Real Experience

ပြီးခဲ့တဲ့နှစ်က Exam Center လည်း ရွေးပြီး Payment နှိပ်အပြီးမှာပဲ Web Down သွားခဲ့ရာကစတာပဲ ဖြစ်ပါတယ်။ Bank account ထဲကနေတော့ Euro 130 ဟာ ဖြတ်သွားပြီးပေမယ့် System မှာတော့ Payment not made ပဲပြပြီး Registration approval mail လည်း မရခဲ့ပါဘူး။ နောက်တစ်ရက်လောက်ကြာတော့ Website က ပြန်ကောင်းသွားပေမယ့် Approve မဖြစ်သေးပဲ ရွေးထားတဲ့ Exam Center ဟာ India (New Delhi) ကနေ Italy (Parma) ကိုတောင် ပြောင်းသွားပြီး Parma မှာ ‌သွားဖြေခိုင်းခဲ့ပါတယ်။ တခြား international students တွေလည်း ပုံစံတူ Errors ကြုံတွေ့ခဲ့ရပါတယ်။ ဖြစ်စဉ်ကို ရှင်းရမယ်ဆိုရင် ပိုက်ဆံဖြတ်သွားပြီးတဲ့အချိန်မှာပဲ Web down သွားပြီး သူတို့ဘက်က Approve မလုပ်လိုက်နိုင်ခင် India Center ဟာ ပြည့်သွားတာကြောင့် အဲလိုဖြစ်ခဲ့တဲ့သူတချို့ကို University of Choice ရှိရာမြို့မှာ သွားဖြေခိုင်းလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမမျှော်လင့်ထားတဲ့ အခြေအနေမျိုးအတွက် အစ်ကို့မှာ China Visa ကြိုလျှောက်ပြီး Visa လက်ဝယ်ကိုင်ထားတဲ့ Backup Plan ရှိတာမို့ နောက်နေ့မှာ India Seat ကို ချက်ချင်း Cancel လုပ်ပြီး Beijing Center ကို ပြောင်းပြီး ပိုက်ဆံထပ်ချေခဲ့ပါတယ်။ India Center အတွက် ဖြတ်သွားတဲ့ Euro 130 ကလည်း ရက်သတ္တပတ် အနည်းငယ်အကြာမှာ Refund ပြန်ရခဲ့ပါတယ်။

🔄 Register လုပ်ပြီးမှ Center ပြောင်းချင်ရင် ဘယ်လိုလုပ်မလဲ?

စာရင်းသွင်းထားတဲ့ Center ကို Cancel အရင်လုပ်ရပါမယ်။ Cancellation Approved ဖြစ်မှ အသစ်တစ်ခုကို Deadline မတိုင်မီ ပြန်ရွေးရမှာဖြစ်ပါတယ်။ Refund ကတော့ အချိန်နည်းနည်းကြာမှ ပြန်ဝင်မှာပဲ ဖြစ်ပါတယ်။

❓ ပြဿနာတစ်ခုခုကြုံရင် [email protected] သို့ တိုက်ရိုက် Email ပို့၍သော်လည်းကောင်း၊ Universitaly ရဲ့ IMAT Support ထဲက Ticket System ကနေသော်လည်းကောင်း ဆက်သွယ်ပါ။

📩 Registration ပြီးရင် ရောက်လာမယ့် Mails

Registration အောင်မြင်သွားရင် မိမိ Email ထဲကို
- Exam Center Confirmation Approval Email
- Payment Receipt တို့ ဝင်လာမှာပဲ ဖြစ်ပါတယ်။
(Unauthorized Group တချို့ကနေ ပုံစံတူ Email တွေ ပို့တတ်တဲ့ကိစ္စတွေ ရှိခဲ့ဖူးတာမို့ ကိုယ့်ဆီကို Email ပေးပို့သူဟာ CINECA သို့မဟုတ် [email protected] ဖြစ်မဖြစ် သေချာ စစ်ဆေးပါ။)

IMAT စာမေးပွဲကြီးကို ပြင်နေကြတဲ့ ညီလေး၊ ညီမလေးတို့ အားလုံး ဒီ Guide လေးကနေ အထောက်အကူ တစ်စုံတစ်ရာရမယ်လို့ ယုံကြည်ပြီး အေးအေးဆေးဆေးနဲ့ အဆင်ပြေပြေ Registration ပြုလုပ်နိုင်ကြပါစေကြောင်း Myo Med in Italy မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်!!

ရှေ့ဆက်ပြီး IMAT နဲ့ ပတ်သက်တဲ့ Guide တွေ၊ Italy Medical Education Updates တွေကို တိုက်ရိုက်သိရဖို့ Myo Med in Italy Page ကို Like & Follow လုပ်ထားကြဦးနော်။ See you!! 👋🏻






🇮🇹 အီတလီမှ ဆေးကျောင်းအပါအဝင် တက္ကသိုလ်အားလုံးအတွက် ယခုနှစ် Pre-enrollment စတင်ဖွင့်လှစ်ခြင်းနှင့် သိကောင်းစရာများ Ciao မ...
07/05/2026

🇮🇹 အီတလီမှ ဆေးကျောင်းအပါအဝင် တက္ကသိုလ်အားလုံးအတွက် ယခုနှစ် Pre-enrollment စတင်ဖွင့်လှစ်ခြင်းနှင့် သိကောင်းစရာများ

Ciao မင်္ဂလာပါ။ အီတလီမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့သူတွေ စောင့်မျှော်နေကြတဲ့ ၂၀၂၆/၂၀၂၇ ပညာသင်နှစ်အတွက် Universitaly Pre-enrollment ကို ဒီလ May 5 မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ဒီအဆင့်က မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေလို Non-EU ကျောင်းသားတိုင်းအတွက် Study Visa လျှောက်ဖို့ မဖြစ်မနေ လုပ်ရမယ့် အရေးကြီးဆုံးခြေလှမ်းမို့ အသေးစိတ်ကို သေချာဖတ်ကြည့်ရအောင်။ 👇🏻

🔹 Pre-enrollment ဆိုတာ ဘာလဲ?

အလွယ်ပြောရရင်တော့ အီတလီတက္ကသိုလ်တွေမှာ ကျောင်းတက်ဖို့ Universitaly Portal မှာ ကြိုတင်စာရင်းပေးသွင်းတာပါ။ လွယ်လွယ်လေး ပြောရရင်တော့ ဒါဟာ ကိုယ်တက်ချင်တဲ့ ကျောင်းဆီကို ကျွန်တော်/ကျွန်မ ဒီကျောင်းမှာ တက်ချင်ကြောင်း ကြိုတင်အကြောင်းကြားတဲ့သဘောပါ။ ကျောင်းဖက်ကနေ ကိုယ်တင်လိုက်တဲ့ စာရွက်စာတမ်းတွေကို အရင်စစ်ဆေးပြီးလို့
အဆင်ပြေတယ်ဆိုရင် ကိုယ့်ရဲ့ Application ကို ဗီဇာလျှောက်မယ်လို့ ကိုယ်ရွေးထားတဲ့ သံရုံးဆီ Forward လုပ်ပေးလိုက်မှာပဲ ဖြစ်ပါတယ်။ ဒါမှ ကျောင်းဖက်ကနေ ကိုယ့်ကို လက်ခံကြောင်း အတည်ပြုချက်ရပြီး သံရုံးမှာ ဗီဇာလျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။

⏳ ဘယ်အချိန်အထိ လျှောက်လို့ရမလဲ?

Pre-enrollment က ပုံသေ Deadline မရှိဘဲ ကျောင်းအလိုက် ကွာခြားတတ်ပါတယ်။ ဒါပေမဲ့ IMAT ဖြေမယ့် ဆေးကျောင်းသားတွေအတွက် အကြံပေးချင်တာကတော့ June လကုန်ထက် နောက်မကျဘဲ လုပ်ထားဖို့ပါ။
အကြောင်းရင်းကတော့ ကိုယ်တင်လိုက်တဲ့ စာရွက်စာတမ်းမှာ ပြဿနာတစ်ခုခုရှိလို့ ပြန်ပြင်ရတာမျိုးဖြစ်လာရင် စာမေးပွဲနီးမှ အလုပ်မရှုပ်ရအောင်ပါ။ နောက်ပြီး IMAT Registration မစခင် Pre-enrollment Process တစ်ခုလုံးပြီးထားရင် စိတ်ချရဆုံးပါပဲ။

📑 ဘာစာရွက်စာတမ်းတွေ လိုမလဲ?

အရင်ဆုံး Universitaly Account ဖွင့်ရပါမယ်။ ပြီးရင် ၁၂ တန်းအောင်လက်မှတ် (သို့မဟုတ် ညီမျှသော လက်မှတ်) နဲ့ တချို့ကျောင်းတွေ တောင်းတတ်တဲ့ English Proficiency (IELTS/Duolingo စသည်) တို့ လိုအပ်ပါမယ်။
ဆေးကျောင်းတက်ဖို့ IMAT ဖြေမယ့်သူတွေအတွက် တက္ကသိုလ်ရွေးတာက အရမ်းအရေးကြီးပါတယ်။ Non-EU အနေနဲ့ တစ်ကျောင်းပဲ ရွေးခွင့်ရှိတာမို့ သေချာစဉ်းစားပြီး လျှောက်ထားကြဖို့ပါပဲ။

📩 Pre-enrollment လျှောက်ပြီးရင် ဘာဆက်ဖြစ်မလဲ?

လျှောက်လွှာတင်ပြီး ကျောင်းဖက်က စစ်ဆေးလို့ အောင်မြင်သွားရင် "Application Successful" ဆိုတဲ့ Email ရပါမယ်။ ပြီးရင် Universitaly ပေါ်ကနေ Summary ကို Download ဆွဲလို့ရပါပြီ။ Summary ရဖို့ ကျွန်တော့်တုန်းကတော့ တစ်လစွန်းစွန်းလောက် ကြာခဲ့ပါတယ်။ ဒီ Summary ရပြီဆိုတာနဲ့ ကိုယ်ဟာ ပညာရေးအရ သတ်မှတ်ချက်ပြည့်မီကြောင်း ကျောင်းဖက်က အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

💡 Pre-Enrollment vs Pre-Registration မမှားစေနဲ့နော်!

👉🏻 Pre-Enrollment: Universitaly Portal မှာ လုပ်ရတာဖြစ်ပြီး Non-EU အားလုံးအတွက် ဗီဇာရဖို့ မဖြစ်မနေ လုပ်ရမယ့်အဆင့်ပါ။
👉🏻 Pre-Registration: ဒါကတော့ တချို့ကျောင်းတွေ (ဥပမာ- Turin, Pavia, Marche, Messina) က သူတို့ကိုယ်ပိုင် Website တွေမှာ သီးသန့် အချက်အလက်ထပ်တင်ခိုင်းတာပါ။ ကိုယ်လျှောက်မယ့်ကျောင်းက ဒါမျိုးလိုလားဆိုတာ Check လုပ်ဖို့တော့ လိုအပ်ပါတယ်။

🛠️ အမေးများတဲ့ မေးခွန်းများ (FAQs)

Q: Pre-enrollment လျှောက်ဖို့ MOFA တုံးထုဖို့ လိုလား? 🤔

A: Pre-enrollment အဆင့်မှာ MOFA တံဆိပ်တုံး မလိုသေးပါဘူး။ English Notary ပြန်ထားရင် ရပါပြီ (မူရင်းက အင်္ဂလိပ်လိုဆိုရင်တော့ Certified True Copy လုပ်ရုံပါပဲ)။ တစ်ခုသိထားရမှာကတော့ Pre-enrollment မှာ တင်လိုက်တဲ့စာရွက်တွေဟာ DOV လျှောက်ရင် သံရုံးကို တင်ရမယ့် စာရွက်တွေပဲ ဖြစ်ပါတယ်။ DOV လျှောက်ရင်တော့ MOFA Stamp နဲ့ Italian Translation လိုအပ်မှာ ဖြစ်ပါတယ်။

Q: Account ဖွင့်တုန်းက အချက်အလက်မှားထည့်မိရင် ဘယ်လိုပြင်မလဲ? 🤷🏻‍♂️

A: Universitaly Website မှာ Support Ticket ဖွင့်ပြီး အကြောင်းကြားရပါမယ်။ ဘာတွေမှားလို့ ဘာပြင်ချင်လဲဆိုတာ သေသေချာချာ ရေးရမှာဖြစ်ပြီး Passport Scan ပါ တွဲပို့ပေးဖို့ လိုပါတယ်။

Q: Pre-enroll တင်ပြီးမှ ကျောင်းပြောင်းချင်ရင်ရော? ⚠️

A: အရင်လျှောက်ထားတဲ့ ကျောင်းကို ဆက်သွယ်ပြီး ကိုယ့်ရဲ့ Application ကို Cancel/Reject လုပ်ပေးဖို့ တောင်းဆိုရပါမယ်။ သူတို့က ပယ်ဖျက်ပေးလိုက်ပြီဆိုမှ "New Application" ခလုတ် ပြန်ပေါ်လာမှာဖြစ်ပြီး ကျောင်းအသစ်ကို ပြန်လျှောက်လို့ရမှာပါ။ ဒါကလည်း အချိန်အတိုင်းအတာတစ်ခု ကြာမှာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် ကိုယ်ရွေးမယ့်ကျောင်းကို သေချာအောင်လုပ်ပြီးမှ တစ်ခါတည်း လျှောက်စေချင်ပါတယ်။

ဒီလောက်ဆိုရင်တော့ Pre-enrollment နဲ့ ပတ်သက်ပြီး သိကောင်းစရာတွေအားလုံးကို သိသွားကြပြီလို့ မျှော်လင့်ပါတယ်။ အီတလီမှာ ကျောင်းတက်ဖို့ ကြိုးစားနေကြတဲ့သူတွေအားလုံး အဆင်ပြေကြပါစေ။ 🍀

နောက်ထပ်လည်း အီတလီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝေမျှပေးသွားဦးမှာ ဖြစ်တဲ့အတွက် Like, Follow & Share လေး လုပ်ပေးသွားကြပါဦးနော်။ See you 👋🏻





09/04/2026

🇮🇹 Marco တစ်ယောက် ဘယ်ရထားမှာ လွဲခဲ့တာလဲ? လွဲခဲ့ရင်ရော မဖြစ်နိုင်တော့ဘူးလား? 🚂

အခုကစပြီး အီတလီဆေးကျောင်းဝင်ခွင့် စာမေးပွဲဖြစ်တဲ့ IMAT နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဖြေဆိုလို့ရအောင် ပုံမှန်ရှင်းပြပေးသွားမယ့် “IMAT Hack by Myo Med in Italy” Content series အသစ်စက်စက်လေးက ညီလေး၊ ညီမလေးတို့ရှေ့ကို ရောက်ရှိလို့ လာပါပြီ။ IMAT မေးခွန်းတွေကို ကြောက်စရာမလို‌ပဲ ပေါ့ပေါးပါးပါးလေးဖြစ်အောင် တင်ဆက်သွားမှာမို့ စောင့်ကြည့်ပေးကြပါဦး။ 🚀

IMAT Hack series ရဲ့ ပွဲဦးထွက်ပုစ္ဆာလေးကတော့ IMAT 2024 ရဲ့ မေးခွန်းဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့ Logical Reasoning ပုစ္ဆာလွယ်လွယ်လေးတစ်ပုဒ်နဲ့ပဲ စတင်လိုက်ရအောင်။ အဲဒါကတော့ Marco ရဲ့ "လွဲချော်မှု" အကြောင်းပါ။

အားလုံးသိတဲ့အတိုင်း အရင်က IMAT Exam ကို Cambridge က ကျင်းပပေမယ့် 2023 ကစပြီး MUR ကနေ ပြောင်းလဲကျင်းပလာပြီးနောက်ပိုင်း နောက်ဆုံးနှစ်နှစ်ဆက်တိုက် Logical Reasoning Section မှာ ဒီလိုပုံစံတူ ပုစ္ဆာလေးတွေ တွေ့ပါများလာပါတယ်။ လွယ်လွယ်လေးပေမယ့် မှားတတ်တဲ့ Options တွေလည်း ပေးထားတတ်တာမို့ လေ့ကျင့်ထားဖူးသူတွေအတွက်တော့ အမှားကင်းအောင် ဖြေဆိုနိုင်ပါလိမ့်မယ်။

🧠 Brainstorming Time!
"When Marco takes the train, he always arrives at work on time."
Which of the statements can be deduced from the preceding proposition?
A) Marco took his car, therefore he arrived on time.
B) Marco arrived late, therefore he took train.
C) He didn't take train, therefore he arrived late.
D) Marco arrived on time, therefore he missed the train.
E) Marco arrived late, therefore he did not take the train.

အဖြေမှန်က ဘာဖြစ်မလဲ? အဖြေမှန်နဲ့ ရှင်းလင်းချက်ကို သိချင်ရင်တော့ Video ကို အဆုံးထိ ကြည့်လိုက်ပါ! 🎬

🩺 ပုစ္ဆာတွေကို မြင်တာနဲ့ အဖြေတန်းထွက်အောင် လေ့ကျင့်ချင်ရင် Coaches နှစ်ယောက်က ရလဒ်အဓိကဦးတည်ပြီး ထိထိရောက်ရောက် လေ့ကျင့်ပေးမယ့် ကျွန်တော်တို့ရဲ့ IMAT 100-minute Training Camp မှာ အခုထိ Register လုပ်လို့ ရပါသေးတယ်။ ၅ လတာအတွင်း မေးခွန်းပေါင်းများစွာကို အတူတူ လေ့ကျင့်ပြီး လတိုင်း Mock Test တွေကို ဖြေကြရမယ်။ Coaches တွေနဲ့ One-on-one လည်း ဆွေးနွေးလို့ရဦးမှာပဲ ဖြစ်ပါတယ်။

🔗 Camp အကြောင်းလေး ဖတ်ချင်ရင် ဒီပို့စ်မှာ ဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။
https://www.facebook.com/share/p/1J6QKRCBtQ/
စိတ်ဝင်စားလို့ မေးချင်တာရှိရင်လည်း Messenger ကနေ အသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်။

👐🏻 Let's Register Now & Join the Camp!





Indirizzo

Piacenza
29122

Notifiche

Lasciando la tua email puoi essere il primo a sapere quando Myo Med in Italy pubblica notizie e promozioni. Il tuo indirizzo email non verrĂ  utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Scelte rapide

Condividi