Sanskrit University Students

Sanskrit University Students

Share

Varanasi Sanskrit ကျောင်းသားအဟောင်း/အသစ်များ ဆုံဆည်းရာ

Photos from Sanskrit University Students 's post 08/06/2025



SSVV (Sampurnanand Sanskrit Vishwavidyalaya) မှာ အဓိက Departments တွေ ၂၂ ခုလောက်ရှိပါတယ်။
ဦးစွာ အဓိက Faculty/Department အုပ်စုတွေကတော့—

1. *Veda-Vedanga Faculty*:
- Department of Veda
- Department of Dharma Shastra
- Department of Jyotisha (Astrology)
- Department of Vyakarana (Grammar)

2. *Philosophy Faculty*:
- Department of Vedanta
- Department of Nyaya-Vaishesika
- Department of Sankhya-Yoga-Tantragama
- Department of Mimamsa
- Department of Comparative Religion and Philosophy

3. *Sahitya Sanskriti Faculty*:
- Department of Sahitya (Literature)
- Department of Puranetihasa (Puranas & History)
- Department of Prachina Rajashastra-Arthashastra (Ancient Polity & Economics)

4. *Shramana Vidya Faculty*:
- Department of Baudha Darshana (Buddhist Philosophy)
- Department of Jaina Darshana (Jain Philosophy)
- Department of Pali and Theravada
- Department of Prakrita and Jainagama
- Department of Sanskrita Vidya

5. *Adhunika Gyan Vijyana Faculty*:
- Department of Education
- Department of Library Science
- Department of Modern Languages and Linguistics
- Department of Science
- Department of Social Sciences

*ဝင်ခွင့်အရည်အချင်း*
- MA (သို့) Acharya ဘွဲ့ကို Pali ဘာသာနဲ့ (သို့) သက်ဆိုင်ရာဘာသာနဲ့ အနည်းဆုံး ၅၅% ရရှိထားရပါမယ်။
- SC/ST/OBC/EWS အတွက် ၅% ချောထုတ်ပေးပါတယ်။
- NET/JRF ရှိရင် အထူးအခွင့်အရေးရှိပါတယ်၊ မရှိလည်း Entrance Test (သို့) Interview ဖြတ်ရပါတယ်။

*လျှောက်လွှာလုပ်နည်း*
1. SSVV ရဲ့ website (www.ssvv.ac.in) ကို သွားပါ။
2. “Admission” ကိုနှိပ်ပြီး “New Registration” လုပ်ပါ။
3. Name, Email, Passport, Country (Myanmar) စသည့် အချက်အလက်ဖြည့်ပါ။
4. MA/PG Certificates, Passport, Photo, Statement of Purpose, Recommendation Letter တို့ upload လုပ်ပါ။
5. Application Fees (INR 500-1000) ကို International Payment နဲ့ပေးနိုင်ပါတယ်။
6. Submit လုပ်ပြီး Application Form ကို download ထားပါ။
7. University မှာ International Office ကို ဆက်သွယ်ပြီး Confirmation Letter လက်ခံပါ။

*Scholarship (စကောလားရှစ်)*
- SSVV မှာ Scholarship ပေးတာရှိပေမယ့် အများအားဖြင့် UP ပြည်နယ်သားတွေအတွက်သာ ဖြစ်တတ်ပါတယ်။
- International Students (မြန်မာနိုင်ငံသား) အတွက် SSVV မှာ သီးသန့် scholarship မရှိသေးပါဘူး။
- သို့သော် Indian Government/ICCR Scholarship, သို့မဟုတ် သီးသန့် Buddhist Studies Scholarships တွေကို လျှောက်လို့ရပါတယ်။

पंडिता
संपूर्णानंद संस्कृत विश्वविद्यालय
वाराणसी उतार प्रदेश।

Photos from Sanskrit University Students 's post 13/04/2025

#အသိပေးလျောက်ထားလွှာပါဘုရား

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့
Sanskrit University သို့ အသစ်လျောက်ထားမည့် ကျောင်းသားသစ် မြန်မာရဟန်းတော်များ 01/05/2025 စတင်လျောက်ထားပါမည်ဘုရား
လိုအပ်သည့် စာရွက် စာတမ်း Biography များ
၁။ ပထမလတ် အောင်လက်မှတ် အမှတ်စာရင်း နိုထြီ
၂။ ပထမကြီး အောင်လက်မှတ် အမှတ်စာရင်း နိုထြီ
၃။ ဓမ္မာစရိယ အောင်လက်မှတ် အမှတ်စာရင်း နိုထြီ
၄။ Passport. များ အရင် လိုအပ်ပါသည်ဘုရား။

လိုအပ်တာများ ရှိက မိန့်ကြပါဘုရား

ဗာရာဏသီ (ဆိုဒ်)
ဦးပဏ္ဍိတ
9831556179 WhatsApp
[email protected]

Photos from Sanskrit University Students 's post 27/01/2025

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့
Sampuranand Sanskrit University and BHU တက္ကသိုလ် နှင့် မြန်မာကျောင်းအသီးအသီး၌ သီတင်းသုံးနေတော် မူကြသော
မြန်မာကျောင်းသား ရဟန်းတော်များအား
#တဒင်္ဂမမိုး ဦးဆောင်သော ဘုရားဖူးအဖွဲ့များမှ
ပညာရေး အထောက်အပံ့ ဖြစ်စေခြင်းအကျိုးငှါ
နဝကမ္မ နှင့် စာရေးကြိယာများ လှူဒါန်းရသော အကျိုးအားကြောင့် သက်ရှည်ကျမ္မာစွာဖြင့်
ဘာသာ သာသနာအကျိုး ဆထက်တိုးလို့ ဆောင်ရွက်နိုင်ကြပါစေ
ဘေးရန်ကင်းကြပါစေ
စီးပွားရေး လူမှူ့ရေး ကျမ္မာရေး အစစအရာရာ အဆင်ပြေ အောင်မြင်ချမ်းမြေ့ကြပါစေ။

Photos from Sanskrit University Students 's post 08/01/2025

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့
မဇ္ဈိမသုခဖောင်ဒေးရှင်းကျောင်းတွင်
သီတင်းသုံး‌နေသော သံဃာတော်များနှင့်
ဆန်စစ်ခရစ်တက္ကသိုလ်တွင် ပညာသင်နေသော
ကျောင်းသားရဟန်းတော်တို့အား

မဇ္ဈိမသုခကျောင်းတော်ကြီး လေးကျောင်းတို့၏
(ဗာရာဏသီ,ဂယာ,ရန်ကုန်,မြစ်ကြီးနား)
မ,တည် အလှူရှင်ဖြစ်သော
သီရိသုဓမ္မသိင်္ဂီ မဇ္ဈိမသံဃဟိတဓရ
မဇ္ဈိမသံဃမာတာ မယ်တော်ကြီးဒေါ်မြရှင် မှ
၇၈-နှစ်ပြည့် မွေးနေ့ နေ့ဆွမ်းအလှူတော်အဖြစ်
လှူဒါန်းပါသည်။

ဤကောင်းမှုကံစေတနာကြောင့်
မွေးနေ့ရှင် မယ်တော်ကြီးဒေါ်မြရှင်သည်
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့်
ပြည့်စုံပြီး အသက်ရာကျော်ရှည်ပါစေ
ဒီထက်မက သာသနာပြုနိုင်ပါစေ
မဂ် ဖိုလ် နိဗ္ဗာန် အမြန်ရပါစေ

Photos from Sanskrit University Students 's post 01/01/2025

နှစ်ဦး နေ့ဆွမ်း အလှူရှင်
*****************************

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့
မဇ္ဈိမသုခဖောင်ဒေးရှင်းကျောင်းတွင်
သတင်းသုံးနေတော်မူသော သံဃာတော်များနှင့်
ဆန်စစ်ခရစ်တက္ကသိုလ်တွင် ပညာသင်ကြားနေသော
ကျောင်းသားရဟန်းတော်များအား နှစ်ဦးနေ့ဆွမ်းအလှူကို

ဒေါက်တာ ဦးပံသုအား အမှူးထား၍
ဦးကြည်စိုး+ဒေါ်အိအိသက်
သမီး မရွှေစင်အိ ၊သား မောင်မင်းမြတ်
ပန်းမြို့တော်ဆွယ်တာဆိုင် မိသားစု
မန္တလေးမြို့မှ လှူဒါန်းကြပါသည်။

ဤကောင်းမှုကြောင့် အလှူရှင်မိသားစုတို့သည်
နှစ်သစ်မှစ၍ စိတ်သစ် ကိုယ်သစ်ဖြင့်
လုပ်ငန်းဆောင်တာအဝဝကို လုပ်ဆောင်နိုင်ကြပါစေ
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ
အစစ အရာရာ အဆင်ပြေကြပါစေ
အန္တရာယ်ကင်း ဘေးရှင်းကြပါစေ
တရားထူး တရားမြတ်တွေ ရကြပါစေ။

Photos from Sanskrit University Students 's post 30/12/2024

အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊SSVV တက္ကသိုလ်၌
ယနေ့ အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းအလှူရှင်

ပိုင်းလော့ဆရာတော်ဘုရားကြီးအား အမှူးထား၍
ဒေါ်ကုသလနန္ဒီ နှင့်
၇ ရက် သား သမီးများ ကောင်းမှု့

ဆွမ်းအလှူရှင်များအားလုံး
ကိုယ်၏ကျမ္မာခြင်း
စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ၍ ဣစ္ဆာသယလို လိုရာဆန္ဒများ ပြည့်ဝကြပါစေ။

Photos from Sanskrit University Students 's post 23/12/2024

ပရီမီယာကော်ဖီထုတ်အလှူရှင်

အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊S.S.V.V တက္ကသိုလ်၌ ပညာသင်ကြားသင်ကြားနေသော ရဟန်းသံဃာတော်များအတွတ်

ဒေါ်ဓမ္မဒိန္ဒာ (မနွယ်နီအမေ)
ဒေါ်သောဏထေရီ သီလရှင်ဆရာလေးများမှ ကော်ဖီထုတ်များ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပါသည်။

အလှူရှင်များအားလုံး
လိုရာဆန္ဒများပြည့်စုံကြကာ စိတ်ချမ်းသာ၍ ကိုယ်ကျမ္မာကြပါစေ
ဗုဒ္ဓဂယာ မြေမြတ်မဟာ၌
နှစ်စဥ်လာရောက်ဖူးမျှော်နိုင်၍ တရားထူး ကုသိုလ်ထူးများရရှိကြပါစေ

14/09/2024

ဝမ်းနည်းကြောင်း သဝဏ်လွှာ

နေ့စွဲ။ ။ ၁၄.၀၉.၂၀၂၄

အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊S.S.V.V တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သော အရှင်ကုမာရသည် ၁၃၈၆ခုနှစ်၊ တော်သလင်းလဆန်း (၁၀)ရက်၊ (၁၂. ဝ၉. ၂၀၂၄)
ကြာသပတေးနေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါသဖြင့် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ S.S.V.V တက္ကသိုလ်၏ ပညာတော်သင် မြန်မာရဟန်းတော်များအနေဖြင့် အရှင်ကုမာရ၏ ဆရာသမား, ဆွေမျိုးမိဘများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ မိတ်ဆွေရဟန်းတော်များ အားလုံးနှင့် ထပ်တူ လွန်စွာဝမ်းနည်းရပါကြောင်း၊ သာသနာတော်အတွက်လည်း ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ပါကြောင်း ဝမ်းနည်းစွာ ထုတ်ပြန်အပ်ပါသည်။

S.S.V.V တက္ကသိုလ်ကျောင်းသားများ 14/09/2024

Photos from Sanskrit University Students 's post 18/04/2024

#အသိပေးလျောက်ထားလွှာပါဘုရား

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့
Sampuranand Sanskrit University သို့ အသစ်လျောက်ထားမည့် ကျောင်းသားသစ် မြန်မာရဟန်းတော်များ ၁၉.၄.၂၀၂၄ စတင်လျောက်ထားပါမည်ဘုရား
လိုအပ်သည့် စာရွက် စာတမ်း Biography များ
၁။ ပထမလတ် အောင်လက်မှတ် မူရင်း-နိုတြီ အမှတ်စာရင်း- မူရင်း နိုထြီ
၂။ ပထမကြီး အောင်လက်မှတ်မူရင်း နိုထြီ အမှတ်စာရင်း မူရင်း- နိုထြီ
၃။ ဓမ္မာစရိယ အောင်လက်မှတ်မူရင်း -နိုထြီ အမှတ်စာရင်းမူရင်း- နိုထြီ
၄။ Passport. ၂လက်မပက်လည် ဓာတ်ပုံ အရင် လိုအပ်ပါသည်ဘုရား။

လိုအပ်တာများ ရှိက မိန့်ကြပါဘုရား

ဗာရာဏသီ (ဆိုဒ်)
ပြန်ကြားရေးမှူး
အရှင်သုဇာတ
8092541710

WhatsApp
(+95 444393202)
[email protected]

Photos from Sanskrit University Students 's post 17/04/2024

ဆွမ်းဆန် နှင့် ဆီ အလှူတော် 🙏

ယနေ့ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ Sampurnanand Sanskrit University ၌
ဒေါက်တာ (Ph-D)ပြီးဆုံးခြင်း အထိမ်းအမှတ် အလှူဒါနအဖြစ်

ဗာရာဏသီမြို့၊ဆန်းဆစ်ခရစ်University၌ ပညာသင်ကြားနေသော စာသင် ရဟန်းတော်များအတွတ် ဆန် ၁အိတ်၊ ဆီ ၁ပုံး၊ လှူဒါန်းပါသည်။

အလှူရှင်ဆရာတော်
စိတ်ချမ်းသာ ကိုယ်ကျမ္မာ၍
ဘာသာ သာသနာအကျိုးကို ဆထက္တိုး၍ ထမ်းဆောင်နိုင်ပါစေ
အသက်ရာကျော်ရှည်ပါစေ...

Photos from Sanskrit University Students 's post 25/02/2024

ရဟန်းဝတ်အင်္ကျီအလှူရှင်

အိန္ဒိယနိုင်ငံ၊ဥတ္တရာပရာဒေရ်ပြည်နယ်၊ ဗာရာဏသီမြို့​၊Sanskrit University ၌ ပညာသင်ကြားနေသော မြန်မာရဟန်းတော်များအတွတ်

ကွယ်လွန်သူ (ဦးတင်လေး+ဒေါ်ကြည်) သား (မောင်တင်နိုင်ဦး)တို့အား ရည်စူး၍
🌼 မြတ်သရဖူ 🌼 အထည်ချုပ်စက်ရုံမှ ရဟန်းဝတ်အင်္ကျီများ လှူဒါန်းပါသည်။

အလှူရှင်မိသားစုများ
စိတ်ချမ်းသာ ကိုယ်ကျမ္မာစွာဖြင့်
စီးပွားရေး အလုပ်အကိုင်များ တိုးတတ်အောင်မြင်ပါစေ...။

Photos from Sanskrit University Students 's post 23/02/2024

ယနေ့ နေ့ဆွမ်းအလှူရှင်

အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၌ ပညာသင်ကြားနေသောရဟန်းတော်များအတွတ်...

ကိုဝေမိုးထွန်း+မသဲစန္ဒီထက်
*မိုး* မိသားစုမှ နေ့ဆွမ်းကပ်လှူတာပဲဖြစ်ပါတယ်...။

အလှူရှင်မိသားစုများ စိတ်ချမ်းသာ ကိုယ်ကျမ္မာစွာဖြင့် ဘာသာ၊ သာသနာအကျိုးကို ဆထက်သယ်ပိုးရွက်ဆောင်နိုင်သော သာသနာ့ ဒါယကာ ဒါယိကာမကြီးဖြစ်ပါစေ၊
ဘယ်လက်ဖြင့်လှူဒါန်းသဖြင့် ညာလက်ဖြင့် စည်းစိမ်ဥစ္စာများ
ဒီရေအလား တိုးပွားပါစေ...။

Want your school to be the top-listed School/college in Varanasi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Sampuranand Sanskrit University
Varanasi
221002