YOUR Scholarship Mentor

YOUR Scholarship Mentor Informazioni di contatto, mappa e indicazioni stradali, modulo di contatto, orari di apertura, servizi, valutazioni, foto, video e annunci di YOUR Scholarship Mentor, Consulente scolastico, Via Giuseppe Re David, 197/C, Bari.

နိုင်ငံတကာ Scholarship ပညာသင်ဆုများကို လျှောက်ထားလိုသူ ကျောင်းသား/ကျောင်းသူများအတွက်Mentorship ဝန်ဆောင်မူများ၊ Scholarship လမ်းညွှန်မှုများကို ပိုမိုလွယ်ကူစွာ ရရှိစေနိုင်ရန် YOUR Scholarship Mentor မှ ကူညီပေးပါသည်။

MAECI Italian Government Scholarship  ရဲ့ 2026-27 Academic Year Application စဖွင့်နေပါပြီ။ Scholarship benefits အနေနဲ့ -...
16/03/2026

MAECI Italian Government Scholarship ရဲ့ 2026-27 Academic Year Application စဖွင့်နေပါပြီ။ Scholarship benefits အနေနဲ့

-တစ်နှစ်စာ Euro €10800 ( သိန်း 500 ဝန်းကျင်)
-Full Tuition Fee Waiver
-Health Insurance
-Chance to study Italian Universities
-Scholarship Renewal ကို ရရှိမှာပါ။

လျောက်လို့ ရတဲ့ program တွေ အနေနဲ့
1.1. Master’s Degree Programs ( Laurea Magistrale , 2nd Cycle)
1.2. Higher Education for Fine Arts, Music and Dance (AFAM) programmes ( 1st and 2nd cycle)
1.3. PhD programmes
1.4. Research Projects
1.5. “Italofania” scholarships for intensive language and culture courses
1.6. Bachelor’s Degree (Laurea Triennale, 1st cycle) or Single-Cycle Degree (Laurea magistrale a ciclo unico) programmes: “Costruiamo il futuro” scholarships

Application Deadline က 2 p.m. (C.E.T.) 26th March 2026 ပါ။



Thailand Scholarship 2026
11/02/2026

Thailand Scholarship 2026

ထိုင်းနိုင်ငံ အစိုးရက ပေးအပ်တဲ့ MHESI Scholarship များ
31/01/2026

ထိုင်းနိုင်ငံ အစိုးရက ပေးအပ်တဲ့ MHESI Scholarship များ




🇰🇭🇱🇦🇲🇲🇻🇳Calling Cambodian, Laotian, Myanmar, and Vietnamese Candidates!

he Ministry of Higher Education, Science, Research and Innovation (MHESI) of the Kingdom of Thailand has implemented the Thailand Scholarships Program to promote academic excellence, strengthen international cooperation and support human capital development through the provision of scholarships for international students to pursue higher education studies and exchange or training programs at Thai higher education institutions.

The Thailand Scholarships Group 1 are allocated for nationals of Cambodia, Lao PDR, Myanmar and Viet Nam, to pursue Master’s or Doctoral degree programs conducted in English or international formats at Thai higher education institutions.

For detailed information, please check the link in the comments below.

Deadline: Friday, 20 March 2026

Contact Person
For further information regarding the Thailand Scholarships (Year 2026), please contact: Ms. Marissada Nilmanee
Plan and Policy Analyst, International Affairs Division, MHESI
328 Si Ayutthaya Road, Bangkok 10400, Thailand
Telephone: +66 2 610 5405
Email: [email protected]

Credit: MHESRI

Scholarship Essay တွေကို သေချာစစ်ပေးခြင်း (Essay Proofreading)၊ Review လုပ်ပေးခြင်း၊ Feedback ပေးခြင်းနှင့် Additional C...
12/01/2026

Scholarship Essay တွေကို သေချာစစ်ပေးခြင်း (Essay Proofreading)၊ Review လုပ်ပေးခြင်း၊ Feedback ပေးခြင်းနှင့် Additional Content Advice ပေးခြင်း Services တွေ ရနေပြီနော်။ 📢

Scholarship လျှောက်တော့မယ်ဆိုရင် အရေးအကြီးဆုံး Essay ကို မေ့ထားလို့မရဘူးနော်! မိမိရေးသားလိုက်တဲ့ Scholarship Essay ဆိုတာ မိမိကို Scholarship ပေးသင့်/မပေးသင့် ဆုံးဖြတ်ပေးတဲ့အရာဖြစ်လို့ အရမ်းအရေးကြီးပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Essay ဟာ ရိုးရိုးရှင်းရှင်းကြီး ဖြစ်မနေဘဲ ကိုယ့်ရဲ့ Academic Background ၊ Personality ၊ Achievements ၊ Future Vision ၊ Professional & Volunteering Experience နဲ့ Teamwork စွမ်းရည်တွေ ပေါ်လွင်နေဖို့လိုသလို... အများကြားမှာ Unique ဖြစ်ပြီး Stand out ဖြစ်နေဖို့လည်း အရမ်းလိုအပ်ပါတယ်။ ✨

ဒါတွေအတွက် စိတ်မပူပါနဲ့။ “Your Scholarship Mentor” ရှိပါတယ်။
“Your Scholarship Mentor” အနေနဲ့
- ✍️ Grammar သေချာစစ်ဆေးပေးခြင်း (Proofreading)
-🔍 အသေးစိတ် ပြန်လည်စစ်ဆေးပေးခြင်း (Detailed Reviews)
-💬 ကောင်းမွန်သော အကြံဉာဏ်များပေးခြင်း (Constructive Feedback)
-💡 Essay ပိုကောင်းအောင် ဘာတွေထပ်ဖြည့်ရမလဲ လမ်းညွှန်ပေးခြင်း (Content Advice) စတဲ့ ၀န်ဆောင်မှုတွေ ပေးနေပါပြီ။

Scholarship အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ အခုပဲ Chat Box (Messenger) ကနေ ဆက်သွယ်လိုက်ပါ! 📩

🇯🇵ဂျပန်နိုင်ငံရဲ့ Kyoto University က ပေးအပ်နေတဲ့ MEXT Scholarship University Track 🏆🏆Post Graduates (Master & PHD) အတွက်...
08/01/2026

🇯🇵ဂျပန်နိုင်ငံရဲ့ Kyoto University က ပေးအပ်နေတဲ့ MEXT Scholarship University Track 🏆🏆Post Graduates (Master & PHD) အတွက် လက်လွှတ်မခံသင့်တဲ့ scholarship အခွင့်အလမ်း ကောင်းတစ်ခုပါ ။

🧑🏻‍💻တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။







✌️✌️✌️ Kyoto University MEXT Scholarship 2026 🇯🇵🇯🇵🇯🇵(Fully Funded)

- Masters
- PhD
- Professional Degree

--------------------------
⬇︎⬇︎⬇︎ Apply Now ⬇︎⬇︎⬇︎
--------------------------

- JPY 144,000 per month
- Additional location allowances
- Travel expenses to Japan
- and more...

World Wide Opportunities

🇮🇹 အီတလီနိုင်ငံ၊ University of Genova ပညာသင်ဆု (၂၀၂၆-၂၀၂၇)အီတလီနိုင်ငံရဲ့ သမိုင်းဝင်မြို့တော် ဂျီနိုအာ (Genoa) မှာရှိတဲ့...
07/01/2026

🇮🇹 အီတလီနိုင်ငံ၊ University of Genova ပညာသင်ဆု (၂၀၂၆-၂၀၂၇)
အီတလီနိုင်ငံရဲ့ သမိုင်းဝင်မြို့တော် ဂျီနိုအာ (Genoa) မှာရှိတဲ့ အကြီးဆုံးနဲ့ အလေးစားရဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Genova မှ နိုင်ငံတကာကျောင်းသားများအတွက် ဘွဲ့ကြိုနှင့် မာစတာဘွဲ့ ပညာသင်ဆုများကို စတင်ခေါ်ယူနေပါပြီ။ ဤပညာသင်ဆုသည် (Fully Funded) စရိတ်ငြိမ်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါသည်။

🧑🏻‍💻တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

💰 University of Genova ပညာသင်ဆု၏ အကျိုးခံစားခွင့်များ
-တစ်နှစ်လျှင် ယူရို €၆,၆၅၆ ချီးမြှင့်မည်။
-နေထိုင်စရိတ်၊ စားစရိတ်နှင့် အခြားဝန်ဆောင်မှုများ

ပရိုဂရမ် (၂) ခုအထိ ရွေးချယ်လျှောက်ထားနိုင်ပါသည်။

🗓️ အရေးကြီးသည့်ရက်စွဲ
လျှောက်လွှာနောက်ဆုံးပိတ်ရက်: ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်။

✅ လျှောက်ထားနိုင်သူများ (Eligibility Criteria)
-နိုင်ငံသားမရွေး လျှောက်ထားနိုင်ပါသည်။
-မိမိတက်ရောက်လိုသော ဘာသာရပ်အလိုက် သတ်မှတ်ထားသော ပညာအရည်အချင်းနှင့် ကိုက်ညီရမည်။
-ထူးချွန်သော ပညာအရည်အချင်းရှိရမည်ဖြစ်ပြီး မိမိလေ့လာလိုသော ဘာသာရပ်အပေါ် ခိုင်မာသော စိတ်အားထက်သန်မှုရှိရမည်။
-သင်တန်းအလိုက် အင်္ဂလိပ်ဘာသာစကား (သို့မဟုတ်) အီတလီဘာသာစကား ကျွမ်းကျင်မှု ရှိရမည်။

📂 လိုအပ်သော စာရွက်စာတမ်းများ
၁။ ကိုယ်ရေးအထောက်အထား: နိုင်ငံကူးလက်မှတ် (Passport) သို့မဟုတ် မှတ်ပုံတင်။
၂။ Europass CV: (ဥရောပစံနှုန်းမီ CV ပုံစံဖြင့် ပြင်ဆင်ရမည်)။
၃။ ဘွဲ့လက်မှတ်: ဘွဲ့ရလက်မှတ် (သို့မဟုတ်) ကျောင်းပြီးတော့မည်ဖြစ်ကြောင်း ထောက်ခံစာ။
၄။ အမှတ်စာရင်း (Transcript): ယခင်တက်ရောက်ခဲ့သော ကျောင်းမှ အမှတ်စာရင်းများ။
၅။ ဘာသာစကားလက်မှတ်: အင်္ဂလိပ်စာကျွမ်းကျင်မှုလက်မှတ် (သို့မဟုတ်) မိမိဘွဲ့ကြိုတက်စဉ်က အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့ကြောင်း ထောက်ခံစာ (Medium of Instruction)။

For detailed Information:လျောက်ထားရန် Link (Comment တွင်ကြည့်ပါ)

🏆တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။




🇧🇳 ဘရူနိုင်းအစိုးရ ပညာသင်ဆု (၂၀၂၆-၂၀၂၇)✈️Government of Brunei Darussalam Scholarship (BDGS)ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရ...
06/01/2026

🇧🇳 ဘရူနိုင်းအစိုးရ ပညာသင်ဆု (၂၀၂၆-၂၀၂၇)✈️
Government of Brunei Darussalam Scholarship (BDGS)

ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာကျောင်းသားများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ဆုများကို စတင်ခေါ်ယူနေပါပြီ။ ဤပညာသင်ဆုသည် ဘရူနိုင်းရှိ ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ဒီပလိုမာ၊ ဘွဲ့ကြို (Undergraduate) နှင့် မာစတာဘွဲ့ (Master's) များ တက်ရောက်ရန် အခွင့်အရေးပေးခြင်း ဖြစ်ပါတယ်။

🏆တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

🗓️ Brunei Government Scholarship
လျှောက်လွှာစတင်ခေါ်ယူသည့်နေ့: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
လျှောက်လွှာပိတ်ရက်: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်
ရလဒ်ကြေညာမည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇွန်လ (ခန့်မှန်းခြေ)
ကျောင်းစဖွင့်မည့်ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်/ဩဂုတ်လ

💰 ပညာသင်ဆု၏ အကျိုးခံစားခွင့်များ

-သင်တန်းကာလတစ်လျှောက် ကျောင်းလခ အပြည့်အဝကင်းလွတ်ခွင့် (ကျောင်းဝင်ကြေး၊ စာမေးပွဲကြေး အပါအဝင်)။
-မိမိနိုင်ငံမှ ဘရူနိုင်းသို့ အသွားအပြန် လေယာဉ်လက်မှတ် (Economy Class)။
-တစ်လလျှင် Personal Allowance (BND $500)ဝန်းကျင်)။
-တစ်လလျှင် စားစရိတ် (BND $150)။
-တစ်နှစ်လျှင် စာအုပ်စရိတ် (BND $600)။
-တက္ကသိုလ်ရှိ အဆောင်တွင် အခမဲ့နေထိုင်ခွင့်။-
-Baggage Allowance after completion of program (BND $250 - $500)။
-သင်တန်းကာလတစ်လျှောက် ကျန်းမာရေးအာမခံ။

✅ လျှောက်ထားနိုင်သူများ (Eligibility)

၁။ အသက်အရွယ်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဘွဲ့ကြိုနှင့် ဒီပလိုမာ လျှောက်ထားသူများသည် အသက် ၂၅ နှစ် ထက်မကျော်ရပါ။မာစတာဘွဲ့ လျှောက်ထားသူများသည် အသက် ၃၅ နှစ် ထက်မကျော်ရပါ။
၂။ ဘာသာစကား: အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရမည် (IELTS 6.0 / TOEFL 550 / IGCSE Grade C သို့မဟုတ် ၎င်းနှင့်ညီမျှသော သတ်မှတ်ချက်ရှိရမည်)။
၃။ ဤပညာသင်ဆုသည် ဘရူနိုင်းတွင် ပထမဆုံးအကြိမ် ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသားများအတွက်သာ ဖြစ်သည်။

📂 လိုအပ်သော စာရွက်စာတမ်းများ
-ပတ်စပို့အရွယ် ဓာတ်ပုံ။
-နိုင်ငံကူးလက်မှတ် (Passport)၊ မှတ်ပုံတင် သို့မဟုတ် မွေးစာရင်း မိတ္တူ။
-အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုလက်မှတ် (IELTS/TOEFL)။
-ပညာအရည်အချင်း အထောက်အထားများ၊ အမှတ်စာရင်းများ (Transcripts) နှင့် အောင်လက်မှတ်များ။ (အင်္ဂလိပ်လိုမဟုတ်ပါက ဘာသာပြန်စစ်မှန်ကြောင်း ထောက်ခံချက်ပါရမည်)။
-အလုပ်အကိုင်ထောက်ခံစာ (ရှိပါက if applicable)။
-ထောက်ခံစာ (၂) စောင် (References from referees)။
-Research Proposal (သုတေသနအခြေပြု programs အတွက်သာ)။

🏫 တက်ရောက်နိုင်သည့် တက္ကသိုလ်များ
-Universiti Brunei Darussalam (UBD)
-Universiti Islam Sultan Sharif Ali (UNISSA)
-Universiti Teknologi Brunei (UTB)
-Kolej Universiti Perguruan Ugama Seri Begawan (KUPU SB)
-Politeknik Brunei (PB)

Apply now: Link ကို Comment တွင်ကြည့်ပါ။

🏆တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။





🏫Child’s Dream တက္ကသိုလ်ပညာသင်ဆု (၂၀၂၆-၂၀၂၇)🏆✈️ထိုင်းနိုင်ငံမှာ ဘွဲ့ကြိုသင်တန်း တက်ရောက်ချင်တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား က...
06/01/2026

🏫Child’s Dream တက္ကသိုလ်ပညာသင်ဆု (၂၀၂၆-၂၀၂၇)🏆✈️
ထိုင်းနိုင်ငံမှာ ဘွဲ့ကြိုသင်တန်း တက်ရောက်ချင်တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ကျောင်းသား/သူများအတွက် University Scholarship Programme for International Bachelor's Degree (USPIB) ကို လျှောက်ထားနိုင်ပါပြီ။

🧑🏻‍💻တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

🗓️ အရေးကြီးသည့်ရက်စွဲ
လျှောက်လွှာနောက်ဆုံးပိတ်ရက်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်

🎓 ပညာသင်ဆုက ဘာတွေထောက်ပံ့ပေးမှာလဲ?
Child’s Dream ပညာသင်ဆုသည် ကျောင်းပြီးသည်အထိ (၁၀၀%) အပြည့်အဝ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အောက်ပါတို့ ပါဝင်သည် -

-ကျောင်းလခနှင့် အခြားအခကြေးငွေများ (ဗီဇာ၊ ဘွဲ့နှင်းသဘင်၊ ကျန်းမာရေးအာမခံ အစရှိသဖြင့်)
-သင်ထောက်ကူပစ္စည်းများ (ယူနီဖောင်း၊ စာအုပ်၊ ကွန်ပျူတာ အစရှိသဖြင့်)
-နေထိုင်စရိတ်နှင့် စားစရိတ်
-အခြား အရေးပေါ်အခြေအနေများအတွက် ထောက်ပံ့မှု

✅ လျှောက်ထားနိုင်သူများ (Eligibility Criteria)

၁။ နိုင်ငံသား: မြန်မာ (သို့မဟုတ်) ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ရမည် (နိုင်ငံကူးလက်မှတ် ရှိရမည် သို့မဟုတ် လုပ်နိုင်သူဖြစ်ရမည်)။
၂။ အသက်: လျှောက်လွှာပိတ်ရက်တွင် အသက် ၃၀ ထက်မကျော်ရပါ။ ၃။ ငွေရေးကြေးရေး: မိသားစုဝင်ငွေနည်းပါးပြီး တက္ကသိုလ်တက်ရန် ငွေကြေးအခက်အခဲရှိသူဖြစ်ရမည်။
၄။ အခြားပညာသင်ဆု: အခြားအဖွဲ့အစည်းများမှ ပညာသင်ဆုအပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ရရှိနေသူမဖြစ်ရပါ။
၅။ ပညာအရည်အချင်း: အနည်းဆုံး (၁၂) တန်း ပညာသင်နှစ်ပြီးမြောက်ထားသူ (သို့မဟုတ်) GED ကဲ့သို့ တက္ကသိုလ်ဝင်ခွင့်နှင့် ညီမျှသော လက်မှတ်ရှိသူဖြစ်ရမည်။
၆။ ဘာသာစကား: ရွေးချယ်ထားသော ဘာသာရပ်အလိုက် အင်္ဂလိပ် (သို့မဟုတ်) ထိုင်းဘာသာစကား ကျွမ်းကျင်ရမည်။

🏫 ရွေးချယ်နိုင်သော တက္ကသိုလ်နှင့် ဘာသာရပ်များ
(ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး အနေဖြင့် (၂) ခု ရွေးချယ်နိုင်သည်)

Asia-Pacific International University: Elementary Education
Bangkok University: Media and Communication
Bangkok University: Innovative Media Production
Chiang Mai University: Economics,
Chiang Mai University:Environmental Science,
Chiang Mai University: Social Science
KMITL: Software Engineering
Mae Fah Luang University: Public Health,
Mae Fah Luang University: Environmental Health,
Mae Fah Luang University: International Development
Thammasat University: Civil Engineering,
Thammasat University: Global Studies and Social Entrepreneurship,
Thammasat University: Social Policy and Development,
Thammasat University: Politics and International Relations

📂 လိုအပ်သော စာရွက်စာတမ်းများ

-ပတ်စပို့ဓာတ်ပုံ (၆ လထက်မဟောင်းစေရ)

-မှတ်ပုံတင်၊ မွေးစာရင်း (သို့မဟုတ်) ပတ်စပို့ ပထမစာမျက်နှာ

-လက်ရှိနေထိုင်ရာ အိမ် ဓာတ်ပုံ (၃) ပုံ

-ယခင်ပညာသင်နှစ် အမှတ်စာရင်းများ (Transcripts)

-GED, TOEFL, IELTS လက်မှတ်များ (ရှိပါက)

-ထောက်ခံစာ (၂) စောင် (ပညာရေးအကြံပေးထံမှ တစ်စောင်နှင့် မိသားစုဝင်မဟုတ်သော လူကြီးတစ်ဦးထံမှ တစ်စောင်)

-Video Presentation (max: ၅ မိနစ်): မိမိအကြောင်း၊ မိသားစုအခြေအနေ၊ ပညာရေးနောက်ခံနှင့် မိမိ၏ ထူးခြားသော အရည်အချင်းများကို ရှင်းပြရမည်။ (Please explain us�
- about yourself and your family background and an explanation why you cannot pay for your university education�
- your previous education, in details of how you support yourself or who are the main supporters�
- how you develop the attribute, quality, or skill that distinguishes you from everybody else�)

Essay (၂) စောင်: (တစ်စောင်လျှင် စာလုံးရေ ၃၀၀၀ ခန့်)

-ပညာရေးနှင့် အနာဂတ် ရည်မှန်းချက်များအကြောင်း။

-မိမိ၏ လူမှုပတ်ဝန်းကျင်ကို မည်သို့ ကောင်းမွန်အောင် ပြောင်းလဲပေးခဲ့သနည်း။
(Essay 1.
Please describe your specific short-term and long-term educational plans and career goals, and why? How will this scholarship help to achieve them?

Essay 2.
Please tell us how you have made your community a better place to live. )

Apply now: Comment တွင်ကြည့်ရှုပါ။

🧑🏻‍💻တစ်ယောက်တည်း scholarship လျောက်ရင်း အခက်အခဲ ဖြစ်နေရင် YOUR Scholarship Mentor မှာ Scholarship ကူညီလျောက်ထားပေးမဲ့ Mentorship services တွေယူလို့ရပြီနော်။ အသေးစိတ် သိရှိလိုပါက Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။





02/01/2026

🇲🇲Calling Myanmar Nationals for Full Scholarships!

This scholarship aims to build the capacity of Myanmar nationals who are working towards health equity, particularly those in ethnic minority areas of Myanmar. The applications will be for the academic year.

The scholarship applies to three programs in Mahidol University: Master of Public Health (MPH), Master of Primary Health Care Development (MPHM) and Master of Arts in Population and Sexual and Reproductive Health.

Eligibility
Nationality: Applicants must be Myanmar nationals

Application period: 1-28 January, 2026

For details, please check in the comments.

Credit: Mahidol University

Prospect Burma Scholarship အကြောင်း 🏆
31/12/2025

Prospect Burma Scholarship အကြောင်း 🏆

🙋ဒီတစ်ခါမျှဝေပေးချင်တဲ့ပညာသင်ဆုအကြောင်းကတော့ မြန်မာကျောင်းသားကျောင်းသူတွေအတွက်သီးသန့် ပေးအပ်တဲ့ Prospect Burma Scholarship ဘဲဖြစ်ပါတယ်။

✅Prospect Burma Scholarship ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အဆင့်မြင့်ပညာရေးကို ရရှိနိုင်ရန် ရည်ရွယ်ထားပြီးပြုလုပ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ Prospect Burma Scholarship သည် အထူးသဖြင့် ငွေကြေးအခက်အခဲ များကြောင့် ပညာဆက်လက်သင်ကြားရန် ခက်ခဲနေသူများအတွက်အရည်အသွေးမြင့် ပညာရေးကိုရယူနိုင်စေရန် ရည်ရွယ်ထားတဲ့ပညာသင်ဆုလည်း ဖြစ်ပါတယ်။

✅Eligibility Criteria:

ဒီပညာသင်ဆုကိုလျှောက်ထားဖို့ရာအတွက် မိမိအနေနဲ့အောက်ပါအချက်များနဲ့ကိုက်ညီဖို့လိုအပ်ပါတယ်။

▪️မြန်မာနိုင်ငံသားဖြစ်ရပါမည်။
▪️ပညာသင်ကြားရန် ငွေကြေးအထောက်အပံ့လိုအပ်နေသူဖြစ်ရပါမည်။
▪️နိုင်ငံကူးလက်မှတ် သက်တမ်း အနည်းဆုံး ၆လနှင့်အထက်ရှိသူ ဖြစ်ရမည်။
▪️အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အလဘ်အလတ် (Intermediate Level) ရှိရမည်။
▪️အတည်ပြုထားသော တက္ကသိုလ်ပရိုဂရမ် (ဘွဲ့ကြို၊ မဟာဘွဲ့၊ PhD) တစ်ခုတွင် လျှောက်ထားပြီး သို့မဟုတ် လက်ခံရရှိထား သူဖြစ်ရမည်။
▪️အလုပ်အကိုင်ရည်မှန်းချက် နှင့် မြန်မာနိုင်ငံအတွက် အကျိုးပြုရန် အစီအစဉ် ရှိသူဖြစ်ရမည်။

✅Required Documentation:

▪️ ပညာရေးအထောက်အထား မှတ်တမ်းများ
▪️ Recommendation Letters နှစ်ဆောင် (ပညာရေး သို့မဟုတ် အလုပ် လုပ်ကိုင်ရာ)
▪️ နိုင်ငံကူးလက်မှတ်
▪️ အင်္ဂလိပ်ဘာသာ စမ်းသပ်မှုရမှတ်(IELTS/ TOEFL/ Duolingo)
▪️Personal Statement (ပညာသင်ဆု လျှောက်ထားရသည့် အကြောင်းအရင်းနှင့် ပညာသင်ဆုရရှိပြီးနောက် ဘာတွေဆက်လုပ်သွားမလဲ)
▪️တက္ကသိုလ်ဝင်ခွင့်လက်ခံစာ (if applicable)

✅Scholarship Benefit:

▪️ ပညာသင်ထောက်ပံ့ကြေး
▪️ပညာရေးဆိုင်ရာ ကုန်ကျစရိတ် ( စာအုပ်များ,ကျောင်းသုံးပစ္စည်းများ )
▪️ နေထိုင်စရိတ်၊ စားစရိတ်
▪️ ခရီးသွားကုန်ကျစရိတ်
▪️ ကျန်းမာရေးအာမံ

‼️Application Deadline : 31 January 2026

👉အသေးစိတ်ကို‌ အောက်ဖော်ပြပါ Link က‌နေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://students.prospectburma.org/in-person-scholarships/

👉Application link :https://prospectburma.my.site.com/onlineapplications/s/new-application

👉Guidance Notes : https://students.prospectburma.org/in-person-scholarships/in-person-scholarships-guidance-notes/




29/12/2025

Erasmus Mundus Scholarships

Erasmus Mundus Joint Masterin Manufacturing 4.0 by intElligent and susTAinable technologies

meta4.0 is a 2-year Master’s programme fully taught in English and jointly offered by 6 universities in France, Slovenia, Norway, Germany and Italy with one primary objective, facing the future challengesof Manufacturing 4.0 by educating a new generation of students to a level of excellence in:

Digital Manufacturing / Clean Manufacturing / Sustainable Manufacturing / Smart Manufacturing

Programme details
The programme is structured around a series of mobility periods over the two yearsand across 5 European sites (France, Germany, Norway, Italy, Slovenia).

Application Period: November 15 – February 15

For details, please check in the comments.

Credit: meta4.0

Indirizzo

Via Giuseppe Re David, 197/C
Bari
70125

Telefono

+959893556992

Sito Web

Notifiche

Lasciando la tua email puoi essere il primo a sapere quando YOUR Scholarship Mentor pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta La Scuola/università

Invia un messaggio a YOUR Scholarship Mentor:

Scelte rapide

Condividi